May 2, 2013

တိုင်းရင်းသား ဒေသများ၌ အစိုးရ တပ်အင်အား တိုးချဲ ့နေဆဲ

မြန်မာပြည် တိုင်းရင်းသားများ မြန်မာပြည် တိုင်းရင်းသားများ ဓါတ်ပုံ - (အင်တာနက်)
အစိုးရ တပ်များသည် တိုင်းရင်းသား တပ်များ အပေါ်စစ်ရေး အပေါ်စီး ရရှိစေရန် အပစ်အခတ် ရပ်စဲ ထားသည်ဖြစ်စေ၊ မရပ် ခဲ့သည်ဖြစ်စေ တိုင်းရင်းသား ဒေသများသို့ စစ်တပ် အင်အား တိုးချဲ့ ချထား နေခဲ့ဖြစ်သည်ဟုနယ်စပ် စစ်ရေး အကဲခတ် များကဆိုပါသည်။
အစိုးရ ကတော့ သူတို့မှာ ရှိနေတဲ့ ကကကြည်းရဲ့့ အရန် အင်အား ထဲကတပ်မ အားလုံးကို လူမျိုးစု နယ်မြေထဲကို ပို့ထားပါတယ်။ တပ်လဲ စရာတောင် မကျန်တော့ဘူး။ တပ်မ (၇၇) နဲ့တပ်မ (၆၆) က လွဲလို့ပေါ့။ ဒါကို ကြည့်ရင် အပစ်အခတ် ရပ်ရေးမှာနေရာ ယူပီး အပေါ်စီးကနေရဖို့ဖြစ်ပါတယ်။ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နယ်မြေထဲတွင်၊ မူလက ရှိနေသော မြောက်ပိုင်းတိုင်း တပ်နှင့်တပ်မ (၉၉) တို့သည်အားလုံးပေါင်း (၄၇) ရင်းသာ ရှိကြောင်း KIO က ဆိုပါသည်။ သို့သော် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်းပေါင်း (၁၂၀)အထိတိုးလာခဲ့ပြီးနောက်ဆုံး လိုင်ဇာအပြီးသတ် တိုက်ပွဲ တပ်ရင်း ပေါင်း (၁၅၀) အထိ ဖြစ်လာကြောင်း KIA အရှိများက ခန့်မှန်း ခဲ့ပါသည်။
လက်ရှိ အခြေအနေတွင် အစိုးရ တပ်ရင်း တရင်း၌ တပ်ဖွဲ့ အင်အား အများဆုံး (၂၀၀) ခန့်သာ ရှိကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။ ဤသို့ကြောင့် KIO နယ်မြေရှိ အစိုးရ တပ်အင်အားသည် () သောင်းခန့် ဖြန့်ကျဲ ထားနိုင်ကြောင်း KIA အရာရှိများက ဆိုပါသည်။
တပ်ဖွဲ့ အမည်အရ ဆိုလျှင် KIO နယ်မြေထဲတွင် တပ်မ (၂၂) တပ်မ (၃၃) တပ်မ (၉၉) တပ်မ (၈၈) အပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ် (စကခ) ၇ အပါ၀င် စကခ ()ျှနှင့် မြောက်ပိုင်းတိုင်း တပ်များ လှုပ်ရှား နေသည်ဟု KIA မှ တွက်ဆ ထားပါသည်။
အလားတူ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသဖြစ်သော ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင်၊ နမ့်ဆန်နှင့် နောင်ချိုမို့နယ်တွင် မူလက တပ်ရင်း (၁၀) ရင်းသာ ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တပ်ရင်း () ရင်းခန့် တိုးလာပြီး (၁၆) ရင်း ဖြစ်လာကာ အေပြီလ အကုန်တွင် (၂၅) ရင်း အထိ တိုးလာခဲ့သဖြင့် စုစုပေါင်း တပ်အင်အား (၄၀၀၀) ခန့် ရှိလာနိုင်သည်ဟု TNLA ပြောခွင့်ရှိသူ မိုင်ဖုန်းကျော်က ခန့်မှန်း ထားပါသည်။
