Showing posts with label SSPP/SSA. Show all posts
Showing posts with label SSPP/SSA. Show all posts

May 3, 2013

SSPP တပ်ဖွဲ့များအား အစိုးရ ဆက်လက် စစ်ဆင်

ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် (ဓါတ်ပုံ SSPP)
အစိုးရ တပ်ဖွဲ့များသည် ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်တွင် ရှိသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်မဟာ (၃၈) ၏ လွယ်စေး စခန်းအား ယမာန်နေ့ ညနေပိုင်းတွင် ညနက်သည် အထိ ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု SSPP နိုင်ငံ ခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“၀င်ရောက် တိုက်တဲ့ပုံက ဒီလိုဗျ၊ အစိုးရ တပ်တွေက သူတို့ ပြည်သူ့စစ် အဖွဲ့တွေကို အရင် လွှတ်ပြီး လာတိုက်ခိုင်းတယ်။ သူတို့ ကတော့ အဲဒီ ပြည်သူ့စစ် တွေရဲ့ နောက်ကနေ ထပ်ချပ် မကွာ လိုက်လာတဲ့ နည်းကို သုံးတယ်ဗျ။ အဲဒီတော့ ပထမ ရင်ဆိုင်ခဲ့ ရတာက ဗိုလ်မိုး ပြည်သူ့စစ် အဖွဲ့၊ လောင်းလ ပြည်သူ့စစ် အဖွဲ့နဲ့ လားဟူ ပြည်သူ့စစ် အဖွဲ့တွေနဲ့ အရင် တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲ ကတော့ ည (၇) နာရီကနေ တညလုံး နီးပါး ဖြစ်ခဲ့တာပေါ့”ဟု ဆိုပါသည်။
ယင်းတိုက်ပွဲသည် တန့်ယန်း မြို့နယ် လွယ်စေး တောင်ကြော အောက်ခြေရှိ စိုင်ခေါင် ကျေးရွာနှင့် မတ်ပေါင်း ကျေးရွာကြား တွင် ညနက်သည် အထိ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ဤတိုက်ပွဲ၌အစိုးရတပ် အင်အား (၂၀၀) ခန့်နှင့် ပြည်သူ့စစ် အင်အား (၈၀) ခန့်တို့ ၀င်ရောက် တိုက်ခိုက် ခဲ့ပြီး ထိခိုက် ဒါဏ်ရာ ရရှိမှု အခြေအနေကိုမူ လောလောဆယ် မသိရှိရသေးပေ။
၄င်းနေရာမှ တိုက်ပွဲသည် ယနေ့ မေလ (၃) ရက်နေ့ မနက် (၅) နာရီ မိနစ် (၄၀) မှ နေ့လည် (၁၀) နာရီ အထိ ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ပြန်ပါသည်။အစိုးရ တပ်နှင့် ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ တို့သည်၊ ညလုံးပေါက် တိုက်ပွဲ ဖြစ်ခဲ့ရာမှ ယနေ့ မနက်ပိုင်း လွယ်စေး တောင်ကျောရှိ SSPP ၏ အမှတ် (၃၈) တပ်မဟာ စခန်းကို ချဉ်းနင်း ၀င်ရောက် လာသဖြင့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။
ယခုကဲ့သို့ လွယ်စေး တောင်ကြော၌တိုက်ပွဲများ ပြင်းထန် လာနေခြင်းသည် ဤနေရာမှ ဆုတ်ခွာ ပေးရန် ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့က အစိုးရ တပ်ဖက်မှ တောင်းဆို ထားခဲ့ပြီး  SSPP မှ နောက်ဆုတ် ပေးမည် မဟုတ်ကြောင်း အကြောင်း ပြန်ကြား ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန် လာနေခြင်း ဖြစ်ပါသည်။
SSPP သည် အစိုးရနှင့် ထိပ်တိုက် မတိုးချင်သော်လည်း နောက်ဆုတ် ပေးရန် နေရာ မရှိတော့သည့် အတွက် ဆုတ်ပေးမှု ကို ငြင်းဆန် နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဤနေရာမှ ဆုတ်ခွာ ပေးခြင်း မရှိပါက နယ်မြေ စိုးမိုးရေး အတွက် အထက်အမိန့်အရ တိုက်ခိုက် ရမည်ဟု ထိုစဉ်က အတိအလင်း ပြောကြား ထားခဲ့ပါသည်။
အစိုးရသည် SSPP ကို တိုက်ခိုက်ရာတွင် ဒေသခံ ပြည်သူ့စစ် များကိုပါ အသုံးချ လာပါသည်။ ဤသည် SSPP နှင့် ဒေသခံများ အကြား ရန်တိုက်မှုကို ဖြစ်စေရန် အညိုးအတေး ဖြစ်လာရန် နှင့် သွေးခွဲရန် ဖန်တီးလာခဲ့သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် ယခု တိုက်ပွဲတွင် အစိုးရ တပ်များသည် ဒေသခံ ပြည်သူ့စစ် အဖွဲ့များကို မိုင်းရှင်း ကိရိယာ အဖြစ် အသေခံခိုင်းခဲ့ သလို တိုက်ပွဲတွင် ဒေသခံ ပြည်သူ့စစ် များကသာ ထိခိုက် ကျဆုံးမှုများ နိုင်ဖွယ် ရှိနေပါသည်။ ဤသို့ကြောင့်  လူမျိုးကြား အမုန်းပွားမှုများ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု SSPP ပြောရေး ဆိုခွင့်ရှိသူ ကဆိုပါ သည်။
ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် အစိုးရ တို့သည်  ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်ခဲ့ပါသည်။ သို့သော် အစိုးရ တပ်များမှ အကြောင်း အမျိုးမျိုးပြပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲပေါင်း တရာကျော် ဖြစ်ပွား ခဲ့ပါသည်။ အစိုးရသည် မည်သည့် အဖွဲ့ကိုမှ အပစ်အခတ် ရပ်စဲရေးဇုံ နယ်မြေ သတ်မှပေးခြင်း မရှိသဖြင့် တခြားအဖွဲ့များ နှင့်လည်း တိုက်ပွဲဖြစ်ပွားလျက် ရှိပေသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/274-sspp.html

ရှမ်းမြောက် တပ်နှင့် အစိုးရတပ် ညလုံးပေါက် တိုက်ပွဲဖြစ်

စံခလပူရီ (မဇ္စျိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အတွင်းရှိ ရှမ်းပြည်တပ်မတော်
မြောက်ပိုင်း (SSPP/SSA) ၏ လွယ်စေး တပ်စခန်းသို့ အစိုးရတပ်မှ ချဉ်းနင်း ဝင်ရောက်လာ၍ မေလ ၂ ရက်နေ့ ညနေမှ ၃ ရက်နေ့ နံနက်အထိ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA က မဇ္စျိမကို ပြောသည်။

SSA-SSPP“မနေ့က ညနေ ၅ နာရီကနေ ဒီနေ့ မနက် ၉ နာရီထိ တိုက်ပွဲဖြစ်တယ်။ လွယ်စေး တောင်ကြော တလျှောက် ကျနော်တို့ တပ်တွေ ရှိတယ်။ သူတို့က အဲဒါကို သိမ်းချင်တယ်လေ။ အဲလို သဘောပါ” ဟု SSA မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်အင်အား ၂၀၀ ခန့်က တဖွဲ့လျှင် အင်အား ၃၀ ကျော်ရှိ ဌာနေ ပြည်သူ့စစ် ၃ ဖွဲ့ကို လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား၍ ပြည်သူ့စစ် အများအပြား ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း စာရင်း အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။ လွယ်စေး တပ်စခန်းကိုမူ SSPP/SSA က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

အပစ်အခတ် မရပ်စဲမီကပင် လွယ်စေး တောင်ကြော တလျှောက်သည် SSA အခြေချရာဒေသ ဖြစ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူတွင် ပါဝင်သည့် နှစ်ဖက်တပ်များ လက်နက်ဖြင့် နယ်မြေကူးလူး သွားလာမှု ပြုပါက ကြိုတင် အကြောင်းကြားရန် ဆိုသည့်အချက်ကို အစိုးရတပ်မှ မလိုက်နာသည့်အပြင် ၎င်းတို့ တပ်စခန်းအား လာရောက် တိုက်ခိုက်ခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

မတ်လ ၂၅ ရက်နေ့က လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းရန် တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA တပ်စခန်းများ ဆုတ်ခွာပေးဖို့ ရှမ်းပြည်မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးက
တောင်းဆိုခဲ့ပြီး ထိုနေရာသည် SSA နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ မဟာမိတ် ဆက်ဆံရေး လမ်းကြောင်း ဖြစ်၍ လက်မခံခဲ့ရာမှ ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု SSA က ဆိုသည်။

တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက်တွင် ဖြစ်ပွဲသည့် တိုက်ပွဲများကြောင့် ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၁,၅၀၀ ခန့် ရှိလာခဲ့သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များ ထပ်မံရောက်ရှိဖွယ် ရှိပြီး မိုးရာသီ နီးကပ်လာသည့်အလျောက် စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် တည်းခိုရန် တန်းလျားများကို တန့်ယန်းမြို့၊ ရပ်ကွက် ၅ တွင် ဆောက်လုပ်ပေးမည်ဟု အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဒုက္ခသည် ကူညီရေး ကော်မတီဝင်များက ဆိုသည်။

ကော်မတီသစ်တွင် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး စသည်တို့ ပါဝင်သည်။

“အခု ဝါးတွေ သစ်တွေ စုနေတယ်။ မြေညှိတာတွေ၊ ခြုံခုတ်တာတွေတော့ လုပ်နေပြီ။ မိုးမရွာမီ အပြီးဆောက်ပေး မယ်။ တန်းလျားလိုပေါ့။ ချက်ပြုတ် စားသောက်ဖို့ နေရာကတော့ စုပေါင်းပေါ့” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် ကိုစိုင်းလူ က ပြောသည်။

SSA မှ လာသော သတင်းအရ သံလွင်မြစ်ကြောင်း တလျှောက် လွယ်လန်းနှင့် လွယ်စေးဒေသ တဝိုက်တွင် အစိုးရတပ်မှ လက်နက်နှင့် လူအင်အား ထပ်မံ ဖြည့်တင်းထားသလို SSA ဘက်မှလည်း အလားတူ
ဖြည့်တင်းထားကြောင်း သိရသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11492-2013-05-03-12-58-10.html

