Showing posts with label ကချင်ဒေသ. Show all posts
Showing posts with label ကချင်ဒေသ. Show all posts

April 30, 2013

လူထုကို အကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်

ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်) ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်)
အစိုးရတပ်ဖွဲ့တို့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်ဒေသ ကျောက်စိမ်းမှော်၌ တပိုင်တနိုင် ကျောက်စိမ်းတူး နေကြသူများကို လိုက်လံ ပစ်ခတ်သည့် နည်းဖြင့် မောင်းထုတ်လျှက် ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
“ပစ်ခတ်ပြီး လိုက်လံ မောင်းနှင်းနေခဲ့တာ ကနေ့ အထိပါ။ တကယ်တော့ ကျနော်တို့ အခြေခံထားတဲ့ မြေနေရာကိုက စိုက်ပျိုးရေးနဲ့ အသက်မွေးလို့ မရပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ ဒီ ကျောက်စိမ်းမှော်တွေကို အားကိုးပြီး အသက်ရှင် နေကြတဲ့ သူတွေပါ။ ဒါကို အစိုးရတပ်ဖွဲ့တွေက လာလာပြီး ပစ်ခတ်နေတယ်ဆိုတော့ ဘာနဲ့စားရတော့မှာလဲ” ဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ကျောက်စိမ်းမှော် တူးသူများကို တားဆီးပိတ်ပင်ခဲ့ သည်ဟု ဒေသခံက ဆိုပါသည်။ ဤသို့ကြောင့် ဒေသခံ ကချင်ပြည်သူ များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့စဉ်တုန်းက အခြေအနေမျိုး ထပ်မ ံချုပ်ချယ်ခြင်း ခံနေရကြောင်း ဆိုပါသည်။
အစိုးရ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ အင်းအား (၄၀၀) ခန့်သည် စစ်ကြောင်း (၃) ကြောင်းဖြင့် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် ဤဖားကန့်ဒေသသို့ စစ်ဆင် လာခဲ့ပါသည်။ ဇန္နာဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ်တွင် ခြေချ တပ်စွဲထားသည့် KIA တပ်မဟာ ၂ လက်အောက်ခ၊ံ အမှတ် ၆ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ဤအချိန်မှစပြီး ဒေသခံကျေးရွာများကို တအိမ်တက်ဆင်း ပစ္စည်းများ လိုက်လံ သိမ်းယူနေပြီး လူများကို လည်း သွားလာခွင့် ပိတ်ပင်ခဲ့ပါသည်။
“အစိုးရတပ်တွေက  KIA တပ်ရင်း ၆ ကို သိမ်းပြီးတာနဲ့ ဖာ့ကန်းဒေသက ကျေးရွာတွေကို ဗိုလ်ကျ အုပ်ချုပ်လာတော့ တာ ပါဘဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ KIA ကို တိုက်တုန်းကတော့ လူထုကို စစ်ရေးနဲ့နှိပ်ကွပ်တယ်။  အခုလို အချိန် မျိုးကျပြန်တော့လည်း လူထုကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေနဲ့ ချုပ်ချယ်ပြန်တယ်လေ။  ဒီ ဖားကန့်မြို့ လုံးခင်း ဒေသဆိုရင် လူတွေဟာ ကျောက်စိမ်းမှော်တွေနဲ့ဘဲ အသက်မွေးကြရတယ်လေ။ ဒါကိုပိတ်လိုက်ရင် ကျနော်တို့ကို သတ် ပစ်လိုက်တာနဲ့ အတူတူပါဘဲဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူးသမား တစ်ဦးက ဆိုပါသည်။
ဖားကန့်မြို့နယ် လုံးခင်းဒေသည် မိုးခေါင် ရေရှားပြီး ခြောက်သွေ့သော ဒေသ ဖြစ်သောကြောင့် တောင်ယာခုတ် ပြီး စပါး စိုက်ပျိုး၍ မရသည့် ဒေသဖြစ်ပါသည်။ ယင်းသို့ကြောင်း ဒေသခံပြည်သူများက ကျောက်စိမ်းများ ထွက်ရှိနေကြသည့် ကျောက်စိမ်းမှော် များကို မှီခို လုပ်ကိုင်စားသောက် နေရကြောင်း ဆိုပါသည်။
ဒေသခံများသည် ကျောက်စိမ်းမှော်များကို တရားဝင်အလုပ်လုပ်ခွင့် ရရှိစေရန် ကြိုးစား အားထုတ်သာ်လည်း အစိုးရ၏ စစ်ရေးစီမံချက်နှင့် အုပ်ချုပ်ရေးစီမံချက်ကြောင့် အဟန့်အတားဖြစ်နေကြောင်း ဆိုပါသည်။
“တရားဝင် လုပ်ခွင့်ရရှိဖို့ကလဲ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပြည်နယ် ဝန်ကြီးလား၊ သူကဆိုရင် ရုပ်သေး ဝန်ကြီးပါခင်ဗျ။ မှော်တွေကို လိုက်ပိတ်နေတဲ့ ဒေသခံလှုပ်ရှားတပ်တွေမှာ ခွင့်တောင်းပြန်တော့လဲ ခဏခဏ တပ်ပြောင်းနေတော့ ပေးရတဲ့ အခွန်ဆောင်ခနဲ့ မတတ်နိုင်ပြန်ဘူး။ အသစ်ပြောင်းလာတိုင်း အခွန်သစ်တွေ ပြန်ဆောင်နေရရင်တော့ ဘယ်တတ်နိုင်မှာလဲ ဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူး သမားက ပြောကြား သွားပါသည်။
ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းတွေ ခက်ခဲနေတဲ့ အချိန်တွင် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ သွားသည့် ကားလမ်းပိုင်းကိုလည်း  အစိုးရဖက်မှ အဖွဲ့ပေါင်းစုံ ဂိတ် ၄ နေရာခန့် ထပ်မံတိုးချဲ့ပြီး  ဖြတ်သန်းခများ သက်သေခံ ဖြတ်ပိုင်း မဲ့ ကောက်ခံနေသည်ဟု ကုန်သည် တစ်ဦးက ပြောပါသည်။
“ကားမိုင်းကျေးရွာ အဝင်မှာ တနေရာ၊ မအူပြင်မှာ တနေရာ၊ ကျားဟိုမှာ တနေရာနဲ့ ကျောက်ခြာမှာ တနေရာ  ဂိတ် သစ် တွေ ဖွင့်ထားပြီးတော့ နေ့တိုင်း ဝင်ထွက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ ကုန်ပစ္စည်းတွေ လူတွေကို မလွတ်တမ်း ကောက် တယ်ဆိုတော့ ကုန်စျေးနှုုံးကလဲ တအားတက်လာတယ်။” ဟု ဆိုပါသည်။
ဂိတ်တပ်ဖွဲ့ဝင်များသည် အသွားအပြန် တခေါက်စာအတွက် ကားတစ်စီးကို ကျပ်တစ်သောင်းပေးရပြီး၊ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၅၀၀၀၊  လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဖြင့် နေ့စဉ် ကောက်ခံနေပါသည်။ အထူးသဖြင့် ဒေသခံမှ တူးဖော်ရရှိလာသည့် ကျောက်စိမ်းများကိုတွေ့ရှိပါက ဖမ်းဆီးသည့်အပြင် သိမ်းဆည်းသွားလေ့ ရှိကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောဆိုသွားပါသည်။
ဤသည် KIA လှုပ်ရှားမှုအား ထိမ်းသိမ်းရန်အတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးနည်းဗျူဟာကို  အသုံးပြုပြီး ဖါးကန့်လုံခင်း မှ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း စစ်ရေးအကဲ ခတ်များက ဆိုပါသည်။ သဘောမှာ လူထုများစားဝတ်နေရေးနှင့် သွားလာရေးတွင် အခက်အခဲဖြစ်နေပါက KIA အား ပြန်လည်ထောက်ပံ့မှု မပေးနိုင်တော့သည့် အခြေအနေဖြစ်လာရန် ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။  

http://www.phophtawnews.org/burmese/index.php/news/internal-news/item/261-kia.html

March 6, 2013

KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၁၇-၁ (မတရားအသင်းနဲ့ဆက်သွယ်မှု) ဥပဒေအရ ဖမ်းဆီးထားသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်က လူ့အခွင့်အရေး ရှေ့နေ တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ကတော့ မတရားအသင်းနဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးနဲ့  ညှဉ်းပန်းနှိပ်စက် တာတွေ ရပ်တန့်ရေး ဆွေးနွေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် လွှတ်တော်နဲ့ အစိုးရမှာပါ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆက်သွယ်မှု (သို့မဟုတ်) ဆက်သွယ်တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ဖမ်းဆီးခံနေရသူဟာ အနည်းဆုံး ၅၀ ကျော်လောက် ရှိနေတာဖြစ်ပါတယ်။

ဒီလိုဖမ်းခံထားရသူတွေထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျမိုင်ကောင် ဒုက္ခသည် စခန်းကနေ ဖမ်းဆီးခံထားရတဲ့ ဦးလထော်ဘရန်ရှောင်လည်း အပါအဝင်ဖြစ်ပါတယ်။ သူ့ကို ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖောက်ခွဲမှုနဲ့ မသင်္ကာပြီး ဖမ်းဆီးခဲ့ရာက အခုအခါမှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁နဲ့ တရားစွဲဆိုခံနေရပါတယ်။

ဒီလ ၅ ရက်နေ့ကတော့ သူ့အမှုနဲ့ပတ်သက်ပြီး အဓိက သက်သေတဦးကို ခေါ်ယူဖို့ လျှောက် ထားရာမှာ မြစ်ကြီးနားမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချ လိုက်တဲ့နောက် မှာတော့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါးက KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်မှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ တရားစွဲ ခံထားရသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။

“အခု ဒီလို ဖမ်းဆီးတဲ့အပေါ်မှာ မတရားအသင်း ဆက်သွယ်တဲ့ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတဲ့သူတွေ တော်တော်များနေတာပေါ့နော်။ အဲ့ဒီထဲက အများစုကတော့ သာမန်ပြည် သူတွေပဲ အများကြီး ပါ၀င်နေတာ တွေ့ရပါတယ်။ တချို့ကတော့ KIA နဲ့ အမှန်တကယ် ဆက်သွယ်တဲ့သူလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကျနော်တို့ ဒီဟာကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စတွေ အများကြီး လုပ်ဆောင်နေတဲ့အပေါ်မှာ လူ့အခွင့်အရေး အတွက်အရရော၊ ငြိမ်းချမ်းရေးရှုထောင့်ကရော သုံးသပ်ပြီးမှ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေကို နိုင်ငံတော်သမ္မတ အနေနဲ့ နိုင်ငံရေး အကျဉ်းသားသတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။”

ဦးမာခါးက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဒီပုဒ်မနဲ့ ဖမ်းဆီးထားသူ ၁၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြီး ဒီလို ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တာ တွေလည်း ရှိနေတယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဒီလို ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ဆိုရင် လွှတ်တော်နဲ့ အစိုးရ မှာလည်း တာဝန်ရှိတယ် လို့ ပြောပါတယ်။

“ကချင်ပြည်နယ်ထဲမှာ အဖမ်းခံထားရတဲ့ လူစာရင်းတွေရှိပါတယ်။ လူ ၅၀ ကျော်လောက် ရှိနေပါတယ်။ ဒါ အပြည့်အစုံ မဟုတ်သေးပါဘူး။ ဒီလူတွေကိုလည်း ကျနော်တို့က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အဖမ်းခံရတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဒီလူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ အတွက် ဆွေးနွေးနေတာတွေတော့ ရှိပါတယ်။ နောက်တခုဆိုးတာက ဒီလူတွေက တချို့တွေကတော့ စွပ်စွဲပြီး အဖမ်းခံရတာမျိုးတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ နောက် စစ်ကြောရေး စခန်းတွေထဲမှာ နှိပ်စက်ခံရတာတွေလည်း ရှိပါတယ်။ ဒါဟာ လုံးဝကို သည်းညည်းခံ သင့်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အဲ့တော့ ဒီလို နှိပ်စက်ညှဉ်းပန်းတာတွေ ပပျောက်ဖို့၊ မတရား ဖမ်းဆီးတာတွေ ပပျောက်ဖို့ဆိုတာကိုတော့ ကျနော်တို့ ဆက်ပြီး ကြိုးစားရမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ အစိုးရမှာလည်း တာဝန်ရှိပါတယ်။”

ဒီလိုမတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ပပျောက်ဖို့အတွက်ဆိုရင် တည်ဆဲ ဥပဒေတွေကို အသက်သွင်းဖို့ လိုအပ်ကြောင်းလည်း ဦးဘိုကြည် က သုံးသပ်ထားပါတယ်။

