August 26, 2012

စစ်ဘေးသင့် ကချင်ပြည်နယ်တွင် လူကုန်ကူးမှု မြင့်တက်


စစ်ဘေးသင့်ဒေသဖြစ်သည့် ကချင်ပြည်နယ်သည် လူကုန်ကူးမှုဖြစ်စဉ် အများဆုံးဖြစ်ပွားသည့် ဒေသများစာရင်းတွင် အဆင့် (၄) နေရာ၌ ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းတချို့သည် တရုတ်နိုင်ငံဘက်တွင်ရှိနေပြီး စာနပ်ရိက္ခာ မလုံလောက်ခြင်း၊ လုံခြုံစိတ်ချရမှု မရှိခြင်းစသည့် အခြေအနေများကြောင့် လူကုန်ကူးခံရမှု များနေခြင်းဖြစ်ကြောင်း အဆိုပါဒေသသို့ သွားရောက်ခဲ့သည့် အဖွဲ့အစည်းများထံမှ သိရသည်။
“တရုတ်နိုင်ငံက ကိုယ်နိုင်ငံသား မဟုတ်တော့ အပြစ်ပြောလို့ မရဘူး။ ဒီဒေသကလည်း စားနပ်ရိက္ခာ မပြည့်စုံ၊ ပြီးတော့ အလုပ်လက်မဲ့တွေ ဖြစ်နေတော့ သူတို့တွေက အလုပ်လုပ်ဖို့ အားသန်နေကြတယ်လေ။ တရုတ်နိုင်ငံမှာ အလုပ်ကြမ်းလုပ်ဖို့ကို စျေးသက်သက်သာသာနဲ့ ခေါ်တယ်။ သူတို့လူမျိုး ယွမ် ၁၀၀ လောက် ပေးရမယ့်အစား မြန်မာလူမျိုးတွေကို ယွမ် ၂၀ နဲ့ ပေးခေါ်တာတွေရှိတယ်။ ပြီးတော့ Camp တွေမှာ လုံခြံုမှုပိုင်း အားနည်းတယ်” ဟု ကချင်စစ်ရှောင်စခန်းများကို သွားရောက်လေ့လာခဲ့သည့် အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။
ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသများသည် လူကုန်ကူးမှု များနေပြီး စစ်ပွဲကြောင့် စာရင်းအတိအကျ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
“မငြိမ်းချမ်းသေးတဲ့ ဒေသဖြစ်တော့ ဒီပြဿနာတွေက ရှိပါတယ်။ အခုငြိမ်းချမ်းရေးကို ဆောင်ရွက်နေပြီဆိုတော့ တရုတ်ပြည်မှာနေထိုင်တဲ့ ဒုက္ခသည်တွေ ပြန်ဝင်လာအောင်လုပ်မှာပါ။ တရုတ်ပြည်က အရာရှိတွေနဲ့လည်း လူကုန်ကူးခံရတဲ့ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့တွေနဲ့ ပူးပေါင်းပြီးတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးကိစ္စတွေ၊ တားဆီးရေးတွေ ဆောင်ရွက်သွားမှာပါ” ဟု လူကုန်ကူးမှုတားဆီးရေး ဗဟိုအဖွဲ့မှ ရဲမှူးချုပ် ခင်မောင်စီက ဧရာဝတီသို့ ပြောသည်။
နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှု လျော့နည်းစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသား အတည်ပြုခြင်း၊ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွင်း နယ်စပ်မြို့များဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်း မြို့များတွင် လူကုန်ကူးမှုဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် နယ်မြေ မအေးချမ်းခြင်း၊ စစ်ပွဲများ ဖြစ်ပွားနေခြင်း စသည့် အကြောင်းရင်းများကြောင့် လူကုန်ကူးမှုနှင့် ပတ်သတ်၍ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည် မဟုတ်သေးကြောင်း လူကုန်ကူးမှုတားဆီရေး ဗဟိုအဖွဲ့က ပြောသည်။
“စစ်ပွဲတွေအတွင်းမှာ ဒုက္ခသည်စခန်းက ကလေးတွေကို အဓိက ပစ်မှတ်ထားပြီးတော့ တရုတ်တွေက လာခေါ်တယ်။ တချို့မိဘတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ ထည့်လိုက်တယ်။ Camp တွေ အားလုံးကိုတော့ ဘယ်သူလာခေါ်ခေါ် မသွားပါနဲ့၊ ဘယ်သူကိုမှ မယုံကြည်ဖို့ ခေါ်တိုင်းမလိုက်ဖို့တော့ ပြောထား၊ ပညာပေးထားပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဒေါ်မိုင်းဂျာက ဧရာဝတီသို့ ပြောသည်။