April 30, 2013

SSPP တပ်များနှင့် အစိုးရ တင်းမာမှု အခြေအနေ

SSPP တပ်ဖွဲ့များ SSPP တပ်ဖွဲ့များ (ဓါတ်ပုံ - အင်တာနက်)
အစိုးရ တပ်များသည် ရှမ်းပြည် အရှေ့ မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြား၌ အခြေချ နေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ SSPP/SSA အား လွယ်လန်း တောင်ကြောကနေ ဆုတ်ပေးရန် စစ်ရေး အရ ဆက်လက် ဖိအားပေးလျက် ရှိကြောင်း SSPP/SSA နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ အဲဒီ တန့်ယန်း မြို့နယ်နဲ့ မိုင်းရှုုး မြို့နယ် အကြားက လွယ်လန်း၊ လွယ်စေး၊ လွယ်ခေါက်၊ လွယ်ချို ဘက်ကို အစိုးရ စစ်တပ် အင်အား ၂၀၀၀ ခန့် တိုးချဲ့ လာတယ်။ အဲတာကြောင့် ကျနော်တို့ ဘက်ကလဲ ပြန်ခုခံ တိုက်ခိုက်ဖို့ စစ်အင်အားတွေ ပြန် ဖြည့် ထားတော့ ရှိတယ်။ အဲတာကြောင့် တိုက်ပွဲ မဖြစ်သေး ပေမဲ့ နှစ်ဖက် စစ်ရေး အခြေအနေက တင်းမာနေဆဲပါ။” ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များသည် အဆိုပါ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြားရှိ SSPP/SSA တပ်စခန်းများ ထိုနေရာများမှ ဆုတ်ခွာပေးရန်  ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စတင် တိုက်ခိုက် ခဲ့သည်။ သို့သော် SSPP သည် ထိုနေရာမှ မည်သို့မှ ဆုတ်ခွာ၍ မဖြစ်နိုင်ကြောင်း အကြောင်း ပြန်ထား သည်ဟု ပြောခွင့်ရသူဗိုလ်မှူး စိုင်းလ က ဆိုပါ သည်။ 
လွယ်လန်း တောင်ကြောသည် စစ်ရေး အရ အရေးပါသော နေရာ ဖြစ်ပါသည်။ ဤနေရာမှ ဆုတ်ခွာ ပေးပါက SSPP အပါ၀င် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) လည်း တိုက်ခိုက် ခံရဖွယ် ရှိနေပါသည်။ SSPP နှင့် UWSA တို့သည် စစ်ရေး မဟာမိတ်များ ဖြစ်သည်နှင့် အညီ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ရှိနေသည်ဟု ပြောခွင့် ရသူက ဆိုပါသည်။
SSPP သည် ဤပြသနာကိုပြေလည် စေရန် ကြိုးပမ်းသည့် အနေဖြင့် ြပီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် အရာရှိ (၃) ဦးကို စေလွှတ်ပြီး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ် အောင်စိုးထံ သွားရောက် ညှိနှိုင်း စေခဲ့သော်လည် ပြေလည်မှုများမရရှိဘဲ တိုက်ပွဲ များသာ ဆက်လက် ဖြစ်ပွား နေခဲ့ပါသည်။
ဗိုလ်မှူးချုပ် အောင်စိုးသည်  ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်းမြို့နယ် နှင့်မိုင်းရှုုးမြို့နယ် အကြားရှိှ SSPP တပ်ဖွဲ့ များရုတ်သိမ်း ပေးရန် တောင်းဆို ခဲ့ပြီး မရုတ်သိမ်း ပေးပါက အထက် အမိန့်အရ နယ်မြေစိုးမိုးရန် အတွက် တိုက်ခိုက် ရမည် ဖြစ်ကြောင်း ပြောသွား ခဲ့သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် မတ်လ ၂၇ ရက်နေ့တွင် SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ ထိပ်တိုက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားခဲ့ပါသည်။ ဤကဲ့သို့ အားစမ်း ပွဲများ တိုက်ခိုက်ခဲ့ပြီး အစိုးရ တပ်ဖွဲ့ များသည် မူလ တပ်စွဲထားသော တပ်များနှင့် မလုံ လောက်တော့ သဖြင့် အင်အား တိုးရန် ဖြစ်လာခဲ့သည်ဟု SSPP က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် အင်အား တိုးရန် အချိန်ယူ ရမည်ဖြစ်သဖြင့် SSPP နှင့် တိုက်ပွဲများ လျှော့ချရန်  ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်း ရေး အဖွဲ့ဝင်တို့ နှင့် ရှမ်းပြည်နယ်၊ လာရှိုုးမြို့၌  ထပ်မံ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပြန်ပါသည်။
ဤကဲ့သို့ အစိုးရ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး သမ္မတထံ စာရေး တင်ပြ ခဲ့သော်လည်း ထူးခြားမှု မရှိသည့် အပြင်  ဧပြီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့များသည် ယင်း ဒေသ တဝိုက်ရှိ ကျေးရွာ များကို လက်နက်ြကီး များဖြင့် စတင်ပစ်ခတ် ခဲ့ပြန်ပါသည်။ ဤသည် စစ်အင်အား တိုးချဲ့ရန် အချိန်ယူခဲ့သည့် နည်းဗျူဟာ တရပ်သာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
ဤသို့သော အခြေအနေကြောင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA တို့သည် ပူးတွဲပြီး တိုက်ခိုက် နေခြင်းမှ ရပ်တန့်ပေးရန် အစိုးရအား တောင်းဆိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ တွင် ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။
အစိုးရ တပ်များသည် SSPP ကို စစ်ဆင်ရန် အရှေ့ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း တပ်များအပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်များပါ စုဖွဲ့နေကြကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။ ထို့အပြင် အစိုးရသည် SSPP အပြင် UWSA နှင့် မိုင်းလား အဖွဲ့များကိုလည်း စစ်ဆင် သွားမည်ဟု သုံးသပ်ပါသည်။
အစိုးရသည် ဤတပ်ဖွဲ့များကို စစ်ဆင်ရန် လေကြောင်း အကူကို အဓိက အသုံးပြုမည်ဟု တွက်ဆကြသဖြင့် UWSA လည်း စစ်ရဟပ်ယာဉ်နှင့် လေယာဉ်ပစ်ဒုံးများ ဖြန့်ကျက် ထားသည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သတင်း ရပ်ကွက်က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် SSPP အား အင်အား (၅၀၀၀) ခန့် ဖြင့် စုစည်း တိုက်ခိုက် နေသည်ဟု ခန့်မှန်း နေကြပြီး ဤအရေ အတွက်ဖြင့် SSPP နှင့် UWSA အား ရင်ဆိုင် တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ဆိုကြပါသည်။ SSPP သည် အင်အားတ သောင်းကျော် ရှိပြီး UWSA သည် ယခင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏ တပ်ဖွဲ့ဝင်များ ဖြစ်ခဲ့ပါသည်။ အင်အားသောင်းနှင့် ချီသော စစ်ဆင်ရေးကို ရင်ဆိုင် ခဲ့ဘူးသလို လွတ်မြောက် ဒေသကို ကာကွယ်နိုင်သော တပ်ဖွဲ့များ ဖြစ်ခဲ့ပါသည်။  UWSA သည် အမြဲတမ်း တပ်အင်အား (၃) သောင်းကျော် ရှိပြီး လက်ရွေးစဉ် ပြည်သူ့စစ် အင်အား (၂) သောင်းကျော်နှင့် အရန်တပ် အင်အား (၂) သောင်းကျော် ရှိသည်ဟု စစ်ရေး အကဲခတ် များ က ခန့်မှန်း ထားပါသည်။
လေယာဉ်ပစ် အမြောက်များ အပြင် စစ်ရဟတ်ယာဉ်များနှင့် အထူး လေ့ကျင့် ထားသော တပ်ဖွဲ့များ ရှိကြောင်း ဆိုပါသည်။ အစိုးရ တပ်များသည် KIA အား နှစ်နှစ်ခန့် တိုက်ခိုက် ခဲ့သော်လည်း ထိရောက်မှု မရှိသည့် အပြင် နိုင်ငံရေး အရ ဆုံးရှံူး မှုရှိသည်ဟု သုံးသပ်ကြပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို အကြောင်း ပြနေသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် လိုဟန် မရှိ ကြောင်း လိမ်လည်မှုများက ထင်ရှား လာပါသည်။ ဤသို့ကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်မှု ဖော်ဆောင်ရေး ကိုယ်စားလှယ်တို့ အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ခြင်းက သက်သေဖြစ် ခဲ့ပါသည်။
ဤအခြေအနေ များကြောင့် ရယူထားသည့်အပစ်အခတ် ရပ်စဲရေး ပျက်ပြယ် သွားပါက အစိုးရ အပေါ်၌သာ တာဝန်ရှိ ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အစိုးရကသာ ဖျက်ဆီး နေသည်ကို ထင်ရှားစွာ တွေ့မြင် နေရကြောင်း ဗိုလ်မှူးကြီး ဖိန်ဖက ပြောပါသည်။

http://www.phophtawnews.org/burmese/index.php/news/internal-news/item/265-sspp.html

April 21, 2013

အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်

ရှမ်းကလေးငယ်တချို့။ (မေလ ၂၁ ရက်၊ ၂၀၀၅)။ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။”

အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။

“အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။”

တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။”

မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။

“တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ၀င်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။”

အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။

http://burmese.voanews.com/content/shan-fighting-04-20-13/1645548.html

ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ

ssa-hq-b305
ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတဝိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။
RFA 
 
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေ တဲ့အတွက် တန့်ယန်းမြို့၊ အောင်မင်္ဂလာကျောင်းတိုက် မှာဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည်တွေ နေ့စဉ်ရက်ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ စတင်တွေ့ကြံုနေရပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ်တွေကြောင့် အဲဒီဒုက္ခသည်စခန်းမှာ ဒေသခံဒုက္ခသည်တွေ နေ့စဉ် လိုလို လာရောက်ခိုလှုံနေကြရာမှာ အခုဆိုရင် ဒုက္ခသည် ၅၀၀ နီးပါးအထိ တိုးမြင့်လာပြီဖြစ်ပါတယ်။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သီတင်းတစ်ပတ်စာသာ ကျန်ရှိတော့တယ်လို့  ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးစိုင်းလှရွှေက RFA ကို ပြောပါတယ်။
"စားနပ်ရိက္ခာက အခြေမနေမကောင်းတော့ နည်းနည်းလိုနေပြီ၊ ထပ်ရောက်တဲ့သူတွေကို ပေးဖို့မရှိတော့ဘူး၊ အိုးခွက်၊ ပန်းကန်တွေလည်းလိုတယ်"
အဲ့ဒီဒုက္ခသည်စခန်းကို World Food Program ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ အကူအညီပေးခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း နောက်ထပ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၁၀၀ နီးပါးအတွက် အစားအသောက်နဲ့ ခြံုစောင်တွေ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။

