Monday, November 19, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဟာ အမျိုးသား
ပြန်လည် သင့်မြတ်ရေး မရှိရင် မအောင်မြင်နိုင်ဘူးလို့ သမ္မတ အိုဘားမားက
ပြောကြားခဲ့တဲ့အပေါ် တိုင်းရင်းသား ခေါင်းဆောင် တချို့က
ကြိုဆိုလိုက်ကြပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့က
တိုင်းရင်းသားတွေ လိုလားနေတဲ့ အချက်ဖြစ်ကြောင်း၊ စစ်မှန်တဲ့ ဖက်ဒရယ်
ပြည်ထောင်စု ပေါ်ပေါက်လာဖို့ လိုအပ်နေတာ ဖြစ်ကြောင်း ရှမ်းတိုင်ရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ဦးခွန်းထွန်းဦးဟာ သမ္မတ အိုဘားမားနဲ့
ခေတ္တ တွေ့ဆုံခွင့် ရတဲ့အထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာ
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း မိန့်ခွန်း မပြောခင်လေးမှာ
ခန်းမရဲ့ အနောက်ဘက်က အဆောင်တစ်ခုမှာ တွေ့ခဲ့ကြတာပါ။ တိုင်းရင်းသားပါတီ၊
နိုင်ငံရေးပါတီတချို့အပြင် ၈၈ မျိုးဆက် ကျောင်းသား၊ လူမှုအဖွဲ့အစည်းဝင်
စုစုပေါင်း ၁၅ ဦးလောက်နဲ့ မိနစ် ၂၀ ခန့် တွေ့ဆုံခွင့် ရခဲ့ကြတယ်လို့
သိရပါတယ်။
သမ္မတနဲ့ တွေ့တဲ့အချိန်မှာရော
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့တဲ့အခါမှာတော့ စစ်မှန်တဲ့
ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင် ပံ့ပိုး ကူညီဖို့ ဦးခွန်ထွန်းဦးက
တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းမှာ ရခိုင်ပြည်နယ်
ပဋိပက္ခကိုလည်း ထည့်သွင်း ပြောကြားခဲ့သလို ရိုဟင်ဂျာ မွတ်ဆလင်တွေလည်း လူသား
ဂုဏ်သိက္ခာနဲ့ နေနိုင်ဖို့ မျှော်လင့်ကြမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒီအပေါ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဥက္ကဌ ဒေါက်တာ အေးမောင်ကတော့ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရ အသုံးအနှုံးကို သဘော
မကျမိကြောင်း၊ ဒီလို သုံးနှုံးတာ အန္တရာယ်ရှိတဲ့အကြောင်း ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသား
ပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့ ပြောတာ၊ ဒီမိုကရေစီကို
တွန်းအားပေးတာတွေကိုတော့ ကြိုဆိုတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/11/121119_obama_reconciliation.shtml
Posted in: နိုင်ငံတကာသဘောထား,သတင်း
Email This
BlogThis!
Share to Facebook