October 5, 2012

သမ္မတ၏ ငြိမ်းချမ်းရေး ပေါ်လစီသည် စစ်ဆင်ရေးသာဖြစ်


Peace_22211cvရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်ဖွဲ့များ ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး မြို့နယ်ရှိ တာ့ဆမ်းပူး (ကူးတို့ဆိပ်) ဒေသမှ ယနေ့ နောက်ဆုံး ထားပြီး အမြန်ဆုံး ဆုတ်ပေးရန် ရှမ်းပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူက ရာဇာသံ ပေးထား သည်ဟု SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“အဲဒီ နေရာဟာ ကျနော်တို့ ဗဟို စခန်းနဲ့ (၈) မိုင်လောက်ဘဲ ဝေးပါတယ်။ အဲဒီ ရာဇာသံ စာကို ကျနော်တို့ ဗဟို ဆက်ဆံ ရေး အရာရှိ နော်လစ်က တဆင့် ပေးတာပါ။ ဆုတ်မယ် မဆုတ်ဘူး ဆိုတာက ဗဟိုက ကျနော်တို့ကို ဘာမှ မပြော သေးပါဘူး။ အရင် တုန်းကတော့ ရာဇသံ (၃) ကြိမ်ပေးပြီး ဆုတ်ခိုင်း ဘူးပါတယ်။ ရာဇသံ အတိုင်း ကျနော်တို့ ဆုတ်ပေး ခဲ့တယ်။ အဲဒီ ဇူလိုင်လ ဆန်းက စပြီး အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ထိုင်တယ်။ နောက်ထပ် မဆုတ်ဖို့ အမိန့် ပေးထား ခဲ့တယ်” ဟု ဆိုပါသည်။
ရာဇသံ၏ နောက်ဆုံး သတ်မှတ်ရက်သည်၊ တပ်ချုပ်ကြီး မင်းအောင်လှိုင်က ရွှေကြိဂံ တိုင်းရှိ အဆင့်မြင့် စစ်သင်တန်း ကျောင်းကို သွားရောက် စစ်ဆေး နေချိန်လည်း ဖြစ်သည်။ ဤသည် အစိုးရ စစ်တပ် အရာရှိကြီး တိုင်း၏ ခရီးစဉ်တွင် ပါ၀င် ရမည့် ပြကွက် တခု ဖြစ်ပြီး တကယ့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ စစ်ဆင်ရေး ကိစ္စသာ ဖြစ်ဖွယ် ရှိသည်ဟု စစ်ရေး လေ့လာ သူများက ဆိုပါသည်။
http://www.mwdmedia.net/2012/10/blog-post_5.html
အစိုးရသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ကို တပ်ရင်းပေါင်း (၁၀၀) ကျော်ဖြင့် အင်အားပေါင်း တသောင်း ခွဲခန့် ထိုးစစ်ဆင် နေသည်ဟု (KIO) ဖက်က တွက်ဆ ထားသလို KIO ဖက်၌လည်း အင်အား (၇၀၀၀) ခန့် ရှိလိမ့်မည်ဟု လေ့လာသူ များက ခန့်မှန်း ထာပါးသည်။ ဤမျှ များပြားသော အင်အားဖြင့် စစ်ခင်းနေမှုကို ကာကွယ်ရေး ၀န်ကြီး ဌာန စစ်ဆင်ရေး အထူး အဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးအား အနီးကပ် ကြီးကြပ် စေခဲ့ပါသည်။
http://phophtaw.org/burmese/index.php/news/local-news/1938-kia-.html
KIO ကို စစ်ရေး အရ ဤကဲ့သို့ ကြီးကြပ် စေသလို နိုင်ငံရေး အရလည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့် တွေ့ဆုံ ဆွေးရေး လုပ်ငန်းစဉ်ကို ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား တာဝန် ပေးအပ် ထားပါသည်။ ဤသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ အင်အားအပေါ် မူတည်ပြီး မြန်မာ စစ်တပ်၏ ကိုင်တွယ်မှုပင် ဖြစ်သည်။
