September 19, 2012

'စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး'

တိုင်းမှူးအား လုပ်ကြံခဲ့သူ KIA မြို့ပြကွန်မန်ဒို လဖိုင်ဇော်ဆိုင်း နှင့် အင်တာဗျူး)

ချင်းမိုင်(မဇ္စျိမ) ။       ။ လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြိ့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် လဇွမ် ခါန်ဖန် ဂေါက်ကွင်းမှ အပြန်တွင် ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ် KIA ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင် လေးဦးက စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် မပခ တိုင်းမှူး လဇွမ် ခွန်ဖန် နှင့် ကိုယ်ရေးအရာရှိတို့ ကျဆုံးခဲ့ရသည်။ ဗိုလ်မှူးချုပ် လဇွမ်ခွန်ဖန်မှာ အဆိုတော် L ခွန်းရီ၏ ဖခင်ဖြစ်သည်။

ထိုလုပ်ကြံတိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသည့် KIA ကွန်မန်ဒို အထူးတပ်ဖွဲ့မှူး လဖိုင် ဇော်ဆိုင်း မှာ သေဒဏ်ချ မှတ်ခံခဲ့ရသည်။

အကျဉ်းထောင်တွင်းတွင် ၂၇ နှစ်နီးပါး ကျခံခဲ့ရပြီးနောက် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က
မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော အသက် ၄၉ နှစ် အရွယ်ရှိ ဦးလဖိုင်ဇော်ဆိုင်း ကို ထိုစဉ်က အဖြစ်အပျက်များနှင့် လက်ရှိအခြေအနေအပေါ် သဘောထားများကို သိရှိနိုင်ရန်အတွက် မဇ္စျိမ သတင်းထောက်
ဖနိဒါ က ဆက်သွယ်မေးမြန်းထားသည်။
zawsai
“တကျွန်းစံ၏ အပြန်လမ်း” တနင်္လာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် KIA အထူးကွန်မန်ဒို တပ်ဖွဲ့မှူး လဖိုင်ဇော်ဆိုင်း အား ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က သုခ စေတနာ အခမဲ့ဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

လွတ်မြောက်လာပြီး ကျန်းမာရေး အခြေအနေကော။

ဖြေ။   ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျနော် ခုချိန်ထိ ကျန်းမာရေး ကောင်းပါတယ်။

ဘာကြောင့် ဖမ်းဆီးခံရတာလဲ။

ဖြေ။   ။ တိုင်းမှူး လဇွမ်ခွန်ဖန်ကို ကျနော် ပစ်သတ်ခဲ့တဲ့ အမှုကိစ္စကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ ဖြစ်တာက ၁၉၈၄ ခုနှစ် ကတည်းက သူတို့ အစိုးရရဲ့ မြောက်ပိုင်း ကွန်မန်ဒို ဆိုပြီး ပါဂျောင်၊ နဖော့၊ ဂျာပူ၊ ဂန်ဒေါင်ယန် တွေမှာ လေယာဉ်နဲ့ ပစ်ခတ်တယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ ဗဟိုဌာနချုပ်ကို အစိုးရတပ် အားနဲ့အင်နဲ့ ထိုးစစ် ဆင်ထားတယ်။ နောက်ပြီး
မြောက်ပိုင်း ကွန်မန်ဒိုတွေကနေ ကျေးရွာတွေမှာ ဓါးမြတိုက်၊ သူတို့ လုပ်ချင်တာတွေ လုပ်တယ်။ ဒါကြောင့် သူတို့က ကျနော်တို့ နယ်မြေတွေမှာ လုပ်ချင်တာလုပ်နေလို့ သူတို့ကို ကျနော်တို့ ပြန်တိုက်တဲ့ သဘောပဲ။

