September 4, 2012

KNU-မြန်မာ Code of Conduct သဘောတူလက်မှတ် ရေးထိုး

ကရင်ပြည်နယ်၊ ဖားအံမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကြား ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်အနေနဲ့ဆိုရင် ပထမဆုံးခြေလှမ်းပဲဖြစ်တယ်လို့ KNU က ပြောလိုက်ပါတယ်။ အပစ် အခတ် ရပ်စဲရေးနဲ့ ပြည်သူလူထုရဲ့ အာမခံချက်ရရှိဖို့အတွက် ဒီတခေါက် ထည့်သွင်းဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီနေ့ပဲ ကျင်းပပြီးစီးသွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်ရှင်။

ကျနော်တို့ ဒီမှာ ပြောသွားတာဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဘက် တပ်တွေ လိုက်နာ ရမယ့် အချက် ၃၄ ချက်ပါတဲ့ ကျင့်ဝတ်စည်းကမ်း Code of Conduct မူကြမ်းကို သဘောတူ လက်မှတ် ရေးထိုး တာပါ။ အခု ဒီ နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးဦးအောင်မင်းက အခုလို ရှင်းပြပါတယ်။

“စစ်မြေပြင်မှာ နှစ်ဘက်တပ်များလိုက်နာရမယ့် စည်းကမ်း၊ ပြည်သူလူထုအပေါ်မှာ ထားရှိရမယ့် စည်းကမ်း၊ အဲဒီစည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့မှ အသေးစိတ်ဆွေးနွေးတာ။ အဲဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်တဲ့အခါမှာ ဒီစည်းကမ်းချက်တွေ မရှိဘဲနဲ့ လက်တန်း လုပ်မယ်ဆိုလို့ရှိရင် ခရီးလည်းမရောက်ဘူး။ နောက်ကြောင်းလည်း ပြန်လှည့် သွားနိုင်တယ်၊ ဒါကြောင့်မို့လို့ ဒီ စည်းကမ်းတွေကို သတ်မှတ်တာဖြစ်တယ်။

ကမ္ဘာမှာလည်း ဒီ Peace Process တွေမှာ ဆင့်ကဲ ဆင့်ကဲ၊ ဒီလို စည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ကာမှ ဆက်လုပ်ရတာ ဖြစ်တယ်။ ဒီစည်းကမ်းမရှိဘဲနဲ့ ဆက်လုပ်လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ဒီနေ့ကတော့ အဲဒီ စည်းကမ်းချက်တွေ Code of Conduct တွေကို ဆွေးနွေး တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီမှာလည်း အပိုင်း နှစ်ပိုင်း တွေ့ရမယ်၊ ပထမပိုင်း ကတော့ နှစ်ဘက်တပ်များ လိုက်နာရမယ့် စည်းကမ်းတွေ ပါသလို ဒုတိယအပိုင်းကတော့ တပ်တွေ ရွှေ့ပြောင်းတာတို့၊ တပ်တွေ နေရာချထားတာတို့ အဲဒီအပိုဒ်တွေ ပါမှာ ဖြစ်တယ်။”

သူက ဒီ KNU ပိုင်တဲ့ နယ်မြေထဲမှာကိုပဲ အစိုးရတပ်ရင်းပေါင်း ၈၀ ကျော် ရှိနေတယ်။ နောက် နယ်ခြားစောင့် တပ် ၁၃ ခု ရှိတယ်။ နောက်ပြီး တပ်စခန်းပေါင်းက ၃၂၀ ရှိတယ်ပေါ့။ အဲဒီမှာ နှစ် ဘက် လိုက်နာရမယ့်ကျင့်ဝတ် စည်းကမ်းတွေ မရှိတဲ့အခါကျတော့ ဒေသခံ ကျေးရွာ သုံးပုံနှစ်ပုံက ကြုံသလို နေနေရတယ်ပေါ့နော်။ လုံခြံုမှု မရှိဘူးဆိုတဲ့အကြောင်း နော်မေဦးက ပြောသွားပါတယ်။

