December 4, 2012

စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် လက်နက်ကိုင် တော်လှန်ရသည့် အကြောင်းရင်းကို သိရှိရန် လိုအပ်

မြန်မာနိုင်ငံအတွင်း စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားတို့ လက်နက်ကိုင် တော်လှန်ရသည့် အကြောင်းရင်းကို သိရှိရန် အထူးလိုအပ်ကြောင်း “Martin Luther King Prize” ဆုရှင် ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောပါသည်။
PandL
Paul Keenan နှင့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

“ဘာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးကို မတည်ဆောက်နိုင်ဘူး။ နောက်ထပ် လက်နက်ကိုင် တော်လှန်တာကိုလည်း တားဆီး နိုင်မှာ မဟုတ်ဘူး” ဟု Burma Centre of Ethnic Studies (BCES) ဒါရိုက်တာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောပါသည်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနီးပါး၏ အကြောင်းများကို ရေးသား ထားသည့် စာမျက်နှာ ၂၆၈ ပါPaul Keenan ရေးသားသော “By Force of Arms” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို Burma Centre of Ethnic Studies (BCES) က ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv အဆောက်အဦး၌ ပြုလုပ်ကျင်းပခဲ့သည်။

“တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရချင်ရင်တော့ ကျနော်တို့ အချင်းချင်း နားလည်မှု ရှိရမယ်။ နောက် ယုံကြည်မှု တည်ဆောက်ရမယ်။ ကျနော်တို့ အချင်းချင်း နားလည်မှုမရှိ၊ ယုံကြည်မှုလည်း မရှိရင် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒီစာအုပ်ဟာ နှစ် ၆၀ ကျော်ကြာ ဖြစ်ပွားလာတဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတဲ့သူတွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောပါသည်။
By Force of Arms
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်၊ လူ့အခွင့်အရေးများကို အားပေးရန် ရည်ရွယ်၍ ၂၀၁၁ မတ်လအတွင်း Burma Centre of Ethnic Studies (BCES) ကို စတင်ထူထောင် ခဲ့သည်။

BCES မှ ပထမမြောက် စာအုပ်အဖြစ် မြန်မာဘာသာဖြင့် ရေးသားသော ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၏ “ဒီမိုကရေစီ ကျင့်စဉ်တရားများ” စာအုပ်ကို ၂၀၁၂ ဩဂုတ်လအတွင်း ထုတ်ဝေဖြန့်ချီခဲ့သည်။ မြန်မာနိုင်ငံအတွင်း အုပ်ရေ ၁၅၀၀၀ ကျော် ဖြန့်ချီခဲ့ကြောင်း၊ နေပြည်တော် တစ်မြို့ထဲတွင် အုပ်ရေ ၁၀၀၀ ခန့် ဖြန့်ချီခဲ့ကြောင်း ဆို၏။ “By Force of Arms” စာအုပ်မှာ ဒုတိယမြောက် စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁၂ အုပ် ထပ်မံထုတ်ဝေဖြန်ချီရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3700-2012-12-04-09-28-28.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India