September 10, 2012

လိုင်ဇာအနီး 105 မမ ရောက်နေပြီးဖြစ်ကြောင်း သမ္မတအား အကြောင်းကြား

Pressident__Ethenic_meeting_03ယမန်နေ့ ညနေ (၆) နာရီခွဲ ခန့်တွင် မြစ်ကြီးနား၊ ဗန်းမော် လမ်းပိုင်းမှ ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရ တပ်ဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIA)  တပ်မဟာ (၅) ဧရိယာ လိုင်ဇာ ဌာနချုပ် အနီးရှိ လဂျားယန်း ကျေးရွာသို့ (၁၀၅) မမ ဟောဝစ်ဇာ အမြှောက်ဖြင့် ပစ်ခတ် လိုက်သည်ဟု KIA ပြောခွင့် ရသူ ဦးလာနန်းက ပြောပါသည်။
“ မနေ့ညနေ (၆း၃၀) နာရီလောက် ရှိမယ်။ (၁၀၅) မမနဲ့ (၃) လုံး လှမ်းပြီး ပစ်တယ်။ လဂျားယန်း နားကျတာပေါ့။ မထိရောက်ပါဘူး။ သဘောက (၁၀၅) မမတွေ လိုင်ဇာအနီးကို ရောက်လာပြီး၊ ဒါနဲ့ အစမ်း ပစ်လိုက်တာ ထင်ပါတယ်။ ပေါက်ကွဲအသံက တော့လိုင်ဇာမှာ နေတာတောင် ကြားနေရတယ်။ လဂျားယန် ဆိုတာကလည်း လိုင်ဇာအထွက်ရဲ့ ဂိတ်ပေါ့။ ၁၀၅ မမ ကဆို ရင် ၁၅ ကီလိုမီတာ လောက်ပြေးမယ် ထင်တယ်။ ဒီတော့ အခြေအနေကတော့ တင်းမာတယ်လို့ ပြောရမှာပေါ့ခင်ဗျာ ” ဟု ဆိုပါသည်။
လဂျားယန် ကျေးရွာသည် လိုင်ဇာ ဌာနချုပ်နှင့် ပျမ်းမျှ (၄) မိုင်ခန့်သာ ရှိပြီး ဤနေရာသို့ အစိုးရ၏ (၁၀၅) မမ ဟော်ဝစ်ဇာ အမြောက်အများ ရောက်ရှိနေပြီး ဖြစ်ကြောင်းကို ဖေါ်ပြနေပါသည်။ ဟော်ဝစ်ဇာ အမြောက်၏ ထိရောက်မှုသည် စခန်းသိမ်း တိုက်ပွဲကြီးများတွင် အစိုးရ သုံးနေကျ လက်နက်ကြီးထဲက ပါ၀င်လေ့ ရှိပါသည်။ 1994 ခုနှစ် ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ စခန်းများကို သိမ်းပိုက်စဉ် တုန်းကလည်း (120) မမများနှင့် အတူ (၁၀၅)မမ များကို အထူး အသုံးပြုခဲ့ပါသည်။
ဤသို့ကြောင့် ယမန်နေ့က အစမ်းသဘောဖြင့် ပစ်ခတ်လိုက်သည့် (105) မမသည်၊ KIA ဌာနချုပ်ကို သိမ်းပိုက်ရန် ပြင်ဆင် မှု တခုဟု KIA ဖက်က မှတ်ယူပါသည်။ (105) မမ၏ ကျည်ဆံများ အပါ၀င် လူအင်အား၊ လက်နက်အင်အား နှင့်ရိက္ခာများ ကိုလည်း လေကြောင်းဖြင့် ပို့ဆောင်ပေးလျက် ရှိသည်ကို သမ္မတ ကိုယ်တိုင်ကပါ တိုင်းရင်းသား ရေးရာ ၀န်ကြီး များနှင့်တွေ့ ဆုံပွဲ၌ အတည်ပြုပြောကြားခဲ့ပြီး ဖြစ်ပါသည်။
 “သဘောက KIA ကို စိတ်ဓါတ် စစ်ဆင်ရေး လုပ်လိုက်တာပေါ့ဗျာ၊ ပြီးတော့ OP သဘောလည်း ပါတယ်။ OP ဆိုတာက သူတို့ ပစ်လိုက်တဲ့ကျည်ဟာ ဘယ်နေရာကျလဲဆိုတာ တကယ်လို့ KIA ဖက်က မီဒီယာကနေ ထုတ်ပြောရင် ဒါဟာ စစ်ရေး အရ OP လို့ ခေါ်ပါတယ်။ နေရာ အတိအကျ သိသွားရင် အဲဒါကို စံထားလို့ရပြီးပေါ့။  ဘာကြောင့် လဲဆိုတော့ လက်နက်ကြီး ကျတဲ့နေရာဟာ အစိုးရ တပ်ဖွဲ့တွေ ရှိတာမှ မဟုတ်တာ။ ကျနော်တို့ ထုတ်ပြောမှ သိနိုင်တဲ့ အချက် ဖြစ်နေလို့ပါ။ ဒီနည်းကိုလည်း အစိုးရတပ်ကလည်း သွယ်ဝိုက်စွာ သုံးတတ်ပါတယ်” ဟု KIA တပ်မှူး တဦးက ဆိုပါသည်။