ဤသည်ကို ထောက်ရှုခြင်း အားဖြင့် တပ်ချုပ်ကြီး ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ရွှေတြိဂံတိုင်း ခရီးစဉ်သည်၊ စစ်ဆင်ရေး အရ  အကဲဖြတ်ပါက အမေရိကန်၏ Cobra Gold နှင့် ပူးတွဲ စစ်လေ့ကျင့်ရေး အတွက် ကြိုတင် ပြင်ဆင်မှုလည်း ဖြစ်နိုင်သလို၊ ရှမ်းပြည်နယ်တွင်းရှိ ၀၊ SSPP ၊မိုင်းလားနှင့် RCSS အဖွဲ့များကို စစ်ဆင်ရန် ကြိုတင် ပြင်ဆင်သည့် ခရီးစဉ်လည်း ဖြစ်နိုင်ကြောင်း၊ စစ်ရေး လေ့လာ သူများက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2021--cobra-gold-.html
http://burma.irrawaddy.org/archives/20984
Peace_1_33221၀ တပ်တစိပ်တဒေသ
ဤနေရာ၌ အစိုးရသည် KIA ကို ကိုင်တွယ်သလို ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ အပေါ် ကိုင်တွယ်၍ မဖြစ်နိုင်ပေ။ ၀ပါတီ၌ ပင်လျှင် လက်နက်ကိုင် အင်အား (၅) သောင်းခန့် ရှိပြီး ခေတ်မှီ လက်နက်ဆန်း များလည်း ရှိနေသည်ဟု သတင်းများက ဆိုထားပါသည်။ ဤသို့ကြောင့် စစ်ဆင်ရေး အရ KIO ထက် ကြီးကျယ် သဖြင့် စစ်ဆင်ပါက တပ်ချုပ် ကိုယ်တိုင် တိုက်ရိုက်ကြီး ကြပ်သော စစ်ဆင်ရေးသာ ဖြစ်ဖွယ် ရှိပါသည်။ ၄င်း၏ ခရီးစဉ် ထဲတွင် ကြည်း၊ ရေ၊ လေ တပ်ပေါင်း စစ်ဆင်ရေး မှူးလည်း ပါ၀င်ခဲ့ သဖြင့် တြိဂံတိုင်းနှင့် ညှိနှိုင်းဖွယ် ရှိပါသည်။
SSPP ၏ ဌာနချုပ်သည် သီးခြား တည်ရှိသလို ၀ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၏ ဌာနချုပ်၌လည်း ရှိပါသည်။ အစိုးရ သည် မိုင်းရှူးနှင့် မိုင်းယမ်းမြို့နယ်ရှိ သံလွင် အနောက်ဖက် ကမ်းဒေသ၌ ရှိသော မည်သည့် တိုင်းရင်းသား အဖွဲ့မဆို ဆုတ် ပေးရန် ရာဇသံ ပေးနေခြင်း ဖြစ်ပါသည်။ ဤရာဇသံ များသည် ငြိမ်းချမ်းရေး တည်ဆောက် နေပါသည်ဟု ကြွေးကြော် နေသော အစိုးရ၏ ဦးတည်ချက်နှင့် လွဲမှား နေပါသည်။
တပ်မတော်သည် ၄င်း၏ အမိန့်ကို နာခံသော တပ်မတော် ဖြစ်သည်ဟု သမ္မတ ကိုယ်တိုင်က ပြောနေပါသည်။ ဤသို့ကြောင့် သမ္မတ၏ ပြည်တွင်း ငြိမ်းချမ်းရေး အစီစဉ်သည် အပစ်အခတ် ရပ်စဲရေး အပေါ် အမြတ်ထုတ်ပြီး တိုင်းရင်းသား ဒေသ များအား ထိုးစစ်ဆင်ခြင်းပင် ဖြစ်ပေတော့သည်။

http://www.phophtaw.org/burmese/index.php/news/local-news/2196-2012-10-05-11-03-10.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India