ရှမ်းတပ်မတော်ထက် ဝသွေးစည်းတပ်ကို ပစ်မှတ်ထား

ssa_sspp_soldiers 
မြန်မာအစိုးရ နဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားတဲ့ SSA/SSPP ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် နဲ့ အစိုးရ တပ်တွေ ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပြီး ဒေသခံ ၁၅၀၀ နီးပါးလည်း စစ်ပြေး ဒုက္ခသည် အနေနဲ့ ထွက်ပြေး တိမ်းရှောင် နေကြ ရပါတယ်။
အခုလို ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်လို ဖြစ်နေတဲ့ အနက် ဧပြီလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ အပြင်းထန် ဆုံးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မတ်လ လယ် ကတည်းက စတင် ဖြစ်ပွားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ် ရဲ့ ဒေသခံ သတင်းထောက် စိုင်းမွန်း က ဘီဘီစီ ကိုပြောပါတယ်။
တိုက်ပွဲ ဖြစ်ရခြင်း အကြောင်းရင်းက တန့်ယန်း နဲ့ မိုင်းရှူး မြို့နယ် အကြားရှိ နယ်မြေ တွေ က ရှမ်းတပ်တွေ ရုပ်ပေးဖို့၊ မရုပ်ရင် အထက် အမိန့်အရ နယ်မြေ ထိန်းသိမ်း၊ စိုးမိုးဖို့ အတွက် တိုက်ပွဲ တွေ နဲ့ ထိတ်တိုက်ရင်ဆိုင်ရမယ့် အကြောင်း လားရှိုးတိုင်းမှူး က SSA/SSPP ကိုယ်စားလှယ် သုံးယောက် ကို ခေါ်ပြီး ပြောခဲ့ ကြောင်း စိုင်းမွန်းက ရှင်းပြပါတယ်။
SSA/SSPP ဘက်ကလည်း တပ်ဆုတ် ဖို့ နေရာ မရှိတော့ လို့ မရွှေ့နိုင်တော့ ကြောင်း၊ အဲဒီအတွက် အကြောင်း မကြားပဲ၊ နယ်မြေထဲ ဝင်လာရင်၊ ရင်ဆိုင် တိုက်ပွဲ ဖြစ် မှာပဲ လို့ ပြောခဲ့တာ က စလို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တကယ် တော့ ရှမ်း ကို တိုက်ချင်တာထက်၊ ဝ ကိုတိုက် ဖို့ ရေရှည် စီမံကိန်း အရ တန့်ယန်း ဖက် တောင်ကြော တွေ ကို စစ်အင်အား ဖြည့်လိုပုံတွေ သျှမ်းသံတော်ဆင့် သတင်းစဉ် ရဲ့ ဒေသခံ သတင်းထောက် စိုင်းမွန်း က သုံးသပ် ပြပါတယ်။
လွယ်ခေး၊ လွယ်စေး၊ လွယ်လမ်း တောင်ကုန်းတွေ ကို အဓိက ထား ပြီးစစ်တပ် က ထိန်းချုပ်လိုခြင်း က သေနင်္ဂဗျူဟာ အရ လက်နက်ကြီးတွေ တောင်ကုန်းပေါ် တပ်ဆင်နိုင်ပြီး UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ် ကို ပစ်ခတ် ထိန်းချုပ်နိုင်ပုံ၊ ဒီအခါ ကျရင်လည်း UWSA အနေနဲ့ မိမိ တပ် ကို ကာကွယ်တဲ့ အနေနဲ့ ပြင်ဆင်ရမယ့် အသွင်ဆောင် ကြောင်း UWSA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/04/130421_ssa_sspp_uwsa.shtml

April 17, 2013

SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ် သင်္ကြန်တွင်း တိုက်ပွဲဖြစ်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ (ဖေဖော်ဝါရီလ ၂၀၁၃) 
မြန်မာနိုင်ငံတဝှမ်း နှစ်သစ်ကူး ရေသဘင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ကာလမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းမှာ  အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အနည်းဆုံး တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အခြေအနေက ဆက်လက် တင်းမာနေဆဲ ရှိနေပါတယ်။ လောလောဆယ် တန့်ယန်းမြို့ပေါ်မှာ ရောက်ရှိနေတဲ့ ရာနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ လည်း နေရပ်ကို မပြန်နိုင်ဘဲ ရှိနေကြပါတယ်။ ရှမ်းပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ဘက်တပ်တွေအကြား ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ၁၀ ရက်ကျော်ကာလမှာ အခုလို တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုတော့ SSA မြောက်ပိုင်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အခုလို ပြောပါတယ်။

“ဖြစ်တာက ခဏ ခဏ ဖြစ်နေတဲ့ ဂွင်တွေပဲလေ။ လွယ်ဆေး၊လွယ်လန်း တဝိုက်မှာပဲ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ မိုင်းကောင် အရှေ့ခြမ်းမှာ အဲ့ဒီတဝိုက်မှာ ဖြစ် တယ်လေ။ ၁၅ ရက်နေ့ မနက် ၉ နာရီမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ဖြစ်တယ်
ပေါ့။ ၁၅ ရက်နေ့မှာ ၂ ကြိမ်ဖြစ်တယ်။ ၁၆ ရက်နေ့မှာလည်း ဖြစ်တယ်လေ။ တိုက်ပွဲကတော့ တနေ့လုံးတော့ မဟုတ်ဘူးပေါ့။ တကြိမ်ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပါပဲ။”

လတ်တလော ထပ်မံ ဖြစ်ပွားလာတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်မှုးစိုင်းလက အခုလို ဆက်ပြောပါတယ်။

“ဖြစ်တာက ခါတိုင်းဖြစ်သလိုပါပဲ။ ကျနော်တို့ ရှိတဲ့နေရာ သူတို့ ၀င်ရှင်းတယ်လေ။ ကျနော်တို့ အဲ့ဒီဒေသမှာ မနေနိုင်အောင်ပေါ့။ ကျနော်တို့ကို ဖယ်ထုတ်တဲ့ သဘောမျိုးပေါ့။ အဲ့ဒီနေရာဒေသမှာ ကျနော်တို့ ဟိုး ရှေးပဝေသဏီ ကတည်းက နေခဲ့တယ်လေ နော။ ကျနော်တို့ကတော့ ကျနော်တို့ ရှိတဲ့နေရာ ခုခံယုံကလွဲပြီးတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ နော။”

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတဲ့ သတင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ်အကြားမှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကလည်း အဲ့ဒီဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါသေးတယ်။ ဒီတိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တန့်ယန်းမြို့ကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ လောလောဆယ်မှာတော့ ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်
ဖြစ်နေတယ်လို့လည်း ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။

“အခု အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ နေတယ်။ ၄၀၀ ကျော်လောက် ရှိသေးတယ်ခင်ဗျ။ စစ်ပွဲထပ်ဖြစ်မှာ စိုးလို့ထင်တယ်။ စိုးရိမ်တာပေါ့။ အဲ့ဒါကြောင့် သူတို့ မပြန်နိုင်တာ အဲ့ဒါပါပဲ။”

ဒီကနေ့ နှစ်ဆန်းတရက်နေ့ နေ့ခင်း ၁ နာရီလောက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့က ရွှေတိဂုံပုံတူ စေတီတော် ဘုရားဝင်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ပင်လုံမြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒါဟာ ဗုံးပေါက်ကွဲတာမဟုတ်ဘဲ မီးရှုးဒုံး ပေါက်ကွဲ တာသာ ဖြစ်တယ်လို့ တာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးက ပြန်လည်ဖြေဆိုပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလအတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။
 
http://burmese.voanews.com/content/still-fighting-between-ssa-north-and-govt-troops/1643226.html

April 12, 2013

ရှမ်းမြောက် ဒုက္ခသည် အချို့ အိမ်ပြန်၊ အများစု မပြန်ရဲသေး

စံခလပူရီ (မဇ္စျိမ)။   ။ အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ ဖြစ်ပွားသည့် စစ်ပွဲများကြောင့် တန့်ယန်းမြို့သို့ တိမ်းရှောင်လာသည့် ဒုက္ခသည်များအနက် အချို့မှာ ကြာသပတေးနေ့တွင်
နေရပ် ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီက ဆို။

“တိုက်ပွဲတွေ မရှိတော့ဘူး၊ စစ်တပ်ကနေ လုံခြုံရေး ယူပေးပါ့မယ်၊ ပြန်ပါ၊ စိတ်မပူပါနဲ့ ဆိုပြီးတော့မှ အစိုးရတပ် ဘက်က လာပြောသွားတယ်။ ဒုက္ခသည်တွေကလည်း နေရပ်ကို ပြန်ချင်ကြတာပေါ့။ အဲဒီမှာ ကော်မတီကနေ ဆုံးဖြတ်ချက် ချပြီးတော့မှ သူတို့ကို ပြန်ခွင့် ပေးလိုက်တာပေါ့” ဟု စခန်း ကော်မတီဝင်နှင့် လားရှိုးမြို့နယ်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းလူ က ပြောသည်။

မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားရာမှာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းတွင် ၄၃၀ ကျော် ယာယီ ခိုလှုံလျက် ရှိကာ ၎င်းအနက် ၃၀ ခန့်သာ နေရပ် ပြန်သွားကြပြီး အများစုမှာ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထွက်ပြေးလာခဲ့ရာ ဒေသတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရတပ်များ ဆက်လက်လှုပ်ရှားမှုများ ရှိနေခြင်း၊ မြေမြှုပ်မိုင်း အန္တရာယ်များ ရှိနေသေးခြင်း တို့ကြောင့် ဒုက္ခသည် အများစုက မပြန်လိုကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်စခန်းကို ကနဦး ဖွင့်လှစ်ခဲ့သည့် တန့်ယန်း ရှမ်းလူငယ်များကလည်း ဒုက္ခသည်များအတွက် လုံခြုံစိတ်ချရသည့် အနေအထား မရှိသေးသည့်အတွက် နေရပ်သို့ မပြန်စေလိုသေးကြောင်း ပြောသည်။

“ဒုက္ခသည်ကို ပြန်ပို့မယ် ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ မလုံလောက်ဘူး။ တဘက်လှည့်နဲ့ စစ်တပ်အင်အား ဖြည့်ဆည်းလာမှာကိုလည်း ကျနော်တို့ စိုးရိမ်တယ်။ ဒါ့ကြောင့် စခန်း ကော်မတီတွေ၊ အဖွဲ့ဝင်တွေ တော်တော်များများက မပေးပြန်စေချင်ကြဘူးခင်ဗျ” ဟု ကော်မတီဝင် တဦးက ပြောသည်။

နေရပ် ပြန်သူများကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ကားများ စီစဉ်ပေးပြီး စခန်းမှ အလှူခံ ရရှိထားသည့် ရိက္ခာဆန် ရ ရက်စာကို ထည့်ပေးကာ အခြေအနေ မကောင်းပါက တန့်ယန်းသို့ ပြန်လာရန်လည်း မှာကြားခဲ့သည်ဟု ဆိုသည်။

ကျန်ရစ်နေသော စစ်ဘေးရှောင် ဒုက္ခသည်များအား လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များနှင့် SNLD ပါတီမှ အကူအညီများ ပေးလျက် ရှိကြောင်း သိရသည်။

http://www.mizzimaburmese.com/news/inside-burma/11357-2013-04-12-11-14-21.html

March 13, 2013

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခြင်းဖြစ်

အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်း မြို့နယ် တောင်ဘက်ရှိ SSPP/ SSA  ၏ လွယ်လန်း တပ်စခန်းအား စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောဆိုလိုက်သည်။
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြား နေသော ဗိုလ်မှူးကြီးစိုင်းထူး
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြား နေသော ဗိုလ်မှူးကြီးစိုင်းထူး

တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ်တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင်ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့။ ကျနော်တို့နဲ့ '၀' နယ်က သံလွင်မြစ်ခြားထားတယ်။ ဒီနေရာက။ ကျနော်တို့နဲ့ '၀' ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့” ဟု သူက ဆိုသည်။
အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက်အခြာကျသော နေရာဖြစ်သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ယခုလို ပြောဆိုသည်။
“ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ် ဆုတ်စရာ နေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့တယ်။ အဲဒီတောင်ကို ရသွားရင် '၀' နယ်က ပန်ဆန်းတို့ ပန်ယန်း အပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် '၀' နယ်ကိုခြိမ်းခြောက်နိုင်ပြီပေါ့။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး” ဟု ဆိုသည် ။
SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည်။
ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေးကြောင်း စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယင်းသို့ ဖြေကြားခဲ့ပြီးနောက် လောလောဆယ်တွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်း အထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို ယနေ့ချိန်ထိ တိုက်စစ်ဆင်နေကြောင်း သိရသည်။

http://burmese.bnionline.net/index.php/news/shan/13354-ssasspp--uwsa-----.html

February 22, 2013

ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်

military_305.jpg
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က  နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ မနေ့က တိုက်ပွဲရပ်သွားခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာ အစိုးရတပ်က SSA မြောက်ပိုင်းတပ်တွေ ထိုင်ထားတဲ့ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်းက တောင်ကုန်းစခန်းကို တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က RFA ကို ပြောပါတယ်။
"ဒီနေ့ သူတို့ ၆နာရီခွဲအချိန် ကျနော်တို့တပ်ရှိတဲ့နေရာကို သူတို့ကတုတ်ကျင်းတူးပြီးတော့ တဆင့်ပြီးတဆင့် တက်တိုက်တယ် ခမရ ၃၂၂နဲ့ ခလရ ၃၃ပါ ကျနော်တို့ ၉ နာရီအထိတော့ ဖြစ်နေတာပဲ၊ ကျနော်တို့တပ်တွေ အခြေချထားတဲ့ လွယ်လန်းတောင်မှာပဲ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်း ၆ မိုင် ရ မိုင်လောက်ပေါ့"
ရှမ်းပြည်တပ်မတော် SSA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး  နှစ်ဖက်ကျဆုံးထိခိုက်မှုကိုတော့  မသိရသေးဘူးလို့ ပြောပါတယ်။
ယခုလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း  လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရုံးကို SSA မြောက်ပိုင်းတပ်က ဗိုလ်ကြီး နော်လင်းက သွားရောက်အကြောင်းကြားခဲ့တဲ့အတွက်  ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ  တိုက်ပွဲတွေရပ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နောက်တစ်ရက်မှာတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ၀င်းသိန်းက လာရှိုးမြို့မှာရှိတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့က ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြီး တောင်ကုန်းစခန်းရှိ SSA တပ်တွေကို ဆုတ်ပေးဖို့ တကယ်လို့ဆုတ်မပေးပါက တိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဗိုလ်မှုးစိုင်းလ ကပြောပါတယ်။
"ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ကျနာ်တို့ ဗိုလ်ကြီး နော်လင်း တိုင်းရုံးက ကာနယ်ကြီးနဲ့ တွေ့ဆုံကြတယ်လေ၊ အဲဒီတုံးကတော့ သူတို့ တိုက်ပွဲဆက်မဖြစ်ဖို့ သူတို့ထိန်းချုပ်ပေးပါ့မယ်လို့ အဲလိုပြောတယ်၊ ပြောပြီးတော့ တမြန်နေ့က ကျနော်တို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လကို အဲဒီကာနယ်ကြီးက ပြန်ခေါ်တယ်လေ၊ ည ၈ နာရီခွဲလောက်က ခေါ်ပြီးတော့ မင်းတို့အဲဒီနေရာကနေ ဖယ်ပေး၊ မဖယ်ပေးရင် ကျနော်တို့တိုက်မယ်၊ အဲလိုပြန်ပြောတော့ ဒီနေ့ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာပဲ"
ယခုတိုက်ခိုက်နေတဲ့ တောင်ကုန်းစခန်းဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ မိသားစုဝင် ၃၀၀ ကျော် အခြေချနေထိုင်ဖို့ စီစဉ်နေတဲ့နေရာဖြစ်ပြီး အခုစခန်းပါ ဆုတ်ပေးလိုက်ရရင် သူတို့အတွက် နေစရာမရှိတော့ဘူးလို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ  SSPP/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်ရပ်စဲရေး သဘောတူထားခဲ့တဲ့  တနှစ်ကျော် ကာလအတွင်းမှာ အစိုးရတပ်က ပြောလို့ ဆုတ်ပေးလိုက်ရတဲ့ စခန်း ၄ ခုရှိတယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

SSA နဲ့အစိုးရတပ် တိုက်ပွဲဆက်ဖြစ်

SSA (မြောက်ပိုင်း)မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဒီရက်ထဲ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေတာဟာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တကျော့ပြန် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အစိုးရကတော့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ စစ်ရိပ်စစ်ယောင်တွေသန်းနေတဲ့ ရှမ်းပြည်နယ်ထဲက နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။


ရှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) အဖြစ် လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မြန်မာစစ်တပ်ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ ကြာသပတေးနေ့က ငြိမ်သက်သလို ရှိခဲ့ပေမဲ့ အခုထပ်ပြီး ဖြစ်ပွားခဲ့တာပါ။ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ကတော့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းဒေသက သူတို့အခြေစိုက်ရာ ဒေသထဲ မြန်မာစစ်တပ် ၀င်ရောက်လာရာက တိုက်ပွဲတွေ စဖြစ်ခဲ့ရတာလို့ SSPP/SSA အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ ကပြောပါတယ်။

“ဒီနေ့ ၆ နာရီခွဲမှာ ကျနော်တို့ရှိတဲ့တောင်ကုန်းကို သူတို့ ပြန်တက်ပြီးတော့ တိုက်တယ်လေ။ တန့်ယန်းမြို့နဲ့ တိုက်ပွဲဖြစ်တဲ့ လွယ်လန်းတောင်မှာပဲ၊ အဲဒီနယ်မြေက ကျနော်တို့ နေရာချထားရေး အတွက် အစိုးရဆီမှာ၊ ဦးအောင်မင်းတို့ဆီမှာ တရားဝင်တင်ပြပြီး သဘောတူညီချက် ရထားတဲ့ ဒေသတွေ ဖြစ်တယ်လေ။ ပြီးတော့ အဲဒီဒေသမှာ ကျနော်တို့နေတာလည်း ကြာပါပြီ။ ကချင်နဲ့တိုက်တုန်းက သူတို့ အဲဒီလို စကားမျိုး မပြောဘူးလေ။ ကချင်နဲ့ လက်နက်ဆိုင်းထားပြီးတော့ ဒီဘက်လှည့်ပြီးတော့ တိုက်ကွက်ပေါ်လာတာ အဲဒါတော့- သူတို့လုပ်ရပ်က မမှန်ကန်ဘူးဆိုတာ သိသာနေတာပဲ။”

တကျော့ပြန် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေထံ အကြောင်းကြားရာမှာတော့ သက်ဆိုင်ရာတပ်တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြား ထားပြီး ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေဘက်က တုံ့ပြန်ထားကြောင်းလည်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။ မြန်မာအစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ ပဋိပက္ခတွေ ပြန်ဖြစ်နေတဲ့ သတင်းတွေ ရရှိထားတဲ့အတွက် ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“ထိတွေ့မှုတချို့ရှိတယ်လို့ ကျနော်တို့လည်း သိရပါတယ်။ ကျနော်တို့သိရသလောက်တော့ အရင်တုန်းက တပ်မတော်က ထိန်းသိမ်းထားတဲ့နေရာထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ SSA (မြောက်ပိုင်း) က အဖွဲ့တဖွဲ့ ရောက်နေတော့ အဲဒီမှာ နားလည်မှု နည်းနည်းလေး လွဲမှားနေတာရှိတယ်လို့ သိရပါတယ်။ အဲဒီအထိပဲ ကျနော်တို့ သိရပါသေးတယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း သူတို့ကို လိုင်းကို ကျူးကျော်နေတယ်လို့ ကန့်ကွက်ထားတာ ရှိပါတယ်။ သူတို့ကလည်း အဲဒီနေရာကို ကျူးကျော်လာတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလိုတော့ နည်းနည်းလေး နားလည်မှု လွဲမှားနေတာလေးတွေ ရှိတယ်ဆိုတာတော့ သိရပါတယ်။ အဲဒါလေးကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာပါ။”

ဆက်တိုက်ဆိုသလို ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျကိုတော့ အတည်ပြုလို့မရပါဘူး။ တချိန်တည်းမှာပဲ မြန်မာစစ်တပ်က ပဋိပက္ခဖြစ်ရာ နယ်မြေထဲကို နောက်ထပ် စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် တိုက်ပွဲတွေ အရှိန်မြင့်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ မြန်မာအစိုးရ တိုင်းရင်းသားတွေနဲ့ ပြေလည်မှု ရအောင် ကြိုးပမ်းမယ်လို့ ကတိပြုထားတဲ့ ကြားကပဲ အပစ်အခတ် ရပ်စဲရေး ရယူထားတာ ၁ နှစ်ကျော်လာပြီဖြစ်တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ ဒါဟာလည်း အစိုးရက ငြိမ်းချမ်းရေး ရချင်တယ်ဆိုပေမဲ့ စစ်တပ်ကတော့ အင်အားသုံး သြဇာချဲ့ထွင်ဖို့ ကြိုးပမ်း လိုတဲ့ အတွက်ဖြစ်တယ်လို့ ဗွီအိုအေရဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ် ထုတ်လုပ်သူ တဦးလည်းဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက စိုင်းမိန်း က ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နယ်မြေကတော့ သံလွင်မြစ်ရဲ့အနောက်ဘက်ကမ်းမှာ ရှမ်းတပ်အချို့တွေ ရှိနေသေးတယ်။ SSPP/SSA ရဲ့တပ်စခန်းတချို့ ရှိုနေသေးတာပေါ့။ အဲဒါကို အစိုးရတပ်အနေနဲ့ သူတို့က အချော(အနု) နည်းနဲ့ပြောပြီးတော့မှ သိမ်းပိုက်ချင်သလိုလို၊ ပြောလို့ မရရင်လည်း အင်အားသုံး တိုက်ခိုက်တယ်။ ဆိုလိုတဲ့သဘောက ကျနော်တို့ လက်ရှိ လေ့လာ သိရှိချက်အရဆိုရင် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဦးအောင်မင်းရဲ့အဖွဲ့က သူတို့ လုပ်ချင်တာလုပ်၊ တဘက်ကကျတော့ စစ်ရေးပေါ်လစီအရနဲ့ နယ်မြေစိုးမိုးရေး၊ နယ်မြေ ရှင်းလင်းရေး ပေါ်လစီအရ အစိုးရရဲ့တပ်က အင်အားသုံးပြီးတော့မှ နယ်မြေကျူးကျော်မှုတွေကြောင့် တိုက်ပွဲဖြစ်ရတယ်လို့ပဲ ကျနော်တို့က သုံးသပ်လို့ရတယ်ခင်ဗျ။”