အဲဒီအချိန်မှာ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မိုင် ဖွဲ့ထားတဲ့ SUG ဆိုတဲ့ Special Urban Guerilla (မြို့ပြ အထူးပြောက်ကျား တပ်)ဆိုတာ ရှိတယ်။ ၁၉၈၅ ခုနှစ်မှာ မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကျနော်တို့ ဝင်စီးတိုက်ခိုက်တာ။ အဲဒီမှာ သုံးပွင့် တဦးလည်း သေတယ်။ အားလုံး လက်နက် ထိမှန်တာ ငါးဦးလောက် ရှိတယ်။ မြောက်ပိုင်းတိုင်းမှူး လဇွမ် ခွန်ဖန်ပါတယ်။ ဒု-တိုင်းမှူး ကျော်သန်းပါတယ်။ တခြားလူတွေ နာမည် မမှတ်မိတော့ဘူး။

မြောက်ပိုင်းတိုင်းမှူး လဇွမ် ခွန်ဖန် ကလည်း ကချင်လူမျိုးတဦးပဲနော်။

ဖြေ။   ။ ကျနော်က ကချင်အချင်းချင်းမို့လို့ ပစ်တာမဟုတ်ဘူး။ သူက အစိုးရဘက်က စစ်ဗိုလ်ဖြစ်လို့ပဲ။ သူ့သား ဦးထွယ်ဝါနဲ့ ကျနော် မန္တလေးထောင်မှာ ဆုံတယ်။ သူ့သားကလည်း ကျနော့်အပေါ် နားလည်တယ်။ ကျနော်တို့
နှစ်ယောက်ကြားမှာ အငြိုးကြီးတွေ မရှိဘူး။ တိုင်းမှူး ခွန်ဖန်က အဲဒီအချိန်မှာ မဆလ စစ်ဗိုလ်ကြီးပဲ။ ဗမာ၊ ကချင် ဆိုပြီး ခွဲခြားလို့ မဟုတ်ဘူး။ ကျနော်တို့ နယ်မြေမှာ လာတိုက်နေတဲ့လူတွေကို ကျနော်တို့ဘက်က ပြန်ပြီး တိုက်ခိုက်တဲ့ သဘောပါပဲ။

ဦးဇော်ဆိုင်းတို့ဘက်က ဘယ်နှစ်ဦး ပါဝင်တိုက်ခိုက်တာလဲ။

ဖြေ။   ။ ကျနော်တို့ လေးယောက်ပါပဲ။ ကျနော်တို့ဘက်က
မြောက်ပိုင်းကွန်မန်ဒိုတွေကနေ ကျေးရွာတွေမှာ ဓါးမြတိုက်၊ သူတို့ လုပ်ချင်တာတွေ လုပ်တယ်။ ဒါကြောင့် သူတို့က ကျနော်တို့ နယ်မြေတွေမှာ လုပ်ချင်တာလုပ်နေလို့ သူတို့ကို ကျနော်တို့
ပြန်တိုက်တဲ့ သဘောပဲ။

ပြောမယ်ဆိုရင် operation (စစ်ဆင်ရေး) ဝင်တာပဲ။ သူတို့ ဘက်က ပြောရင်တော့ လုပ်ကြံတယ်လို့ ပြောမှာပေါ့။ ကျနော်တို့ ပြောမယ်ဆိုရင် စီးနင်းတိုက်ခိုက်တာပါ။ တိုင်းမှူး
တို့က ကားသုံးစီးနဲ့ ဂေါက်ရိုက်ပြီး တိုင်းဌာနချုပ် အပြန် လမ်းမှာ စောင့်ပစ်လိုက်တာ။ ရှေ့ကားက escort
(အစောင့်အကြပ်)၊ အလယ်ကားက တိုင်းမှူး၊
နောက်ဆုံးကားက ဒု-တိုင်းမှူးပါတာ။

ကျနော်တို့က အရပ်သား စျေးသည် ပုံစံဟန်ဆောင်တယ်။ မြို့လယ်မှာ ဖြစ်လို့ ကျနော်တို့ အရပ်ဝတ်နဲ့ လှမ်းပစ်လိုက် တာ။ ပုဆိုးက ကချင်ပုဆိုးဝတ်ထားတယ်။ခြင်းတောင်းထဲမှာ AK 22 သေနတ် ဖွက်ထားတယ်။ ယဉ်တန်းလာမယ့်
နေရာမှာ ညနေ မိုးချုပ်ခါနီး ၆ နာရီ ၃ မိနစ်ချိန်မှာ အဲဒီကားလမ်းကို ကျနော်တို့ တက်လာတာ မမြင်နိုင်တဲ့အချိန် သူတို့ ရောက်ခါနီးမှာ အဲဒီနေရာမှာ အသင့်နေရာယူထားပြီ။

