November 6, 2012

ရှမ်းညီလာခံတွင် ဒု-သမ္မတနှင့် ဝန်ကြီးနှစ်ဦးကို ဖိတ်ကြားမည်

စံခလပူရီ (မဇ္စျိမ) ။       ။ နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ရှမ်းတိုင်းရင်းသားများ ညီလာခံသို့ ဒုတိယ သမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် သမ္မတရုံး ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့လည်း တက်ရောက်ဖွယ် ရှိကြောင်း ဦးဆောင်ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) က ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဒု-သမ္မတကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အနေနဲ့ ဝန်ကြီးတွေကို လည်း ဒုတိယ ဥက္ကဋ္ဌ အနေနဲ့ လာရောက် မိန့်ခွန်းပြောဖို့ ဖိတ်သွားမယ်။ ဒါပေမယ့် ဖိတ်စာတော့ မပို့ရသေးပါဘူး” ဟု SNLD ပြောခွင့်ရ စိုင်းလိတ် က ပြောသည်။

ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များတွင် ကျင်းပမည့် အဆိုပါ ညီလာခံသို့ ရှမ်းလက်နက်ကိုင် ၄ ဖွဲ့၊ ရှမ်းနိုင်ငံရေးပါတီ ၃ ခု၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ရှမ်းလူမှု အဖွဲ့အစည်း စုစုပေါင်း ၁၂ ဖွဲ့တို့ တက်ရောက် ရန် စာရင်းပေးသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကြား ယုံကြည်မှု တည်ဆောက်ရေး၊ စီးပွားရေး၊
နိုင်ငံရေး ရှုထောင့်အမြင်နှင့်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူထုအခြေပြုအဖွဲ့များ၏ လှုပ်ရှားမှုများမှ ငြိမ်းချမ်းရေး
ဖော်ဆောင်ရာတွင် ပါဝင်နိုင်မည့် နည်းလမ်းများကို ညီလာခံတွင် ဆွေးနွေးအဖြေရှာသွားမည်ဟု စိုင်းလိတ် က ပြောသည်။

ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့တွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA/SSPP)၊ ရှမ်းပြည်တပ်မတော်
တောင်ပိုင်း (SSA/RCSS)၊ မိုင်းလား (NDAA-ESS) နှင့် စိန်ကျော့ ပြည်သူ့စစ် အဖွဲ့များ ပါဝင်ကာ နိုင်ငံရေးပါတီ ၃ ခုတွင် SNLD အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) တို့ ပါဝင်မည် ဖြစ်သည်။

ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း တို့ရှိ ရှမ်းလူမျိုး အများစု နေထိုင်သည့် ဒေသများသို့ အဖွဲ့ ၄ ဖွဲ့ ခွဲကာ ကွင်းဆင်းလေ့လျက်ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့အပြီး သဘောထား ကောက်ယူသွားမည်ဟုလည်း စိုင်းလိတ် က ပြောသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအပေါ်မှာ ရှမ်းတိုင်းရင်းသား ပညာရှင်တွေနဲ့ ရှမ်းပြည်သူလူထုရဲ့ ဆန္ဒသဘော ထား ဘယ်လိုရှိလဲ။ သူတို့ရဲ့ ဘုံသဘောတူညီမှုတရပ် ထွက်လာအောင် ကျနော်တို့ ဆန်းစစ်မယ်။ ထွက်လာမယ့် ဘုံသဘောတူညီချက်ကို ငြိမ်းချမ်းရေး လုပ်နေတဲ့ Peace Myanmar ဆိုတဲ့ဟာလိုမျိုး၊ ပြည်ထောင်စု အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ဌာနတွေကို ပေးပို့သွားမှာပါ” ဟု မဇ္စျိမကို ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်သည့် အဆိုပါညီလာခံတွင် တိုင်းရင်းသားများ၏ လိုအင်ဆန္ဒ ဖြစ်သည့် ဖက်ဒရယ်
ပြည်ထောင်စု ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး က ပြောသည်။

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားများကြား ယုံကြည်မှု တည်ဆောက်ရာတွင် အဓိကအချက် ဖြစ်သည့် ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ၈ ပြည်နယ်၊ ၁၄ ပြည်နယ် ကိစ္စကို SNLD အနေနှင့် မှတ်ချက် မပြုသော်လည်း သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်များ၏ အမည်နာမ ဖျက်သိမ်းမည့် သဘောထားများ ရှိနေသည်ကိုလည်း လက်မခံကြောင်း SNLD က ဆိုသည်။

“နှစ်ပေါင်းရာချီ တည်ရှိနေခဲ့သော အမျိုးသား လက္ခဏာ ဖြစ်သည့် အမည်နာမ အခေါ်အဝေါ်များအား ဖျက်သိမ်းပြီး
ဒေသအပေါ် အခြေခံသည့် အမည်သစ်များဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စု ပုံသဏ္ဍာန်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် လက်မခံ၊ တိကျပြတ်သားစွာ ဆန့်ကျင်ပါသည်” ဟု အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ကျရောက်သည့် ပါတီ ၂၄ နှစ်ပြည့်တွင် SNLD က သဘောထား ထုတ်ပြန်ခဲ့ဖူးသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်သော သဘောထား
ကြေညာချက်တွင် “တိုင်းဒေသကြီး ရ ခု၊ ပြည်နယ် ရ ခုတို့အား လက်ရှိ နယ်နိမိတ် ပြဋ္ဌာန်းချက်များအတိုင်း
ဒေသအပေါ် အခြေခံသော အမည်သစ်များဖြင့် တန်းတူရည်တူ၊ အခွင့်အလမ်းတူ တိုင်း ၁၄ တိုင်း (သို့) ပြည်နယ် ၁၄ ပြည်နယ်အဖြစ် သတ်မှတ်နိုင်ရန် အများသဘောတူမှုဖြင့် ဆောင်ရွက်စေရေး၊ ဤသို့ဖြင့် လူမျိုးရေး အခြေခံ မဟုတ်သော ပြည်ထောင်စုသဏ္ဍာန်ဖြင့် တမျိုးသားလုံး စည်းလုံးညီညွတ်မှု ရရှိရေးကို ရည်ရွယ်သည်” ဟု ပါရှိသည်ကို ရည်ညွှန်း တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ဇူလိုင်လ နှောင်းပိုင်းတွင် သမ္မတ ဦးသိန်းစိန် က ခွန်ထွန်းဦး အား ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦးအနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပါရန် တိုက်တွန်းခဲ့ရာမှ ယခုကဲ့သို့ ညီလာခံ ကျင်းပရန် စီစဉ်ရခြင်း ဖြစ်သည်ဟုလည်း SNLD က ဆိုသည်။

ထိုညီလာခံပြီးနောက်တွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းအားလုံး ပါဝင်သည့် ညီလာခံ တရပ်ကိုလည်း ဆက်လက်ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

http://www.mizzimaburmese.com/news/inside-burma/10349-2012-11-06-12-41-08.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India