December 4, 2012

KIA နယ်မြေ၌ စစ်ဆင်ရေး ပြင်းထန်လာနေ


K 14wswဒီဇင်ဘာ လဆန်းမှ စပြီး ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နယ်မြေ စခန်းသိမ်း တိုက်ပွဲ အပါ၀င် အစိုးရ စစ်ဆင် ရေး လှုပ်ရှားမှုများ တိုးတက်များပြား လာခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးက ပြောပါသည်။
“ ဒီဇင်ဘာ (၂) ရက်နေ့က ကျနော်တို့ တပ်ရင်း (၃) ဖြစ်တဲ့ လော့ပွမ်စခန်းကို အစိုးရတပ်မ (၈၈) လက်အောက်ခံ တပ်တွေ က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ ပြီးတော့ ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမှာလည်း တနေ့ကို တိုက်ပွဲတွေ (၉) ကြိမ် အထိ ဖြစ်လာတယ်။ တနိုင်းဖက်မှာလည်း ထိုးစစ် စနေပါတယ်။ ဒီတော့ အစိုးရ တပ်ဖွဲ့က ပိုပြီး လှုပ်ရှားလာနေတာ တွေ့ရပါတယ်” ဟု ဆိုပါသည်။
နိုဝင်ဘာလ (၂၆) ရက်နေ့မှ စပြီး အစိုးရ တပ်ဖွဲ့တို့သည် KIA တပ်ဖွဲ့များ ရှိရာ ဧရာဝတီ ရှေ့ဖက်ခြမ်း တပ်မဟာ (၅) ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းရှိ တပ်မဟာ (၄) ဒေသ၊ ဗန်းမော်ခရိုင်တွင်းရှိ တပ်မဟာ (၃) ဒေသ၊ မြစ်ဆုံအောက်ပိုင်းရှိ တပ်မဟာ (၂) ဒေသနှင့် ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ တပ်မဟာ (၁) ဒေသသို့ စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပါသည်။
တပ်မဟာ (၁) ဒေသတွင် ပန်ဝါမြို့နယ် နယ်ခြားမှတ်တိုင် (၆) ရှိသည့် KIA စခန်းတခုကို တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၇၇) တပ်ဖွဲ့တို့က နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ၈၁ မမ စိန်ပြောင်း အမြောက်ဖြင့် အကြိမ် (၃၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ (၁) ရက်နေ့တွင် တစ်နေ့ကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက် ရှိပါသည်။
အစိုးရ စစ်ကြောင်း များသည် ရှမ်းပြည်နယ် လားရှိုးမြို့မှ စစ်ယာဉ် (၃၄) စီးနှင့် အတူ ကွမ်လုံဘက်သို့ ချီတက်ခဲံပြီး ဝိုင်းမော်မြို့ နယ်ရှိ KIA တပ်ရင်း (၃) အခြေစိုက်ရာ စခန်းဘက်သို့ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် စတင် ထိုးစစ်ဆင်ပြီး ဒီဇင်ဘာ (၂) ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက် လိုက်ကြောင်း ဆိုပါသည်။
“အပြင်းထန်ဆုံးက တပ်မဟာ (၅) နယ်မြေနဲ့ တပ်မဟာ (၁) ဒေသ တို့ပါပဲ။ စခန်းသိမ်း တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။ တွေ့ ဆုံဆွေးနွေးရေး အတွက်ကို ရည်ရွယ်ရင်တော့ ဒီလိုမျိုး တပ်အင်အားနဲ့ လာတာကိုက ဝမ်းနည်းစရာ ကောင်းတယ်လို့ ဆိုချင် ပါတယ်။”ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ဆိုပါသည်။
 KIA communication
အောက်တိုဘာ (၃၀) ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တွေ့ဆုံစဉ်က ၀န်ကြီး ဦးအောင်မင်းသည် နိုဝင်ဘာလ အတွင်း နိုင်ငံရေးအရ တွေ့ဆုံရန် ပြောဆိုချက်သည် တရားဝင် ကမ်းလှမ်းတာ မဟုတ်ဘဲ အလွတ် သဘောအရ ပြောဆိုခြင်းသာ ဖြစ်သည် ဟု KIA အရာရှိတို့က ယူဆထားကြောင်း ဆိုပါသည်။
“ကျနော်တို့ ဘက်ကတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို တရားဝင်ဖြစ်ဖို့ တောင်းဆိုနေတာပါ။ အလွတ်သဘောနဲ့တော့ မတွေ့ချင်ပါဘူး။ ပြီးတော့ စစ်ရေးအရ အပစ်ရပ်ရေး ကိစ္စတွေကိုဘဲ ပြောပြီးတော့ လက်တွေ့မှာ အစိုးရဖက်က စခန်းသိမ်း တိုက်ပွဲတွေ စစ်ဆင်ရေး တွေကိုဘဲ ဆင်လာနေမှတော့ ယုံကြည်နိုင်စရာ မရှိတော့ပါဘူး။ ကျနော်တို့ ဖက်ကလည်း နိုင်ငံရေး အရ ဆွေးနွေးတော့မယ် ဆိုရင် ကချင်ပြည်သူရဲ့ သဘောထားတွေကိုလည်း ရယူဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း အချိန်ယူ ရ ပါ့မယ်” ဟု ၄င်းကဆိုသည်။
KIA သည် ၁၉၉၄ ခုနှစ်တုန်းက အစိုးရနှင့် အပစ်ရပ်စဲ ခဲ့ဘူးပြီး ၂၀၁၀ ခုနှစ် ပျက်ပြယ် သွားခဲ့ပါသည်။ ၂၀၁၁ခုနှစ် ဇွန်လမှစ ပြီး အစိုးရက စတင် တိုက်ခိုက်ခဲ့ရာမှ ယနေ့အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ပါသည်။ KIA သည် တိုင်းရင်းသား အခွင့် အရေး များကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် အဖြေရှာ လိုပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးကိုသာ ဦးစွာရယူ ရန်ပြောနေပါသည်။ 

http://www.phophtaw.org/burmese/index.php/news/local-news/2469-kia---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India