မြန်မာအစိုးရနဲ့ SSPP/SSA တို့ကြား ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ SSPP/SSA အပါအဝင် တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တို့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံချိန် မှာတော့ ငြိမ်းချမ်းရေးအတွက် ဦးတည်စေမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ ကို ရှေ့ဆက်ဆောင်ရွက် သွားဖို့ သဘောတူ ထားကြတာလည်း ဖြစ်ပါတယ်။

http://burmese.voanews.com/content/ssa-north-and-myanmar-goverment-army-keep-fighting/1608680.html

December 19, 2012

စစ်အင်အားသုံးထားသည့် မူးယစ်ဆေးတိုက်ဖျက်ရေး အစီစဉ်ကို SSPP လက်မခံ


Hero 2323r3frအစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို အကြောင်းပြပြီး ရှမ်း ပြည်တိုးတက်ရေးပါတီ SSPP နယ်မြေအတွင်း သို့ စစ်အင်အားဖြင့် ဝင်ရောက်လာပါက ပြတ်သားစွာ အရေးယူရမည်ဖြစ်ကြောင်း ပြောခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ ကပြောပါ သည်။
“ အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို ကျနော်တို့က ကြိုဆိုပေမဲ့ ဒါတွေကို ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက် မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကိုယ့်သဘောနဲ့ကို ဆိုရင်တော့ ကျနော်တို့ဘက်က လက်ခံနိုင်မှာ မဟုတ်ပါဘူး။ မနှစ်တုန်းကဆိုရင် အစိုးရရဲ့ မူးယစ်ဆေးဝါး အဖွဲ့ဝင် (၂) ဦးလာခဲ့ဘူးတယ်။ သူတို့ သွားချင်တဲ့ နေရာကို ကျနော်တို့ လိုက် ပို့ပေးပါတယ်။ ဒီပုံစံနဲ့ လာမယ်ဆိုရင် ကြိုဆိုပါတယ်ဗျ။ စစ်တပ်နဲ့ လာမယ်ဆိုရင် ကျနော်တို့ဘက်က ကာကွယ်ရလိမ့်မယ်။” ဟုဆိုပါသည်။
ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း မိုင်းဆတ်ခရိုင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ခရိုင် မူးယစ်ဆေးဝါး တိုက် ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းပါဝင်သော အဖွဲ့ ၁၂ ဖွဲ့သည် အစိုးရတပ်ဖွဲ့တို့၏ လုံခြုံရေးအစီစဉ်ဖြင့် မူးယစ်ဆေးဝါးများကို လိုက်လံဖျက်ဆီးခဲ့ပါသည်။
SSPP သည် ဤအစီစဉ်မျိုးဖြင့် ရှမ်းမြောက်ပိုင်းရှိ SSPP နယ်မြေအတွင်းသို့ ဝင်ရောက်လာပါက လက်ခံလိမ့်မည် မဟုတ်ဟု ဗိုလ်မှူးစိုင်းလက ပြောဆိုသွားခြင်းဖြစ်ပါသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီစဉ်ကို SSPP ၌လည်း လုပ်ဆောင်နေသဖြင့် ဤအစီစဉ်ကို အစိုးရကိုယ်စားလှယ်များ လာရောက် ကြည့်ရှုု့ နိုင်ပါသည်ဟု ဗိုလ်မှုုးဆိုင်လက ဆိုပါသည်။ သို့သော် စစ်တပ်အင်အားဖြင့် လာရောက်ခြင်း မပြုနိုင် ကြောင်းဆိုပါသည်။
ကုသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) သည် မူးယစ်းဆေး တိုက်ဖျက်ရာတွင် အစိုးရနှင့် ဒေသခံအဖွဲ့များ ပူးတွဲဆောင်ရွက်ရေးကို တိုက်တွန်းနေသလို ညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့ပါသည်။ ဤအစီစဉ်မျိုးဖြင့် ဆောင်ရွက် သင့်သော် လည်း အစိုးရဘက်က SSPP အားလာရောက် ဆွေးနွေးခြင်းမရှိသေးသလို SSPP အနေနဲ့လည်း အစိုးရအား တင်ပြထား ခြင်းမရှိသေးဟု ဆိုပါသည်။
fds
                                                                                 ဓါတ်ပုံ (UNODC)

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် SSPP နှင့်အစိုးရတို့သည် အပြန်အလှန်ယုံကြည်မှု မရှိကြပေ။ အကြောင်းမှာ အစိုးရတပ် ဖွဲ့များမှ အကာအကွယ်ပေးထားသော မူးရစ်ဆေးစိုက်ခင်းများ ရှိသလို လက်နက်ကိုင် အဖွဲ့အစည်းများဖက်မှလည်း အကာအကွယ်ပေးထားသော စိုက်ခင်းများ ရှိနိုင်ပါသည်။ ထို့အပြင် အစိုးရသည် မူးရစ်ဆေးဝါးနှိမ်နှင်းရေးကို အကြောင်းပြပြီး စစ် ရေးအရ အမြတ်ထုတ်လာမည်ကို စိုးရိမ်ရသည့်အတွက် အပြန်အလှန် မယုံကြည်ကြခြင်း ဖြစ်ဖွယ်ရှိသည်ဟု အကဲခတ် များ က ဆိုပါသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ကုသမဂ္ဂ မူးယစ်ဆေး ဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး UNODC ၏ အစီရင်ခံစာတွင် ဖော်ပြ ထားပါသည်။ ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ ဖြစ်ကြပြီး တနို်င်ငံလုံး၏ ၉၀% ခန့် ရှိကြောင်း ပါရှိပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2538--sspp-.html

December 3, 2012

SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်

သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားရာ ဒေသဘက်တို့ အစိုးရတပ် မကြာခဏ ဦးတည်လာသော ကြောင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော် ကပြောပါ သည်။
sspp in the forest
သျှမ်းပြည်တပ်မတော် SSPP/SSA

“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို  ဦးတည် လာတယ်။  အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

နိုဝင်ဘာ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ် တော့ဆန်ဘက်၌လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် မိုင်းလုံ နှင့် ကျောက်မဲမြို့ ကြား အစိုးရတပ် စကခ ၁ လက်အောက်ခံ ပူးပေါင်းတပ်ရင်း အင်အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် SSPP/SSA ရှိရာတောင်ကုန်းတခုသို့လည်းကောင်း ၊နိုဝင်ဘာ ၂၈ ရက် ကျောက်မဲမြို့နယ် ခေးနင်းမ်းကျေးရွာ တောတွင်းတနေရာ၌ လည်းကောင်း တက်တိုက်ခဲ့သည်ဟု ဆိုပါသည်။

“ကျနော်တို့က သွားတိုက်တဲ့သူမဟုတ်ဘူး။ ကျနော်တို့ နေရာကို သူတို့ကဘဲ လူထုကို ရိုက်နှက် စစ်ဆေးမေးမြန်းပြီး  လာလာတိုက်တယ်။ အများအားဖြင့် ကျနော်တို့က အားသာတဲ့နေရာမှာရှိတယ် ဆိုတော့ သူတို့ဘက်က   အထိနာတာပေါ့ဗျာ” - ဟု ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

ရှေ့တန်းရောက်တပ်မှူးတဦးကလည်း အစိုးရတပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အစိုးရတပ်က ၆၀ မမ၊ ၈၀ ၊ ၈၁ မမ စသည့်လက်နက်ကြီးများ အသုံးများသော်လည်း မိမိတို့ဘက်မှ အတည်တကျတပ်စခန်း မချထား ပါက စိုးရိမ်မှုမရှိကြောင်း၊ မန္တလေး- လားရှိုးကားလမ်းမြောက်ဘက်ခြမ်းတွင် လည်း သျှမ်းပြည်တပ်မတော်၏ တပ်မဟာ သုံးခုက တိုက်ခိုက်ရေး အင်အား ထောင်ကျော်ရှိသော အစိုးရ  စစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ရကြောင်း ပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိပြီးနောက်ပိုင်း တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက် ရန်ရှာတိုက်ခိုက် ခြင်းသာဖြစ်ကြောင်း SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3698-ssppssa------.html

November 27, 2012

သျှမ်းတို့၏ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ဆွေးနွေးပွဲ အလားအလာကောင်း

ရန်ကုန်၌ကျင်းပနေဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအတွက် အားရကျေနပ်ဖွယ် ရှိကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ စိုင်းမောင်တင်က ပြောပါ သည်။
with NCT
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ဓါတ်ပုံရိုက်ကြစဉ်

“အားရကျေနပ်ဖွယ်ကောင်းပါတယ်။ ကျနော်တို့ မနေ့က ဆွေးနွေးပွဲမှာဆိုရင် အင်အား ၂၀၀ ကျော်ရှိတယ်။ ကျားဖြူပါတီ ကဘဲ ၃၀ ကျော်နေပြီလေ။ အကူရော တက်ရောက်နားထောင်သူရောပေါ့နော်။ ကျနော့် တသက်မှာ ဒီလိုဆွေးနွေးမှုမျိုး ဒီတခါဘဲတွေ့ဖူးတယ်။ တကယ်ကိုအားရကျေနပ်ဖွယ်ကောင်းပါတယ်။ သျှမ်း တိုင်းရင်းသား အ ချင်းချင်း ကြား ယုံကြည်မှု ခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးသရွေ့ ကျန်ညီနောင်တိုင်းရင်း သားတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မှာ မဟုတ်ဘူးလေ။ ” ဟု ကျားဖြူပါတီ၏ လက်ထောက်အတွင်းရေးမှူး စိုင်းမောင်တင်က ပြောပါသည်။

ယမန်နေ့ကစတင်သော ဆွေးနွေးပွဲသို့  NDAA/ RCSS-SSA/ SSPP-SSA/ TNDP/SNDP/SNLD မှ ကိုယ်စားလှယ်များက အဖွဲ့မှပို့ပေးသော စာတမ်းများအသီးသီးဖတ်ပြီး ဥရောပ မြန်မာရုံးမှဒါရိုက်တာ စဝ်ဟန်ယောင်ဟွေ့၊ သျှမ်းစာပေ ဘာသာ ဗေဒ ပညာရှင် ဒေါက်တာစိုင်းဆန်ဖေတို့လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည်များကို ပြောကြားခဲ့ကြောင်း၊ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နှင့် ဦးစိုးသိမ်း တို့ မှမိန့်ခွန်းပြောကြားခဲ့ကြကြောင်း အစည်းအဝေး တက် ရောက်သည့် ကျားဖြူပါတီအသိုင်း အဝိုင်းက ဆိုပါသည်။