“တည်ဆဲဥပဒေမှာ မည်သူတဦးတယောက်ကိုမှ နှိပ်စက်ညှဉ်းပန်းခြင်းမပြုရ၊ နှိပ်စက် ညှဉ်းပန်း ခြင်းပြုတယ်ဆိုရင် အဲ့ဒီလူကို တည်ဆဲဥပဒေအရ အရေးယူရပါမယ်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ရ နှစ် အစရှိသဖြင့် ပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အဲ့ဒီတည်ဆဲဥပဒေကို အသက်သွင်းဖို့ အတွက် ကြိုးစားဖို့ လိုပါတယ်။ ဒါက ပြည်တွင်းမှာ ဥပဒေစိုးမိုးမှု ရှိစေချင်တယ်ဆိုရင် ဒီဥပဒေကို ကျနော်တို့ ဘယ်သူမဆို လိုက်နာရမယ်။ ဒါက စစ်သားဖြစ်နေပါစေ၊ မဟုတ်လို့ရှိရင်လည်း ရဲပဲဖြစ်နေ ပါစေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေပဲ ဖြစ်ပါစေ၊ ဒါမျိုးတွေကို ကျနော်တို့က အရေးယူ နိုင်တဲ့ အဆင့်မျိုးတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒါမှ တရားဥပဒေစိုးမိုးရေးဖြစ် လာမယ်။ အဲ့တော့မှ မတရားဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ ပျောက်လာမှာပါ။”

ဥပဒေပညာရှင်တချို့ကတော့ မတရားသင်း ဥပဒေ ပုဒ်မ ၁၇-၁ ဟာ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ မအပ်စပ်ကြောင်း ဝေဖန်တာတွေ ရှိသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆိုရင် ဒီလို မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပယ်ဖျက်ပေးဖို့ လိုအပ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

http://burmese.voanews.com/content/human-rights-ask-to-release-all-arrestee-who-related-with-kio/1616210.html

March 1, 2013

ကချင်ပြည်နယ် ဧရာဝတီမြစ် တလျှောက် ရွှေကျင်လုပ်သား ၃၀ ကျော် အာဏာပိုင်များဖမ်းဆီးခံရ

mali-hka-gold-mining
ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့လဘန်ကထောင် (Labang Kahtawng) တွင် ဧရာဝတီမြစ်တလျှောက်ရွှေကျင်နေသော လုပ်ငန်းပိုင်ရှင်အပါအဝင် ရွှေလုပ်သား အမျိုးသား ၃၀ ကျော်ကို  ဝိုင်းမော်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် ရွှေကျင်ရေးလုပ်ငန်းပိုင်ရှင် ဦးဆောင်သူ ဦးနော်တောင် (Salang Naw Tawng)၊ သန်းစိုး၊ တန်ဂွန်း (Salang Tang Gun) နှင့် သက်စိုး  တို့ဖြစ်ပြီး အခြား ၂၆ ယောက်သည် ကျင်းသားများဖြစ်ပြီး အာလမ် (Alam) ကျေးရွာတွင် ရွှေကျင်နေသော ဒေသခံလုပ်သား ၁၀၀၀ ကျော်ရှိသည့်ထဲမှ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။
အစိုးရ ရဲအရာရှိများသည် ဖေဖဝါရီ ၂၃ ရက်နေ့က လဘန်ကထောင် (Labang Kahtawng) တွင် ရွှေကျင်နေသော လုပ်သားများအား ဖမ်းဆီးခဲ့စဉ် လက်ထိပ်ခတ်ပြီး အချို့ကို ကြိုးများ ဖြင့်ချည်ကာ ကားဖြင့် ဝိုင်းမော်ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
ထိုသို့ တနိုင်တပိုင်လုပ်ကိုင်နေသော ဒေသခံလုပ်သားများကိုဖမ်းဆီးလိုက်သောကြောင့် ၄င်းတို့မိသားစုဝင်များသည် အခက်ခဲရင်ဆိုင်နေရကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ အမျိုးသမီးက KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ရဲတွေက အကြောင်းလဲမကြားပဲနဲ့ တခါထဲလာပြီး လက်ထိပ်ခတ်ပြီး ထားတာ။ တခါထဲ စက်တွေလဲ သယ်သွားတယ်။ ကျမယောကျ်ားက သွေးတိုးရောဂါရှိတာဟုတ်တယ်။ ကျမက ဘာမှ မပြောတတ်တော့ဘူး။ ငိုဖို့ပဲသိတော့တယ်။ သူပဲရှာကြွေးနေတာ အခု အဲလိုဖြစ်တော့ ဘာလုပ်စားဖို့လဲမသိတော့ဘူး…အရမ်းစိတ်ဆင်းရဲတယ်။”
အဆိုပါ ဧရာဝတီမြစ်တွင် ရွှေကျင်နေသောသူများသည် ကျောင်းကော်မတီများ၊ ကျောင်းအုပ်ကြီးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းသဘောတူ လက်မှတ်ရေးထိုးပြီး ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သော်လည်း အာဏာပိုင်များမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“လဘန်ကထောင် (Labang Kahtawng) မှာ ရွှေကျင်တာဟုတ်တယ်။ လဘန်ကထောင်မှာ ကျမတို့ ခိုးပြီးကျင်တာ လည်းမဟုတ်ဘူး။ ကျောင်းမှာ လိုအပ်နေတာတွေကို ကူညီနေတာ ဟုတ်တယ်။ အုတ်ခဲလိုရင် အုတ်ခဲ၊ ကျောက်လိုရင် ကျောက်၊ သဲလိုရင်သဲ၊ သံလိုရင် သံ ကူညီနေတာ လုပ်ငန်းကြီး လုပ်နေတာလည်းမဟုတ်ဘူး။” ဟုဆိုသည်။
၄င်းတို့ကို ဝိုင်းမော်ရဲစခန်းတွင် တစ်ညထိန်းသိမ်းထားပြီး ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ တနင်္ဂနွေညနေ ၅ နာရီခွဲချိန်တွင် အမှတ်(၂၉) မြစ်ကြီးနား ဇီးလွန်ထောင်ကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
ဦးဆောင်သူများသည် ဝိုင်းမော်မြို့နယ်မှ ဖြစ်ပြီး ရွှေကျင်သည့် အကျင်းသားများသည် နေရာအသီးသီးမှဖြစ်ကာ ကချင်ပြည်နယ် ဝန်ကြီးချုပ်အမိန့်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းနှင့် အသက်မပြည့်သူ ၁ ဦးကို ဝိုင်းမော်မြို့တွင်ထားကြောင်းသိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခွဲထွက်အဖွဲ့ ခေါင်းဆောင် လဆန်အောင်ဝါ (Lasang Awng Wa) ပြည်သူ့စစ်အဖွဲ့နှင့် လဘန်ကထောင် (Labang Kahtawng) ဒေသခံများသည် ၎င်းတို့ ကျေးရွာဖွံ့ဖြိုးရေး အလယ်တန်းကျောင်းဆောက်လုပ်မှုတွင် ကူညီထောက်ပံ့ရန် ရည်ရွယ်၍ လုပ်ကိုင်နေခြင်းလည်းဖြစ်သောကြောင့် ၄င်းဖမ်းဆီးအရေးယူမှုနှင့်ပတ်သက်၍ အထက်အရာရှိများထံသို့ စာတင်ထားသည်ဟု သိရသည်။
အစိုးရအာဏာပိုင်များသည် ဧရာဝတီမြစ်တလျှောက်ရွှေလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံအသီးသီးကို ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်နေသော်လည်း အချို့နေရာများတွင် ရွှေကျင်သည့်စိုင်းများကိုသာ သိမ်းသွားခဲ့သည်ဟု ဒေသခံများပြောသည်။
၄င်းဖမ်းဆီးမှုနှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်နေကြောင်း မြစ်ကြီးနား အမှတ်(၁) ရဲစခန်းသို့ အတည်ပြုမေးမြန်းခဲ့ရာ ရဲအရာရှိတစ်ဦးက “မဟုတ်ပါဘူး မကြားမိပါဘူး” ဟု ငြင်းဆိုခဲ့သည်။
အဆိုပါ ဧရာဝတီမြစ်တလျှောက် ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသူများကို ဖမ်းဆီးရေးယူနေခြင်းနှင့် ပတ်သက်၍ မည်သည့်အမှုဖြင့် တရားစွဲဆိုမည်ကိုတိတိကျကျ မသိသေးသော်လည်း အမှုစစ်ဆေးစဉ်ကာလ ၂ လမှ ရ လထိ ကြာနိုင်သည်ဟု ပြောဆိုနေသောကြောင့် ၄င်းတို့မိသားစုဝင်များ စိုးရိမ်ပူပန်နေကြသည်။

http://kachinnews.com/burmese/news/1036-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9-%E1%80%A7%E1%80%9B%E1%80%AC%E1%81%80%E1%80%90%E1%80%AE%E1%80%BB%E1%80%99%E1%80%85%E1%80%B9-%E1%80%90%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%80%E1%80%B9-%E1%80%B1%E1%80%9B%E1%82%8A%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%83%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%B6%E1%80%9B.html

February 28, 2013

တိုက်ပွဲငြိမ်သော်လည်း ကချင်လူထု လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
DSC02991ကချင်ပြည်နယ်၌ တိုက်ပွဲအခြေအနေ ငြိမ်သွားသော် လည်း ကချင်ဒေသခံများအပေါ် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ဆက် လက် ချိုးဖောက်ခံနေရဆဲဖြစ် သည့် အပေါ် နိုင်ငံတကာမှ ရပ်တန့်သွားအောင် ကူညီပေးရန် ကချင်အမျိုးသမီးအဖွဲ့အစည်း (ထိုင်း နိုင်ငံ)-KWAT က ယနေ့ ကြေညာချက် ထုတ်ကာ တောင်းဆို လိုက်သည်။
လက်ရှိအချိန်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းသွားခြင်း မဟုတ် ပဲ တိုက်ပွဲငယ်များ ဖြစ်ပွားနေသေးသည့် အပြင် စစ်တပ်မှ ကချင်ပြည်နယ်အတွင်း စစ်တပ် အင်အားတိုးချဲ့ခြင်း၊ ဒေသခံ ကချင် လူထုအပေါ် ပေါ်တာဖမ်းခေါ်သွားခြင်းများလည်း ရှိနေသေးဟု KWAT မှ ပြောရေး ဆိုခွင့်ရှိသူ မွန်းနေလီက ကေအိုင်စီသို့ ပြော သည်။
သူမက “တချိန်တည်းမှာပဲ အစိုးရတွေဟာ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်။ စေ့စပ်ညှိုနှိုင်းမှုတွေ လုပ်နေတယ်ဆိုပြီး တဖက်မှာလည်း ရိက္ခာတွေ၊ လက်နက်အင်အားတွေကို ပို့တယ်၊ စစ်အင်အားတွေကို တိုးချဲ့တယ်။ အဆိုးဝါးဆုံးဖြစ်တာက ကချင်လူထုတွေကို လူမဆန်စွာ ညှင်းပမ်းနှိပ်စက်တယ်။ ဒီလိုမျိုးကိစ္စတွေဖြစ်နေတဲ့အပေါ် ပြောင်းလဲမှုမရှိသေးတဲ့ အစိုးရတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဆက်ပြီးတော့ ဖိအားပေးဖို့ လိုအပ်နေသေးတယ်ဆိုတာကို ပြချင်တာပါ”ဟု သူမက ပြော သည်။
ယခုလ ဖေဖော်ဝါရီ ၂၆ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့်အစိုးရကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့၊ မြစ်ကြီးနားမြို့တဝိုက်ရှိ ဒုက္ခသည်စခန်းများနှင့် နပ်စပ်မြို့ဖြစ်သည့် လိုင်ဇာတွင် စစ်ပြေး ကချင်ဒေသခံ ၂သောင်းကျော်ရှိနေသည်ဟု KWAT ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် KWAT မှ မြန်မာအစိုးရကို Sanctions (ပိတ်ဆို့မှု)ပြန်လုပ်ရန်နှင့် စစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပြစ်မှုကျူးလွန်ခဲ့သည့် မြန်မာအစိုးရ၏လုပ်ရပ်ကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ် ဆေးပေးဖို့ တောင်းဆိုလိုက်ပါကြောင်း မွန်းနေလီက ပြောသည်။
အစိုးရမှ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ကချင်ထိန်းချုပ်ထားတဲ့ဒေသရှိ ဒုက္ခသည်များကို လူမှုရေး အကူအညီများ ပေးခွင့်ပြုမည်ဟု ကြေညာခဲ့သော်လည်း ဖေဖော်ဝါရီ ၂၅ ရက် နေ့က လိုင်ဇာမြို့ကိုသွားသည့် အပြည်ပြည်ဆိုင်ရာ ကူညီရေးအ ဖွဲ့၏ ယာဉ်တန်းကို တားဆီးခြင်း ပြုလုပ်ခဲ့သည်ဟုလည်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ကချင်လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ KWAT ကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=15939%20target=

