February 2, 2013

ဖားကန့်သို့ ဒုက္ခသည်များကို ကူညီရန်လာသော KBC ဓမ္မဆရာများကို အစိုးရဂိတ်မှ တားဆီးလိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းရာကျေးရွာ (Seng Ra) ဒေသခံများကို ကူညီထောက်ပံ့မှုပေးရန် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဓမ္မဆရာများကို ဖားကန့် ဆန်ခါ (Sang Hka) အစိုးရဂိတ်မှ တားဆီးလိုက်သည်။
KBC မှ တာဝန်ရှိသူ ဆရာများ ၁၂ ဦးသည် ဆိုင်းရာ (Seng Ra) ကျေးရွာရှိ ဒေသခံများ၏ အကူအညီပေးရန် ခေါ်ဖိတ်ခြင်းအရ ထွက်ခွာလာချိန် ဆန်ခါကျေးရွာရှိ အစိုးရဂိတ်မှ ဖြတ်သန်းခွင့်မပြုပဲ ဖေဖေါ်ဝါရီလ ၁ ရက် ယနေ့တွင် မြစ်ကြီးနားသို့ ပြန်လှည့်ပြန်သွားခဲ့ရကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။
“ကျနော်တို့ကို KBC ဆရာတွေဖြစ်လို့ မသွားခိုင်းတာနေမှာပေါ့။ အခုအဲဒီ ဆိုင်းရာ (Seng Ra) က လူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ခက်နေတယ်တဲ့။ အစိုးရတွေ မထွက်ခိုင်းဘူးတဲ့။ အဲဒီမှာ တိုက်ပွဲဖြစ်လာရင် သူတို့အတွက်စိုးရိမ်ရမယ်။ အဲဒါကြောင့် စိုးရိမ်လို့ လာကြည့်တာ။ ကျနော်တို့သွားတော့ အဲဒီဂိတ်က တပ်မှူးက မဖြတ်ခိုင်းဘူး။ မသွားခိုင်းဘူးဆိုပြီး ကျနော်တို့ပြန်လာခဲ့တာ။” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။
ထိုသို့တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် တိုက်ပွဲအနီး ကျေးရွာဒေသခံများသည် ဖားကန့်မြို့ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အချို့ကျန်ရစ်နေသော လူဦးရေ ၄၀၀ ကျော်ခန့် ဆိုင်းရာကျေးရွာတွင် ရှိနေပြီး ခိုလှုံရန်အခက်ခဲဖြစ်နေကြောင်း သိရသည်။
အဆိုပါဆိုင်းရာဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်သော်လည်း အစိုးရတပ်ဖွဲ့မှ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲဖြစ်ပွားပြီး KIA တပ်မဟာ (၂) တပ်ရင်း (၆) စခန်းဟောင်းအား အစိုးရတပ်မှ သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ယနေ့တွင်လည်း ဆိုင်းရာအနီး ဂွေခါ (Gwi Hka) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ၎င်းဒေသခံများကို ထိခိုက်လာမည်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ဆိုင်းရာကျေးရွာရှိ ယခင် KIA ဂိတ်တစ်ခုကို အစိုးရတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံမှသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်တွင်လည်း လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံများ ခေတ္တထွက်ပြေး တိမ်းရှောင်နေချိန် ဆန်ခါ (Sang Hka) ကျေးရွာသို့ အစိုးရတပ်ဖွဲ့များဝင်ရောက်လာကာ ဒေသခံများ၏ နေအိမ်ကို ဖျက်ဆီး၍ ကျောက်စိမ်းတုံးများနှင့် ငွေ စသည်များကို ရှာဖွေမွှေနှောက်ကာ ယူသွားခဲ့ကြောင်း ဒေသခံများပြောသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သည် ကချင်ပြည်နယ် အစိုးရအုပ်ချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများတွင် ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးနေခြင်းဖြစ်ပြီး ဒေသ (၂၁)နေရာတွင် ကူညီစောက်ရှောက်မှုပေးနေကြောင်းသိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ၃၀ ရက်နေ့ထုတ်ပြန်ကြေညာချက်တွေလည်း “ကချင်ဒေသ အတွင်း စစ်ရေးတိုက်ခိုက်မှုများကို ချက်ခြင်းရပ်တန့်ပေးရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား သော အကူအညီပေးသည့် အဖွဲ့အစည်းများအား အကူအညီလိုအပ်သည့် နေရာများ အားလုံးသို့ အတားအဆီးမရှိ အမြန်ဆုံးနှင့် အထိရောက်ဆုံးကူညီခွင့်ပေးရန်၊ ဥပဒေမဲ့ တိတ်တဆိတ်ဖမ်း ဆီးခြင်း၊ လုံခြုံရေးအကြောင်းပြပြီး မတရားဖမ်းဆီးခြင်း၊ စစ်ရှောင်စခန်းများသို့ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများမပြုလုပ်ရန်။” တောင်းဆိုထားသည်။
ထို့အတူ ကချင်ပြည်နယ်အနှံ့တွင်ဖြစ်ပွားနေသော ထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်အရာရှိစစ်သည်များ အများအပြား အသက်ပေးခဲ့ရခြင်း၊ အပြစ်မဲ့ပြည်သူများ မြောက်များစွာ ထိခိုက်သေကျေပြီး အသက်အိုးအိမ် ပျက်စီး ဆုံးရှုံးနေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး၏ ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုသည်။

http://burmese.bnionline.net/index.php/news/kng/12952----kbc---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India