September 12, 2012

သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)

သျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားသည်မှာ လဝက် ခန့်ရှိပြီဖြစ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးဟု သိရပါသည်။  အဆိုပါအဖမ်းခံရသူများ လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုးပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။
uwsa-ssa
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ

မေး။    ။ဝ ပြည်သွေးစည်းရေးတပ်မတော်က ဖမ်းဆီးထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားတွေ ကိုပြန်လွှတ်ပြီလား။

ဖြေ။    ။ မလွှတ်သေးဘူးဗျ။ ဝ ဘက်က ၂ ကြိမ်လူလွှတ်လာတယ်။ ဆွေးနွေးဖို့ အတွက် ကိုယ်စား လှယ်လွှတ်ဖို့။ ကျနော်တို့ဘက်က မိုင်းဆတ်မှာရုံးထိုင်တဲ့အရာရှိတယောက်ကို လွှတ်လိုက် တယ်။ သူက တိုင်းရင်းသားနဲ့ ဗမာအာဏာပိုင်တွေကို ဆက်ဆံတဲ့လူပေါ့။ ကျနော်တို့ ၂ ကြိမ်လွှတ်တယ် ။ တကြိမ်မှ မဆွေးနွေးခဲ့ရဘူး။
မေး။။ဆွေးနွေးမှုမရှိခဲ့ဘူးဆိုတာ ဘာကြောင့်လဲ။ ရာထူး အဆင့်အတန်းသတ်မှတ်ထားတာကြောင့်လား။
ဖြေ။    ။ သူတို့က ရာထူး အဆင့်အတန်း သတ်မှတ်ထားတယ်လဲ မပြောဘူး။   ဘာကြောင့်မဆွေးနွေးခဲ့တာလဲဆိုတာကိုတော့ ကျနော် မသိရပါဘူး။

မေး။    ။သျှမ်းပြည်တပ်မတော်ရဲ့ ဗိုလ်စိုင်းခိုင်ကို ပန်ဆန်းမှာသွားလွှတ်လိုက်တယ်ဆိုတာ မှန်ပါသလား။
ဖြေ။    ။ ဘာမှမကြားရသေးဘူးဘဲ။

မေး။    ။အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပြီးဆိုပေမယ့် မြန်မာစစ်တပ်နဲ့ တိုက်နေရသေးတယ်။ ၀ တပ်ဖွဲ့နဲ့လည်းဆက်ဆံရေး အခြေအနေက သိပ်မကောင်းဘူး။ ဒီပြဿနာဖြေရှင်းဖို့ သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်ပေါ်လစီကိုသုံးမလဲ။
ဖြေ။    ။ အစိုးရနဲ့ဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ဘဲဖြစ်ဖြစ် ဆက်ဆံတဲ့အခါမှာ ကျနော်တို့ က စည်းလုံးညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သဘောတူညီမှုရရှိရေး ဆိုတဲ့ပေါ်လစီကိုသုံးပါတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာဟာ ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပါတယ်။  ဒီပြဿနာဖြေရှင်းနိုင်ဖို့ အတွက် ဖြေရှင်းချင်တဲ့ဆန္ဒရှိရမယ်။ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးပြီးတော့ဖြေရှင်းသွားတာ အကောင်းဆုံးဘဲလို့မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနည်းကိုဘဲသုံးသွားမှာဖြစ်ပါတယ်။

မေး။    ။အဖမ်းခံရတဲ့လူတွေပြန်လည်လွှတ်မြောက်နိုင်ဖို့အတွက် သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားသလဲ။
ဖြေ။    ။ ကျနော်ခုနပြောသလိုဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းချင်တယ်။ ဒါကြောင့် ဝ တပ်မတော်ဘက်က ဘယ်လိုပြောလာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။  သူတို့ဘက်က ဆန္ဒကိုသိရမှ ကျနော်တို့ လိုက်ပြီးလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

မေး။    ။ သျှမ်းပြည်က ပရိသတ်တွေက သျှမ်းသံတော်ဆင့်ကိုဆက်သွယ်မေးမြန်းလာတယ်။ သျှမ်းပြည်တပ်မတော်က အဖမ်းခံရတဲ့တပ်သားတွေလွှတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့ သတင်းမကြားမိဘူး တဲ့။  လူထုရဲ့ မျှော်လင့်ချက်အပေါ်  ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
ဖြေ။    ။ ဟုတ်ကဲ့။ ငြိမ်းချမ်းရေးနဲ့ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ဘက်ကဘဲ လုပ်ချင်နေရုံနဲ့ မလုပ်နိုင်ပါ ဘူး။ သူ့ဘက်ကလည်း လုပ်ချင်တဲ့စိတ်ရှိမှပါ။ စည်းလုံးညီညွတ်ရေးဆိုတာလဲအတူတူဘဲ။ ဒါကြောင့် သူတို့ဘက်က ဘာဖြစ်ချင်လဲ ပြောဆိုလာမှ ဆက်လုပ်နိုင်ပါမယ်။ အရောင်းအဝယ်လုပ်တဲ့သဘောပါဘဲ။ ရောင်းချင်တဲ့လူက ဈေးခေါ်မယ်။ ဝယ်မယ့်လူကလဲ သူဘယ်လိုပစ္စည်းမျိုးနဲ့ ဘယ်လောက်တန်ဖိုးရှိ တဲ့ဟာမျိုး လိုချင်တယ်ပြောပြီးမှ အရောင်းအဝယ်လုပ်ဖြစ်မှာပါ။

မေး။    ။အဖမ်းခံရတဲ့လူ အမှန်ကဘယ်နှစ်ယောက်ရှိလဲခင်ဗျ။
ဖြေ။    ။ ၁၄ ယောက်ပါ။

မေး။    ။ဟုတ်ကဲ့။ လူထု ကိုဘယ်လို ပြောပြချင်ပါသလဲ။
ဖြေ။    ။ ကျနော်တို့တပ်ဖွဲ့နဲ့တပ်သားထုအပေါ် အလေးထားမှုကိုကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်ကျနော်တို့လုပ်သွားမယ်လို့ကတိပေးပါတယ်။

အဖမ်းခံရသည့် မိမိတပ်သားများ ပြန်လည်လွတ်မြောက်ဖို့အတွက် သျှမ်းပြည်တပ်မတော်ကတော့ ဝ တပ်ဖွဲ့ဘက်က ကမ်းလှမ်းပြောဆိုမှုကိုစောင့်နေကြောင်း  သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

ဂျူလိုင် ၃၀ ရက်က ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာတွင်   ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကို ဝ ပြည်သွေးစည်းရေးတပ်မတော်ကဖမ်းဆီးထားခဲ့သည်။ ကိုယ်စားလှယ်လွှတ်၍ဆွေးနွေးရန် ဝ ဘက်မှတောင်းဆိုသည့်အတိုင်း သျှမ်းတပ်ဖွဲ့ကလွှတ်ပေးသော်လည်း ဆွေးနွေးမှုမရှိဘဲ တပ်သား ၁၄ ဦးမှာ ယနေ့တိုင် အဖမ်းခံထားရဆဲဖြစ်သည်။

http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3486-2012-09-12-09-53-00.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India