အစိုးရတပ်များ ကချင်ထိုးစစ် ဆက်လက် ဆင်နေခြင်းအပေါ် နိုင်ငံတကာ ဖိအားပေးရန် KWAT တောင်းဆို

state-terror-in-kachin-hills-KWATမြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေးလမ်းစဉ်သို့ ဆွေးနွေးမှုပြုလုပ်နေသော်လည်း လက်ရှိကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များ၏ စစ်လက်နက်အင်အားနှင့် ရိက္ခာများတိုးချနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိနေသည့် လုပ်ရပ်အပေါ် နိုင်ငံတကာမှ ဖိအားပေး အရေးယူဆောင်ရွက်ပေးရန် ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) တောင်းဆိုလိုက်သည်။
KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီများ အကြိမ်ကြိမ် တွေ့ဆုုံဆွေးနွေးမှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေသော်လည်း တဖက်တွင် ဆက်လက်ထိုးစစ်ဆင်မှုများရှိနေပြီး ဒုက္ခသည်များလည်း အခက်အခဲရင်ဆိုင်နေသည့်အခြေအနေများကို နိုင်ငံတကာမှ သိနားလည်ဆောင်ရွက်နိုင်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က KWAT မှ အစီရင်ခံစာဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“တဖက်မှာတော့ ငြိမ်းချမ်းရေးပြောနေတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အစိုးရတပ်တွေ ဆုတ်သွားတာတွေ မလုပ်ဘူး။ ခုတလော သူတို့သိမ်းပိုက်ထားတဲ့ KIA နေရာတွေမှာ လက်နက်တွေ၊ လူအင်အားတွေ၊ ရိက္ခာတွေ ပိုပြီးတောင် ခိုင်မာအောင် အင်အားတိုးချနေတာတွေရှိတယ်။ အဲဒါကိုကြည့်ရင်တော့ ဘယ်အချိန်မဆို တိုက်ပွဲကြီး သူတို့ဖက်ကနေ ပြန်လုပ်လာမယ်ဆိုတဲ့ အစီအစဉ်ကို ရှင်းရှင်းပဲ မြင်နေရတယ်။ ပြည်သူတွေအတွက် အရမ်းစိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ အဲလို ဆက်ဖြစ်နေရင်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တပ်ပြီး ပြောနေတာတွေက အလကား လိမ်ညာတာတွေပဲ အာမခံချက်ပေးတဲ့ ငြိမ်းချမ်းရေးဆိုတာက မျှော်လင့်စရာမရှိဘူးဆိုတဲ့ အခြေအနေတွေကို နိုင်ငံတကာ သိအောင် ထုတ်လိုက်တာဖြစ်တယ်။” ဟု ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။
ထိုသို့ အစီရင်ခံစာထုတ်လိုက်ခြင်းကြောင့် နိုင်ငံတကာမှ သိမြင်လာခြင်းအားဖြင့် လက်ရှိ တိုင်းရင်းသားနယ်မြေတွင် ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများနှင့် ဒုက္ခသည် အခြအနေများကို နိုင်ငံတကာမှ ဖိအားပေး လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆက်ဆိုသည်။
“ပြည်သူလူထုတွေကြံုနေသော အခက်အခဲတွေကို ကျမတို့ နိုင်ငံတကာကို ပြောပြလိုက်ရခြင်းအားဖြင့် နိုင်ငံတကာကလည်း သိလာ ကြားလာခြင်းကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အထဲမှာ ဒီအကြောင်းအရာတွေက မမှန်ဘူးဆိုတာတွေကို သူတို့ကောင်းကောင်း ဖိအားပေးသွားဖို့အတွက်လည်း မျှော်လင့်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတကာကနေပြီး လာရောက်လေ့လာပေးသွားတာမျိုးဖြစ်လာမယ်လို့ မျှော်လင့်တယ်လေနော်။”
ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) မှ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများနှင့် ဒုက္ခသည်ပြည်သူလူထုအခြေအနေများနှင့် ပတ်သက်၍ အစီရင်ခံစာ ၄ ကြိမ်ရှိပြီဖြစ်ပြီး ၄င်းတို့ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာဖက်က တုံ့ပြန်မှုတွေ ရှိကြောင်း ဒေါ်မွန်းနေလီပြောသည်။
“ပြီးခဲ့တဲ့ အချိန်တွေမှာ တခြားနိုင်ငံတကာကနေလည်း ပြည်တွင်းကလူတွေမဆို ကချင်ပြည်နယ်မှာ ဖြစ်တဲ့အကြောင်းအရာတွေကို ကောင်းကောင်းမသိဘူး။ အပေါ်ယံကြားတာလောက်ပဲသိတယ်။ ကျမတို့ အခုလို ထုတ်လိုက်တော့ နိုင်ငံတကာကလည်း သိလာတယ်။ သိလာတော့ သူတို့ ဘယ်လိုလုပ်သွားမယ်ဆိုပြီး အစိုးရကို ဖိအားပေးလာတာတွေရှိတယ်။ အစိုးရကလည်း ကချင်ပြည်နယ်မှာ အရင်ကလို သူတို့လုပ်ချင်သလို မြန်မြန်ဆန်ဆန် မလုပ်နိုင်တော့တာတွေတွေ့ရတယ်။ နိုင်ငံတကာကလည်း ကျမတို့ကို ဆက်သွယ်လာပြီး ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေကို ပုံမှန်သူတို့ဆီ ပို့ပေးလာဖို့တောင်းဆိုတာတွေ လုပ်လာတာတွေရှိတယ်။ အဲလိုမျိုး အကျိုးခံစားတာတွေရှိတယ်။”
ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) အနေဖြင့် မြန်မာနိုင်ငံ မတည်ငြိမ်နိုင်သေးတရွေ့ နိုင်ငံတွင်းရှိ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရင်ဆိုင်နေရသရွေ့ နိုင်ငံတကာသိအောင် ဖော်ထုတ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
အစိုးရထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားချိန်မှ ယခုချိန်ထိ အမျိုးသမီးများ ၆၀ ခန့်သည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှုခံခဲ့ရပြီး ထိုအထဲမှ တဝက်ကျော်မှာ သတ်ဖြတ်မှုခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဖြစ်ထွန်းမှုအောက်တွင် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမှုများ ပြုလုပ်နေသည်နှင့် တပြိုင်နက်တည်းတွင် စစ်လက်နက်အင်အားများ တိုးချဲ့နေခြင်း၊ စစ်စခန်းများ အခိုင်အမာတည်ဆောက်နေခြင်း စသည်တို့က တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အတားအဆီးများဖြစ်နေသည်ကိုတွေ့ရှိရပြီး ငြိမ်းချမ်းရေးကိုဦးတည်သည့် အနှစ်သာရ ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည့် အလားအလာကောင်းများလည်း လွန်စွာလိုအပ်လျှက်ရှိနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတ္တမအကြိမ်ညီလာခံ ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည်။
တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိနေသော ပြင်းထန်သည့် စစ်ပွဲများ၊ လျင်မြန်စွာ အကောင် အထည်ဖော်လျက် ရှိသော  ဖွံ့ဖြိုးရေး စီမံကိန်းများ၊ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ဖြန့်ချိသုံးစွဲမှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် လူသားဖြစ်မှုကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများ ကာလကြာရှည်စွာဖြစ်ပွားခဲ့မှုများ၏ နောက်ဆက်တွဲပြဿနာများနှင့် ဆက်လက် ချိုးဖောက်ခွင့်ပြုနေမှုများကြောင့် လူထုအခြေအနေသည် ဆိုးဝါးနေဆဲဖြစ်သည်ဟု သုံးသပ်ထားသည်။

http://kachinnews.com/burmese/news/1035-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9-%E1%80%86%E1%80%80%E1%80%B9%E1%80%9C%E1%80%80%E1%80%B9-%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%80%95%E1%81%9A-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC-%E1%80%96%E1%80%AD%E1%80%A1%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%80%B8%E1%80%9B%E1%80%94%E1%80%B9-kwat-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%AD%E1%80%AF.html

January 16, 2013

ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း






မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက် သေဆုံးတာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ မြန်မာအစိုးရ အနေနဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို လုပ်သွားဖို့လိုတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က အစိုးရတပ်တွေ ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေဆုံး သွားခဲ့ပြီးတဲ့နောက် အခုလို Amnesty International ကပြောလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် KIA ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေနားမှာ အစိုးရတပ်တွေဘက်က ပစ်မှတ်ထားနိုင်တဲ့ စစ်စခန်းတွေ မထားမိအောင်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့တိုက်တွန်းပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အရပ်သားတွေ မထိခိုက်ရအောင် အစိုးရတပ်တွေရော၊ KIA ဘက်ကပါ သေချာပေါက် အကာအကွယ် ပေးသွားဖို့လိုကြောင်း၊ တကယ်လို့ အရပ်သားနဲ့ တိုက်ခိုက်ရေးတပ်တွေကို မခွဲဘဲ ပစ်နေမယ်ဆိုရင် အရပ်သားပြည်သူတွေရဲ့ ဘဝတွေဟာ ထိခိုက်သေဆုံးရမယ့် အန္တရာယ်ရှိတယ်ဆိုတာကို လိုင်ဇာမှာ လူ ၃ ယောက် သေ ဆုံးခဲ့တဲ့ ဖြစ်ရပ်က ပြသနေတယ်လို့ Amnesty International အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Issabelle Arradon က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်ဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်လို့လည်း ပြောပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေဟာ ပိုပြီးတော့ အရှိန်မြှင့်လာခဲ့ပါတယ်။ အစိုးရဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို KIA ဘက်ကလည်း မန္တလေး-မြစ်ကြီးနားမီးရထားလမ်းမှာ ရထားဗုံးခွဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

အစိုးရတပ်တွေဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ ဗုံးခိုကျင်းတွေတူးပြီး လုံခြုံရေးအတွက် ပြင်ဆင်နေစဉ် အတွင်း ဗုံးခိုကျင်းပြိုကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

http://burmese.voanews.com/content/kachin-kia-civilians-killed-by-myanmar-army-bomb-ai-/1585425.html

January 14, 2013

စစ်တပ် လက်နက်ကြီးကြောင့် လိုင်ဇာမှာ အရပ်သားတွေသေဆုံး

ဒီကနေ့ မနက်အစောပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့က လူနေရပ်ကွက်အတွင်းမှာ အစိုးရစစ်တပ်က ပစ်ခတ်တဲ့ အမြောက်ကျည်၂လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃ယောက် ပွဲချင်းပြီး သေဆုံးပြီး ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ တနှစ်ခွဲကျော် ကြာမြင့်လာတဲ့နှစ်ဖက် တိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့မှာ ပထမဆုံးအကြိမ် အရပ်သားတွေ သေဆုံးတာလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေသလို မြစ်ကြီးနား- မန္တလေး ရထားတွေကို ရက်ခြားဆိုသလို ဗုံးခွဲခံရတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံး အခြေအနေတွေကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။

မကြာခင်ရက်တွေက ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ အရှိန်လျှော့ချဖို့ တိုက်တွန်းခဲ့ပေမဲ့ အစိုးရစစ်တပ်နဲ့ (KIA) အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ ပိုမို ပြင်းထန်လာနေ ဆဲဖြစ်ပါတယ်။ ဒီကနေ့ မနက်ကတော့ အစိုးရစစ်တပ်က လိုင်ဇာမြို့ကို အမြောက်နဲ့ ပစ်ခတ်တိုုက်ခိုက်ခဲ့တာကြောင့် အရပ်သားအချို့ သေဆုံးခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ ဒီနေ့ မနက် ၈နာရီပတ်ဝန်းကျင်မှာ ဒီလိုင်ဇာမြို့ရဲ့ လူနေစိတ်တဲ့ ရပ်ကွက်ဖက်မှာ သွားကျတယ်။ အဲဒီမှာ ၂လုံး ကျတယ်။ ရှေ့ဆင့်နောက်ဆင့်ပေါ့ဗျာ။ ပထမအလုံးကျတဲ့အချိန်မှာ ၃ယောက်သေတယ်။ ၅ယောက်လောက် ဒဏ်ရာရတယ်။ ဒုတိယအလုံးကတော့ သိပ်ပြီးတော့ ထိခိုက်ဒဏ်ရာရမှုမရှိဘူးဗျ။ ”

