September 12, 2012

SSA တပ်စခန်းများအား အစိုးရတပ်များတိုက်ခိုက်ရန်အင်အားဖြည့်

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တပ်စခန်းအား အစိုးရတပ်များ ဆက်လက်တိုက်ခိုက်  သွားဖွယ်ရှိကြောင်း ရှေ့တန်းတပ်မှူးများက ပြောပါသည်။

“အပစ်ရပ်ဆွေးနွေးတုန်းက လှုပ်ရှားရောက်ရှိတဲ့ဒေသမှာ တပ်ဖွဲ့ဝင်တွေ အခြေချနေထိုင်ဖို့ အတွက် တပ်စခန်းဆောက်ထားတယ်ဆိုတဲ့ နေရာတွေကို အစိုးရတပ်က အင်အားသုံးတိုက်ခိုက်မယ်လို့ကျနော် တို့ သတင်းရနေတယ်” - ဟု RCSS/SSA အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပူး မိုင်းပြင်း၊ သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့၊ မောက်မိုင်မြို့နယ် အတွင်း၊ လွယ် လင်ခရိုင် နမ့်ဇန်၊ မိုင်းပန်၊ လဲချား၊ မိုင်းကိုင် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တာ့ဆမ်ပူး (ကူးတို့ဆိပ်) တပ် စခန်းများအား တိုက်ခိုက်ရန် အစိုးရတပ်များအင်အားဖြည့်ထား၍ စစ်ရေးပြင်ဆင်နေကြောင်း - ပြောပါသည်။

“ကျနော်တို့ ငြိမ်းချမ်းရေးမယူခင်တုန်းက  စစ်နယ်မြေဒေသ ဗဟိုတပ်စခန်းကြီးကလွဲလို့ အများ အားဖြင့် စခန်းနဲ့ မနေဘူး။ ကျေးလက်ထူထုကြားမှာဘဲ လျှို့လျှို့ဝှက်ဝှက် လှုပ်ရှား လာခဲ့တယ်။ အခု အပစ်ရပ်ဆွေး နွေးပြီးတော့   ကျနော်တို့လျှို့ဝှက်နေထိုင်စရာမလိုတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ ရောက်တဲ့အရပ်မှာ စခန်းငယ် လေးတွေလုပ်ပြီးနေထိုင်ဖို့ပြင်ဆင်ရတယ်။   ဒါကို အစိုးရတပ်လက်မခံဘူးဆိုတဲ့ သဘော။ စစ်သား ဆိုတာ သေနတ်ကိုင်တာမဟုတ်ဘူး။ လာရင်တော့ပစ်မှာဘဲ” - သျှမ်းပြည်တောင်ပိုင်း ရှေ့တန်းတပ်မှူး တဦး က ပြောပါသည်။

ပြည်ထဲရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး ဌာန၌ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ၁၇(၁) ပုဒ်မနှင့်ညှိစွန်း သည့် မတရားအသင်းအဖြစ်သာ သတ်မှတ်သေးကြောင်း၊ ပယ်ဖျက်ရန်လည်းနိုင်ငံတော် သမ္မတ မှ ညွှန်ကြား ထားခြင်းမရှိကြောင်း၊ ထို့ကြောင့် အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ် သူတိုင်းအားလည်း အက်ဥပဒေပုဒ်မ ၁၇ - ၁  (ထောင်ဒဏ် ၃ နှစ်)ဖြင့် အချိန်မရွေးဖမ်းဆီးနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိကြီးတဦး၏ ပြောစကား ကို ကိုးကား၍ လွှတ်တော်အမတ်တဦးကလည်း သျှမ်းသံတော်ဆင့်တို့ ပြောပြပါသည်။

ထို့အတူ နာမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အစိုးရက ကြေငြာခဲ့သည့်တိုင် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က သမ္မတထံမှ ဖျက်မိန့်မကျလာသေးသဖြင့်ဟုဆိုကာ နာမည်များမဖျက်သေး ကြောင်း၊ ထို့ကြောင့်လည်း ပြည်တော်ပြန်သည့် အဆိုပါနာမည်ပျက်စာရင်းပါသူများမှာ နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးမည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန နှင့်နီးစပ်သည့် အမျိုးသမီးတဦးကလည်း ပြောပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3487-ssa-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India