TNLA နယ်မြေ၌ တိုးလာသော အစိုးရ တပ်ရင်းများမှာ အမှတ် () စကခ တပ်မ ဌာနချုပ် တပ်ဖွဲ့နှင့် အမှတ် (၁၆) စကခ ဌာနချုပ် တပ်များ ဖြစ်ပါသည်။ တိုးလာသော ဤတပ်ဖွဲများသည် TNLA စခန်းရှိသော နေရာများတွင် စခန်းငယ်များ တည်ဆောက်ပြီး ပိုက်စိတ်တိုက် စစ်ဆင်သော နည်းဖြင့် ခပ်စိပ်စိပ် တိုက်ခိုက် လာခဲ့ပါသည်။ KIA နှင့်TNLA တို့ သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသဖြင့် တိုက်ခိုက်မှုများ ရှိနေမည်မှာ မလွဲပေ။
သို့သော် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) သည် ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင် ဒေသမှ ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး တန့်ယန်းမို့နယ် အထိ လှုပ်ရှား နေပါသည်။ သံလွင် အရှေ ပိုင်းတွင် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တပ်များက ၄င်းတို့အား ကျောထောက် နောက်ခံ ထားပါသည်။ 
ဤဒေသထဲတွင် မူလက အစိုးရ အရှေ့မြောက်ပိုင်း တပ်ဖွဲ့များနှင့် အရှေ့ အလယ်ပိုင်း တိုင်းတပ်ဖွဲ့များ ကသာ လှုပ်ရှား နေကြရာက ၂၀၁၂ ခုနှစ် စက်တင်ဘာလ လောက်တွင် SSPP ဌာနချုပ်ဖြစ်သော ၀မ်ဟိုင်း ဧရိယာထဲသို့ အင်အား (၁၅၀၀) ခန့် တိုးချဲ့ ချထား ခဲ့ပြီး တိုက်ခိုက် လာခဲ့ပါသည်။
အစိုးရ တပ်များသည် ၂၀၁၂ ခုနှစ် အကုန်ပိုင်းတွင် ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး မို့နယ်သို့ အင်အားများတိုး ချဲ့ ချထားလာပြီး အပစ်အခတ် ရပ်စဲ ထားစေကာမူ ထပ်မံ တိုက်ခိုက် လာပြန် ပါသည်။ ဒီဇင်ဘာလ အချိန်တွင် အစိုး ရတပ်ဖွဲ့များသည် KIA အားပြင်းထန်စွာ စစ်ဆင် လာခဲ့သဖြင့် SSPPနှင့် ဖြစ်သော တိုက်ပွဲများ ခေတ္တရပ်တန့် သွားစေ ခဲ့ပါသည်။
သို့သော် ၂၀၁၃ ခုနှစ် ဧပြီလတွင် အစိုးရ တပ်များသည် လွယ်လန်းတောင်ကျောအား သိမ်းပိုက်ရန် SSPP အား ဆုတ်ခွာ ခိုင်းပြန် ပါသည်။ SSPPမှ ဆုတ်ခွာပေးခြင်း မရှိသဖြင့် () ပတ်ကျော်ကြာ တိုက်ပွဲဖြစ်လာ ခဲ့ပါ သည်။ ဤတောင်ကျောကို သိမ်းပိုက်ရန် အစိုးရသည် အင်အား (၄၀၀၀) နီးပါး တိုးချဲ့ ချထား လာခဲ့သည်။ ဤ တပ်ဖွဲ့များ၏ အများစုသည် စကခ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု SSPP ပြောခွင့်ရသူများက ဆိုပါသည်။
ဤသို့ကြောင့် SSPP နယ်မြေထဲ၌ အစိုးရ ဧည့်တပ်များ (၆၀၀၀)ခန့် တိုးလာနေသလို စစ်ကူများလည်း ထပ်မံပို့ ပေးနေဆဲဖြစ် ကြောင်းဆိုပါသည်။ လက်ရှိတွင် SSPP နယ်မြေ ထဲ၌ တိုင်းတပ်များ အပါ၀င် အစိုးရတပ်အင် အားစုစုပေါင်း တသောင်းနှစ်ထောင်ခန့် ရှိနေပြီးဖြစ်ကြောင်း ခန့်မှန်း ခဲ့ကြပါသည်။
