September 27, 2012

KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး မိုင်းပေါက်ကွဲမှုတွင် အစိုးရစစ်သား ၄ ဦး ကျ

Kachin-army-27012

ဗဟိုဌာနချုပ် လိုင်ဇာ အနီး ရှေ့တန်းမှ KIA စစ်သားတစ်ဦး။ ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန် သွားလမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် တပ်မဟာ (၅) နယ်မြေ တိန်လုံ (Ting Lung) တွင်တပ်ချထားသော မြန်အစိုးရတပ်သည် လုံဂျာကောင် (Lung Ja Kawng) တွင် လှုပ်ရှားနေစဉ် ယနေ့ နံနက် ၁၀ နာရီချိန်တွင် KIA ထောင်ထားသောမိုင်းပေါက်ကွဲ၍ အစိုးရတပ်မှ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ နှစ်ဖက်တပ်များလှုပ်ရှားနယ်မြေ လုံဂျာကောင် (Lung Ja Kawng) တွင် အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရခြေလျင်တပ် ခလရ (၁၄၂) သည် ၎င်းတို့နေရာယူထားသည့် တိန်လုံ (Ting Lung) စခန်းတို့ပြန်လာချိန် KIA တပ်ရင်း (၂၄) ထောင်းထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုလာသည်။ “သူတို့လာမယ်ဆိုတာ အတိအကျရလို့ Remote မိုင်း ၄ လုံးထောင်းထားပြီး အသင့်စောင့်နေတာ။ ခုဖြစ်တဲ့ နေရာတွေမှာ ကျနော်တို့ဘက်က လူအများကြီးရှိတယ်။ ပြည်သူလူထုလည်း KIO ဆိုတော့ အစိုးရတပ်ဖက်က နည်းနည်း လှုပ်ရှားလာပြီဆိုရင် ကျနော်တို့သိတယ်။” ဟုပြောသည်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်နေသောကြောင့် ယနေ့နံနက် တင်းမာမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အရာရှိဆိုသည်။ အစိုးရတပ်မှ ထိခိုက်ဒဏ်ရာ ရသူရှိသော်လည်း အတိအကျမသိပေ။ လုံဂျာကောင် (Lung Ja Kawng) မှ တိန်လုံ (Ting Lung) သည် ၃ မိုင်အကွာတွင် ရှိပြီး မြန်အစိုးရတပ် တပ်ချထားသည့် တိန်လုံ (Ting Lung) စခန်းတွင် စစ်အင်အား ရ၀ ကျော်ရှိကြောင်း သိရသည်။ ယခုအချိန် ဌာနချုပ်နယ်မြေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ(၅) နယ်မြေအတွင်း မြန်မာအစိုးရတပ် ခမရ (၃၈၇၊ ၃၂၀၊ ၄၃၈၊ ၆၀၁) တပ်ပေါင်းစုများသည် နေ့စဉ် အင်အား ၂၀၀ ဝန်းကျင်လှုပ်ရှားနေကြောင်းသိရသည်။ အဆိုပါနယ်မြေအတွင်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့များသည် လတ်တလောကာလအတွင်း နေ့စဉ်တိုက်ပွဲများပြင်းထန်နေပြီး အစိုးရတပ်ဖက်မှ အထိနာနေကြောင်းလည်း သိရသည်။ သို့သော်လတ်တလောတိုက်ပွဲအတွင်း ခံစစ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO ဖက်မှ ကျဆုံးထိခိုက်မှုနည်းကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော မြန်မာအစိုးရတပ်ဖက်မှ ကျဆုံးမှုများနေကြောင်းပြောဆိုနေပေမယ့် နှစ်ဖက်သက်ဆိုင်ရာတပ်များမှ အတိအကျအတည်ပြု ပြောဆိုခြင်းကို မရရှိသေးပေ။ တိုက်ပွဲများဖြစ်ပွားနေချိန်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုဆက်လက်ပြုလုပ်ရန်ကိစ္စ ညှိနှိုင်းမှုအခြေအနေများလည်း အေးခဲနေသည်။

http://kachinnews.com/burmese/news/961-kio-%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%8C%E1%80%AC%E1%80%94%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%A1%E1%80%94%E1%80%AE%E1%80%B8-%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%B2%E1%80%99%E1%82%88%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%84-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%80%E1%80%BA.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India