September 13, 2012

ကချင်ကို ထိုးစစ်မရပ်ပါက အစိုးရနှင့် ထိတွေ့ဆက်ဆံမှု အားလုံး ဆိုင်းငံ့ရန် ENCတိုက်တွန်း

စက်တင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
မြန်မာအစိုးရသည် ကချင်ဒေသကို ဆက်လက် ထိုးစစ်ဆင်ပါက လက်ရှိ အပစ်ရပ်တိုင်းရင်းသား အဖွဲ့များအနေဖြင့် ထိတွေ့ဆက်ဆံမှုအား လုံး ဆိုင်းငံ့ရန် တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ) -ENC က တိုက်တွန်းလိုက်သည်။
ENC က ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်မှ ၁၂ရက်နေ့အထိ ပြုလုပ်သည့် ၎င်းတို့၏ တတိယသက် တမ်း၊ တတိယအကြိမ် နှစ်ပတ်လည်ကောင်စီ စုံညီအစည်းအဝေးပြီးနောက် ယမန်နေ့က ထိုသို့ ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက် ခြင်း ဖြစ်သည်။
ENC ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးရ်က “အပစ်အခတ်ရပ်စဲရေးကို ဖျက်ဆီးဖို့ မရည်ရွယ်ပါဘူး။ အပစ်ရပ်တိုင်းရင်း သားအဖွဲ့တွေအနေနဲ့ အစိုးရကို တွေ့ဆုံစကားပြောတာ၊ အလွတ်သဘောနဲ့ တရားဝင်သဘော တွေ့ဆုံတာတွေ ဆိုင်းငံ့ပေးဖို့ တိုက်တွန်း တာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကချင်ဒေသကို ထိုးစစ်မဆင်ရန် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နှစ်ကြိမ်အမိန့်ထုတ်ခဲ့သော်လည်း စစ်တပ်က မလိုက်နာ၍ ဆက် လက် ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲများကြောင့် လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည် ၉သောင်းကျော်အတွက် နိုင်ငံ တကာမှပေးသော အထောက်အပံ့များကို အစိုးရက ဟန့်တားခဲ့မှုများကို ရှုတ်ချကြောင်းလည်း ENC ကြေညာချက်တွင် ပါရှိသည်။

“ရှင်းရှင်းပြောရရင် ကျနော်တို့်အစိုးရက နှစ်ခုရှိနေတယ်။ အခု အပစ်အခတ်ရပ်စဲရေးက ပြည်ထောင်စုအစိုးရနဲ့ လုပ်ပြီးတော့ စစ်တပ်က အဲဒါကို ကောင်းကောင်း မလိုက်နာခဲ့ဘူးဆိုတာ အဓိကအကြောင်းအရာတစ်ခုပဲ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ENC က မြန်မာနိုင်ငံတွင် ပင်လုံကဲ့သို့သော ညီလာခံအပါအဝင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်၏ “မူဘောင်” (Frame-work) များကို အစိုးရနှင့် တိုင်းရင်းသားလူမျိုးတို့အကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းရန်လိုအပ်ကြောင်းလည်း ကြေညာချက်က ဆိုသည်။
ဒေါက်တာရွှေခါးရ်က “framework လုပ်ဖို့ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ညှိပြီးတော့ အတူတကွ လုပ်ဆောင်သွားမယ်။ တိုင်းရင်းသား တွေဘက်ကလည်း framework ထွက်လာအောင် ကျနော်တို့ ကူညီပေးသွားမယ်”ဟု ပြောသည်။

ယခု ပြီးစီးခဲ့သည့် ENC ၏ တတိယအကြိမ် နှစ်ပတ်လည်ကောင်စီ စုံညီအစည်းအဝေးပွဲတွင် အလှည့်ကျ ဥက္ကဌအဖြစ် ဆက်လက် ဆောင်ရွက်သွားရန် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းအား ရွေးချယ်လိုက်ပြီး ၎င်းအစည်းအဝေးပွဲသည် ကရင်နီ(ကယား)မှအပ ကျန်တိုင်းရင်းသားအဖွဲ့ပေါင်းစုံများ တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

Ethnic Nationalities Council (Union of Burma)ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ)ကို မြန်မာနိုင်ငံရှိ ပြည်နယ် ရခုမှ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် သျှမ်း တိုင်းရင်းသားလူမျိုးများကို အခြေခံ၍ ၂၀၀၄ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=13338
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India