အဲဒီကားလမ်းနဘေးမှာ မီးကင်းရှိတယ်။ မီးကင်းကနေ တချို့ထွက်လာတယ်။ တချို့က ကုက္ကိူပင် အနောက်ကနေ ထွက်လာပြီး ပထမဆုံး ပစ်လိုက်တာ။ နောက်တော့ အချင်းချင်း ပစ်ခတ်ကြတယ်။ တကယ့် Profesional လိုတော့ မဟုတ်ဘူး။ လိုအပ်ချက်ကြောင့် ကိုယ်တတ်နိုင်သလောက် လုပ်တဲ့သဘောပါ။

ကျနော်တို့ထဲက သုံးယောက်က လွတ်မြောက်သွားတယ်။ ကျနော်က ကျနော့် သူငယ်ချင်းကို ပြန်လိုက်ရှာရင်း ဖမ်းခံရ တာ။ ကျနော်တို့ အချင်းချင်း ပြန်ရှာတဲ့အချိန်မှာ ဖမ်းဆီးခံရတာပါ။ ကျနော်က အဲဒီအချိန် အသက် ၂၂ နှစ်ပါ။ ၁ဝ တန်း အပြင်ဖြေနေရင်း တာဝန်ထမ်းဆောင် အလုပ်လုပ်နေတယ်။ ကျနော်တို့ ကချင်တွေက အဲဒီအချိန် ကတည်း ကနေ ဒီနေ့ထိ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့လုပ်ငန်းကို ထမ်းဆောင်နေကြတာပဲ။

ဘယ်လို ပုဒ်မတွေနဲ့ ကျခံရတာလဲ။

ဖြေ။   ။ ပုဒ်မကတော့ ၁၇(၁)၊ ၁၇(၂)၊ ၁၉(စ)၊ ၃ဝ၂ အပိုဒ် ၁/၃၄ တွေနဲ့ သေဒဏ်နဲ့ ၂၄ နှစ် ကျခံရတာပါ။ အဲဒီ
နောက် ၄/၈၉ အရ တသက်တကျွန်း ပြောင်းလိုက်တယ်။ အကျဉ်း ထောင်ထဲမှာ ၂၆ နှစ်နဲ့ ၁ဝ လ နေခဲ့တယ်။ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ၂၇ နှစ် ပြည့်မယ်။

ကိုဇော်ဆိုင်းအနေနဲ့ တကယ်ပဲ အပြစ်ရှိတယ်လို့ ယူဆလား။

ဖြေ။   ။ ကျနော်အနေနဲ့တော့ အပြစ်မရှိဘူးလို့ ထင်ပါတယ်။ ကျနော်တို့ ပြည်နယ်မှာ ဖြစ်ခဲ့တာတွေကတော့
တောက်လျှောက် ဖြစ်နေတာပဲ။ အခုလည်း ဖြစ်နေသလိုပါပဲ။ ပြည်နယ်ရဲ့ အရေးပေါ့ဗျာ။ ပြည်တွင်းစစ် ဖြစ်ရတဲ့ အကြောင်းအရင်းက ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချုပ်ဆိုခဲ့တဲ့ နောက်ပိုင်း၊ လွတ်လပ်ရေးရတဲ့ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ ဆုံးရှုံးတဲ့ အခွင့်အရေး ပတ်သက်လို့ စကားပြောခွင့် ရမလာတဲ့အခါကျတော့ လက်နက်ကိုင်ပြီးမှ
တော်လှန်ခဲ့ရတဲ့အကြောင်းတွေ ရှိပါတယ်။ အဲတော့ စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရတဲ့အခါမှာ လက်နက်ကိုင်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ အပြစ်ရှိတယ်လို့ မထင်ပါဘူး။