105_mm1q၁၀၅ မမ ဆိုသည်မှာ အဝေးပစ် စခန်းသိမ်း ဟော်ဝစ်ဇာ အမြောက် အမျိုးအစားဖြစ်ပါသည်
(၁၀၅) မမ ဟော်ဝစ်ဇာ အမြောက်ကြီးကို ယခင် မေလ တုန်းကလည်း ဒုတိယအကြိမ် စစ်ရေးမြှင့်တင်မှုမှာ အစိုးရဖက်မှ အ သုံးပြုခဲ့သည်ဟု KIA ဖက်မှ ပြောပါသည်။ ထိုအချိန်တုန်းက ပစ်ခတ်မှုများသည် အတော်ပင် ပြင်းထန်မှု ရှိခဲ့သော်လည်း ထိ ရောက်မှု မရှိခဲ့ကြောင်း ဆိုပါသည်။ အကြောင်းမှာ (၁၀၅) မမသည်၊ စခန်းသိမ်း တိုက်ပွဲများ၌ ထိရောက် ခဲ့သော်လည်း ပျောက် ကျားစစ်ဆင်မှုတွင် ထိရောက်မှု မရှိပေ။ ဤသို့ကြောင့် အစိုးရ တပ်ဖွဲ့သည် မေလက (၁၀၅)မမကို သုံးခဲ့သော်လည်း နောက်ပိုင်း၌ ရပ်နားခဲ့သည် ဟု KIA ဖက်မှ ပြောပါသည်။
ယမန်နေ့က ပစ်လိုက်သော (၁၀၅) မမသည် ကချင်ပြည် လွတ်လပ်ရေး (KIA) ၏ ဌာနချုပ်အား သိမ်းပိုက်ရန် အစိုးရ တပ်ဖွဲ့မှ ပြင်ဆင်မှု ပြီးစီးနေပြီးဖြစ်ကြောင်း ပြသရာ ရောက်သည့် အတွက် ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်၏ လွှတ်တော်သို့ တင်ပြချက်သည်၊ မှားယွင်းနေသည်ဟု  ဝေဖန်သူများက ဆိုပါသည်။
 ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က သမ္မတသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ကချင် ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှ အပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကေအိုင်အေ တပ်စခန်းများအား၊ ချီတက် ထိုးစစ်ဆင်တိုက် ခိုက်ခြင်း၊ မပြုလုပ်ရန် ညွှန်ကြား ခဲ့ပါကြောင်း၊ သမ္မတ၏ ညွှန်ကြားချက် အပေါ် တပ်မတော်က တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်းဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီးက လွှတ်တော် အမတ် တဦး၏ အမေးကို တင်ပြ ရှင်းလင်းခဲ့ပါသည်။
http://www.mrtv3.net.mm/newpaper/79newsm.pdf စာမျက်နှာ (၂၀)တွင် ဖတ်ရှု နိုင်ပါသည်။
KIA နှင့် အစိုးရ တပ်ဖွဲ့တို့သည် စက်တင်ဘာ လဆန်းမှ စပြီး စက်တင်ဘာ (၉) ရက်နေ့ အထိ တိုက်ပွဲပေါင်း အကြိမ်(၃၀) ထက်မနဲ ဖြစ်ပွားခဲ့ပြီး တဖြည်းဖြည်း ပြန်လည်များပြား လာခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။ ဤအခြေအနေကို ထောက်ရှုလျှင် အစိုးရသည် လွှတ်တော်၌ တမျိုးပြောပြီး၊ လက်တွေ့၌တဖုံ ကျင့်သုံးနေပုံရပါသည်။ ဤသို့ကြောင့် သမ္မတ အပါ၀င် ၀န်ကြီး များ၏ မူများ၊ စကားများ၊ ဂတိများနှင့် စည်ကမ်းများသည် ယုံကြည်လောက်စရာ မရှိကြောင်း အများမှ ထောက်ပြနေခြင်း ဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2103--105-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India