အစိုးရစစ်တပ်ဖက်က လိုင်ဇာမြို့ကို အခုလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကတော့ ပြီးခဲဲ့နှစ် နိုဝင်လာလကုန်ပိုင်းလောက်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်တွေကတော့ KIA တပ်စခန်း တည်ရှိရာနေရာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို လူနေရပ်ကွက်အတွင်းမှာ လက်နက်ကြီးကျည်တွေကျရောက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးတာ ကြောင့် လိုင်ဇာရောက် စစ်ပြေးဒုက္ခသည်တွေဟာ တရုတ်ပြည်ဖက်ကို တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒုက္ခသည်တဦးက ပြောပါတယ်။

“ဟိုဖက်ကမ်းကို တရုတ်ဘက်ကမ်း။ သူတို့ ပြောင်းမယ်ဆိုတာက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းတာလေ။ ညှိပြီးသားတွေ ဘာတွေ မဟုတ်ဘူး။ ဟိုဖက်ကမ်းကူးတဲ့စာအုပ်အနီနဲ့ပဲ။ တချို့လည်း ယာယီ အခန်းငှားပြီးမှာ ကိုယ့်အိတ်ထဲကနေ ကိုယ်ထုတ်ပြီးတော့ နေကြတယ်။ တချို့လည်း အိမ်ပြန်တဲ့လူပြန်တယ်။ လူတွေအားလုံးလည်း ထိတ်ထိတ်လန့်လန့်နဲ့တော့ နေနေတာပဲ။ ”

လိုင်ဇာမြို့ နဲ့ အနီးပတ်ဝန်းကျင်ဒေသအတွင်းမှာတော့ အနည်းဆုံး စစ်ပြေးဒုက္ခသည် ၆သောင်းလောက် ခိုလှုံနေထိုင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် ဒုကသည်အရေအတွက်ဟာလည်း ပိုမိုတိုးများလာနေပါတယ်။
ကချင်ပြည်နယ် မန်စီဒေသဖက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIOရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“ တပ်မဟာ၃ ဂျန်မိုင်စခန်းမှာပေါ့နော်။ ဒီနေ့ဆို ၄ရက်ရှိနေပြီ။ မနေ့ကလည်း ခြေလျင်တပ်နဲ့ အလုံးအရင်းနဲ့ သူတို့ ၆ကြိမ်လောက် လာပြီး တက်လိုက်ဆင်းလိုုက်နဲ့ အဲဒါ မနေ့က ၆ကြိမ်လောက်ဖြစ်တယ်။ အဲဒီမှာ သူတို့ ထိခိုက်မှုများလာတဲ့အခါမှာ လေကြောင်းကနေပြီးတော့ မနေ့က နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်မှာ ဂျက်၂စင်းလာပစ်တယ်။ တောမီးလောင်အောင် မီးလောင်ဗုံးတွေ ချတယ်။ ဂျန်မိုင်ပို့စ်ဆိုရင် မိုင်အားဖြင့် ၂၀- ၃၀လောက်ရှိတယ်။ ပေါက်ကွဲသံတွေ ဒီကတောင်ကြားရတယ်။ ညနေ၄နာရီမှာလည်း စစ်ရဟတ်ယာဉ်၂စင်း လာပြီး ဒုံးကျည်နဲ့ ပစ်ခတ်တာမျိုးတွေ ရှိတယ်။”

အစိုးရစစ်တပ်ဖက်က KIA တပ်မဟာ ၃၊ မန်စီဒေသအတွင်း စစ်လေယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်တာ ကိုတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ ဒီလ ၁၃ရက်နေ့မနက်က အမှတ်၃၄ မြစ်ကြီးနား မန္တလေး အစုန်ရထားကို နန်းစီးအောင်နဲ့မော်လူးဘူတာအကြားမှာ KIAထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာကြောင့် ရထားခေါင်းတွဲ တိမ်းမှောက်ခဲ့သလို လူစီးတွဲတချို့ တိမ်းစောင်းခဲ့ကြောင်း ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၉ရက်နေ့ကလည်း မြစ်ကြီးနား နဘား အဆန်လော်ကယ်ရထား မိုင်းဗုံးထိပြီး ကုန်တွဲ ၅တွဲ လမ်းချော်ပြီး တွဲစောင့်တဦးသေဆုံးခဲ့ပါတယ်။

KIO ဖက်ကတော့ ဒီနှစ်နှစ်ဆန်းက စတင်ပြီး မီးရထားတွေကိုတိုက်ခိုက်တာမျိုးနဲ့ လမ်းတံတားတွေ ဖောက်ခွဲတာမျိုးမလုပ်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ၂၀၁၃ခုနှစ် နှစ်သစ်ကူးပြီး ၂ပတ်တာကာလအတွင်းမှာတော့ ကချင်ပြည်နယ်အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ် ခဲ့တယ်လို့လည်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန််က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် စစ်ရေး အရှိန်လျှော့ချဖို့အတွက်  ပြည်သူ့လွှတ်တော်က ဒီလ ၁၀ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီးတိုက်တွန်းထားပါတယ်။ KIOဖက်ကတော့ စစ်ရေး တင်းမာမှုတွေဖြစ်နေ ချိန်မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ မရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဒီနှစ်နှစ်ဆန်းပိုင်းအတွင်းတိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အခုအခါမှာ ဒုကသည်ပေါင်း ၁သိန်းခွဲကျော်လောက်အထိ ရောက်လာနေပြီလို့ ဒုကသည် အရေးဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

http://burmese.voanews.com/content/kachin-fighting-civilians-killed/1583255.html

January 1, 2013

ကချင် ကလေးငယ်များ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရနေ

ကြယ်ရန်းဒုက္ခသည်စခန်းမှ ကချင်ကလေးငယ်များ စစ်တိုက်တမ်းကစားနေကြစဉ် (ဓာတ်ပုံ – မရှင်ဒေဝီ)
အစိုးရတပ်များနှင့် KIA တပ်များအကြား စစ်ပွဲများ အရှိန်မြင့် တက်လာချိန်တွင် ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များနှင့် ၎င်းတို့၏ ကလေးငယ်များသည် ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ လူမျိုးရေး မုန်းတီးမှုနှင့် တိုက်ခိုက်လိုစိတ် ကဲ့သို့သော မူမမှန်သည့် စိတ်ဒဏ်ရာများ ပိုမို ခံစားလာရကြောင်း သတင်း ရရှိသည်။
အစိုးရ တပ်များက လေကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာချိန်တွင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ၌ ပြောင်းရွှေ့ နေထိုင် ကြရသည့် ဒုက္ခသည်များမှာ မလုံခြုံမှုနှင့် စိုးရိမ်မှုများကို ခံစားလာရကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များ ၏ သားသမီး ကလေးငယ်များမှာ စိတ်ဒဏ်ရာကို ပိုမို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရကြောင်း ကချင် ဒုက္ခသည်များအား ကူညီစောင့်ရှောက် ပေးနေသူ ကချင်ဒေသခံ ဦးဒွဲပီဆာက ဧရာဝတီသို့ပြောသည်။
၁၈ လ ကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ဒေသတွင် ဒုက္ခသည်များမှာ စားဝတ်နေရေး အပါအဝင် ဒုက္ခအမျိုးမျိုး တွေ့ကြုံ ခံစားနေရကြောင်း၊ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေ မှာလည်း နိမ့်ကျဆိုးဝါး နေသည့် အပြင် အချိန်တိုင်း ကြောက်ရွံ့ ထိတ်လန့်စိတ်များ ခံစားနေရကြောင်း၊ အစိုးရ စစ်တပ်များက အမြောက်ကြီးများ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနှင့် နေ့စဉ် ပစ်ခတ်နေသည့် အတွက် ဒုက္ခသည်များမှာ ကတုတ်ကျင်းများ ထဲတွင် နေထိုင်ရပြီး အပြင်မထွက်ကြရန် သတိပေး ထားကြောင်း ဆက်လက်ပြော ဆိုသည်။
“ကချင် တနယ်လုံးမှာ ဒုက္ခသည်က ခြောက်သောင်းခွဲ ကျော်လောက် ရှိမယ်။ အဲဒီထဲမှာ ကလေးငယ်အရေ အတွက်က တသောင်းကျော် လောက်ရှိတယ်။ ကလေးတွေက စစ်ဒဏ်ကို ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားနေရ တာပေါ့။ အရင်တုန်း ကတော့ လူကြီး မိဘတွေ ဆီကနေ စစ်အကြောင်း သိရတာ။ အခုက သူတို့ကိုယ်တိုင် ကိုယ်တွေ့ ခံစားနေရတာ။ ကလေးတွေက ပိုကြောက်နေ ကြတယ်” ဟု ဦးဒွဲပီဆာက ရှင်းပြသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစပယ်ဖြူ ကလည်း ဒုက္ခသည် စခန်းများရှိ ကချင် ကလေးငယ်များ စိတ်တွင် လူမျိုးရေး အခြေခံသော မုန်းတီးမှုများ ပေါက်ဖွားလာနေကြောင်း၊ ဗမာမုန်းတီးရေး စိတ်အခြေခံများ တွေ့လာရကြောင်း ပြောသည်။
“နေ့စဉ်နဲ့အမျှ ပစ်တာ၊ ခတ်တာ တိုက်တာ၊ ခိုက်တာတွေချည့်ပဲ ကလေးတွေ ကြားနေရတယ်လေ။ ဒီကလေး တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ တွေရလာတယ်။ သူတို့ ဒီလို ဖြစ်နေရတာက စစ်ကြောင့်၊ စစ်ဆိုတာ ကလည်း ဗမာစစ်တပ် တွေနဲ့ ဖြစ်နေတာလို့ သူတို့က နားလည်တယ်။ ဗမာတွေက ကချင်တွေကို လာပြီးတော့ ပစ်ခတ်တိုက်ခိုက်နေလို့ ပြေးနေရတာ၊ စာမသင်ရတာဆိုပြီး နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသားထဲမှာ နှစ်ရှည်ကြာ လာတာနဲ့အမျှ အမြစ်စွဲလာတယ်။ လူမျိုးရေး ကို အခြေခံတဲ့ မုန်းတီးစိတ်၊ စိတ်ဒဏ်ရာ တွေစွဲလာတယ်။ စစ်တိုက်တမ်း ကစားရင်တောင် ဗမာတွေနဲ့ ပစ်ကြမယ်၊ ခတ်ကြ မယ်ဆိုတဲ့ ကစားနည်းမျိုးတွေ ကစားကြတယ်။ ရေရှည်မှာ ဒါက နိုင်ငံ့ အနာဂတ် အတွက် မကောင်းနိုင်ဘူး” ဟု မမေစပယ်ဖြူက ဆိုသည်။
KIA စစ်ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကြယ်ရန်း ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ မှတ်တမ်း ဗီဒီယိုသွားရောက် ရိုက်ကူးခဲ့သော မရှင်းဒေဝီကမူ ကချင်ကလေးငယ်များတွင် လူမျိုးရေး အခြေခံသော မုန်းတီးစိတ်များ မြင်တွေ့ ရသည့် အပြင် ကလေးငယ်များသည် သေနတ်ဖြင့် တိုက်ခိုက်ရသည့် စစ်တိုက်ကစားနည်းကို အလွန် နှစ်သက်ကြ သည်ကို တွေ့ရ ကြောင်း ပြောသည်။
“ကချင် ကလေးတွေက သေနတ်ကိုပဲ စိတ်ဝင်စားကြ တယ်။ သူတို့ အချင်းချင်း ကချင်လိုပြောပြီး ပစ်ကြတာ။ အချို့ကလေးတွေက ကစားစရာ သေနတ်မရှိတော့ ၀ါးတွေ၊ သစ်သားတွေကို သေနတ်လုပ်ပြီး ကစားကြတယ်။ ကျမ ကချင် ဒုက္ခသည် စခန်းမှာ မှတ်တမ်း ဗီဒီယိုသွား ရိုက်ဖြစ်တော့ စစ်တိုက်တမ်း ဆော့နေတဲ့ ကလေးလေးတွေက
ကျမက ဗမာဆိုပြီး သေနတ်နဲ့ ပစ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ကြတယ်”ဟု မရှင်းဒေဝီက ပြောသည်။
အစိုးရတပ်များနှင့် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကချင်ဒေသခံ ပြည်သူတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ ကချင် ငြိမ်းချမ်းရေး ကွန်ရက်၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် လူမှု အခြေပြု အဖွဲ့အစည်းများက ကချင် ဒေသတွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်ပွဲများ ရပ်ဆိုင်းရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က မေတ္တာရပ်ခံလွှာ ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

