November 3, 2012

မြန်မာအစိုးရတပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ဖားကန့် ပြည်သူ ၃ ဦး ဒဏ်ရာရ


မြန်မာအစိုးရတပ်သည် ကချင်ပြည်နယ် ကျောက်စိမ်း ထွက်ရှိရာဒေသ ဖားကန့်မြို့တွင် ယမန်နေ့ နိုဝင်ဘာ၂ ရက်နေ့က ၁ နာရီမှ ၃ နာရီချိန်ထိ ဖားကန့်ဗျူဟာကုန်းမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အင်ဘားလခ (Nba La Hka) ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အင်ဘားလခ ကျေးရွာသို့ အမြောက်ဆံ ၂ ခု ကျရောက်ပေါက်ကွဲပြီး ကချင်အမျိုးသား ညီအစ်ကို ၂ ဦးနှင့် ရှမ်းအမျိုးသား ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိကာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။
မြန်မာအစိုးရတပ်သည် ဖားကန့်ဗျူဟာကုန်းနှင့် မြောက်ဖြူမှော် ၂ နေရာမှ အမြောက်များဖြင့် ၅ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ဗျူဟာကုန်းကနေ ၂ ခု ၂ ခု ပစ်တယ်။ မြောက်ဖြူ ၂ နေရာကပစ်တာ ဗျူဟာကုန်းက လက်နက်ကြီး ၂ ခုနဲ့ ပစ်တယ်။ ၄ ခု စီ နဲ့ပစ်တာ ဟိုဘက်ပစ်လိုက် ဒီဘက်ပစ်လိုက်လုပ်နေတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြောက်ဖြူတွင်ရှိသော မြန်မာအစိုးရခြေလျင်တပ်ရင်းသည် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) တောင် များသို့ပစ်ခတ်ပြီး ဖားကန့်ဗျူဟာကုန်းတွင်ရှိသော အမြောက်တပ်သည် မှော်မော်ဘွမ် (Mawmau Bum) ကုန်းသို့ပစ်ခတ်ရာတွင် မှော်မော်လယန် (Mawmau Layang) အထက်ရှိ အင်ဘားလခ (Nba La Hka) ကျေးရွာသို့ ကျရောက်ပေါက်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) များရှိသည့် လမောင်ကောင် (Lamawng Kawng)၊ ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် မှော်မော်ဘွမ် (Mawmau Bum) ကျေးရွာများသို့ ၂ နေရာမှ အမြောက် ၁၀၅  နှင့်  ၁၂၀ မမ ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါမြန်မာအစိုးရအမြောက်တပ်သည် သြဂုတ် ၂၉ ဝေအောင်ကမ္ဘာကုမ္ပဏီ ပေါက်ကွဲခဲ့ပြီးချိန်မှ ရောက်ရှိလာခြင်းဖြစ်သည်။ အစိုးရတပ်ဖက်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ပြန်လည်ပစ်ခတ်ခြင်း မရှိကြောင်းပြောသည်။
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေ ကျောက်စိမ်းကောင်းထွက်ရှိသည့် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) နယ်မြေများကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများသုံးသပ်နေပါသည်။

http://kachinnews.com/burmese/news/987-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C%E1%80%80%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0-%E1%81%83-%E1%80%A5%E1%80%AE%E1%80%B8-%E1%80%92%E1%80%8F%E1%80%B9%E1%80%9B%E1%80%AC%E1%80%9B.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India