September 15, 2012

KIA အပေါ်ကျင့်သုံးနေသော ဖြတ်လေးဖြတ် စစ်ဆင်ရေးထဲက လူထုအားတိုက်ခိုက်ခြင်း

KNGကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီး ရပ်ကွက်ထဲသို့ လက်နက်ကြီးများ ပစ်ခတ် မှုသည်၊ အစိုးရတပ်ဖွဲ့မှ တမင် ကြံစည်ပြီး ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ပြောခွင့်ရသူ ဦးလာနန်းက ပြောပါသည်။
“ အဲဒီမှာ ကချင် တပ်တွေ မရှိဘူး လေဗျာ။ သူတို့ အချင်းချင်း မူးပြီး အပြန်အလှန် သေနတ် ဖေါက်ကြ၊ ပြီးတော့မှ နှစ်ဖက်စလုံး ကနေ ရွာထဲကို လက်နက် ကြီးတွေနဲ့ (၂) နာရီလောက် ပစ်ထည့် လိုက်တယ်လေ။ ဒီတော့ ကျောင်းဆင်းစ ကျောင်းသား တွေနဲ့ အရပ်သားတွေပါ ထိခိုက် ဒါဏ်ရာရ သွားတာပေါ့။  စုစုပေါင်း ၈ ဦးလောက် ဖားကန့် ဆေးရုံကို ရောက်သွားတယ်။ အဲဒီထဲမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသူ မဆိုင်းဂျာအိမ်က အဲဒီညနေ ၁၀ နာရီလောက်မှာ ခွဲစိတ် ကုသစဉ် သေဆုံး သွားခဲ့တယ်”ဟု ဦးလနန်းမှ ပြောပါသည်။
ယင်းပစ်ခတ်မှုကို ဆွပ်ငိုင်ယန် ကျေးရွာ၌ အခြေ စိုက်သည့် ခလရ ၅၂ တပ်ဖွဲ့ များနှင့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ပါရှိသော ပူးပေါင်း တပ်များ အချင်းချင်း ပစ်ခတ်တိုက်ခိုက် ခဲ့ကြရာက ရွာထဲသို့ပစ်ခတ်လိုက် ခြင်းဖြစ်သည်ဟု ဒေသခံ ရွာသား များက ပြောပါသည်။
ပစ်ခတ်မှုသည် စက်တင်ဘာလ (၁၃) ရက် ညနေ ၃း၃၀ နာရီ ခန့်၌ ဖြစ်ပွား ခဲ့ပါသည်။ အစိုးရ တပ်ဖွဲ့ များသည်၊ အချင်းချင်း ပစ်ခတ် ကြရာမှ ရွာထဲကို ပစ်ခတ်ခြင်း၊ အရက်မူးပြီး ရွာထဲသို့ ပစ်ခတ်ခြင်း၊ ပစ်ရှင်း စနစ်ဖြင့် ရွာမဝင်ခင် ရွာထဲသို့ လက်နက် ကြီးများဖြင့် အရင် ပစ်ခတ်ပြီးမှ ကျေးရွာကို ၀င်ရှင်းခြင်း၊ ကျေးရွာနား၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပါက ရွာထဲသို့ ပစ်ခတ်ခြင်း၊ ရွာဝင်မီး ရှို့ခြင်း၊ ပေါ်တာဖမ်းခြင်း၊ ကြောင်းကျုုိးမဲ့ အရပ်သား များကို ပစ်ခတ်ခြင်းသည် အစိုးရ တပ်ဖွဲ့များ၏ လုပ်နေကျ စနစ် တခုလို ဖြစ်နေခဲ့ကြောင်း ဦးလာနန်း ကဆိုပါသည်။
အစိုးရ တပ်ဖွဲ့များ၏ ဤစနစ်ကြောင့် ရွာသားများကို ၄င်းတို့၏ကျေးရွာများမှ စွန့်ခွာစေခဲ့ကြပါသည်။ ထို့အပြင် KIA နှင့် အစိုးရ တို့သည် တနှစ် ကျော်အတွင်းတိုက်ပွဲပေါင်း (၁၇၇၀)ကျော် ရှိခဲ့ပြီး ဖြစ်သည်ဟု KIA ဖက်က ဆိုပါသည်။ ဤကဲ့သို့သော တိုက်ပွဲများနှင့် အစိုးရ၏ စစ်ဆင်ရေး စနစ်ကြောင့် ကချင် စစ်ပြေး ဒုက္ခသည် များကို  ဖြစ်စေခဲ့ပါသည်။
KIA နှင့် တိုက်ပွဲပေါင်း (၉၀၀) ဖြစ်ခဲ့သည့် အထဲတွင် အစိုးရ တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုများသည် (၁၀)ပွဲထက် မနည်း ရှိခဲ့သည်ဟု ဆိုပါသည်။ ဤကဲ့သို့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီးတိုင်း ကချင် ကျေးရွာ တွေအပေါ် ရန်ရှာပြီး အကြောင်းမဲ့ ရွာထဲသို့ ပစ်ခတ်လေ့ ရှိပါသည်။ ထို့အပြင် ကျေးရွာထဲ ပစ်ရှင်း စနစ်သည်လည်း ကချင်လူထုကို ကျေးရွာမှ ထွက်ခွာစေခဲ့သော စနစ် ဖြစ်ပါသည်။