http://burma.irrawaddy.org/archives/29522

လေကြောင်း တိုက်ခို်က်မှုကြောင့် ကချင်ဒုက္ခသည်အရေး စိုးရိမ်


မြန်မာအစိုးရဘက်ကနေ ကချင်ပြည်နယ်အတွင်း လေကြောင်းကနေ တိုက်ခိုက်နေတာ ၆ရက်ဝန်းကျင် ရှိနေပါပြီ။ ဒါကြောင့် ကချင်ပြည်နယ်တွင်းက လိုင်ဇာမြို့ကပြည်သူတွေ၊ ဒုက္ခသည်တွေဟာ ကတုတ်ကျင်းတွေထဲ ခိုအောင်းနေထို််င်နေရပြီး ဒုက္ခသည်တချို့ ဟာလည်း လက်နက်များထိမှန်ပြီး သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါဟာဆိုရင် အသက်ရှင်ရပ်တည်ခွင့်ဆိုတဲ့ မွေးရာပါ လူအခွင့်အရေးဆုံးရှုံးမှု တရပ်ဖြစ်တယ်လို့ ထိုင်းနယ်စပ် တရုတ်နယ်စပ်နဲ့ မြန်မာပြည်တွင်းက လူထုအခြေပြုလုပ်ငန်းတွေလုပ်နေတဲ့ အဖဲ့ွ ၁၁ဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ခရစ်ယာန်ဘာသာဝင်တွေရဲ ခရစ်စမတ် ကာလကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်မူတွေ က၆ရက်ခန့်ရှိသွားပြီ ဖြစ်တာကြောင့် ကချင်ဒုက္ခသည် ဒေသခံတွေဟာ စိုးရိမ်ထိပ်လန့်မူတွေဖြစ်နေရကြောင်း လိုင်ဇာမြို့က ကချင်လူထု အခြေပြုအဖွဲ့အစည်းတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မမေရီတောင်းက ပြောဆိုလိုက်ပါတယ်။

“ခရစ်ယာန်ဘာသာကိုးကွယ်သူတွေ အထွတ်အမြတ်ထားတဲ့ နေ့ရက် ကာလဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ရက်နေ့ကစပြီး လေယာဉ်နဲ့ မြန်မာစစ်တပ်ဘက်က ဗုံးကျဲတိုက်ခိုက်တယ်။ အခုဆိုရင် လိုင်ဇာမှာ စစ်ပြေးဒုက္ခသည်စုစုပေါင်းဟာ တစ်သောင်းနဲ့ နှစ်ထောင်ကျော် ရှိတယ်။ ဒေသခံပြည်သူတွေနဲ့ ပေါင်းမယ်ဆိုရင် စုစုပေါင်း နှစ်သောင်းကျော် ရှိပါတယ်။ နေ့ခင်းမှာကို နှစ်ခါ သုံးခါ လာပစ်ပါတယ်။ ဒီနေ့ကို နေ့ခင်းတစ်နာရီကျော်အထိကို သုံးခါဆက်တိုက်ပစ်ပါတယ်။ နေ့တိုင်းပါပဲ။ ဒီနေ့ဆို စုစုပေါင်း ငါးရက်၊ ခြောက်ရက်ရှိနေပြီ။ ကျမတို့ဆီကို လေယာဉ်က သုံးခါလောက်ကို လာပြီးသွားပါပြီ။ နောက်ပြီး ဗုံးကျဲတယ်။ စစ်ပြေးဒုက္ခသည်တွေအပေါ်မှာ ရှိတဲ့အတွက်ကြောင့်မို့လို့ စစ်ပြေးဒုက္ခသည်အများစုဟာ ဆိုလို့ရှိရင် အရမ်းကြောက်လန့်နေကြတယ်။ ဆောက်တည်ရာမရဖြစ်ပြီး ငိုပြီးထွက်ပြေးနေကြတဲ့သူတွေလည်းရှိတယ်။ အခုဆိုရင် စစ်ပြေးဒုက္ခသည်စခန်းမှာ ကတုတ်ကျင်းတွေ တူးထားပြီးတော့မှ လေယာဉ်အပေါ်က ပစ်ပြီဆိုရင် ကလေးတွေရော အားလုံးဟာ ကတုတ်ကျင်းထဲ ပြေးဝင်နေရတဲ့အခြေအနေမှာဖြစ်နေရပါတယ်။”

ကချင်ပြည်နယ်တွင်းက ကေအိုင်အိုဌာနချုပ်လိုင်ဇာကို ဦးတည် ချီတက်နေပြီး လေကြောင်းကနေ အပြင်းအထန်ထိုးစစ်ဆင်မှုများကြောင့် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်ဝဲလ်ကြိုင်ဒုက္ခသည်စခန်းမှ ဦးမဂျီးတူး အသက်(၄၁)နှစ်ဟာ လက်နက်ကြီး ကျည်ဆံထိမှန်ကာ သေဆုံးသွားပြီး ဒုက္ခသည်စခန်းရှိ အခြား(၃)ဦးလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကချင်လူထုအခြေပြု အဖွဲစည်း၁၁ဖွဲ့က ပြောဆိုပါတယ်။ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့တဲ့ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ ဒေသခံလူထုတွေ အပေါ် အချိန်မရွေး အန္တရာယ်ကျရောက်စေနိုင်တဲ့အတွက် ကချင်လူထုတွေဟာ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးပါ ခြိမ်းခြောက်ခံနေရတယ်လို့ မမေရီတောင်းက ဆိုပါတယ်။

“ဝေဟင်ပေါ်ကနေ စစ်တိုက်လေယာဉ်နဲ့ကို ဗုံးကျဲတယ်ဆိုတာဟာ နိုင်ငံတကာရဲ့ စည်းမျဉ်းဥပဒေတွေအရ  ပြည်တွင်းစစ်မှာ စစ်လက်နက်ကို အသုံးမပြုသင့်ဘူး။ ဒေသခံအားလုံးကလည်း ကြောက်လန့်နေကြတယ်။ ပြောရမယ်ဆိုရင် ဒေသခံတွေအနေနဲ့ကလည်း ကြောက်လန့်စရာ ကောင်းတယ်။ လူတွေဟာ အခုဆိုရင် ထိတ်လန့်ခြောက်ခြားနေကြတယ်ပေါ့နော်။ ဒီလိုမျိုး ဗုံးကျဲနေတဲ့အခါ ကျတော့ အရမ်းကိုကြောက်ကြတယ်။ ဘယ်အချိ်န်လာမလဲပေါ့။ အခုဆိုရင် နေ့လည်းမအိပ်၊ ညလည်းမအိပ်၊တချိန်လုံး သူတို့မှာ နိုးနိုးကြားကြားနဲ့ ရှိနေရတယ်။ ဒါဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ကိစ္စ၊ နိုင်ငံတကာက ပိတ်ပင်ထားတဲ့အရာကို ဒီလိုဗုံးကျဲတာပေါ့လေ။ အခုဆိုရင် နေ့တိုင်းကြားနေရတယ်။ နေ့တိုင်းလိုဖြစ်နေတဲ့ကိစ္စ၊ ဒေသခံတစ်ယောက်အနေနဲ့ရော၊ လူသားတစ်ယောက်အနေနဲ့ရော လူ့အသက်ရှင်ခွင့်ကို လူသားအသက်ရှင်ခွင့်ကို ခြိမ်းခြောက်နေတဲ့အခြေအနေကို ဖြစ်နေတယ်။”

ဒုက္ခသည်စခန်းလေးခုမှာလည်း ဒုက္ခသည် အရေအတွက် သောင်းနဲ့ချီရှိနေပြီး ဒုက္ခသည်တချို့ လည်း လက်နက်ကြီးတွေ ထိခို်က်ပြီး သေဆုံးမှုတွေရှိနေတာကြောင့် နယ်စပ်တလျောက် ကစင့်ကလျား ပြေးလွားပုန်းခို်နေရတဲ့ အခြေအနေတွေဖြစ်နေကြောင်း တရုုတ် ပြည်ဘက်ကလည်း ဒုက္ခတွေကို လက်ခံခြင်း မရှိတဲ့အတွက် တရုတ်နယ်စပ်တလျောက်မှာ ဒုက္ခသည်တွေဟာ အခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသမီးနဲ့ ကျောင်းသားတွေ လူထုအခြေပြုအဖွဲ့အစည်းတွေအားလုံး ၁၁ဖွဲ့ ပါ၀င်တဲ့ သဘောထားကို ထုတ်ပြန်ရာမှာတော့ မြန်မာအစိုးရအနေနဲ့ ကေအိုင်အို၊ ကေအိုင်အေ၊ အပြစ်မဲ့ဒေသခံ ကချင်တိုင်းရင်းသားများ၊ နယ်စပ်တလျှောက်ရှိစစ်ပြေးဒုက္ခသည်စခန်းများကို အပေါ် ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် လေကြောင်းမှတိုက်ခိုက်နေခြင်းနှင့် လက်နက်ကြီးများဖြင့် ဦးတည် ပစ်ခတ်ခြင်းများကို ချက်ချင်းရပ်တန့်ဖို့  ကေအိုင်အို၊ ကေအိုင်အေ ဌာနချုပ်လိုင်ဇာကိုဦးတည်ပြီး ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေမှုများ စစ်ရေးအရ ဖိအားပေး အကျပ်ကိုင်လာမှုများကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာအစိုးရ၊ အိုင်အန်ဂျီအိုနှင့် အန်ဂျီအိုလိုခေါ်တဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့တွေကှိ ဒုက္ခသည်များကို အကူအညီပေးမည့်ကိစ္စများကို မြန်မာအစိုးရမှ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်နှင့် သွားလာခွင့်ပြုဖို့၊ လက်ရှိစစ်ပွဲဖြစ်ပွားနေသောဒေသရှိ စစ်တပ်များကို မိခင်တပ်ရင်းတပ်မသို့ ရွေ ့ပြောင်းသွားစေပြီး တပြည်လုံး အတိုင်းအတာဆောင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုတာတွေကို ကချင်အဖွဲအစည်း ၁၁ဖဲ့ွကနေ တောင်းဆိုထားပါတယ်။


 http://burmese.voanews.com/content/kachin-burmese-fighting/1575829.html

ကေအိုင်အေ က ခရီးသွားနဲ့ ဒေသခံတွေဆီက ဆက်ကြေးတောင်း

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသက လုံးခင်းနဲ့ တောမှော်ကျေးရွာအကြား အလယ်စခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ ကေအိုင်အေ ပြည်သူ့စစ်တပ်ကနေ ဒေသခံတွေနဲ့ ခရီးသည်တင်ကားတွေဆီက အဓမ္မ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်ဒေသခံတွေက RFA ကိုပြောပါတယ်
Photo:RFA/Kyaw Myo Min
ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။
ဖားကန့်မြို့နဲ့ (၁၀)မိုင်ခန့် အကွာအဝေးမှာရှိတဲ့ အဲ့ဒီရွာက ဒေသခံတွေဟာ မီးသွေးဖုတ်လုပ်ငန်းနဲ့ ထင်းခုတ်တဲ့လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်နေကြပါတယ်။
ကေအိုင်အေ ပြည်သူ့စစ်တွေက မီးသွေးကားနဲ့ ထင်းတင်တဲ့ကားတွေကို ကျပ်ငါးသောင်း ပေးဖို့ ကောက်ခံနေတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုလို ငွေကြေးကောက်ခံနေတာတွေဟာ ပြီးခဲ့တဲ့ (၃)လကစပြီး ပြုလုပ်နေကြတာလို့ သိရပါတယ်။

