February 2, 2013

ပြည်နယ် နယ်/လုံဝန်ကြီး မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံ

ကရင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်သည် မြဝတီမြို့နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် အစိုးရဌာန ဆိုင်ရာများကို ယမန်နေ့ မနက် ၁၁နာရီမှ ၁၂နာရီခွဲအထိ မြဝတီမြို့ ခလရ(၂၇၅)တပ်ဝင်း အတွင်းရှိ အေးချမ်းဖြိုး ဧည့်ရိပ်သာတွင် လာရောက်တွေ့ ဆုံ ဆွေးနွေး ခဲ့သည်။
DSC09364
DKBA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က “နယ်စပ်မှာ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ဆက်ပြီးတော့ တဖွဲ့နဲ့တဖွဲ့ စုစုစည်းစည်း နေကြဖို့ဆိုပြီး ဗိုလ်မှူးကြီးအောင်လွင်က လာပြောသွားတယ်။ နောက် သူက ဂျပန်မှာ လေ့လာရေးသွားတုန်းက ဘယ်လောက်ထိ စည်းကမ်းရှိတယ် ဆိုတဲ့အကြောင်းတွေ လာပြောသွားတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ မြဝတီမြို့နယ် ဒေသတဝိုက်တွင် ကုန်ကြမ်းထွက်ပစ္စည်းများမှ ကုန်ချော ပြန်လည်ထုတ် လုပ်နိုင်ရန် အတွက် မြဝ တီမြို့တွင် စက်မှုဇုန် လာရောက်တည်ဆောက် မည့် ကိစ္စများကိုလည်းပြောဆိုရှင်းပြ သွားခဲ့သည်ဟု သူက ဆက်ပြောသည်။
DKBA အနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး တဦးတဘက်အနေဖြင့် စိုးမိုးမှုမျိုးမဟုတ်ဘဲ တနိုင်ငံ လုံး အတိုင်းအတာဖြင့့်် ဥပဒေစိုးမိုးမှု ဖြစ်စေချင်ကြောင်း ဗိုလ်မှူးစောဆန်းအောင်က “ဆိုလိုတာက ပြည်သူလူထုက ဥပဒေကို ချိုး ဖောက်တယ်ဆိုပြီး ဖမ်းမယ်ဆိုတာပဲ လုပ်တယ်။ သို့သော် အစိုးရနဲ့ ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အမှားကြီးလုပ်တယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ တရားစွဲပြီး အရေးယူလို့မရတာလဲ ဆိုတာကို ကျနော် ဆွေးနွေးခဲ့တယ်”ဟု ဆိုသည်။
ယင်းဆွေးနွေးမှုတွင် KNU အဖွဲ့အစည်းအနေဖြင့်လည်း ဒုက္ခသည် ပြန်လည်နေရာချထားရေးကိစ္စများနှင့် မည်သည့် အစီအစဉ် များ ရှိနေသည်ကို တိတိကျကျ ရှင်းပြပေးရန် တင်ပြဆွေးနွေးခဲ့ရာတွင် ဗိုလ်မှူးကြီးအောင်လွင်က တိတိကျကျ မသိရှိရသေး ကြောင်းနှင့် စဉ်းစားထားသည့် အနေအထားပင်ရှိသေး ကြောင်း ပြန်လည်ဖြေဆိုသွားခဲ့သည်ဟု သိရသည်။
KRC ဥက္ကဌ ဆရာစောရောဘတ်ထွေးက “ဒုက္ခသည် ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက် လို့ ပြန်ပို့ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်ဆန္ဒအနေနဲ့ ပြန်ချင်ရင်တော့ ပြန်နိုင်ပါတယ်။ KRC အနေနဲ့ ပို့မှာမဟုတ်ပါဘူး” ဟု ပြောသည်။
၎င်းတွေ့ဆုံပွဲတွင် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်-DKBA၊ နယ်ခြားစောင့်တပ်-BGF၊ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီ၊ ကရင်အမျိုးသားအစည်းအရုံး-KNU မြဝတီမြို့ရှိ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ အထွေထွေ အုပ်ချုပ်ရေး စသည့် ဌာန ဆိုင်ရာ အရာရှိများ၊ တပ်မ(၇၇) ဗျူဟာမှူးတို့အပြင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်စား ဗိုလ်မှူးကြီးဇေယျာလင်းတို့ အပါအဝင် စုစုပေါင်း ၃၀ဦးကျော် တက်ရောက်ခဲ့ ကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက်နေ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ သည် နယ်ခြားစောင့်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်-DKBA အကြားရှိသည့်် အထွေထွေ ပြဿနာ များကို ဖြေရှင်းသည့် အလွတ်သဘော ဆွေးနွေးပွဲတခုကို မြဝတီမြို့ အေးချမ်းဖြိုးဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့သေးသည်။

http://burmese.bnionline.net/index.php/news/kic/12956-2013-02-02-16-12-36.html
စနေနေ့၊ ဖေဖေါ်ဝါရီလ 02 ရက် 2013 ခုနှစ် ကေအိုင်စီ သတင်း - ကေအိုင်စီ
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India