ဤသို့ကြောင့် ကချင်စစ်ပြေး ဒုက္ခသည်ပေါင်း တသိန်းခန့် ဖြစ်လာ ခဲ့ရခြင်း ဖြစ်ပါသည်။ အစိုးရ ကာကွယ်ရေး ၀န်ကြီး ဌာနကမူ ကချင် ပြည်နယ်တွင်း၌ စစ်ဆင်ရေး မရှိကြောင်း၊ နယ်မြေ ရှင်းလင်းသာ ရှိပြီး သမ္မတ ညွှန်ကြား ထားသည့် အတိုင်း ဆောင်ရွက် နေပါကြောင်း လွှတ်တော်ကို တင်ပြ အစီရင်ခံ ခဲ့ပါသည်။
Ag_Hling_Ba_htoo_tript_Sep_14_07
ဆေးရုံသို့ ရောက်ရှိ နေသော ရဲဘော် များအား ကာချုပ် အားပေး နေစဉ် (ဓါတ်ပုံ - မြဝတီ)
ဤစနစ်ကို အစိုးရ စစ်တပ်က ကရင်အမျိုးသား အစည်းအရုံး(KNU) ကို စစ်ဆင်စဉ်ကလည်း ကျင့်သုံး ခဲ့ပါသည်။ ဤစနစ်ကို ဖြတ်လေးဖြတ် စနစ်ဟု ခေါ် သော စစ်ဆင်ရေး စနစ်ဖြစ်ပါသည်။  ဖြတ်လေးဖြတ်သည် (၁) ပြည်သူများနှင့် အဆက်ဖြတ် ခြင်း (သို့) ပြည်သူများ အခြေ အနေမဲ့နေအောင်(သို့) စစ်ပြေးဒုက္ခသည်ဖြစ်အောင် ပြုလုပ်ခြင်း၊ (၂) ရိက္ခာဖြတ်တောက်ခြင်း၊ (၃)သတင်း အရင်းအမြစ် ဖြတ်တောက်ခြင်းနှင့် (၄) ဘဏ္ဍာငွေဖြတ်တောက်ခြင်း (စီးပွားရေးအဆောက်အအုံဖျက်ဆီးခြင်း၊ တို့ဖြစ်ပါသည်။
အစိုးရတပ်ဖွဲ့များ ဖါးကန့် မြို့နယ်ရှိ ကျောက်စိမ်း မှော်များကို စစ်ဆင်နေခြင်းသည် KIA ၏ စီးပွားရေး အဆောက်အအုံ များကို ဖျက်ဆီးခြင်း ဖြစ်သလို နယ်မြေလူထုများကို တိုက်ခိုက်ပြီး စစ်ပြေး ဘဝ ရောက်ရှိ စေခြင်း သည်လည်း KIA ကို လူထုနှင့် ကင်းကွာစေခြင်း၊ သတင်းနှင့် ရိက္ခာများ ပြတ်တောက် စေခြင်းပင် ဖြစ်ပါသည်။
သို့သော်လည်း စက်တင်ဘာ (၁၃)ရက်နေ့၌ ဖြစ်ပွားသော ဖါးကန့်ရှိ မော်ဝမ်းကြီးပစ်ခတ်မှုကိစ္စကို KIA ၏ လက်ချက်ဖြစ် ကြောင်း အစိုးရ တပ်မတော်ပြန်ကြားရေးဆိုင်ရာ မြဝတီ မီဒီယာက စွပ်စွဲ ထားပါသည်။ ဖေါ်ပြပါလင့်၌ ဖတ်ရှု့ နိုင်ပါသည်။http://www.facebook.com/mwdmedia?ref=stream
ဤကဲ့သို့ အစိုးရ ဖက်မှလည်း တုန့်ပြန်နေခဲ့ ပါသည်။ ဖါးကန့်ဒေ သခံများ၏ အပြောအရ အခင်းဖြစ်ပွားချိန်၌ KIA တပ်များ မရှိကြောင်း ပြောပါသည်။
ဤသည် အစိုးရမှ KIA အပေါ် စစ်ရေး၊ ကချင်လူထုတိုက်ခိုက်ရေးနှင့် မီဒီယာရေးပါ တုန့်ပြန်တိုက်ခိုက် လိုက်ခြင်းပင်ဖြစ်ပါ သည်။ ထို့အပြင် ဤကဲ့သို့သော အခြေအနေအထိ စစ်ဆင်နေသော အစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဆိုကာ KIA အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးကြရန်ကမ်းလှမ်းထားပါသည်။
ဤသည် အစိုးရက KIA အားပျက်ရယ်ပြုသည့် ကမ်းလှမ်းခြင်းသာ ဖြစ်သည်ဟု KIA က ယူဆပါသည်။ အစိုးရသည် သံတ မန်စကားအရသာ ငြိမ်းချမ်းရေးတည်ဆောက်နေပါသည်ဟု ကြွေးကြော်နေသော်လည်း အနှစ်သာရ အားဖြင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို တဖွဲ့ပြီး တဖွဲ့ ချေမှုန်းရေးသာ ဖြစ်သည်ဟု KIA ဖက်ယူဆပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/2117-kia-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India