အမှန်တကယ် မြောက်ပိုင်း တိုင်းမှူးကို ပစ်သတ်ခဲ့
ကျနော်တို့ရဲ့ ဆုံးရှုံးတဲ့ အခွင့်အရေး ပတ်သက် လို့ စကားပြောခွင့် ရမလာတဲ့အခါကျတော့ လက်နက်ကိုင်ပြီးမှ တော်လှန်ခဲ့ရတဲ့ အကြောင်းတွေ ရှိပါတယ်။ စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး။ လွတ်လပ်စွာ ထုတ်ဖော် ခွင့် မရတဲ့အခါမှာ လက်နက်ကိုင်တာတွေ
ဖြစ်တတ်တယ်။

တာလား။

ဖြေ။     ။ တကယ်ဖြစ်ခဲ့လို့လဲ တကယ့် ကျနော်ပစ်ခဲ့
တယ်လို့ ကျနော် ဝန်ခံခဲ့ပြီးပါပြီ။ တကယ်ပစ်ခဲ့တာပါ။

၂၆ နှစ်ကျော် အကျဉ်းထောင်မှာ နေခဲ့ရပြီးနောက်
ပြန်လွတ် လာတော့ ဦးဇော်ဆိုင်း အနေနဲ့ ဘယ်လို ခံစားရလဲ။


ဖြေ။   ။ သိပ်ထူးခြားမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အကျဉ်းသားတွေလို လျှော့ရက် ခံစားခွင့် ရမယ်ဆိုရင် ကျနော်တို့က လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက လွှတ်ပေးလို့ ရပါတယ်။ ခုတော့ ကျနော်တို့ နိုင်ငံရေး သမားတွေအနေနဲ့ ခုမှ လွတ်လာရတဲ့ အနေအထားမျိုးပါ။ သာမန်ဆိုရင်တောင်မှ လွတ်ရမယ့် အနေအထားကို
ရောက်နေပါပြီ။

ဦးဇော်ဆိုင်းအနေနဲ့ ခု ဘာတွေ ဆက်လုပ်မှာလဲ။

ဖြေ။   ။ လောလောဆယ်ကတော့ ပြည်တွင်းစစ် ဖြစ်နေတဲ့ကိစ္စ ငြိမ်းချမ်းရေး ရဖို့အတွက် ကျနော် ဒီမှာ ရန်ကုန်ဆင်း လာတာလည်း အဲဒါပါပဲ။ အဖြေတခုတော့ ကျနော် ကြိုးစားနေတဲ့ အကြောင်းပါပဲ။ နောက်ပြီးတော့ ကျနော်တို့
ပြည်နယ်မှာ စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့မှာ ဒီမှာ ရှိနေတဲ့ ကျနော့်မိတ်ဆွေတွေကို အကြံဉာဏ် လာတောင်းတာလည်း ဖြစ်တယ်။ နောက် တကယ်ခံစားနေရတဲ့ ကျနော်တို့ ဒေသ အကြောင်းကို အခု စကားပြောလို့ ရတဲ့ခေတ်မှာ ပြောဆိုချင်နေတဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကျနော်တို့ တကယ် ငြိမ်းချမ်းရေး လိုချင်ပါတယ်။

KIA မှာ ဆက်ပြီး အမှုထမ်းဆောင်မှာလားရှင်။

ဖြေ။   ။ အဲဒီသဘောထားက ကျနော့်မှာ ဘာမှ မရှိသေးပါဘူး။

KIA မှာ အရင်က ဘာတာဝန်ယူခဲ့လဲ။

ဖြေ။   ။ ဗဟိုက ဖွဲ့စည်းထားတဲ့ အထူးကွန်မန်ဒိုအဖွဲ့မှာ အထူးကွန်မန်ဒိုအနေနဲ့ မြို့မှာ တိုက်ရတဲ့ သဘောပါပဲ။

KIA အထူးကွန်မန်ဒိုတဦး ဖြစ်ခဲ့တော့ ဘယ်လို တိုက်ပွဲတွေမှာ ပါဝင်ခဲ့တာလဲ။

ဖြေ။   ။ တိုက်ပွဲအတွေ့အကြုံကတော့ ဒီမြစ်ကြီးနားမြို့ပေါ် အစိုးရ ၃၇ တပ်စခန်းအဝင် မိုင်ဒေးကွေ့မှာ ဖြစ်တဲ့ တိုက်ပွဲက ပထမဦးဆုံးပေါ့ဗျာ။

အဲဒီအချိန်တုန်းက ကိုဇော်ဆိုင်းနဲ့အတူ တခြား ဘယ်သူတွေ ဖမ်းဆီးခံခဲ့ရလဲ။

ဖြေ။   ။ ကျနော် တဦးထဲပါ။ ကျနော့် အမှုတွဲတွေကတော့ ကျနော့်ကျောင်းနေဘက် သူငယ်ချင်းတွေ၊ အသိမိတ်ဆွေ
တွေပါပဲ။

သူတို့တွေရော လွတ်မြောက်လာပြီလား။

ဖြေ။   ။ သူတို့တွေက ၁၇(၁)နဲ့ ဖမ်းတယ်။ နှစ်နှစ်နဲ့ ၁ဝ လလောက် ကျခံပြီးတော့ ပြန်လွတ်သွားကြပါပြီ။

ထောင် ဘယ်နှစ်ခုလောက် ပြောင်းရွှေ့ခဲ့ရလဲ။
၁၉၉ဝနဲ့ ၂ဝဝဝ ခုနှစ်ကြားမှာတော့ တော်
တော်ခက်ခဲတယ်။ အဲဒီတုန်းက အာဏာပိုင်
တွေရဲ့ အမျိုးမျိုး ဖိနှိပ်ညှဉ်းပန်းမှုကို ခံခဲ့ရပါ တယ်။ အထူးခြားဆုံးက NLD ကို အာဏာမလွှဲ ဘဲနဲ့ စစ်တပ်က ဆက်ကိုင်တဲ့နောက်ပိုင်းမှာ ကျနော်တို့ ထောင်ထဲမှာ နေရထိုင်ရတာ ခက်ခဲလာတယ်။


ဖြေ။   ။ မြစ်ကြီးနားထောင်၊ တရားစီရင်တာ မန္တလေးထောင်
နဲ့ ခု မြင်းခြံထောင်တွေ ဖြစ်ပါတယ်။

မြင်းခြံထောင်က ထူးခြားတဲ့ အခက်အခဲ၊ ထောင်တွင်း အတွေ့အကြံုတွေ ပြောပြပေးပါလား။

ဖြေ။   ။ ၁၉၉ဝနဲ့ ၂ဝဝဝ ခုနှစ်ကြားမှာတော့ တော်တော်
ခက်ခဲတယ်။ အဲဒီတုန်းက အာဏာပိုင်တွေရဲ့ အမျိုးမျိုး ဖိနှိပ် ညှဉ်းပန်းမှုကို ခံခဲ့ရပါတယ်။ အထူးခြားဆုံးက NLD ကို အာဏာမလွှဲဘဲနဲ့ စစ်တပ်က ဆက်ကိုင်တဲ့ နောက်ပိုင်းမှာ ကျနော်တို့ ထောင်ထဲမှာ နေရထိုင်ရတာ ခက်ခဲလာတယ်။
ပြောမယ်ဆိုရင် အများကြီးပေါ့ဗျာ။ အထူးသဖြင့် ရက်ထူး ရက်မြတ်တွေဖြစ်တဲ့ ခရစ္စမတ်ရက်၊ နှစ်သစ်ကူး၊ အာဇာနည်
နေ့၊ လွတ်လပ်ရေးနေ့တွေမှာ ကျနော်တို့ တတိုက်လုံးကို ရိုက်နှိက်ညှဉ်းဆဲခံရတာတွေ ရှိတယ်။

ထောင်ထဲမှာရှိနေတုန်း ထောင်ဝင်စာရော ပုံမှန်ရခဲ့လား။

ဖြေ။   ။ ရခဲ့ပါတယ်။ ဒါပေမယ့် တနှစ်မှာ တကြိမ်ပေါ့ဗျာ။

http://www.mizzimaburmese.com/interview/10138-2012-09-19-10-31-50.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India