September 13, 2012
SSA နှင့် အစိုးရတပ် ဓားစာခံချင်း ဖလှယ်သော်လည်း ရွာသားတချို့ မလွတ်သေး
ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသားများကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း SSA ဘက်က ပြောသည်။
“ရမခ တိုင်းရုံးကနေ ပြန်လွှတ်ပေးဖို့ ကျနော်တို့ကို တောင်းလာတယ်။ ရွာသားတွေကို လွှတ်ပေးရင် မြန်မာစစ်ဗိုလ် ကိုလည်း ပြန်လွှတ်ပေးမယ်။ သူတို့လူကို ကျနော်တို့ လူကြီးတွေ ကိုယ်တိုင် လားရှိုးကို ပြန်ပို့ပေးလိုက်ပြီ။ အဲတာက တနင်္လာနေ့ဗျ။ ဒါပေမယ့် လူထုကိုတော့ ပြန်မလွှတ်သေးဘူး” ဟု အမည်မဖော်လိုသည့် SSPP/SSA အရာရှိ တဦးက ပြောသည်။
သြဂုတ်လ နှောင်းပိုင်းမှ စ၍ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်စံ ကျေးရွာအုပ်စုနှင့် နမ့်တောင်ကုန်း
ကျေးရွာအုပ်စုမှ ဒေသခံကျေးရွာ ရွာသား ၁ဝ ယောက်ကျော်ကို SSA ၏ အမာခံများဟု စွပ်စွဲကာ အစိုးရတပ်က ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် လေးဦးကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ဆိုသည်။
ထိုရွာသားများကို ပြန်လွှတ်ပေးရန်အတွက် သြဂုတ်လ ၃၁ ရက်နေ့တွင် အစိုးရတပ် ခမရ (၃၂၂) မှ ဗိုလ်ကြီး သက်စိုးနှင့် တပ်သားတဦးကို SSA က ဖမ်းဆီးခဲ့ပြီး အစိုးရတပ်ဘက်ကလည်း လားရှိုးရှိ SSA ဆက်ဆံရေးရုံးမှ ကိုယ်စားလှယ် နှစ်ဦးကို ရမခ တိုင်းရုံးသို့ ခေါ်ယူထိန်းသိမ်းထားခဲ့သည်။ ထိုကဲ့သို့ နှစ်ဖက်တပ်တိုင်ရာ အပြန်အလှန် ဖမ်းဆီးထားမှုများကို နှစ်ဖက် ပြန်လည် လဲလှယ်လွှတ်ပေးခဲ့ကြသော်လည်း ရွာသား လေးဦးမှာမူ လွတ်မြောက်လာ
ခြင်း မရှိသေးပေ။
လွတ်မြောက်ခြင်း မရှိသည့် ရွာသား လေးဦးအနက် မန်စံကျေးရွာအုပ်စုမှ ပိန်းလုံရွာသား စိုင်းလနှင့် နာကေးရွာသား စိုင်းအိုက်တင်း တို့ နှစ်ဦးမှာ သတင်းများ ပျောက်ဆုံးနေပြီး နောင်အော့်ရွာသား စိုင်းကမ်နှင့် ပိန်းထွန်ရွာသား စိုးကျော်အေး ကို လားရှိုးမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း SSA နှင့် နီးစပ်သည့် နမ္မတူ ဒေသခံ တဦးက ပြောသည်။
“စိုင်းကျော်အေး လက်ကိုင်ဖုန်းမှာ SSA အရာရှိတချို့ရဲ့ နာမည်တွေ သိမ်းထားတဲ့အတွက် သူပုန်နဲ့ ဆက်သွယ်တယ် ဆိုပြီး ၁၇/၁ နဲ့ စွဲထားတယ်။ စိုင်းလ နဲ့ စိုင်းအိုက်တင်း နှစ်ယောက်က သေလား ရှင်လား မသိဘူး။ ပျောက်နေတာ ဘာသတင်းမှ မကြားရတော့ဘူး” ဟု သူက ပြောသည်။
ဒေသခံများမှာ ဘာသာစကား အခက်အခဲနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို ကြောက်လန့်ခြင်း တို့ကြောင့် မျက်နှာ အမူအယာ ပျက်ရာမှ သူပုန်နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲခံရခြင်းများလည်း ရှိသည်ဟု ဒေသခံများက
ပြောသည်။
အစိုးရနှင့် SSPP/SSA တို့ အပစ်အခတ် ရပ်စဲထားသော်လည်း ဒေသခံများကို ပုဒ်မ ၁၇/၁ မတရားအသင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခြင်းမှာ ငြိမ်းချမ်းရေးအတွက် တိုးတက်သည့် အလားအလာ မဟုတ်ကြောင်း နမ္မတူမြို့နယ်၊ မန်စံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် စိုင်းလိတ်က ပြောသည်။
“ကျနော်တို့ ရွာသားတွေက လက်နက်ကိုင် တပ်ဖွဲ့ဆိုရင် ဘယ်ကလာလာ အကုန် ကြောက်နေရတုန်းပဲ။ အစိုးရတပ် ဆို ပိုကြောက်ရတယ်။ ပြည်သူလူထုအပေါ် ဆက်ဆံတဲ့ ပုံစံကတော့ အရင်က ကျနော်တို့ တောသူတောင်သားတွေ ကြုံတွေ့ရတဲ့ ပုံစံအတိုင်းပဲ သိပ်ပြီးတော့ ထူးထူးခြားခြား ပြောင်းလဲလာတာ မမြင်ဘူး” ဟု သူက ဆက်ပြောသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ အပစ်အခတ် ရပ်စဲပြီးချိန်မှ စ၍ သဘောတူ လက်မှတ် ရေးထိုးထားသည့်အတိုင်း အစိုးရ ဘက်မှ မလိုက်နာသည့်အတွက် နှစ်ဘက်တပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၃ဝ ခန့် ဖြစ်ပွားခဲ့သည်ဟု SSA ဘက်က
ပြောသည်။
SSPP/SSA အနေနှင့် အစိုးရနှင့် ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ မပျက်ပြားစေလို သည့်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်က ၎င်းတို့ အခြေချခဲ့သည့် ရှေ့တန်း တပ်စခန်းအချို့ကိုလည်း အစိုးရ၏ တောင်းဆိုမှုကြောင့် နှစ်ကြိမ်တိုင် ဆုတ်ခွာပေးခဲ့သည်ဟု ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/10104-ssa------.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။