ဦးအောင်မင်းပြောတာကတော့- ဒါတွေဟာ အသေးစိတ်ဆွေးနွေးပြီးရင်တော့ အဆင်ပြေသွားမှာပါ တဲ့။ တဘက် ကလည်း တပ်တွေက နောက်ဆုတ်၊ တဘက်ကလည်း တပ်တွေက ရှေ့တိုးလာ၊ တဘက်ကလည်း  နောက်ဆုတ်တယ်။ စစ်တပ် စည်းကမ်းတွေ သေချာ အသေးစိတ် ပြဌာန်းပြီးတဲ့ အခါကျရင် အခြေအနေ ကောင်းသွားမှာပါ လို့ ပြောသွားတယ်။ ဒီ သုံးကြိမ်မြောက် တွေ့ဆုံပွဲ အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တော့ ဘယ်အဆင့်ရောက်ပြီလဲဆိုတာကို KNU ပြောရေး ဆိုခွင့်ရှိသူ နော်မေဦးကို ကျနော် မေးကြည့်တဲ့အခါ နော်မေဦးက အခုလိုပဲ ဖြေသွားပါတယ်။

“အပစ်အခတ်ရပ်စဲရေးဆိုတာက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် ပထမဦးဆုံးအဆင့်ပဲ၊ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးမှာမှ နှစ်ဦးနှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ တပ် အရွှေ့အပြောင်းတွေ၊ ပြည်သူလူထု ဘဝလုံခြံုဖို့ အာမခံနိုင်ဖို့ အရွှေ့အပြောင်းဆိုတာကို ဆွေးနွေးနေ တယ်။ ဆိုတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် တခုလုံးအနေနဲ့ကြည့်ရင် ပထမအဆင့်ပဲ ရှိသေးတာပေါ့။”

KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦး ပြောပြသွားတာပါ။ KNU နဲ့ မြန်မာအစိုးရတို့ သုံးကြိမ်မြောက် တွေ့ဆုံပြီး တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပေမဲ့လည်း ဆုံးခန်းတိုင်အောင် ဆက်လက် ဆွေးနွေးသွားမယ်လို့ KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

“ဆွေးနွေးရမယ့် အချက်အလက်တွေက ကျမတို့  ရှေ့ရှုကြည့်ပြီးတော့ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပြည်သူလူထုအကျိုး အာမခံရရှိဖို့အတွက် အဲဒါတွေကို ညှိနှိုင်းပြီးတော့ ဆွေးနွေးတာဖြစ်တယ်။ အဲဒီ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ KNU အနေနဲ့ပဲဖြစ်စေ၊ အစိုးရအနေနဲ့ပဲဖြစ်စေ ကျမတို့ လိုလားနေတဲ့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ တတိယအကြိမ်မြောက် လာဆွေးနွေးတာဖြစ်တယ်။

ဒီဆွေးနွေးချက်မှာ ကျမတို့ ဆက်လက်ဆွေးနွေးပြီးတော့ ဆွေးနွေးတဲ့ agenda တွေ ရှိသေးတယ်။ ဒီမှာ တတိယအကြိမ်မြောက်ပဲ ရှိသေးတယ်။ ဆက်လက်ပြီးတော့ ဆွေးနွေးရမယ့် အချက် အလက်တွေ ရှိသေးတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် တဆင့်ပြီးတဆင့်တော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

ဒီ ဆယ်ရက်ကြာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KNU တို့ ဆွေးနွေးပြီးတဲ့အခါကျတော့ စက်တင်ဘာ လ ၄ ရက်နေ့ ညနေမှာ ဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။ နောက်ထပ် ဆွေးနွေးမှုနဲ့ ပတ်သက်လို့တော့ စက်တင်ဘာလမှာ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးနိုင်ဖို့ တင်ပြသွားပါတယ်။ 
 
http://burmese.voanews.com/content/knu-and-myanmar-peace-talk-group-meet-in-pahannh/1501346.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India