တရုတ်-မြန်မာ နယ်စပ်တွင် ကချင် စစ်ဘေးဒုက္ခသည်စခန်း ၂၀ ကျော်ရှိပြီး ဒုက္ခသည် ၄ သောင်းကျော် ရှိနေကြောင်း၊ အသက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင် အိမ်ထောင်မကျသေးသူ မိန်းကလေးငယ်များအား အဓိက ပစ်မှတ်ထား၍ လူကုန်ကူးနေကြောင်း သိရသည်။
လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာသည့် အမျိုးသမီးတဦး “ကျမတို့က အရမ်းဆင်းရဲတော့ ပိုက်ဆံရချင်တာနဲ့ တရုတ်ပြည်မှာသွားပြီး အလုပ်လုပ်မိပါတယ်။ အဲဒီအိမ်က အမျိုးသမီးက နင့်ကို ငါ ပိုက်ဆံနဲ့ ၀ယ်ထားတယ်ဆိုပြီး မတရားခိုင်းပါတယ်။ ပြီးတော့ ကျမကို ချုပ်နှောင်ထားတဲ့အခါလည်း လုပ်တယ်။ ကျမ ရဲတွေသွားတိုင်တော့ သူတို့ ထွက်ပြေးလွတ်သွားတယ်” ဟု ဆိုသည်။
စစ်ဖြစ်ပွားမှုကို အကြောင်းပြကာ ဒုက္ခသည်စခန်းများရှိ မိန်းကလေးငယ်များအား အိမ်နီးချင်းနိုင်ငံသားနှင့် လက်ထပ်ပါက ကောင်းမွန်စွာ နေထိုင်ရမည်ဟု ပြောဆိုစည်းရုံးမှုများ ရှိနေကြောင်း၊ မိဘများ မသိဘဲ ပျောက်ဆုံးမှုများလည်း ရှိနေသဖြင့် ထိုကဲ့သို့ မဖြစ်စေရန် ပညာပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်ထဲသို့ အလုပ်သွားရောက် လုပ်ကိုင်မည်ဆိုပါက ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) သို့ လာရောက် အကြောင်းကြားရန် မှာကြားထားကြောင်း၊ သို့မှသာ အလုပ်လုပ်သည့်နေရာနှင့် အလုပ်ရှင်ကိုသိကာ ပျောက်ဆုံးပါက ရှာဖွေရ လွယ်ကူမည်ဖြစ်ကြောင်း ဒေါ်မိုင်းဂျာက ဆိုသည်။
၂၀၀၆ မှ၂၀၁၀ ခုနှစ်အထိ ၅ နှစ်တာအတွင်း လူကုန်ကူးမှု အဖြစ်များဆုံး မြို့များအနက် ကချင်ပြည်နယ်တွင် လူကုန်ကူးခံရသူ စုစုပေါင်း ၁၂၈ ဦးအထိရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။
အဆိုပါ ၅ နှစ်တာအတွင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ၀ုိင်းမော်၊ ဗန်းမော်၊ ဖားကန့်တို့တွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့ပြီး မန်စီ၊ မိုးညှင်း၊ မိုးမောက်၊ လွယ်ဂျယ်၊ မိုးကောင်းတို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (UNIAP) မှ တာဝန်ရှိသူတဦး၏ အဆိုအရ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား အိမ်နီးချင်း တရုတ်နိုင်ငံမှ လက်နက်ကိုင် ခြိမ်းခြောက် ခေါ်ဆောင်၍ ရောင်းစားမှုများ ယခုလအတွင်းတွင်ပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
သဘာဝဘေးအန္တရာယ်၊ စစ်ဘေးဒဏ် ခံရသူများ၊ ဆင်းရဲ နွမ်းပါးသူများနှင့် အယုံလွယ်သူများကို အဓိက ပစ်မှတ်ထားကာ လူကုန်ကူးမှုများ ပြုလုပ်လေ့ရှိသဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ပြေးရှောင်နေရသည့် ပြည်သူများ လူကုန်ကူးခံရမှုမှ ကာကွယ်ပေးနိုင်ရန် အာဏာပိုင်များက စောင့်ကြည့်ပေးစေချင်ကြောင်း UNIAP မှ တာဝန်ရှိသူက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားသော ဒေသ ၁၇ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားကာ ယင်းနောက် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် စသည်တို့ ပါဝင်သည်။
လူကုန်ကူးခံရသူများ အများဆုံး ပို့ဆောင်ခံရသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၈၀ ရာခိုင်နှုန်း၊ ထိုင်းသို့ ၁၀ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံသို့ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/18554
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India