“ ညနေပိုင်းမှာ အုပ်စုလေးတွေခွဲပြီး ဝေါ့ခ်ရှော့ပ်လုပ်ကြတယ်။ ဆန္ဒတွေကောက်ယူကြတယ်။ တက်ရောက်သူတွေရဲ့ ဆန္ဒတွေအာ အားလုံးနီးပါး ထပ်တူကျနေတာကိုတွေ့ရတော့ အားရ စရာကောင်းပါတယ်။ လှပတဲ့ သမိုင်းစာမျက်နှာသစ် လို့တောင်တင်စားချင်တယ်။ ဒီဆွေးနွေးပွဲမှာ ငြင်းကြခုံကြတာ မရှိဘူး။ သမိုင်းကတောင်း ဆိုလာတဲ့အတိုင်းဖြစ်လာပြီလို့ ကျနော်ပြောချင်ပါတယ်” ဟု ကျားဖြူပါတီ ဗဟိုကော်မတီဝင် စဝ်ဆိုင်မိန်းက ပြောပါသည်။  

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ Trust Building for Peace ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း’ ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ယခုလ ၂၆ ရက် (ယနေ့) မှ ၂၈ ရက်အထိ ၃ ရက် ကျင်းပနေခြင်းဖြစ်ပါသည်။

တက်ရောက်သူများမှာ သျှမ်းနိုင်ငံရေးပါတီတွေဖြစ်သော ကျားဖြူပါတီ SNDP ၊ ကျားခေါင်းပါတီ SNLD၊ သျှမ်းနီပါတီ TNDP ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် RCSS/SSA ၊ SSPP/SSA နှင့်မိုင်းလားတပ်ဖွဲ့တို့မှ အဆင့်မြင့်ခေါင်းဆောင် များ အပြင် မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား သား စဝ်ဟန်ယောင့်ဟွေ့၊ ရန်ကုန်သျှမ်းစာပေယဉ်ကျေး မှုကော်မတီမှ ဒေါက်တာစိုင်းဆန်အိုက်၊ မြန်မာ့သမိုင်းသုတေသန ဥက္ကဌ ဟောင်း ဆရာစိုင်းအောင်ထွန်း၊ နိုင်ငံကျော် တေးရေး ဆရာ ဒေါက်တာစိုင်းခမ်းလိတ် ၊ သျှမ်းအမျိုးသမီးအဖွဲ့ မှ နန်းချမ်တောင်း တို့အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂၀၀  ကျော် တက်ရောက်သည်ဟု သိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3685-2012-11-27-10-57-43.html

November 13, 2012

သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ

သျှမ်းပြည်တိုးတက်ရေးပါတီအား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲအကြိမ်ရေ ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း SSPP/SSA သတင်းရပ်ကွက် ကပြောသည်။

Sao_Sai_htoo
သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး
“ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွါးပြီးပြီ။ ဒါကျနော်တို့ရဲ့ တပ်စခန်းတခုကို မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဘဲ။ အဲဒီဒေသထဲက ရှိရင်းစွဲတပ်ရင်း ၄ ရင်းအပြင် ပြည်မက တပ်ရင်း ၂ ရင်းကိုပါ ထပ်ခေါ်ပြီးတိုက်ခိုက်နေတာလေ။ ကျနော်တို့ SSPP/SSA ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ စတင်တိုက်ခိုက်တာလုံး၀ မရှိပါဘူး။ ကျနော် လုံး၀ အာမခံ ပြောနိုင်ပါတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါ သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုရှိကြောင်း ပြောပါ သည်။

“ ၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ၇ ယောက်ကျတယ်။ သျှမ်းပြည် တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ ” ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောပါသည်။

SSPP/SSA ၏မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား ယခု တိုက်ခိုက်နေသည့် အစိုးရတပ်မတော် တပ်ရင်း ၅ ရင်းရှိရာ ကျောက်မဲအခြေစိုက် ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ဗိုလ်မှူးကြီးစိုင်းထူးက - “ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့က အစိုးရတပ်ကို အရင်  စ ပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကိုအထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော်က စပစ်လာရင်တော့ ခုခံရပါတယ်” ဟု ဖြေရှင်းပြောဆိုသွားပါသည်။

အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများဟုဆိုကာ  မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ SSPP/SSA နှင့်မြန်မာအစိုးရ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း တနှစ်တာကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း  ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။

http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3644-2012-11-13-09-09-55.html

အပစ် ရပ်စဲထားသော SSPP နှင့် အစိုးရ တိုက်ပွဲပြင်းထန်


SSPP_0100099ooအစိုးရနှင့် အပစ် ရပ်ထားသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်နှင့် မိုင်းငေါ့ကြား၌ (၅) နာရီကြာ တိုက်ပွဲ ပြင်းထန် ခဲ့သည်ဟု အမည် မေဖေါ် လိုသော SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး တဦးက ဆိုပါသည်။
“အစိုးရ ဖက်ကတော့ တပ်ရင်း (၆) ရင်း သုံးပြီးတော့ ကျနော်တို့ တပ်မဟာ (၆၁၂) ကို စစ်ဆင်တာ ဖြစ်တယ်။ တိုက်ပွဲ တွေက ကြာလည်း ကြာသလို ပြင်းလည်း ပြင်းထန်တယ်။ လွိုင်လင့် တွတ်ဇံ ကျောက်မဲခရိုင် တောင်ကုန်းကို ဝင်တိုက် တာ (၅) နာရီလောက် ကြာသွားသလို၊ မိုင်းငေါ့နယ်မြေမှာ ရှိတဲ့ ကွန်ဖလမ်းပန်လော့ မှာဆိုရင် တိုက်ပွဲက (၂) နာရီ ခွဲကြာခဲ့ တယ်လေ။ အသေ အပျောက်တော့ နှစ်ဖက်စလုံး ရှိတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲ များသည်၊ အောက်တိုဘာ (၃၁) ရက်နေ့မှ စတင်လာပြီး၊ နိုဝင်ဘာလ (၂) ရက်နေ့၊ (၄) ရက်နေ့နှင့် (၉) ရက်နေ့၌ အပြင်းထန်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ (၉) ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲမှာ နံက်(၈)နာရီမှ မွန်းလွဲ တနာရီထိ ကြာခဲ့ ပါသည်။
စစ်ဆင်ရေး၌ ပါ၀င်သော အစိုးရ တပ်ဖွဲ့များမှာ ခမရ (၅၀၁), (၅၀၂), (၅၀၃)၊ ခလရ (၂၃)၊ ခလရ (၇၁) အောင်လံနှင့် ခလရ (၉၅) မန္တလေး အခြေစိုက် တပ်ဖွဲ့တို့ ဖြစ်ပါသည်။ ဤစစ်ဆင်ရေးသည်  အင်အား (၃၀၀) ကျော်ရှိသော SSPP တပ်မဟာ (၆၁၂) ကို အင်အား (၅၀၀) ကျော်နှင့် အစိုးရ တပ်ဖွဲ့က စစ်ဆင်နေခြင်းဖြစ်သည်ဟု SSPP ဖက်မှ ခန့်မှန်း ထားပါသည်။ တို်က်ပွဲ များသည်၊ တရုတ်ပြည်သို့ သွယ်တန်းထားသော နမ့်ခမ်းမြို့နယ် ချထားသော ရွှေဂက်ပိုက်လိုင်းတ လျှောက် ဖြစ်ပွားခြင်း ဖြစ်ပါသည်။
ဤတိုက်ပွဲ ကိစ္စကို နိုဝင်ဘာ (၉) ရက်နေ့၌ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ကို ရောက်လာခဲ့သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းအား အလွတ် သဘော တင်ပြ နိုင်ခဲ့သော်လည်း တစုံတရာ ပြန်လည် ပြောကြားခြင်း မရှိဟု ဆိုပါသည်။
SSPP009oo9mပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း ရွှေလီ အစည်းအဝေးအပြီး တွေ့ရစဉ်
အစိုးရသည် SSPP နှင့် အပစ်အခတ် ရပ်စဲထားသည့် အတွက် တွေ့ဆုံ ဆွေးနွေးမှုများ ရှိသည် ဆိုသော်လည်း တိုက်ပွဲ ဖြစ်ပွားနေသည့် ကိစ္စ၊ ရာဇသံ အပေး ခံရခြင်းကိစ္စများနှင့် SSPP တပ်သားများ ဖမ်းဆီးခြင်း ကိစ္စများကို ဖြေရှင်း ပေးခဲ့ခြင်း မရှိခဲ့ပေ။ http://www.phophtaw.org/burmese/index.php/news/local-news/2220-sspp-----.html
SSPP သည် အရှေ့ အလယ်ပိုင်းတိုင်း တိုင်းဌာနချုပ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက်နေ့၌ နောက်ထပ်ဆက်ဆံ ရေးရုံးသစ်ကို ဖွင့်လှစ် ခဲ့ပါသည်။ ဤကဲ့သို့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနေခြင်းနှင့် ဆက်ဆံရေး ရုံးများကို တိုးချဲ့နေသော် လည်း နှစ်ဖက်အကြား ဖြစ်ပေါ်နေသော တိုက်ပွဲပြသနာများကို  ဖြေရှင်းခြင်း မရှိပေ။ http://www.phophtaw.org/burmese/index.php/news/local-news/2302-sspp-.html
SSPP နှင့် အစိုးရတို့သည် ၂၀၁၂ခုနှစ် နှစ်ဆန်း ကတည်းက အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း ယနေ့အထိ တိုက်ပွဲပေါင်း (၅၀) ထက်မနဲ ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း SSPP တို့ကဆိုပါသည်။ ဤသည် အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး သဘောထား များလားဟု မေးစရာဖြစ်နေကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2356--sspp-.html

အစိုးတပ်နှင့် SSPP တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

စံခလပူရီ (မဇ္စျိမ) ။       ။ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ တပ်မတော် SSPP နှင့် အစိုးရ စစ်ကြောင်းများ အကြားတွင် နိုဝင်ဘာလလပိုင်း၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည် ဟု အမည်မဖော် လိုသည့် SSPP မှ ဗိုလ်မှူးကြီး တဦးက ပြောသည်။

