ဒိီထုတ်ပြန်ချက်ထဲမှာ KIO အနေနဲ့ မလိုလားအပ်တဲ့ သဘောထားတင်းမာမူတွေ ဖြစ်လာမှာစိုးလို့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ကြေညာခြင်းမပြုတာလို့ ရေးထားပါတယ်။
ဒါ့အပြင် အစိုးရသတင်း ထုတ်ပြန်ချက်တွေဟာ KIO ကို တဖက်သတ် အပြစ်ပုံချထားတာကို တွေ့ရတယ်လို့ ရေးထားပါတယ်။
နောက်ဆုံးအချက်အနေနဲ့ KIA အနေနဲ့ ပြဿနာများ ဖြစ်ပွားနိုင်တဲ့ စစ်ရေးလှုပ်ရှားမူတွေပြုလုပ်မှာ မဟုတ်ဘူးလို့ KIO ပြောခွင့်ရ ဦးလာနန်း က ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရသူနဲ့ KIO ပြောခွင့်ရပုဂ္ဂိုလ်တို့နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/kio-peace-discuss-02012013121340.html
အသံဖိုင်နားထောင်ရန် | |
အသံဖိုင်ယူရန်။ |