September 15, 2012

ကရုဏာအဖွဲ့က တရုတ်မှပြောင်းလာသော ဒုက္ခသည်များကို ဆန်နှင့်အစားစာ ကူညီပေး



Lana-Zup-Ja-Dabang-Nbapa
 ကေအိုင်အို ထိန်းချုပ်တဲ့ ဗန်းမော်ခရိုင် အင်ဘာပါရှိ လနာ့ဇွပ်ဂျာစခန်း။ ဓါတ်ပုံ-ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၃ နယ်မြေတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်ကြားက ကရုဏာကူညီရေးအဖွဲ့မှ KIO ထိန်းချုပ်နယ်မြေရှိ လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းသို့သွားရောက်ကာ ဆန်အိတ် ရ၀၀ ခန့် နှင့် လိုအပ်သော အစားအစာများကို လာရောက်ကူညီပေးခဲ့သည်။
ကရုဏာကူညီရေးအဖွဲ့မှ လနာ့ဇွပ်ဂျာ (Lana Zup Ja) ရှိ ဒုက္ခသည်များအတွက် တစ်လစာ ဆန်၊ ဆီ၊ ဆပ်ပြာ များနှင့် ငွေကြေးများလာရောက်ကူညီသွားခဲ့ကြောင်း လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာမ ဂျီးမိုင်ကပြောသည်။
“မနေ့ညက ၅ နာရီလောက်မှာရောက်လာတာ။ အင်္ဂါနေ့ညလည်း ဆန်အိတ် ၁၀၀ ကျော် ကား ၃ စီးနဲ့ဟုတ်တယ်။ အခုကားတစ်စီးလိုသေးတယ်တဲ့ ဆန်အိတ်အကုန်လုံးဆိုရင် ရ၀၀ ကျော်မယ်လို့ပြောတယ်။”
၎င်း ဆန်၊ ဆီ၊ ဆပ်ပြာများကို လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းတွင် စက်တက်ဘာလ ၁၄ ရက်နေ့ ဝေငှ ပေးမည်ဖြစ်ပြီး နောက်ရက်များတွင် ဘွမ်စစ်ပါ ဒုက္ခသည်စခန်းနှင့် အခြားဒုက္ခသည်စခန်းများတွင်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့အခြေစိုက် ကရုဏာကူညီရေးဝန်ထမ်းများသည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စခန်းသို့ကားဖြင့်သွားနေချိန် KIA တပ်မဟာ ၃ နယ်မြေ စိန်လွန်( Sinlum) နှင့် ဗြန်ဝိုင် (Byeng Wai) ကြားရှိ ပန်ရှန် (Pang Shan) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသောကြာင့် ၄င်းတို့လုံခြုံရေးအတွက် အတော်အတန်စိုးရိမ်ခဲ့ရသည်ဟု ကရုဏာအဖွဲ့မှ တာဝန်ရှိသူ ဆရာနော်ဒင်းက ပြောသည်။
“မနေ့ကလိုမျိုး သူတို့သွားနေတဲ့အချိန်မှာ သူတို့ရှေ့မှာတင် ဗုံးပေါက်လာတဲ့ဟာမျိုးတွေလည်းရှိတော့ လုံခြံုရေးက နည်းနည်းကြောက်ရတာတွေရှိတယ်။”
တရုတ်နိုင်ငံ နောင်တောင်း (Nongdao) ခရိုင်တွင် ထွက်ပြေးခိုလှုံနေရာမှ တရုတ်အစိုးရက နေရပ် ပြန်လည်နေထိုင်ခိုင်းလိုက်သည့့်အတွက် ကချင်ပြည်နယ် လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် ပြန်လည်ပြောင်းရွှ့နေအခြေချခိုလှုံလာသော ဒုက္ခသည်များကို ကရုဏာကူညီရေးအဖွဲ့များသည် ဒုတိယကြိမ် လာရောက်ကူညီခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း Wunpawng Ninghtoi (WPN) မှ ကြက်သွန်၊ ငရုပ်၊ အာလူး၊ ပဲသီး၊ ဆား နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို တလစာအတွက် လာရောက်ကူညီပေးခဲ့ကြောင်း လနာ့ဇွပ်ဂျာ တာဝန်ရှိသူများပြောသည်။
လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းတွင်ရှိသော ဒုက္ခသည်များသည် ကျေးရွာ ရ၀ မှ ထွက်ပြေးရောက်ရှိ ခိုလှုံလာသူများဖြစ်ပြီး ယခုချိန် အိမ်ထောင်စု ၆၀၂၊  လူဦးရေ ၂၆၉၉ ဦးရှိကြောင်း ၎င်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာမ ဂျီးရာ (Saranum Ji Ra) ကပြောသည်။
တရုတ် နောင်တောင်းခရိုင်တွင် စခန်း ၆ ခု ထားရှိကာ ခိုလှုံနေသောဒုက္ခသည်များကို တရုတ်အစိုးရသည် တိုက်ပွဲများရပ်သွားပြီဖြစ်သောကြောင့် မိမိနေရပ်သို့ ပြန်လည်ခိုလှုံရန် ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ယခုလက်ရှိအခြေအနေတွင်မူ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ပညာရေးစသည့် လိုအပ်ချက်များအတွက် အခြေခံမှအစ ပြန်လည်ထူထောင်ပေးနေရခြင်းလည်း ဖြစ်ကြောင်းသိရသည်။

http://kachinnews.com/burmese/news/943-%E1%80%80%E1%80%9B%E1%80%AF%E1%80%8F%E1%80%AC%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%80-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%80%99%E1%80%BD%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%86%E1%80%94%E1%80%B9%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%85%E1%80%AC-%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%B1%E1%80%95%E1%80%B8.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India