အင်အား ၃ဝဝ ခန့်ရှိသည့် SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား အစိုးရ စစ်ကြောင်းများမှ အပြင်းအထန် စစ်ဆင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“သူတို့ဘက်က ပြောတာတမျိုး လုပ်တာတမျိုး အခုလို လုပ်တာတော့ မကောင်းဘူး။ အခု တိုက်ပွဲတွေ ဖြစ်နေတဲ့
နေရာကလည်း မေမြို့ကနေ မူဆယ် အထိ ချထားတဲ့ ဂက်စ် ပိုက်လိုင်း တလျှောက် ဖြစ်နေတယ်။ ဂက်စ် ပိုက်လိုင်းက ကျနော်တို့ ထိန်းချုပ် နယ်မြေမှာ ရှိနေတယ်။ သူတို့ ဘက်က ဒီပိုက်လိုင်းကို လုံခြုံရေး ချချင်တဲ့ သဘော ရှိတယ်။ ဒီတိုက်ပွဲ ကိစ္စကိုလည်း ဦးအောင်မင်း နဲ့ UNFC နဲ့ ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့တုန်းက တင်ပြထားပါတယ်။ တရားဝင်တော့ မဆွေးနွေးရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ နိုဝင်ဘာလ ၉ ရက်နေ့က ကျောက်မဲခရိုင်၊ မိုးမိတ် မိုင်းငေါ့ အကြားရှိ ခူးခမ်းခူးမိန် တောင်ကုန်းဒေသ၌ ဖြစ်ပြီး နံနက် ၈ နာရီ မွန်းလွဲ ၁ နာရီအထိ ၅ နာရီကြာ ဖြစ်ပွားခဲ့သည်။

အစိုးရတပ် ခမရ (၅ဝ၁)၊ (၅ဝ၂)၊ (၅ဝ၃)၊ ခလရ (၂၃)၊ တပ်ရင်း (၇၁) အောင်လံနှင့် တပ်ရင်း (၉၅) မန္တလေးတို့မှ တပ်များ အသုံးပြု၍ ပူးပေါင်း စစ်ကြောင်းများဖြင့် SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား တိုက်ခိုက်ခဲ့သည်ဟု SSPP ဘက်က ဆိုသည်။ တိုက်ပွဲကြောင့် နှစ်ဖက်လုံး ထိခိုက်မှု ရှိခဲ့ပြီး စာရင်း အတိအကျ မသိရှိ ရသေးပေ။

ထို့ပြင် မိုင်းငေါ့ရှိ ပြည်သူလူထုများကိုလည်း အစိုးရစစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် SSPP တပ်၏ ခေါင်းဆောင်နှင့် အင်အား ပမာဏကို ခြိမ်းခြောက် မေးမြန်းခဲ့သည်ဟု ဒေသခံများက ပြောကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ခလရ (၂၃) ဒု-ဗိုလ်မှူးကြီး သန်းထွန်းအောင် ဦးဆောင်သည့် အင်အား ၉ဝ ရှိသည့် စစ်ကြောင်းနှင့် SSPP ၏ တပ်မဟာ ၆၁၂ စစ်ကြောင်းတို့ မိုင်းငေါ့နယ်ရှိ ကွန်ဖလမ်း ပန်လော့၌ နှစ်နာရီခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း SSPP ၏ တပ်မဟာ (၆၁၂) စစ်ကြောင်းနှင့် အစိုးရ တပ်တို့ မိုးမိတ်နှင့် မိုင်းငေါ့ နယ်ကြားရှိ ကျင်ကျိ၌ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ စစ်ကြောင်းမှ SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား သုံးနေရာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစိုးရတပ်မှ ဗိုလ်မှူးတဦး ဒဏ်ရာရကာ ကျောက်မဲ၌ ဆုံးသွားခဲ့ သည်ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေကလည်း ရဲနိုင်ဦး (တာဝန် မသိရှိရ) ဦးစီးသည့် ခမရ ၅ဝ၃ စစ်ကြောင်း အင်အား ၁ဝဝ ခန့်ဖြင့် SSPP တပ်မဟာ စစ်ကြောင်း (၆၁၂)တို့ မိုးမိတ်ဘက်ရှိ ကျောက်လုံးကြီး ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း SSPP အဖွဲ့ဝင်များက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကုန်းခမ်း
ကျေးရွာ အနီး၌ တပ်သားသစ်များအား စစ်ဘက်ဆိုင်ရာ သင်တန်း ပေးနေစဉ် ဖမ်းဆီးခံခဲ့ရမှုများနှင့် ပတ်သက်၍လည်း “အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးတဲ့ဟာက နှစ်ဦးနှစ်ဖက် သဘောတူပြီးမှ လက်မှတ် ရေးထိုးတယ်။ တဖက်နဲ့ တဖက် လက်နက်ကိုင်ပြီး သွားချင်လို့ရှိရင် အကြောင်းကြားရတယ်။ ဥပမာ သင်တန်းကျောင်းကို သွားဖမ်းတယ် ဆိုတာက အပစ်အခတ် ရပ်စဲရေးကို သဘော တူညီချက်ကို မလိုက်နာဘူး။ အဲလို နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားတာ မသင့်တော်ဘူးလို့ တင်ပြတယ်။ သူလည်း နောက် ဒီလို မဖြစ်ရပါဘူး။ မဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတယ်” ဟု ၎င်းဗိုလ်မှူးကြီး က ပြောသည်။

SSPP နှင့် မြန်မာ အစိုးရတို့သည် ပြည်နယ်အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဖက် ထိမ်းချုပ်ရာ နယ်မြေ၌ လက်နက် ကိုင်ဆောင်ပြီး သွားလာပါက ကြိုတင် အကြောင်းကြားရေး အပါဝင် သဘောတူညီ ချက် ၅ ချက်ဖြင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားကြသည်။

အပစ်အခတ် ရပ်စဲ ပြီးချိန်မှ စ၍ ယနေ့အထိ SSPP နှင့် မြန်မာ အစိုးရ တပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၅ဝ ကျော်
ဖြစ်ပွားခဲ့ကြပြီး ဖြစ်ကြောင်း SSPP ဘက်မှ ပြောဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10384--sspp----.html

November 2, 2012

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ SSPP/SSA ရုံးဖွင့်မည်

သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မ တော် SSPP/SSA က အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ရုံးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ko_Lum
ခိုလမ် အဝင်လမ်း (Photo: Facebook)

“အဓိကကတော့ ခိုလမ်မှာ SSPP/SSA ရုံးဖွင့်ဖို့ သွားဆွေးနွေးတာ ဖြစ်တယ်။ တိုင်းမှူးတို့ဖက်ကလည်း သဘောတူတယ်။ နောက်ဆွေးနွေးဖြစ်တာက သွားလာရေးပေါ့။ တဖက်နယ်မြေထဲ ဝင်ရောက်မယ်ဆို ရင် ၃-၄ ရက် ကြိုတင်အကြောင်းကြားဖို့ပါ” ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောပါသည်။

အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ SSPP/SSA ဖက်မှ စဝ်ခွန်ဆိုင်၊ စဝ်နော်လိတ်၊ စိုင်းကျော်ဝင်းနှင့် ဗိုလ်မှူး ခေးမောဝ်းတို့ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ရှိရာ ခိုလမ်သို့ သွားရောက်ကာ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ G1 မျိုးထွဋ်လှိုင်၊ ဗိုလ်မှူးရဲရင့်ဝင်း၊ စရဖမှူး ဗိုလ်မှူးကောင်းကျော်တို့နှင့် ရုံးဖွင့်ရန် ဆွေးနွေးခဲ့ကြောင်း၊ စိုင်းကျော်ဝင်း က ရုံးထိုင်မည်ဖြစ်ကြောင်း ဆို၏။

“တာ့ဆမ်ပူး ကူးတို့ဆိပ်ကနေ ဖယ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်တယ်။ အစိုးရ ဖက်က မဖယ်ခိုင်းတော့ဘူး။ ခနောက်စိမ်း တူးဖော်ဖို့ ပါမစ်ကုန်နေတဲ့အတွက် သက်တမ်းတိုးဖို့ဘဲ ပြောတယ်။ ကျနော်တို့လည်း သက်တမ်းတိုးဖို့ တင်ထားပြီးပါပြီ” ဟု ဗိုလ်မှူး စိုင်းလ က ဆက်ပြော ပါသည်။

မြန်မာအစိုးရတပ်က SSPP/SSA ၏ နမ့်ပန်ချောင်း တာ့ဆမ်ပူး(ကူးတို့ဆိပ်) တပ်စခန်းအား နောက် ဆုတ်ဖယ်ရှားပေးရန် အောက်တိုဘာလ ကတည်းက ညွှန်ကြားထားသည်။
http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3616---ssppssa-.html