http://www.rfa.org/burmese/news/kia-local-01012013120254.html

November 28, 2012

ဖိုင်ကောင်းကျေးရွာသားများကို အစိုးရတပ်များမှ ဘုရားကျောင်းထဲတွင် အစာအငတ်ထည့်သွင်းထား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ်  ဖိုင်ကောင်းကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကြား ယနေ့မနက်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်များသည် အနီးကျေးရွာသားများကိုကြိမ်းမောင်းကာ ကျေးရွာရှိခရစ်ယာန်ဘုရားကျောင်းထဲတွင် သွင်းထားကြောင်းမျက် မြင်သက်သေများပြောသည်။
ဖိုင်ကောင်းကျေးရွာအနီး အစိုးရတပ် (ခလရ ၂၄၀) တပ်ဖွဲ့များနှင့် ကချင်လွပ်မြောက်ရေးတပ် ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ဖွဲ့များ ယနေ့နံနက် ရ နာရီမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ နာရီချိန်ခန့်တွင် ကျေးရွာရှိ ပြည်သူများကို အတင်းအဓမ္မကြိမ်းမောင်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ တစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။
“အဲဒီရွာနားမှာ ဒီမနက် ရ နာရီကနေ ပစ်ခတ်ကြတာ။ ပြီးတော့ ရွာကလူတွေအားလုံးကို မောင်းပြီး ဘုရားကျောင်းမှာ ထည့်ထားတယ်။ ပြီးတော့ အစိုးရစစ်သားတွေစောင့်နေတယ်။ ရွာလူကြီးကိုတော့ ဖမ်းပြီး ရိုက်နှက် နှိပ်စက်ပြီးတော့ KIA စစ်သားတွေကို ခေါ်ပေး မခေါ်ပေးရင် မင်းတို့ရွာကို မီးရှို့လိုက်မယ်ဆိုပြီး ဒီနေ့ တနေ့လုံး ဆွဲခေါ်သွားတယ်။”
အစိုးရတပ်များသည် ရွာသူကြီးကို ရိုက်နှက်နှိပ်စက်ပြီးနောက် ညနေပိုင်းတွင် ဘုရားကျောင်းတွင်း ပြန်လည်သွင်းထား ကြောင်း သိရသည်။
ဖိုင်ကောင်းအနီး တိုက်ပွဲဖြစ်ပွားချိန် အစိုးရဘက်မှ ၆ ဦးသေဆုံးပြီး အချို့မှာဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ သိရှိရသည်။
ဖိုင်ကောင်းကျေးရွာသားများသည် ၎င်းတို့အနီးတဝိုက် တိုက်ပွဲမကြာခဏဖြစ်ပွားခြင်းကြောင့် တချို့ ရွာအနီး တရုတ်နယ်စပ်ဘက်တွင် တဲများပြုလုပ်ထားကာ ပြောင်းရွှေ့နေထိုင်ပြီး စပါးနှင့် အိမ်တွင်း ပစ္စည်း များကို ပြောင်းရွှေ့ထားခဲ့ရာ ၎င်းတဲစခန်းများကိုလည်း အစိုးရတပ်ဖွဲ့့မှ ယနေ့ မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံများပြောသည်။
ဖိုင်ကောင်းကျေးရွာတွင် အိမ်ခြေ ၆၂ ခုရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။ အစိုးရတပ်ဖွဲ့များက ထိုကျေးရွာသားများကို  ဘုရားကျောင်းတွင် အစာရေစာ အငတ်ထားခြင်းဖြစ်သောကြောင့် ၄င်းတို့သက်ဆိုင်သည့် ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

http://kachinnews.com/burmese/news/1000-%E1%80%96%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%9B%E1%80%BC%E1%80%AC%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%BD-%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AC%E1%80%A1%E1%80%84%E1%80%90%E1%80%B9%E1%80%91%E1%80%8A%E1%80%B9%E1%80%B7%E1%80%9E%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%AC%E1%80%B8.html

November 26, 2012

မငြိမ်သက်မှုကြား ဖားကန့်တွင် KIA ကျေးဇူးတော်ချီးမွမ်းပွဲတော် ပြုလုပ်




မြန်မာအစိုးရနှင့် တိုက်ပွဲများပြင်းထန်နေသည့် ဖားကန့်မြို့နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေ ဂင်ဆီဆိုင်းရာ (Ginsi Seng Ra) တွင် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲတော် ကို နိုဝင်ဘာလ ၂၄ ရက် စနေနေ့တွင် ရောတ်ဝန်လီး (Rawt Wun Li) ခန်းမတွင်ပြုလုပ်ကျင်းပခဲ့သည်။
တိုက်ပွဲများဖြစ်ပွားနေချိန်ဖြစ်သော်လည်း ကျေးဇူးတော်ချီးမွမ်းစရာများရှိသောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း တပ်ရင်း (၆) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲမှ မိန့်ခွန်းပြောကြားခဲ့သည်ဟု ပွဲတွင်ပါ၀င်သော ကျောက်ကုန်သည်တစ်ဦးပြောသည်။
“ခုချိန်စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ ကျေးဇူးတော်ချီးမွမ်းပွဲကို အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်သူတွေနဲ့ ရှေ့တန်းမှာ ရောက်ရှိနေသူတွေ အားလုံးအတွက် ကျေးဇူးတော်ချိီးမွမ်းခြင်းဖြစ်တယ်။ စစ်ပွဲတွေ ဘယ်လောက်ထိ ပြင်းထန်နေပါစေ၊ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေပါစေ ဘုရားသခင်ရဲ့ ကောင်းချီး ကျေးဇူးမင်္ဂလာကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးခံစားရတယ်။ အောင်ပွဲတွေခံစားခွင့်ရတယ်။ ငွေကြေးတွေလည်း ပြည်တွင်းငြိမ်းချမ်းတဲ့အချိန်ထက် ပိုပြီးရရှိခံစားရတယ်။” ဟု ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲမှ ပြောဆိုခဲ့ကြောင်း သူကဆိုသည်။
အဆိုပါကျေးဇူးတော်ချီးမွမ်းပွဲသို့ ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ ဂွေခါနှင့် ဥရုဆိုင်းမော်ဒေသမှ ခရစ်ယာန်ဘာသာရေးဆရာများနှင့် ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အစိုးရဝန်ထမ်းများနှင့် ရပ်ကွက်လူကြီးများလာရောက်ခဲ့သည်။
ပွဲတော်သို့ လာရောက်ပါ၀င်သူများမှလည်း ချီးမွမ်းခြင်းပွဲတော်သို့ ပလိုင်း ၂၅၀ ဖြင့် အသီးသီး သစ်သီးဝံလံနှင့် ပူဇော်ပစ္စည်းများ ယူဆောင်လာခဲ့ကြောင်းသိရသည်။
ထိုကျေးဇူးတော်ချီးမွမ်းသည့် အသီးအနှံများကို မြန်မာစစ်တပ် ဖားကန့် ဗျူဟာမှူး၊ တပ်ရင်းမှူးများနှင့် ဥရုဆိုင်းမှော်မှ ခရစ်ယာန် သာသနာရေးဆရာများ၊ ဗုဒ္ဓဘုန်းကြီးကျောင်းများ၊ မြန်မာအစိုးရရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ အစိုးရ စာသင်ကျောင်းများနှင့် ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နေရာတိုင်းသို့ သစ်သီးတောင်းများကို ချစ်မေတ္တာဖြင့် မျှဝေခဲ့ကြောင်းသိရသည်။
ဖားကန့် ဂင်ဆီဆိုင်းရာ(Ginsi Seng Ra) ရောတ်ဝန်လီး (Rawt Wun Li) ခန်းမတွင်ပြုလုပ်သော ကျေးဇူးတော်ချီးမွမ်းပွဲတော်သို့ ဖိတ်ကြားထားသော ဒေသခံများစုပေါင်း အယောက် ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။
ယခုချိန်တွင် ဖားကန့်ဒေသတွင်း အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့ကာ နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သော အချိန်ဖြစ်ကြောင်းလည်း ဒေသခံများပြောသည်။

http://www.kachinnews.com/burmese/news/999-%E1%80%99%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%81%BE%E1%80%80%E1%80%AC%E1%80%B8-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%90%E1%80%BC%E1%80%84%E1%80%B9-kia-%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%87%E1%80%B0%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%81%E1%80%BA%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%95%E1%80%BC%E1%80%B2%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9.html

November 10, 2012

ငြိမ်းချမ်းရေး ဆွေးနွေးပြီးချိန် ဖားကန့်မှာ အခြေအနေ ငြိမ်သက်

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ စစ်ဘေးရှောင်သူတွေ နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေလဲ မရှိတော့ဘူးလို့ သိရပါတယ်။
KIO
ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလုံလာတဲ့ ကချင် တိုင်းရင်းသားဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလုံရေး စခန်းတွေမှာ ၂၀၁၁ ခုနှစ် ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
အောက်တိုဘာလ ၃၀ ရက်နေ့က  အစိုးရ ကိုယ်စားလှယ်တွေနဲ့ ကေအိုင်အို ကိုယ်စားလှယ်တို့ ရွှေလီမြို့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးချိန်မှာတော့့ ကျောက်စိမ်းတွင်း ဒေသမှာ တိုက်ပွဲဖြစ်တာတွေ မရှိတော့တဲ့ အပြင်၊ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေသူတွေ နေထိုင်တဲ့  ဒုက္ခသည်စခန်းတွေလဲ လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက မရှိတော့ဘူးလို့ ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာနေထိုင်သူ တစ်ဦးက RFA ကိုပြောပါတယ်။
သြဂုတ်နဲ့ စက်တင်ဘာလက ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံး ဒုက္ခသည်စခန်း ၄၀လောက်ရှိခဲ့ပေမယ့် လတ်တလောမှာတော့ လုံးခင်းဒေသမှာ ဒုက္ခသည်စခန်းတစ်ခုလောက်သာ ကျန်ရှိပါတော့တယ်။
ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ သြဂုတ်လက စတင်ပြီး တိုက်ပွဲတွေပြန်လည် ဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာရှိသလို ဒေသခံပြည်သူတွေလဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။


November 3, 2012

မြန်မာအစိုးရတပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ဖားကန့် ပြည်သူ ၃ ဦး ဒဏ်ရာရ


မြန်မာအစိုးရတပ်သည် ကချင်ပြည်နယ် ကျောက်စိမ်း ထွက်ရှိရာဒေသ ဖားကန့်မြို့တွင် ယမန်နေ့ နိုဝင်ဘာ၂ ရက်နေ့က ၁ နာရီမှ ၃ နာရီချိန်ထိ ဖားကန့်ဗျူဟာကုန်းမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အင်ဘားလခ (Nba La Hka) ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အင်ဘားလခ ကျေးရွာသို့ အမြောက်ဆံ ၂ ခု ကျရောက်ပေါက်ကွဲပြီး ကချင်အမျိုးသား ညီအစ်ကို ၂ ဦးနှင့် ရှမ်းအမျိုးသား ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိကာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။
မြန်မာအစိုးရတပ်သည် ဖားကန့်ဗျူဟာကုန်းနှင့် မြောက်ဖြူမှော် ၂ နေရာမှ အမြောက်များဖြင့် ၅ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ဗျူဟာကုန်းကနေ ၂ ခု ၂ ခု ပစ်တယ်။ မြောက်ဖြူ ၂ နေရာကပစ်တာ ဗျူဟာကုန်းက လက်နက်ကြီး ၂ ခုနဲ့ ပစ်တယ်။ ၄ ခု စီ နဲ့ပစ်တာ ဟိုဘက်ပစ်လိုက် ဒီဘက်ပစ်လိုက်လုပ်နေတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြောက်ဖြူတွင်ရှိသော မြန်မာအစိုးရခြေလျင်တပ်ရင်းသည် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) တောင် များသို့ပစ်ခတ်ပြီး ဖားကန့်ဗျူဟာကုန်းတွင်ရှိသော အမြောက်တပ်သည် မှော်မော်ဘွမ် (Mawmau Bum) ကုန်းသို့ပစ်ခတ်ရာတွင် မှော်မော်လယန် (Mawmau Layang) အထက်ရှိ အင်ဘားလခ (Nba La Hka) ကျေးရွာသို့ ကျရောက်ပေါက်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) များရှိသည့် လမောင်ကောင် (Lamawng Kawng)၊ ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် မှော်မော်ဘွမ် (Mawmau Bum) ကျေးရွာများသို့ ၂ နေရာမှ အမြောက် ၁၀၅  နှင့်  ၁၂၀ မမ ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါမြန်မာအစိုးရအမြောက်တပ်သည် သြဂုတ် ၂၉ ဝေအောင်ကမ္ဘာကုမ္ပဏီ ပေါက်ကွဲခဲ့ပြီးချိန်မှ ရောက်ရှိလာခြင်းဖြစ်သည်။ အစိုးရတပ်ဖက်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ပြန်လည်ပစ်ခတ်ခြင်း မရှိကြောင်းပြောသည်။
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေ ကျောက်စိမ်းကောင်းထွက်ရှိသည့် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) နယ်မြေများကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများသုံးသပ်နေပါသည်။

http://kachinnews.com/burmese/news/987-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C%E1%80%80%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0-%E1%81%83-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%92%E1%80%8F%E1%80%B9%E1%80%9B%E1%80%AC%E1%80%9B.html

October 23, 2012

အစိုးရ လှုပ်ရှားတပ်မှ ကချင်ရွာသားများကို KIA နှင့် ဆက်နွယ်သူများအဖြစ် ဖမ်းဆီးနှိပ်စက်

