September 15, 2012

သျှမ်းတပ်ဖွဲ့နှင့်ဆက်သွယ်မှုရှိ မရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြန်မာစစ်တပ်ခေါ်ယူစစ်ဆေး

သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မန်စံရှိ ပင်မလျှပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးတပ်စခန်းချသည့် မြန်မာစစ်တပ် စခန်းမှူး က ယမန်နေ့က ခေါ်ယူစစ်ဆေးကြောင်း ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။
Marn_Sam_EPC
မန်စံပင်မလျှပ်စစ်ဓါတ်အားခွဲရုံ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“မနေ့က နေ့ခင်း ၁ နာရီလောက်မှာ မန်စံအီးဘီစီရုံးမှာ လုံခြုံရေးစခန်းချတဲ့ စခန်းမှူးက မိုင်းမုအုပ်စုဝင် ၇ ရွာက ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်တွေ့တာ်။ ပြီးတော့ - သျှမ်းသူပုန်ကို အလုပ်လုပ်ပေးတဲ့လူရှိသေးလား။ စကားပြော စက်ကိုင်တဲ့လူ ရှိသေးလားလို့မေးတယ်။ ရွာသူကြီးတွေက မရှိပါဘူး။ မသိပါဘူးဖြေတော့ စခန်းမှူးက - နင်တို့ရွာတွေထဲကို သျှမ်းစစ်သားတွေဝင်ထွက်သွားလာနေ တယ်ဆိုတာ ငါသိတယ် တဲ့။ သူပုန်ကိုထောက်ပံ့ဆက်သွယ်တာကိုတွေ့ရင်တော့ မလွယ်ဘူးမှတ် လို့ပြောတယ်တဲ့”  အုပ်ချုပ်ရေးမှူးများနှင့်နီးစပ်သူများ၏ပြန်လည်ပြောပြချက်ကိုကိုးကား၍  လားရှိုးမြို့နေ ဒေသခံလူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မန်စံအုပ်စု အီးဘီစီရုံးအတွင်း လုံခြုံရေး စခန်းချထားသော အဖွဲ့တွင် လားရှိုးမှ ခမရ ၃၂၄ နှင့် ခလရ ၄၁ တပ် ပူးပေါင်းသည်ဟု ရွာသားများပြောပြချက်အရသိရသည်။

မန်စံအုပ်စုဝင် ဒေသခံရွာသား ၁၀ ယောက်ထက်မနည်းအား သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့၏ အမာခံလူများ ဟုစွပ်စွဲကာ ပြီးခဲ့သည့်လက အဆိုပါ မြန်မာအစိုးရစစ်ကြောင်းက ဖမ်းဆီးခဲ့သည်။

မြန်မာစစ်ကြောင်းမှူးတဦး အား SSPP က ပြန်လည်ဖမ်းဆီးပြီးနောက် ဒေသခံ ရွာသား ၆ ဦးကိုပြန်လွှတ်ပေးလိုက် သော်လည်း စိုင်းကျော်အေးအပါအဝင် ၄ ဦးအား ဆက်လက်ဖမ်းဆီးထားကာ မတရားအသင်း (သူပုန်)နှင့်ဆက်သွယ်မှု ဟုဆိုကာ ရုံးတင်အမှုဖွင့်တရားစွဲထားကြောင်း လားရှိုးဒေသခံ ကျားဖြူပါတီဝင် လူငယ်တဦးကပြောသည်။

“ စိုင်းကျော်အေးကို အခု လားရှိုးထောင်ပို့ထားပြီ။ ကျန်တဲ့ ၃ ယောက်က ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသားစိုင်းတင်းနဲ့ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်။ စိုင်းကမ်မဟုတ်ဘူး။ စိုင်းကမ်က ပြန်လွတ်သွားပြီ။ စိုင်းကျော်အေးကိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ လားရှိုးထောင်ကြီးကို ပို့လိုက်ပြီ။ နမ့်ပိုင်ရွာသူကြီးကိုလည်း အမှတ် ၁ ရဲစခန်းမှာတွေ့တယ်။ ကျန် ၂ ယောက်ကိုတော့ သူတို့ပေးမတွေ့ဘူး။ နောက်မှတွေ့ပါလို့ပြောတယ်။ သတင်းထွက်နေသလို တကယ်ဘဲသေပြီ လား။ သို့မဟုတ် သူတို့ဆီမှာဘဲ ရှိနေသေးလားဆိုတာ ကျနော်တို့ အတိအကျမသိရသေးပါဘူး” ဟု လားရှိုးမြို့နေ ကျားဖြူပါတီ ဝင်လူငယ်တဦးကပြောသည်။
စိုင်းလနှင့်စိုင်းတင်းတို့အား ဩဂတ်စ်လ ၃၁ ရက်က ဖမ်းဆီးပြီးနောက် နားကေးရွာတွင် ရိုက်နှက်ကြောင်း၊ ခြေသလုံးရိုး များကျိုးကာ တကိုယ်လုံးတွင်လည်း ဒါးဖြင့်မွှန်းထားသည့်ဒဏ်ရာများပြည့်နေကြောင်း၊ မျက်လုံးများကျွတ်ထွက် လုမတတ် ဖြစ်နေပြီး ည ၉ နာရီခန့် နမ္မတူ ဘက်သွားရန် ၎င်းတို့၏ တုန်းဖုန်းကားပေါ်ပြန်ပစ်တင်စဉ် တုတ်တုတ်မျှမလှုပ်တော့ ကြောင်း၊  သေဆုံးသွားပြီဟုယူဆရကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ နားကေးရွာသားများကပြောသည်။ ထိုစဉ်မှစ၍ ၎င်းတို့ ၂ ဦး၏သတင်းမကြားရသည်မှ ယနေ့တိုင်ဖြစ်ကြောင်းလည်း ဆွေမျိုးတော်စပ်သူများကပြောသည်။

ဩဂတ်စ် ၂၃ ရက်နေ့မှစ၍ စတင်အဖမ်းခံရသူများမှာ ပိန်းထောန်ရွာဥက္ကဌ စိုင်းအောင်ညွန့်၊ ရွာသား စိုင်းကျော်အေး၊ ထိုနောက်ပိုင်း နောင်အော့ ရွာသား စိုင်းကမ်၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း၊ လုံးနွံ၊ စိုင်းဆော၊ ကွန်ကျောင်းရွာသူကြီး စိုင်းစံမိန်းနှင့် ရွာသားစိုင်းမြ တို့ဖြစ်သည်။

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3495-2012-09-14-13-45-49.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India