September 19, 2012

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

ရန်ကုန်၊ မဇ္ဈိမ။       ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်
ကျောက်မဲမြို့တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။

“ခွင့်ပြုမိန့် ကျကျ မကျကျ ကျမတို့ ဆက်လှုပ်ရှားသွားမှာပါ” ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

အဆိုပါဆန္ဒပြုပွဲအတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရဲစခန်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စာတင်ခဲ့သည်။ သို့သော် ဥတ္တရသီရိမြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ထုတ်ထားသော ခွင့်ပြုမိန့်အပြင် မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်းချက်များနှင့် ငြိစွန်းနေ၍ဟု ဆိုကာ ထိုရဲစခန်းမှပင် ၁၆ ရက်နေ့က ငြင်းပယ်လိုက်သည်ဟု သိရသည်။

ဥတ္တရသီရိမြို့နယ်ရှိ သမ္မတရုံး၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးများရှေ့တွင် တပြိုင်တည်း ဆန္ဒပြခွင့် ငြင်းပယ် ခံရ ပြီးနောက် တနင်္လာနေ့တွင် ထပ်မံ၍ အယူခံ ဝင်ထားကြောင်းလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်း က ပြောသည်။

တနေ့တည်းတွင်ပင် ရန်ကုန်မြို့၌ နံနက် ၁ဝ နာရီတွင် လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အင်းလျားကန်ဘောင်၌ လူစုကာ ၄ နာရီတိတိတွင် ၅ မိနစ်ကြာ ဆုတောင်းပြီး ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူရန် ဆန္ဒပြလိုသူတို့က စီစဉ်ထားသည်။

ရန်ကုန်မြို့တွင် ဆန္ဒပြခွင့်နှင့် ပတ်သက်၍ စမ်းချောင်းရဲစခန်း၊ မင်္ဂလာတောင်ညွန့် ရဲစခန်းနှင့် ကျောက်တံတား ရဲစခန်းတို့တွင် လျှောက်ထားသော်လည်း လျှောက်ထားသည့် ရှစ်မြို့နယ်လုံးအား ခွင့်ပြုမိန့် မပေးနိုင်ကြောင်း အင်္ဂါနေ့တွင် အနောက်ပိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြန်ကြားခဲ့သည်။

ဆန္ဒပြမှုက ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်းနှင့် သွားမည့် လမ်းကြောင်း ရှည်လျားလွန်း၍ အများပြည်သူအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု အာဏာပိုင်များက အကြောင်းပြခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင်လည်း အလားတူ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ဟောပြောပွဲများ အတွက် ခွင့်ပြုမိန့် လျှောက်ထားခဲ့ရာ လျှောက်ထားသူများ အသက်အရွယ် ငယ်လွန်းသောကြောင့် ခွင့်ပြုမိန့် မပေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြန်လည်ပြောပြသည်။ လျှောက်ထားသူများမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များ ဖြစ်ကြသည်။

အခြားမြို့အတွက် တင်ထားသော ခွင့်ပြုမိန့်နှင့် ပတ်သက်၍ ရလဒ် တစုံတရာ မသိရှိရသေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြောသည်။

စစ်ရပ်စဲရေး ကြိုးပမ်းလိုသူများက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ ကျောက်မဲ၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ ဆီဆိုင်၊ လားရှိုး၊ သံဖြူဇရပ်၊ ပြည်၊ တောင်ငူ၊ သံတောင်ကြီး၊ ရွှေဘို၊ ပေါင်းတည်၊ ပခုက္ကူမြို့များအပြင် ကချင်နှင့် ရှမ်းပြည်နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် ‘တနိုင်ငံလုံး စစ်ပွဲရပ်’ ဆောင်ပုဒ်နှင့် လမ်းလျှောက်ပွဲများ၊ ဆုတောင်းပွဲများ၊ စွန်လွှတ်ပွဲများ၊ ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကို ကချင်ငြိမ်ချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေးကွန်ယက်၊ အဖြူရောင်တွဲလက်များ၊ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့၊ ပန်းရဲ့လမ်း လူမှုရေးအဖွဲ့၊ စိမ်းရောင်စို လူမှုကူညီရေး အဖွဲ့၊ Youth For Social Change Myanmar၊r ၊ နှောင်ကြိုးမဲ့ လူမှုဖွံ့ဖြိုးရေး ကွန်ယက် (မန္တလေး)၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ယက်၊ ကျောက်မဲ လူငယ်ကွန်ယက် (ရှမ်း-မြောက်)၊ Open Network – မွန်၊ ကာတွန်းဆရာ များ အဖွဲ့၊ ရန်ကုန် ဂီတလူငယ်များ၊ ကဗျာဆရာများ သမဂ္ဂ၊ Youth Art Network၊ New Zero Art Space၊ Myanmar Ink Gallery၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် စသည့် လူမှုရေးအဖွဲ့ ၁၉ ဖွဲ့က ဦးဆောင် လှုပ်ရှားကြမည်
ဖြစ်သည်။

"Stop Civil War"၊ "တနိုင်ငံလုံး စစ်ပွဲရပ်" စာတန်းများသုံးပြီး လက်မောင်းစီး (သို့မဟုတ်) ခေါင်းစီးကို အပြာရောင် အသုံးပြုသွားမည် ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10140-2012-09-19-12-35-56.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India