ကချင်ပြည်နယ် ဖားကန့်သွားလမ်းရှိ ကားမိုင်း (Kamaing) နှင့် ကထန်ယန် (Kahtan Yang) ကြားက နန်စီးအင် (Nam Si In) ကချင်ကျေးရွာတွင် မြန်မာအစိုးရတပ် တပ်မ (၈၈) မှ လှုပ်ရှားတပ်သည် အောက်တိုဘာ ၁၉ ရက် နံနက် ချိန် ဝင်ရောက်လာပြီး ကျေးရွာသားများကို ဖမ်းဆီး၍ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် ဆက်နွယ်မှုရှိမရှိ နှိပ်စက်မေးမြန်းမှုများပြုခဲ့ကြောင်းသိရသည်။
အစိုးရတပ်သည် အင်အား ၆၀ ကျော်ဖြင့် ၎င်းကချင်ကျေးရွာရှိဒေသခံ ယောကျ်ားများကို ဖမ်းဆီးကာ KIA စစ်သား ဟုတ်မဟုတ် ကြိုးတုပ်ကာစစ်ဆေးမေးမြန်းပြီး အမျိုးမျိုးနှိပ်စက် ညှင်းဆဲပြီး မိန်းမများကို သေနတ်ဖြင့်ချိန်ကာ ကားလမ်းမသို့ခေါ်ပြီး ခြိမ်းခြောက်ကာ တနေ့လုံး နေပူထဲတွင် စစ်ဆေးမေးမြန်းကြောင်းသိရသည်။
“ကလေးများနဲ့ ကျောင်းသူကျောင်းသားများကိုလည်း မင်းတို့လည်း ကြီးလာရင် KIA စစ်သား များဖြစ်လာမှာပဲ။” ဆိုပြီး ကလေးငယ်များကိုမကျန် ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးပြောသည်။
စိုးရိမ်ကြောက်ရွံ့နေသောကျေးရွာသားများသည် ၎င်းရွာမှ ၃ မိုင်ဝေးသည့် ကားမိုင်းသို့အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။
ယခုချိန် စစ်ပြေးဒုက္ခသည် ၁၇၀ ကျော်သည် ကားမိုင်း နှစ်ခြင်းဘုရားကျောင်းတွင် ရောက်ရှိနေပြီး တချို့သည် ဆွေမျိုးများနေအိမ်တွင်နေထိုင်ကာ အခက်ခဲရင်ဆိုင်နေကြသည်။
၎င်းဒုက္ခသည်များကို မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ကျပ်ငွေ ၅ သိန်းကူညီပြီး ကားမိုင်းပြည်ခိုင်ဖြိုးမှလည်း ဆန် ၅ အိတ်ကူညီခဲ့ကြောင်း စစ်ပြေးကူညီသူတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
အောက်တိုဘာ ၂၂ ရက်တွင် နန်စီးအင် (Nam Si In) အစိုးရ မူလတန်းကျောင်းမှ လစဉ်စာမေးပွဲကို ရှိမည်ဖြစ်သော်လည်း စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသော ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲ မဖြေ ဆိုနိုင်တော့ပေ။
ထို့ကြောင့်ကျောင်းအုပ်နှင့် သက်ဆိုင်ရာများက ကျောင်းသူကျောင်းသားများ စာမေးပွဲ ဖြေဆိုနိုင်မည့် ရက်ကိုညှိနှိုင်းနေကြောင်းသိရသည်။
၎င်းမြန်မာအစိုးရ လှုပ်ရှားတပ်သည် ကျေးရွာများသို့ အကြောင်းမဲ့ ရောက်ရှိလာကာ ယခုကဲ့သို့ ဒေသခံများကို နှိပ်စက်ညှင်းဆဲမှုများပြုလုပ်လာသောကြောင့် နမ်စီးအင် (Nam Si In) အနီးရှိ ကထန်ယန် (Kahtan Yang) ကျေးရွာနှင့် လွယ်ဆိုင်း (Loi Seng) ကျေးရွာသားများလည်း စိုးရိမ်ထိတ်လန့်နေကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက် စနေနေ့တွင် အပြစ်မဲ့ နမ်စီးအင်ကျေးရွာ ဆယ်အိမ်မှူး ဦးနိုင်လင်းနှင့် လဂယောမ်ဂွန်း (Lagyawm Gun) ၂ ဦးကို ၎င်းလှုပ်ရှားတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  ယနေ့ထိ မလွတ်ပေးသေးကြောင်း ဒေသခံများပြောသည်။

http://kachinnews.com/burmese/news/980-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%9C%E1%82%88%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BD-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%9B%E1%80%BC%E1%80%AC%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%86%E1%80%80%E1%80%B9%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%BB%E1%80%96%E1%80%85%E1%80%B9-%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%86%E1%80%AE%E1%80%B8%E1%82%8F%E1%80%BD%E1%80%AD%E1%80%95%E1%80%B9%E1%80%85%E1%80%80%E1%80%B9.html

October 22, 2012

ကေအိုင်အိုနဲ့ ဆက်သွယ်မှု ပစ်ဒဏ်ချမှတ်

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနားမြို့က ဦးလထော် ဘရန်ရှောင် ကို မြစ်ကြီးနားမြို့နယ်တရားရုံးက အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ ညနေ ၃ နာရီခွဲအချိန်မှာ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့ည ၉ နာရီအချိန်က ကချင်ပြည်နယ် ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည် စခန်းမှာ နေထိုင်နေစဉ်မှာ ဦးလထော်ဘရန်ရှောင် ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့နဲ့ ဒုရဲအုပ်ကျော်မျိုးနိုင်တို့ကမတရားသင်းနဲ့ဆက်သွယ်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အခုဆိုရင် သူဟာ ၄ လလောက် ဖမ်းဆီးခံထားရတာဖြစ်ပြီး ၊ တာဝန်ရှိသူတွေက သူ့ကိုစစ်ဆေးစဉ်မှာ ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဦးဘရန်ရှောင်လွတ်မြောက်ဖို့အတွက် လူအင်အား ၁၀၀၀
ဝန်းကျင်ရှိတဲ့မြစ်ကြီးနားမြို့ပေါ်က ဒေသခံတွေနဲ့ခရစ်ယာန်အသင်းတော် တို့က ဆန္ဒဖေါ်ထုတ် ဆုတောင်းခဲ့ကြပါတယ်။


http://www.rfa.org/burmese/news/branshaun-arrest-10222012123156.html

October 20, 2012

KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား  တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့
သည့် တနှစ်ကျော်ကာလအတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းမှ ဒေသခံပြည်သူများ ဖမ်းဆီးခံရသူ အနည်းဆုံး ၃၂ ဦးခန့် ထောင်ဒဏ် ချမှတ်ခံရပြီး ဖြစ်ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ မြစ်ကြီးနားမြို့နယ် တရားရုံးက အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခြင်းခံရသူ ၁၉ ဦးအထဲမှ ၁၂ ဦးအား ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုုး၊ မူဆယ် စသည့် မြို့နယ် တရားရုံး
များက အဆိုပါ ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်လိုက်သူ အနည်းဆုံး ၂၀ ဦးခန့်ရှိသည်ဟု ရှေ့နေ ဂျီမာခါးက ပြောသည်။

“ဒီနှစ်ဦးနဲ့ဆိုရင် မြစ်ကြီးနားမှာပဲ ၂၀ ကို အမိန့်ချပြီ။ ရှမ်းပြည်နယ် လာရှိုးမှာ ၁၀ ဦးကျော်တယ်။ မူဆယ်မှာက ၁၀ ဦးဝန်းကျင် ချပြီးသွားပြီ။ အားလုံး ၂၀ လောက် အမိန့်ချလိုက်တယ်။ ၃၀ ကျော်ရှိနေပြီ။ အဲဒီထဲက လွတ်မြောက်လာ
တာ မကြားသေးဘူး။ အကုန်လုံးကို အမိန့်ချလိုက်တယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။

အခြား မိုးညှင်း၊ ဗန်းမော်စသည့် မြို့နယ် တရားရုံးများမှ အမိန့်ချမှတ်သူများ စာရင်း မပါဝင်သေးကြောင်း သူက ဆိုသည်။ 

မြစ်ကြီးနားမြို့နယ် တရားရုံးမှ အမိန့်ချလိုက်သူ ၁၉ ဦးထဲမှ ရ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့သည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပြီးနောက် မတရားအသင်းနှင့် ဖောက်ခွဲမှုတို့ဖြင့် ဖမ်းဆီးခံရသူ ရ၀ ဦးခန့် ရှိရာမှ ယခု ၃၀ ကျော် အမိန့်ချပြီး ဖြစ်၍ ၄၀ ဦးခန့်မှာ တရားစွဲဆို ခံနေရဆဲ ဖြစ်သည်။

၎င်းတို့ကို အစိုးရ စစ်တပ်နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့များက ဖောက်ခွဲမှု ပုဒ်မ ၃၊ မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် KIO နှင့် ပတ်သက်သူများဟု စွပ်စွဲ၍ အနည်းဆုံး ၆ လမှ ၂ နှစ်ထိ ထောင်ဒဏ် ချမှတ်ခဲ့သည်ဟု သိရှိရသည်။

သောကြာနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ကိုဘရန်ရှောင် ဆိုသူအား မတရားအသင်းပုး်မဖြင့် စွပ်စွဲဖမ်းဆီးခဲ့ပြီး
နောက် ခြောက်လှန့်တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်ဟု အခြား အမည်မဖော်လိုသူ
ရှေ့နေတဦးက ပြောသည်။

“ဒီနေ့ ဘရန်ရှောင်ကို ပုဒ်မပြောင်းပြီးတော့ တနှစ်ချလိုက်တယ်၊ အစက ၁၇(၁) နဲ့စွဲတယ်။ နောက်ပိုင်း ရှေ့နေတွေက
နေ ပြန်ကြိုးစားပေးလို့ ခြောက်လှန့်တောင်းယူမှု ၃၈၄ နဲ့ ချလိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ အာဏာပိုင်များက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အဖွဲ့အစည်းမှ မဟုတ်သော်လည်း ထိုလက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်သွယ်သူများ၊ မတရားအသင်းအဖြစ် သတ်မှတ်ခံထားရ
သော အဖွဲ့အစည်းများနှင့် ဆက်သွယ်သူများအား အဆိုပါ မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ်ချမှတ်လေ့ရှိ
သည်။

ဇူလိုင်လ ၁၇ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသား ဒေသများမှ အပြစ်မဲ့ ပြည်သူများ ထောင်ကျခံ
နေရခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင်နေသဖြင့် မတရားအသင်း အက်ဥပဒေ ရုတ်သိမ်းရန် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က တင်သွင်းခဲ့သည်။

မေလဆန်းပိုင်းက ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ အမှု စုစုပေါင်း ၅၀ ခန့်၏ အမည်စာရင်းများ နှင့် ၎င်းတို့အား လွှတ်ပေး
ရန် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား လိမ်မူ၍ သက်ဆိုင်ရာ တရားရုံးများသို့မိိတ္တူပြုကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က တင်ပြခဲ့သည်။

အဆိုပါ ၁၇(၁) ဖျက်သိမ်းရန် မလွယ်ကူသော်လည်း တရားရုံးများတွင် ထိုအမှုဖြင့် စွပ်စွဲဖမ်းဆီးထားသူများအား လွှတ်ပေးခြင်း သို့မဟုတ် တခြားပုဒ်မများဖြင့် ပြောင်းလဲ၍ အမိန့်ချမှတ်ခြင်းများ ရှိနေပြီ ဖြစ်ကြောင်း ဒေါ်ဒွဲဘူက
ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေတရားရုံးတွေမှာ ဥပဒေနဲ့ မညီတဲ့ဟာတွေကို လွှတ်ပေးဖို့ စာဝင်လာတယ်။ အခုတော့ ကွင်းလုံးကျွတ် လွှတ်တာတွေ ရှိတယ်။ ပုဒ်မ ပြောင်းပြီးတော့ လွှတ်ပေးတာတွေလည်း ရှိလာပြီ။ ဒါက ဒီလို တင်ပြ
ထားတဲ့ effect (သက်ရောက်မှု) တခုတော့ ဖြစ်တယ်”ဟု မဇ္စျိမကို ပြောသည်။

