Thursday, September 13, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းတဲ့ ပြည်ပ အခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ ရဲ့ နှစ်လည် ညီလာခံကို ထိုင်းမြန်မာ နယ်စပ်မှာ မနေ့က ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
ညီလာခံအပြီးမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အကြံပြု တိုက်တွန်းတဲ့ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရက လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုပေမယ့် အပစ်အခတ် ရပ်ပြီးသား တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက် ဖြစ်နေတာကို ရှုတ်ချတယ်လို့ ENC အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ်က ထိုးစစ်တွေ ရပ်ဖို့ အမိန့်ထုတ်ခဲ့ ပေမယ့် စစ်တပ်က ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ ဆက်ပြီး တိုက်ခိုက်နေရင် အပစ်ရပ်ရေး သဘောတူ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပြည်ထောင်စု အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ဆိုင်းငံ့ထားဖို့ ENC က တိုက်တွန်းခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တွေအနေနဲ့ ပြည်ထောင်စု အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ဆိုင်းငံ့တာဟာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ရေးအတွက် လုပ်လို့ အလွယ်ဆုံးလို့ ENC က ရှုမြင်ပါတယ်။
Posted in: ENC,ကချင်,သတင်း,အခြား
Email This
BlogThis!
Share to Facebook