အလားတူ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) နယ်မြေဖြစ်သော ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံ ခရိုင်နှင့် ထိုင်းနယ်စပ် တလျှောက်တွင်လည်း မူလက အရှေ့ပိုင်း တိုင်းတပ်နှင့် တြိဂံတိုင်းတပ်တို့သာ ရှိနေရာ က စကခဌာနချုပ် () ခု တိုးလာခဲ့ပါသည်။ မူလကအင်အား တသောင်းကျော်ဖြင့် လှုပ်ရှားနေရာက လက်ရှိ တွင် အင်အားနှစ်သောင်းခွဲ အထိ တိုးလာခဲ့ပြီး တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာခဲ့ကာ အပစ်အခတ်ရပ် စဲခဲ့သော်လည်း တိုက်ပွဲပေါင်း (၅၀)ကျော်ဖြစ်ခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လောဝ်ဆိုင်က ဆိုပါသည်။ 
ကရင် အမျိုးသား အစည်းအရုံး KNU နယ်မြေတွင်လည်း အစိုးရ စစ်အခြေခံ စခန်းပေါင်း (၃၀၀) ခန့် ရှိသည်ဟု KNU က ဆိုပါသည်။ ဤအထဲတွင် စခန်းပေါင်း တရာခန့် ဆုတ်ခွာပေးရန် အစိုးရအား KNU မှ တရားဝင် တောင်းဆို ခဲ့ပါသည်။ သို့သော် မဆုတ်ပေးသည့် အပြင် KNU တပ်မဟာ () ဧရိယာနှင့် တပ်မဟာ () ဧရိယာဖြစ်သော ကရင်ပြည်နယ် လှိုင်ဘွဲမြို့နယ်နှင့် သံတောင်မြို့နယ်ကြားတွင် ရှိသည့် အစိုးရ စစ်စခန်းများကို ခိုင်ခန့်စေရန် ပြင်ဆင် တည်ဆောက် လာခဲ့သလို တပ်အင်အားများပါ တိုးချဲ့ ချထား လာခဲ့သည်ဟု KNU တွဲဖက် အတွင်းရေးမှူးဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
ကရင်နီ တိုးတက်ရေး ပါတီ(KNPP) ဒေသတွင် အစိုးရက တပ်အင်အား အနည်းငယ် တိုးချဲ့ ချထား သော်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားမှု မရှိသေးပေ။ မွန်ပြည်သစ် ပါတီ (NMSP) နယ်မြေတွင်မူ အစိုးရ တပ်များ တိုးချဲ့ ချထားမှု မရှိသေးသလို လှုပ်ရှားမှုလည်း မရှိသေးပေ။
အစိုးရ တပ်မတော်တွင် တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ ကကကြည်းအရံ တပ်များမှာ တပ်မ ၁၁ မှ ၁၀၁ အထိ ရှိပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) သည် အမှတ်မှ ၂၁ အထိ ရှိသဖြင့် အားလုံးပေါင်း တပ်မ ကျော်ရှိနေပါသည်။ ဤတပ်ဖွဲ့များထဲမှ တပ်မ ၆၆ နှင့် တပ်မ ၇၇ တို့မှလွဲပြီး ကျန်တပ်မများ ားလုံး သည် တိုင်းရင်းသား နယ်မြေထဲသို့ နေရာယူ တပ်ဖြန့် ထားသည်ဟု တရုပ်ပြည်နယ်စပ် မှ စစ်ရေးအကဲ ခတ်ဖြစ်သူ ဦးအောင်ကျော်ဇောက ဆိုပါ သည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/272-2013-05-02-14-55-26.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India