ယခင် အစိုးရနှင့် ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲခဲ့သဖြင့် KIO ကို မတရားအသင်းမှ ဖျက်သိမ်းထားပြီးဖြစ်ရာ ယခု သမ္မတ အနေဖြင့် ပြန်လည်ကြေညာပေးသင့်ကြောင်း “သမ္မတ ဒါကို ကြေညာပေးရမယ်။ ၁၇ ဖြစ်တဲ့နေရာ ကချင်မှာက ၉၄ မှာ ဖျက်ပြီးသား။ ဒါကို ပြန်ဖမ်းနေတယ်ဆိုတော့ ဒီကိစ္စကို ပြန်သမ္မတက ကြေညာရမှာ။ ဒါကို မကြေညာဘဲ ပြန်ဖမ်းနေတယ်ဆိုတော့ ဒီချွတ်ယွင်းချက်ကို ဖျက်ချရမယ်” ဟု ဒေါ်ဒွဲဘူ က ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့်  ငြိမ်းချမ်ရေးဖော်ဆောင်မှု ဆောင်ရွက်နေချိန်မှာ ဖမ်းဆီးထောင်ချနေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းတွင် ထိခိုက်ကြောင်းလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောဆိုသွားသည်။

http://www.mizzimaburmese.com/news/inside-burma/10292-kio-------.html

October 4, 2012

ကချင် ရိုးရာနှင့် စီးပွားရေး အဖွဲ့တစ်ခု KIO မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်မည်


KITACES-Maijayang
ကေအိုင်အို မိုင်ဂျာယန် မြို့၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ပထမဦးဆုံး ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူများ အားလုံးပူးပေါင်းပါဝင်သည့် “Kachin International Trading and Cultural Exchange Society (KITCES)” အဖွဲ့တစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ရုံးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် စီးပွားရေးကိုဖွဲ့စည်းခြင်းသည် ရိုးရာနှင့် စာပေကဏ္ဍများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ ဆလန်အင်ခွမ်ဂမ် (Salang Nhkum Gam) က ပြောသည်။
အဆိုပါအဖွဲ့စည်း ရုံးဖွင့်ခြင်းအားဖြင့် လယ်ယာလုပ်ကိုင်သည့် ပြည်သူလူထုများ အစုရှယ်ယာများထည့်ဝင်ကာ၊ လုပ်ငန်းရှင်များလည်း အစိုးရ (KIO) မှ အခွင့်အရေးများမရရှိသော်လည်း အဆိုပါက KITCES အဖွဲ့မှ ကူညီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းပြောသည်။
“ဒီခေါင်းစဉ်နဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ သို့ ဖေဖော်ရီ ၂၀ ရက်ကျော်မှာ တင်ပြတယ်။ ဒါပေမယ့် သူတို့ဘက်က အော်ဒါထုတ်ပေးလို့လဲမရ အရင်းအနှီးထုတ်ပေးဖို့လဲမရဘူးဆိုတော့ ဒီမှာကျွန်တော်တို့ ဖြစ်နိုင်သလောက်နဲ့ စတင်ဖွင့်တာလာ ဟုတ်တယ်။” ဟု အားလုံးသဘောတူထောက်ခံခဲ့ကြောင်း ပြောသည်။
“ခုလိုရုံးဖွင့်ခြင်းဟာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့သူများ ကိုယ်သိတဲ့ ပညာတွေနဲ့ ကိုယ့်အမျိုးသားများကို ပြန်လည် ပညာတွေသင်ပေးနိုင်တယ်။  ဦးဆောင်နိုင်တယ်။ ရုံးမရှိဘူးဆိုရင် လိပ်စာမရှိဘူးဆိုရင်မကောင်းဘူး။ ကျွန်နော်တို့ စီးးပွားရေးလုပ်ချင်ရင် အခွင့်အရေးကို ဘဏ္ဍာရေးဘက်ကိုတောင်းတယ်။ ပညာရေးဘက်ဆိုရင်  ပညာရေးဌာနမှာပြောဆို ညှိနှိုင်းသွားပြီးလုပ်ဆောင်သွားမယ်။”  ဟုဆက်ဆိုသည်။
၄င်း KITCES အဖွဲ့ကို ယခင် KIO စစ်မှုထမ်းဟောင်း ဖြစ်သော ဦးဓါမျှာမောရှေ (Da Mya Maw She) ဦးဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မကြာမီပြုလုပ်မည့် ဖွင့်ပွဲသို့ တရုတ်နယ်စပ်၊ ကချင်ရိုးရာယဉ်ကျေးမှုရုံးများ၊ လုပ်ငန်းရှင်များနှင့် နီးစပ်ရာများသို့ တဦးချင်းဆီကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
မိုင်ဂျာယန် KITCES ရုံးဖွင့်ပွဲတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှ ကချင်ကိုယ်စားလှယ်များလည်း တက်ရောက် မည်ဖြစ်ကြောင်းသိရသည်။
ယခုချိန်သည် မြန်မာအစိုးရတပ်နှင့် KIO ကြားတိုက်ပွဲများကြောင့် မငြိမ်မသက်ဖြစ်နေချိန်ဖြစ်သော်လည်း အားလုံးစိတ်သဘောညီညွှတ်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်ဆိုသည်။
လုပ်ငန်းစဉ်များကို မည်ကဲ့သို့အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ကိုလည်း ရုံးဖွင့်ပွဲတွင် တက်ရောက်လာမည့် ပြည်သူလူထု လုပ်ငန်းရှင်များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

http://kachinnews.com/burmese/news/967-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%9B%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%90%E1%80%85%E1%80%B9%E1%80%81%E1%80%AF-kio-%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC%E1%80%9A%E1%80%94%E1%80%B9%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%BD%E1%80%85%E1%80%B9%E1%80%99%E1%80%8A%E1%80%B9.html

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု သမ္မတ ကာကွယ်ခြင်းကို KNO ဝေဖန်

SAMချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ် ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားများ အစည်းအရုံး KNO မှ ကန့်ကွက်လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ဦးသိန်းစိန် အမေးအဖြေ ကဏ္ဍတွင် အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ “တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်နေခြင်း ဖြစ်သော
ကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု မစွပ်စွဲသင့်ကြောင်း” ဖြေကြားခဲ့ခြင်းအား ထိုင်းနိုင်ငံ အခြေစိုက် KNO က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“သမ္မတ က ဒီကချင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဥပဒေအရ လုပ်တယ် ဆိုတော့ ဒါက ဘယ်ဥပဒေမှ မတွေ့ပါဘူး။ လူတွေကို နှိပ်စက်တာ၊ သတ်တာတွေက ဘယ်ဥပဒေမှာမှ လုပ်နိုင်တယ်ဆိုတာ မရှိဘူး။ နောက် KIO က စစ်မရပ်လို့ သူတို့က ခုခံစစ် တိုက်ရတယ်ဆိုတဲ့ အချက်ကလည်း မဟုတ်ဘူး။ မြန်မာပြည်မှာ ရှိတဲ့ စစ်တပ်တွေ ရှိရှိသမျှ ကချင်ပြည်မှာ တိုက်နေတာ။ ပို့နေတာ ဖြစ်တယ်” ဟု KNO ဥက္ကဋ္ဌ ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောသည်။


ထိုသို့ ပြောဆိုနေခြင်းသည် သမ္မတအနေဖြင့် မြန်မာပြည်သူများအား တန်ဖိုးမထားခြင်းကို ထုတ်ဖော်လိုက်ခြင်းနှင့် စစ်ပြေးဒုက္ခသည်များကို လျစ်လျူရှု့ရာ ရောက်ကြောင်း ကြာသပတေးနေ့ထုတ် KNO ကြေညာချက်တွင် ပါရှိသည်။

“သမ္မတ ဦးသိန်းစိန် မှားတာ မဟုတ်ဘူး။ KIO လည်း မှားတာ မဟုတ်ဘူး။ မှားတာက အခြေခံဥပဒေကိုက မှားနေတယ် ဆိုတော့ အဲဒီအခြေခံဥပဒေကို ပြုပြင်မှုမှတပါး ကျနော်တို့မှာ ဆေးမရှိဘူး။ အဲဒါကို ပြောချင်တာပါ။ အခြေခံဥပဒေ မှားနေတာကို အတူနေဖို့ဆိုတာ မလွယ်တော့ အမြဲတမ်းပဲ တိုက်ပွဲဖြစ်မှာပဲ” ဟု ဒူဝါ ဘောမ်ဝမ် လရော် က ဆိုသည်။

အစိုးရတပ်များမှာ ကချင်ပြည်နယ် နေရာအနှံ့တွင် စစ်လက်နက်အင်အားများ ဖြည့်တင်းနေဆဲ ဖြစ်ပြီး ဖားကန့်မြို့နယ်၊
မြစ်ကြီးနား-ဗန်းမော်လမ်း၊ KIO ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောဆိုသွားသည်။

KNO ၏ United Kachinland Army-UKA တပ်ဖွဲ့ကို ဇွန်လ ၂၈ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးနောက် KIO နှင့်အတူ ပူးပေါင်းလိုက်ပြီး ဖြစ်သည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ဖွဲ့စည်းခဲ့သော်လည်း KIO နှင့် KIO တို့အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာရာမှ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ဖွဲ့သဘောထား
ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်အမျိုးသား ကျောက်လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ရာ မှ ထိုင်း၊ အမေရိကန်၊ ဂျာပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ တိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နှင့် တရုတ် စသည့် နိုင်ငံများတွင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

လွန်ခဲ့သည့်နှစ် ဇွန်လက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေနှင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယခုနှစ် ဇွန်လ ၁ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီးနောက် ထပ်မံ တွေ့ဆုံမည့် ရက်နှင့်နေရာကို နှစ်ဘက် ညှိနှိုင်း၍မရသေးဘဲ ဖြစ်နေသည်။

သို့သော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ အမေရိကန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီး ဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း KIO နှင့် ပြန်လည် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10207--kno-.html

October 3, 2012

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို KIA တုန့်ပြန်

ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာဟာ အစိုးရ အပစ်ရပ်ဖို့ အမိန့်ပေး ထားပေမယ့် KIA ကချင် လွတ်လပ်ရေး အဖွဲ့ဘက်က အပစ်ရပ်ဖို့ ညွှန်ကြားတာမျိုး မရှိလို့ ဖြစ်နေရတာ ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ဟာ လက်ရှိ ပြည်တွင်းရေး ပြဿနာကနေ ရှောင်လွှဲလိုတဲ့ သဘော ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်း က ဘီဘီစီကို ပြောပါတယ်။
ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ရုံမှအပ အပစ်ရပ်ဖို့ အစိုးရတပ်တွေကို အမိန့်ပေးထားပေမယ့် KIA တပ်တွေက အစိုးရတပ်တွေ ရိက္ခာပို့ရာ လမ်းကြောင်းတွေမှာ မိုင်းခွဲ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါတယ်။
KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းကတော့ လက်ရှိမှာ အစိုးရတပ်တွေနဲ့ KIA အကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေရာမှာ သွားရင်း လာရင်းနဲ့ ပစ်ခတ်တာမျိုး ရှိသလို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး၊ KIA တပ်စခန်းငယ်တွေကို ဝင်ရောက် ရှင်းလင်း ပစ်ခတ်တာမျိုးတွေကြောင့် တိုက်ပွဲတွေ ဖြစ်ရတာလို့ ပြောပါတယ်။
အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြောပြီးနောက်ပိုင်း အစိုးရတပ်တွေဘက်က စခန်းသိမ်း တိုက်ပွဲတွေ အတော်များများ လုပ်ခဲ့ကြောင်း၊ အစိုးရဘက်က အသာစီးရနေတဲ့ အခြေအနေမျိုးမှာ KIA ဘက်က အပစ်ရပ်မိန့် ပေးဖို့ မဖြစ်နိုင်ကြောင်း ဦးလနန်းက ပြောပါတယ်။
နှစ်ဘက်အကြား ပြဿနာဟာ တွေ့ဆုံ ဆွေးနွေးပြီးမှ ပြေလည် နိုင်မယ့် ကိစ္စ ဖြစ်တာမို့ တွေ့ဆုံ ဆွေးနွေးမှုကတော့ လုပ်ကို လုပ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။
ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဦးအောင်မင်းတို့နဲ့ နှုတ်အားဖြင့် သဘောတူခဲ့တဲ့ Justice and Negotiation Centre ရုံးခန်းကို နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ဖွင့်လှစ် လိုက်နိုင်တဲ့ ကိစ္စက နှစ်ဘက်အကြား ပြန်လည် တွေ့ဆုံ ဆွေးနွေးဖို့ လမ်းစ ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့အနက် လက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့နဲ့ လောလောဆယ် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

  ဆက်စပ်အကြောင်းအရာများ

 http://www.bbc.co.uk/burmese/burma/2012/10/121003_kia_fighting.shtml
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India