November 1, 2012

SSPP ကိုယ်စားလှယ် အဖွဲ့ အရှေ့ အလယ်ပိုင်းတိုင်း တိုင်းမှူးနှင့် တွေ့ဆုံ

SSPP__Ag_Min_03ချိန်းဆို ထားသည့် အတိုင်း ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ၏ အရှေ့ အလယ်ပိုင်းတိုင်း တိုင်းမှူး တို့သည် ယမာန် နေ့က တွေ့ဆုံ ကြကြောင်း SSPP ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။ “ကျနော်တို့ အဖွဲ့ဝင် (၅)ယောက်က မနေ့က တိုင်းမှုုးနဲ့ သွားဆွေးနွေး တယ်လေ၊ ခိုလံမှာ ရှိတဲ့ အရှေ့ လယ်ပိုင်း တိုင်းရုံး မှာပေါ့။ ရှမ်းပြည် အလယ်ပိုင်း လဲချားမြို့နှင့် မိုင်းနောင်း မြို့ကြားမှာ ရှိတဲ့ ခိုလံမှာပါ။ အထွေအထွေ အတွင်း ရေးမှူး ခွန်ဆိုင်းက ဦးဆောင် ပါတယ်။ အဓိက ပြောဖြစ် တာက ဆက်ဆံရေးရုံး ထားရှိဖို့ ကိစ္စ ပါဘဲ။ တခြား ဘာမှ မပြောဖြစ် သေးပါဘူး” ဟု ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။
SSPP သည် အပစ်အခတ် ရပ်စဲ ပြီးနောက်ပိုင်း ဆက်ဆံရေးရုံး (၃)နေရာ ဖွင့်လှစ်ပြီး ဖြစ်ပါသည်။ ခိုလန်၊ တောင်ကြီး မြို့နှင့် လာရှိူး မြို့မှာလည်း ဖွင့်လှစ် ထားပြီး ဖြစ်ပါသည်။ သို့သော် SSPP တပ်ဖွဲ့များ နေရာ ချထားမှုကို ယနေ့အထိ မဆွေးနွေး ခဲ့သေးကြောင်း ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။
ထို့အပြင် မကြာခင်က SSPP မှတပ်သား (၅၀) ခန့် အစိုးရမှ ဖမ်းဆီးထားသည့်ကိစ္စနှင့် တပ်မိသားစုနေရာချထားရေး ကိစ္စကိုလည်း ပြန်လည်ဆွေးနွေးရန်ရှိ သေးကြောင်းဆိုပါသည်။ အဖမ်းခံရသောသူများသည် တပ်သားသစ် စုဆောင်းခြင်း မဟုတ်ကြောင်း၊ SSPP မိုင်းမ တပ်ဖွဲ့မှ ဗဟိုဌာနချုပ်သို့ သွားရောက်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။
“ ကျနော်တို့ရဲ့ ဘော်တွေ ခရီးထွက် နေတုန်း ဖမ်းလိုက် တာပါ။ ကျနော်တို့ တပ်ဖွဲ့တွေက မိုင်းမ ဂွင်ကနေ ၀မ်ဟိုင်းဖက် ခရီး ထွက်နေတုန်း ဖမ်းလိုက် တာဖြစ်ပါတယ်။ သင်တန်း ပေးနေတာလည်း မဟုတ် ပါဘူး။ သေနတ် (၁) လက် ပဲ ပါသွားတယ်၊ ကျန်တဲ့လူတွေက လက်နက် မဲ့လည်း ဖြစ်တယ်လေ။ ၀မ်ဟိုင်း ဗဟိုဖက်ကို ကူးလာ နေရင်းနဲ့ လမ်းတဝက်မှာ ဖမ်းလိုက်တာပါ။ ဒီကိစ္စကို ကျနော်တို့ ဘက်က တိုင်ကြားဖို့ ရှိပါတယ် ခင်ဗျ” ဟု ဆိုပါသည်။   
အရှေ့ အလယ်ပိုင်း တိုင်း၏ တိုင်းမှူးသည် ဗိုလ်ချုပ် မင်းနောင် ဖြစ်ပြီး နောက်ထပ် SSPP နှင့်တွေ့ဆုံရန် အစီစဉ် မရှိသေးဟု ဆိုပါသည်။
SSPP__Ag_Min_02SSPP နှင့် ဦးအောင်မင်းတို့၏ အောက်တိုဘာလ (၁၀) ရက်နေ့ တွေ့ဆုံ ဆွးနွေးပွဲ
အစိုးရသည် SSPP အားရာဇသံပေးပြီး တပ်ဆုတ်ခိုင်းခြင်း၊ ကြိုတင် အကြောင်းမကြားဘဲ တမင် တိုက်ခိုက်ခြင်း၊ SSPP တပ်ဖွဲ့ အား ဖမ်းဆီးခြင်းများနှင့် ရှမ်းပြည် မြောက်ပိုင်း မိုင်းမဂွင်၌ SSPP အား လိုက်လံ တိုက်ခိုက် နေခြင်းများ ပြုလုပ် နေသည်ဟု ဆိုပါသည်။  ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အား တင်ပြ ထားသော SSPP တပ်မိသားစု နေရာချရေး ၌လည်း အစိုးရ အစီအစဉ်ကို လက်ခံမှသာ နေရာ ချပေးမည့် သဘော ဆောင်နေကြောင်း SSPP ဖက်က ပြောနေပါသည်။
ဤသို့ကြောင့် အစိုးရသည် SSPP နှင့် အပစ်အခတ် ရပ်စဲ နေသည်ဟု ဆိုသော်လည်း ဖြစ်ပေါ်နေသော ပြသနာများကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ဆက်ဆံရေးရုံး မရှိ သေး၍သာ ပြသနာ ဖြစ်နေရ သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မီတီ ဒုဥက္ကဌ ဦးအောင်မင်းက လွှတ်တော်သို့ တင်ပြ ထားပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2302-sspp-.html

October 11, 2012

စစ်ရေးတင်းမာမှုရှိနေသော်လည်း ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွင် စစ်ရေးဆွေးနွေးချက်မရှိ

ယမန်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ပြုလုပ်သော သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့်  ဒုတိယအကြိမ်ဆွေးနွေးပွဲမှ စစ်ရေးနှင့် ပတ်သက်သည့် ဆွေးနွေး ချက်တခုမှ မပါရှိကြောင်း SSPP/SSA သတင်း ရပ်ကွက်ကဆိုပါသည်။ 
SSPP_union_peace_talk
SSPP/SSA နှင့် မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးပွဲ (ဓါတ်ပုံ- ဦးလှမောင်ရွှေ FB မှ)

“  တာ့ဆမ်ပူး ကူးတို့ဆိပ်ကနေဖယ်ခိုင်းထားတဲ့ကိစ္စ စစ်ရေး ကိစ္စ  ဒီဆွေးနွေးပွဲမှာ သူတို့ တခွန်းမှ မဟ လာဘူး။ ခေါင်းစဉ်ကလည်း ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တပ်မိသားစု ပြန်လည်နေရာချထား ရေးကိစ္စ ဆိုတော့ ခေါင်းစဉ်အတိုင်းဘဲ ဆွေးနွေးသွားတယ်” ဟု ပြောခွင့်ရဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က လားရှိုးတိုင်းရုံး၌ကျင်းပသော   ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ၂ ဦးအောင်မင်း ၊ ဒုဥက္ကဌ ၂ ဦးသိန်းဇော် တို့နှင့် အတူ သျှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးအောင်သူ ၊သစ်တော ရေးရာ ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီး၊ စစ်ဖက်မှ သျှမ်းပြည်မြောက်ပိုင်း လားရှိုး အခြေ စိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ခိုလမ် အခြေစိုက် ရလခ တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်တို့ပါ၀င်တက် ရောက်ကြ သည်ဟု သျှမ်းပြည် တပ်မတော်မှ  အရာရှိတဦးက ပြောပါ သည်။  

သျှမ်းပြည်တပ်မတော်ဘက်ကမူ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် သျှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်ဦးဆောင်သော ၁၀ ယောက်ပါ ကိုယ်စား လှယ်က တက်ရောက်ဆွေးနွေး ခဲ့သည်ဟုဆိုပါသည်။

“ ကျနော်တို့ ဘက်ကနေပြီးတော့ စစ်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ရွာတွေကိုပြန်လည်တည်ဆောက်မယ်။ ကျနော်တို့ တပ်သား မိသားစုတွေနဲ့ ဒီစစ်ဘေးဒုက္ခသည်တွေကို နေရာပြန်ချပေးမယ်လို့တင်ပြတော့ အစိုးရက မြေနေရာတွေကို ကွင်း ဆင်းကြည့်ရှုမယ် ပြောတယ်။ နောက်ပြီးဘိန်းအစားထိုးသီးနှံအတွက် ပြောင်းဖူးမျိုးစေ့ပေးတယ်၊ ပေါက်တူးအလက် ၂၀၀ ပေးတယ်၊ လက်တွန်းလယ်ထွန်စက် ၂ စီးပေးတယ်။ဆန်အိတ် ၁၀၀၀ ထောက်ပ့ံပေးတယ် ” ဟု ဗိုလ်မှူးစိုင်းလ ကပြောသည်။

နေရာပြန်လည်ချထားရေးအတွက် သဘောတူထားသော ဒေသများမှာ မိုင်းရှူးမြို့နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွား ခဲ့သော ဟိုနမ့် အုပ်စု၊ နမ့်စိုင်အုပ်စု၊ နမ့်လောင်းအုပ်စု၊ လွယ်ချိုအုပ်စုတို့လည်းပါ၀င်ကြောင်း၊ တရွာလျင် အိမ်ခြေ ၃၅၀ ထားရှိရန်စီစဉ်ထားကြောင်း၊ နှစ်ဦးနှစ်ဘက်၏ သက်ဆိုင် ရာတာဝန်ရှိပုဂ္ဂိုလ် များ မှ ဆက်လက်ညှိနှိုင်းအကောင်အထည် ဖော်သွားဖို့  ဆွေးနွေးခြင်းမှ လွဲ၍ မည်သည့် သဘော တူညီ ချက်လက်မှတ်ရေး ထိုးခြင်း မရှိခဲ့ ကြောင်းလည်း ပြောပါသည်။

ကရင်ပြည်တွင်းဒုက္ခသည်များအတွက် နော်ဝေးနိုင်ငံ  Myanmar Peace Support Initiative-MPSI မှ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့၌ စံပြကျေးရွာတည်ဆောက်ပေးရာတွင် တရွာလျင် အိမ်ခြေ ၂၂၄ ၊ လူဦးရေ ၁၅၀၀ ထားရှိပြီး ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်သည်ဟုလည်းပြည်တွင်းသတင်းရပ်ကွက်က ဆိုပါသည်။

စစ်ရေးနှင့်ပတ်သက်၍လည်း  “ ကျနော်တို့ကို တာ့ဆမ်ပူးကူးတို့ဆိပ်ကနေ တပ်စခန်းပြောင်းပေးဖို့ သူတို့ပြောတုန်းက - ဗမာစစ် တပ်ဟာ လူထုကိုကာကွယ်ဖို့တာဝန်ရှိ တဲ့အတွက် ရွာထဲကို သျှမ်းတပ်ကဝင်ရင် သူတို့က တိုက် ခိုက်မယ်လို့ ပြောတယ်။ ဒီဆွေး နွေးပွဲမှာ စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှထပ်မဆွေးနွေးလာတော့ ကျနော်တို့ နေနေမြဲဖြစ်တဲ့ တပ်စ ခန်းတွေမှာ ဆက်လက်နေ သွား မယ်။ ဆုတ်ပေးမှာမဟုတ်သလို လူထုနေတဲ့ မြို့ထဲရွာထဲလဲ ၀င်မှာမဟုတ်ဘူး။ ကျနော် တို့ တပ် စခန်းဆုတ်ဖို့ထပ်ပြီး ဖိအားပေး လာ မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဘဲရှိတယ်လေ။” ဟု သျှမ်းပြည် တပ်မတော် SSPP/SSA ပြောခွင့်ရဗိုလ်မှူးစိုင်းလ ကပြောသည်။

ယခုနှစ်ဆန်း ဂျန်နဝါရီ ၂၈ ရက်က တောင်ကြီး ၌ဆွေးနွေးကြစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဌ ဦးသိန်းဇော်က SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ မြန်မာအစိုးရတပ်များ တပတ်အတွင်းအပြီးတပ်ဆုတ်ပေးမည်ဟု ကတိပေးပြောကြား ခဲ့ သော်လည်း တပ်မဆုတ်ပေးသေးသည့်အပြင် သျှမ်းပြည်တပ်မတော်အဆိုအရ ယနေ့အထိ တိုက်ပွဲပေါင်းအကြိမ် ၄၀ ထက် မနည်း ဖြစ်ပွါးခဲ့သည်။ ယခင်အပတ်ကလည်း သျှမ်းပြည်နယ်အစိုးရ၏ လုံခြုံရေးဝန်ကြီး ဦးအောင်သူက သျှမ်းပြည်တပ်မတော် SSPP/SSA ၏နမ့်ပန်ချောင်း တာ့ဆမ်ပူးကူးတို့ဆိပ်အနီး တပ်စခန်းကို အောက်တို ဘာလ ၅ ရက်နေ့နောက်ဆုံးထား တပ်ရုပ်ပေးရန် သတိပေး ပြောဆိုခဲ့သေး၏။ ထူးခြားချက်မှာ ထိုသို့ စစ်ရေးနှင့် ပတ် သက်ပြီး တင်းမာမှုများရှိနေသည့်တိုင် ယမန်နေ့က ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် စစ်ရေးနှင့်ပတ်သက်၍ တခွန်းမျှ မဆွေးနွေးခဲ့ကြပေ။

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India