August 20, 2012
တပ်စခန်းထပ်ရွှေ့ပေးရန် SSPP/SSA အား အစိုးရတပ်ဖိအားထပ်ပေး
“ကျနော်တို့တပ်ကိုဖယ်ခိုင်းပြန်ပြီ။ ကျနော်တို့တပ်သားတွေရဲ့ လှုပ်ရှားသွားလာနေထိုင်ရေး အစစအရာရာ တားမြစ်တယ်။ ကျနော်တို့ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဆင်ရေးလုပ်နေတယ်။ ဒါဟာ ကျနော်တို့ ငြိမ်းချမ်းရေးသဘောတူညီထားတဲ့ အချက်တွေနဲ့ တခြားစီဖြစ်နေတာကိုတွေ့နေရတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ မိုင်းရှူးမြို့နယ် ဟိုင်းပါ ခနောက်စိမ်းလုပ်ကွက်နှင့် တာ့ဆမ်ပူး ကူးတို့ ဆိပ်က ၎င်းတို့၏ တပ်များကိုလည်း ဖယ်ရှားရန် အစိုးရစစ်တပ်က ထပ်မံပြောကြားကြောင်း၊ တောင််ဘက်ခြမ်း အသက်ရှူ ပေါက်တခုဖြစ်သောကြောင့် ဖယ်ရှားပေးဖို့ရန် အစီအစဉ်မရှိကြောင်း၊ အနီးအနားတွင် အစိုးရတပ် အင်အား ၃၀၀ ခန့်ဖြန့်ကျက်ထားကြောင်း၊ ရှေ့တိုးလာပါက ယမ်းငွေ့ဝေဦးမည်မလွဲကြောင်း တပ်မှူးတဦးက ပြောသည်။
“ဒါဟာ အပစ်ရပ်စဲပြီးငြိမ်းချမ်းရေးဖော်ဆောင်တဲ့အသွင်သဏ္ဍာန်မျိုးမဟုတ်ဘဲ စစ်ရေးနဲ့ခြိမ်းခြောက်နေတဲ့ အသွင်မျိုးသက် ရောက်နေပါတယ်။ ကျနော်တို့ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း အကြိမ် ၃၀ ကျော်ပစ်ခတ်မှုဖြစ်ပြီးပြီ။ အစိုးရဖက်က ထာ၀ရ ငြိမ်းချမ်းရေးလျှောက်လှမ်းချင်တယ်ဆိုရင် ခုချိန်မှာ ကျနော်တို့ နှစ်ဦး နှစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့ ရင်းနှီးမှုတည် ဆောက်ဖို့ အချိန်ကာလဖြစ်တယ်။ သို့ပေမယ့် အခုလို တယောက်နဲ့ တယောက် အာဃာတ ဖြစ်စရာဖြစ်တဲ့ လုပ်ရပ်တွေ လုပ်နေတော့ ထာ၀ရငြိမ်းချမ်းရေးတည်ဆောက်ဖို့ အဟန့်အတား ဖြစ်စေပါတယ်” ဟု ပြောသည်။
မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အဝင်အထွက်လမ်းကို ဖြတ် ၄ ဖြတ် သဘောမျိုး လုပ်နေသည့်လက္ခဏာဖြစ်ကြောင်း သို့သော် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းရမည့်ချိန်ဖြစ်သောကြောင့် စစ်ရေးဖြင့် ဖြေရှင်းခြင်းကို မလိုလားသော်လည်း မြန်မာအစိုးရစစ်တပ်က ရှေ့ဆက်တိုးလာပါက မလွဲမသွေ ခုခံတိုက်ခိုက်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးစိုင်းလက ပြောသည်။
မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော်၏ အဓိက ဖြတ်သန်းသွားလာအသုံးပြုသည့် တာ့ဆမ်ပူးကူးတို့ဆိပ်အား ဖြတ်ယူရန် စီမံနေခြင်းဖြစ်ကြောင်းဗိုလ်မှူးစိုင်းလကပြော၏။ ၎င်းတို့တပ်မှလှုပ်ရှားတပ်ချသည့်ဒေသနှင့်ဆက်သွယ်ထားသည့် တာ့ဆမ်ပူးကူးတို့ဆိပ်သည် ဝမ့်ဟိုင်းမှ ၁၀ မိုင်ခန့်သာဝေးသည်။ မိုင်းရှူးမြို့နယ် ဟိုင်းပါ အုပ်စုထဲပါဝင်ပြီး မကြာသေးခင် ကလည်း ထိုဒေသ၌ နှစ်ဦးနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးခဲ့သေးသည်။
ယခင်အပတ်ထဲကလည်း မိုင်းရှူးမြို့မှ ထွက်လာသည့်မြန်မာအစိုးရစစ်တပ် အင်အား ၁၀၀ ကျော် တာ့ဆမ်ပူးဘက်သို့ဦးတည် သည် ဟုယူဆရသော်လည်း ယနေ့တိုင်တာ့ဆမ်ပူးသို့မရောက်ဘဲလမ်း၌ပျောက်နေကြောင်း သျှမ်းပြည်တပ်မတော်နှင့် နီးစပ်သည့် ဒေသခံများသတင်းရပ်ကွက်ကပြောပါသည်။
“ဦးသိန်းစိန်ရဲ့ ၁၈၊ ၈၊ ၂၀၁၁ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကြောင့် ကျနော်တို့ SSPP နဲ့ ဦးအောင်သောင်းဦးဆောင်တဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ ၂၈ ဂျန္နဝါရီလက ၂၀၁၂ မှာ အချက် ၇ ချက်ပါတဲ့နှစ်ဘက်သဘောတူညီ အပစ်ရပ်စဲ လက်မှတ်ထိုးခဲ့တယ်။ ၅ ရက်အတွင်း ဝမ့်ဟိုင်းဌာနချုပ်ထိန်းချုပ်နယ်မြေထဲမှာ တပ်စွဲထားတဲ့ မြန်မာတပ်ရင်းတွေ ရုပ်ပေး မယ်ပြောတယ်။ ခု တနှစ်ပြည့်ပြီဖြစ်တဲ့တိုင် မြန်မာတပ်က် မရုပ်ပေးတဲ့အပြင် ကျနော်တို့နဲ့ ဂျွန် ၁၇ ကနေ ဂျုလိုင် ၄ ရက် အထိ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မိုင်းအောတ် တောင်ဟျိုးဘက်မှာလဲ အင်အား ၃၀၀ လောက်နေရာယူထပ်ချထားတယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး” ဟု SSPP/SSA ၏ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလကပြော ပါသည်။
ဦးသိန်းစိန်အစိုးရက ဦးဆောင်လုပ်ဆောင်နေသည့် အပစ်ရပ်ငြိမ်းချမ်းရေး တနှစ်ပြည့်ပြီဖြစ်သော်လည်း အပစ်ရပ်ခြင်း မရှိသကဲ့သို့ လုပ်ငန်းစဉ်လက်တွေ့အကောင်အထည်ဖော်မှု မရှိသလောက်နည်းပါးနေခြင်းသည် အပြန်အလှန် ယုံကြည်မှုကိုဖြစ်ထွန်းစေနိုင်မည်မဟုတ်ဟု SSA တောင်၊မြောက် နှစ်ဖွဲ့စလုံးက ဆိုပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3421--ssppssa-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။