September 19, 2012

ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်

ရန်ကုန် (မဇ္စျိမ) ။      ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။

peaceonedayPeace One Day မှတ်တမ်းရုပ်ရှင်ကို ပြသခြင်းမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်လာပုံ၊ ၂၁ ရက်နေ့ဆိုပြီး အတိအကျ ဖြစ်လာရန် ကြိုးစားစည်းရုံးခဲ့ပုံကို ပညာရေးပိုင်းမှ သိစေချင်တာကြောင့် ပြသရခြင်း
ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ပညာရေး အဖွဲ့အစည်း ဖြစ်တာကြောင့် ပညာရေးပိုင်း
ကနေ ဒီလိုနေ့မျိုးကို သိစေချင်လို့ ပြသပေးမှာပါ။ ပြီးခဲ့တဲ့ သုံးလက
လည်း ဗြိတိသျှကောင်စီနဲ့ ပေါင်းပြီး ငြိမ်ချမ်းရေးမှာ ပါဝင်တဲ့ နိုဘယ်ဆု ရရှိထားတဲ့ အမျိုးသမီး နှစ်ဦး အကြောင်း ရိုက်ကူးထားတာာလေး တခု လည်း ပြသပေးဖူးတယ်။ နောက်လည်း တလ တခါဖြစ်ဖြစ် နိုင်ငံရေးနဲ့ ပတ်သက်တာ လူမှုဘဝတွေပဲ ဖြစ်ဖြစ် အဲဒီအကြောင်းအရာ ပါတဲ့
မှတ်တမ်း ရုပ်ရှင်တွေ ပြသဖို့ လုပ်ထားပါတယ်” ဟု နိုင်ငံရေးသိပ္ပံကျောင်း
မှ တာဝန်ရှိသူ ကိုဝင်းညီညီဇော် က ပြောပြသည်။

Kofi Annan, Dalaima, Judi Dench, Helen Mirren, Alan Rick အစရှိသည့် ခေါင်းဆောင်များနှင့် တွေ့ဆုံ ရိုက်ကူးထားသည့် Peace One Day ဇာတ်ကားကို ဗြိတိသျှ ရုပ်ရှင်ပညာရှင် Jeremy Gilley ကိုယ်တိုင် ပါဝင် ရိုက်ကူးထားသလို ဒါရိုက်တာလည်း ၎င်းကိုယ်တိုင် ဖြစ်သည်။

တကမ္ဘာလုံးရှိ အပစ်အခတ်ဖြစ်သည့် နေရာများ၊ အကြမ်းဖက်မှု ဖြစ်သည့် နေရာများကို စက်တင်ဘာလ ၂၁ ရက်နေ့ တွင် ရပ်စဲရန် ချမှတ်ပေးဖို့အတွက် ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။

ပြသချိန် ၁ နာရီ ၂၁ မိနစ် ကြာမြင့်မည့် အဆိုပါ ဇာတ်ကားကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လည် ၁ နာရီတွင် အမှတ် ၄၈၂၊ ၃ လွှာ၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင် မြို့နယ်ရှိ နိုင်ငံရေးသိပ္ပံကျောင်း၌ ပြသမည်ဖြစ်ပြီး မည်သူဆို သွားရောက် ကြည့်ရှုနိုင်သည်။

အဖွဲ့အစည်းများမှ လာရောက် ကြည့်ရှသည် ဆိုပါက အခြားသူများအား မျှဝေနိုင်ရန် Peace One Day ဇာတ်ကား အခွေကို ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရသည်။

ရန်ကုန်၊ နိုင်ငံရေးသိပ္ပံကျောင်းမှာ လွန်ခဲ့သော တနှစ်က ထူထောင်ထားခြင်း ဖြစ်ပြီး နိုငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး သိပ္ပံ အပြင် အင်္ဂလိပ်စာတို့ကို သင်ကြားပေးနေသည့် သင်တန်းကျောင်းလည်း ဖြစ်သည်။ လူငယ်များအတွက် အဓိက ရည်ရွယ်သော်လည်း မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။

http://www.mizzimaburmese.com/news/inside-burma/10141--peace-one-day-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India