Saturday, December 08, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး(CNF)တို့ရဲ့
ပြည်ထောင်စုအဆင့် ဒုတိယနေ့ ဆွေးနွေးပွဲကို စနေနေ့က ရန်ကုန်မြို့
ရွှေတောင်ကြားမှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆက်လက်
ကျင်းပခဲ့ကြပါတယ်။
Photo: RFA/Nay Myo Tun
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ရဲ့
ပြည်ထောင်စုအဆင့် အကြိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ရ ရက်နေ့တွင်
မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပခဲ့စဉ်
၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရအနေနဲ့
ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ အခက်အခဲတွေရှိနိုင်တာကြောင့်
အခုလက်ရှိအစိုးရလက်ထက်မှာပဲ ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးဆုံးအောင်
ဖော်ဆောင်သွားချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ
ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က
တက်ရောက်သတင်းယူတဲ့ မီဒီယာတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ
အချက်ပေါင်း ၃၁ ချက်ထဲက တဝက်လောက်ကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး မနက်ဖြန်
ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ရ ရက်နဲ့ ၈ ရက်
နှစ်ရက်ဆွေးနွေးမယ်လို့ စီစဉ်ထားပေမဲ့၊ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေဟာ
နယ်မြေခွဲခြားရေးကိစ္စတွေ စစ်ရေးကိစ္စတွေ ပါဝင်နေတဲ့အတွက်
မပြီးပြတ်သေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
http://www.rfa.org/burmese/news/mmgov-chin-peace-talk-12082012100704.html
Posted in: CNF,CNFတွေ့ဆုံဆွေးနွေးမှု,ချင်း,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook