ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အနှစ် (၆၀)
ကျော်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေလျက် ရေရှည်
တည်တံခိုင် မြဲသော ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်ခြင်းအလို့ငှာ အောက်ပါ
အဆင့်သုံးဆင့်ပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်ထောင်စု ငြိမ်း
ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့က
နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ကြပါသည်။

(က) စစ်ရေးအပါအဝင် ရန်မူပစ်ခတ် တိုက်ခိုက််မှုများကိုရပ်ဆိုင်းခြင်း၊
(ခ) ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပခြင်း၊
(ဂ) ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် ပြည်ထောင်စုညီလာခံကြီးတစ်ရပ်ကျင်းပ၍ “ပြည်ထောင်စု
သဘောတူစာချုပ်” တစ်ရပ်ကို ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်စွာ
လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်ခြင်း။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌
ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့အကြား အချက် (၉)ချက်
ပါဝင်သော အပစ်အ ခတ် ရပ်စဲရေးသဘောတူညီချက်ကို လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ
(၇) ရက်နေ့တွင် ဟားခါးမြို့၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေးဆွေးနွေးရေး
အဖွဲ့ကိုယ်စားလှယ်များနှင့် ချင်းအမျိုးသားတပ်ဦး
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် ချင်းငြိမ်းချမ်းရေး
အကျိုးတော်ဆောင် များ၊ ပြည်ထောင် စုငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို
အသိသက်သေအဖြစ် ပါဝင်စေလျက် အချက်(၁၅) ချက်ပါ ပြည်ထောင်စုအဆင့်
သဘောတူညီချက်များကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။
ယင်းသဘောတူညီချက်များအား ပြည်ထောင်စုငြိ်မ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီနှင့် ချင်းအ မျိူးသားတပ်ဦး ငြိ်မ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့မှ
ထပ်လောင်း အတည်ပြုပါသည်။
၂၀၁၂ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး
ဆွေးနွေးရေးအဖွဲ့ဝင်များ နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ချုပ်ဆိုထား
သည့် သဘောတူညီချက် အပိုဒ်(၄)တွင် ပါရှိသည့် “နိုင်ငံရေး
တွေ့ဆုံဆွေနွေးရာတွင် အခြေခံရမည့်မူဝါဒ” များဖြစ်ကြသော ဒို့တာဝန်အရေးသုံး
ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ
ခိုင်မြဲရေး တို့အပြင် ဒီမိုကရေစီ ထွန်းကားရေး၊ ပြည်ထောင်စုအရေးနှင့်
တိုင်းရင်းသားလူမျိုးများအရေး တို့ဖြစ်သည့် ပင်လုံစိတ်ဓါတ်ကိုအခြေခံသော
တန်းတူညီမျှရေးနှင့် တိုင်းရင်း သားလူမျိုးများ၏ ကိုယ်ပိုင်
ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့်
ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးတို့ကို ဤသဘောတူညီ ချက်ပါ ငြိမ်း
ချမ်းရေးဖြစ်စဉ် ဒုတိယအဆင့်နှင့် တတိယအဆင့်များတွင် အခြေခံရမည့်
“အခြေခံမူဝါဒ” များ အဖြစ် ထပ်လောင်း အတည်ပြုပါသည်။
လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတည်းဟူသော
လောကပါလတရားများ ထွန်းကား၍ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တ့ံ ခိုင်မြဲသော
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဤသဘောတူညီချက်ကို
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့်
ချင်းအမျိုးသား တပ်ဦးငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည်
ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့၊ ချင်းငြိမ်း ချမ်းရေးအ
ကျိုးတော်ဆောင်အဖွဲ့နှင့် လေ့လာသူများရှေ့၌ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉
ရက်နေ့တွင် ဤသဘောတူညီချက်များကို လက်မှတ်ရေးထိုးကြပါသည်။
ချင်းအမျိုးသားရေးဆိုင်ရာသဘောတူညီချက်
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သည် ၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်း
အက်ဥပဒေ (The Chin Hills Regulation, 1896) ဖြင့် အုပ်ချုပ် ခဲ့သော
ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes
Regulation) ဖြင့်အုပ်ချုပ်ခဲ့သော ကချင်တောင် တန်းဒေသ၊ ပြည်ထောင်စု
ရှမ်းပြည်အက် ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်ခဲ့သော
ပြည်ထောင်စုရှမ်းပြည် နှင့် (The Government of Burma Act, 1935) အရ
အုပ်ချုပ်ခဲ့သော နယ်မြေများကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်
ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်သည့်
ပြည်ထောင်စုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား
လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက် ထား သည့် နိုင်ငံဖြစ်သည်နှင့် အညီ
ပင်လုံညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား
လူမျိုးပေါင်းစုံ ရည်မှန်းခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးများအကြား
တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်သည့်
ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း
ဆွေးနွေးဆောင်ရွက်ရန် သဘောတူကြ ပါသည်။
(၂) ချင်းအမျိုးသားတို့၏ အမြတ်တနိုးတန်းဖိုးထားသည့် နေ့ရက်ဖြစ်သည့်
ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ်ပြန်လည်သတ် မှတ်ရန်
နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ရက်အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်တို့ ကို
ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။
(၃) ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်သည့်
ဇန္နဝါရီလ (၃) ရက်နေ့အား ချင်းပြည်နယ်နေ့ အဖြစ်သတ်မှတ်ရေးကို
ချင်းပြည်နယ်အစိုးရက ဆက်လက်ဆောင်ရွက်ရန် သဘောတူ သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်
(၄) ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား
အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ကို ၂၀၁၂ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်နေ့တွင်
ချုပ်ဆိုပြီးနောက် အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း ချင်းအမျိုးသားတပ်ဦးနှင့်
ပြည်သူလူထုအကြား ဆက်သွယ်ဆက်ဆံမှုအားလုံး ကို နိုင်ငံရေး ပါတီများ
မှတ်ပုံတင်ခြင်းဥပဒေအရလည်းကောင်း၊ မတရားအသင်းအက်ဥပဒေအရလည်းကောင်း
အရေးယူခြင်း မပြုလုပ်ရန် သဘောတူသည်။ သို့ရာတွင်
ထိုသို့ဆောင်ရွက်မှုများသည့် အခြားပြဌာန်းထားသည့်ဥပဒေများ နှင့်
ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(၅) ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ညှိနှိုင်း၍
လွတ်လပ်သော ချင်းလူ့အခွင့်အရေး ကော်မတီကို ဖွဲ့စည်းရန် သဘောတူသည်။
ယင်းကော်မတီသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်၊
ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့သို့
အစီရင်ခံစာတင်သွင်းရမည်။
ယင်းသို့ အစီရင်ခံ တင်ပြရာတွင်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ နိုင်ငံတကာလူ့အခွင့်အရေး
ဥပဒေများ၊ နိုင်ငံတကာလူသား ချင်းစာနာမှုဥပဒေများကို အခြေခံတင်ပြရန်
ဖြစ်သည်။
(၆)
ချင်းပြည်နယ်အတွင်းရှိဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်
မှုများအပေါ် လေ့လာမှုများ ပြုလုပ် သွားမည်။ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ
အကျိုးသက်ရောက်မှုများအား လေ့လာနိုင်ရေးအတွက်
အကျိုးသက်ရောက်မှုလေ့လာရေးကော်မတီ တစ်ရပ် ကို လွတ်လပ်သော ကျွမ်းကျင်သူ
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်သဘောတူသည်။ ချင်းပြည်နယ်အတွင်း မြေပေါ်၊
မြေအောက် သယံဇာတ ထုတ်လုပ် ရာ တွင် ဒေသခံပြည်သူလူထု၏ ဆန္ဒကို ဦးစားပေး
ထည့်သွင်း စဉ်းစားမည့် (Free Prior Informed Consent) လုပ်ထုံးလုပ်နည်းကို
ဆောင်ရွက်ရန် သဘောတူသည်။
စစ်ဘက်ဆိုင်ရာသဘောတူညီချက်
(၇) မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး
တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များမှ
လိုက်နာစောင့်ထိန်းအပ်သော စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများအား
တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စုအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင်
ထည့်သွင်းဆွေး နွေးရန် သဘောတူသည်။
(၈) (က) ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ဗန်ဇန်ကျေးရွာအုပ်စု၊
လုံဒိမ်းကျေးရွာအုပ်စု၊ ဘဲလ်ဟာရ်ကျေးရွာအုပ်စု၊ လုံလ်ပီးလုံကျေးရွာအုပ်စု
နှင့် တီးတိန်မြို့နယ်ရှိ ဒမ်ပီးကျေးရွာ အုပ်စုတို့တွင် ချင်းအမျိုးသား
တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင်များအား
အခြေချနေထိုင်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တစ်လအတွင်းစာဖြင့်
အကြောင်းပြန်ကြား ရန်သဘောတူသည်။
(ခ) ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
တင်ပြထားရှိသည့် ကျန်ကျေးရွာအုပ်စုများနှင့်စပ်လျဉ်း၍ တတိယ အကြိမ်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြန်လည်ဆွေးနွေးရန်
သဘောတူသည်။
(ဂ) ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၊
အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချင်း အမျိုးသားတပ်မတော်တို့သာ
နေရာချထားခွင့်ပြုရန် သဘောတူသည်။
(၉) ချင်းအမျိုးသားတပ်မတော်သားများ
တပ်လှုပ်ရှားမှုပြုလုပ်ရာတွင်လည်းကောင်း၊ တပ်အပြောင်း အရွှေ့ပြုလုပ်ရာ
တွင်လည်းကောင်း၊ ချင်းအမျိုး သားတပ်မတော် အခြေစိုက်နယ်မြေ အဖြစ်သတ်မှတ်ထား
သော ပြင်ပနယ်မြေသို့ လက်နက်ဖြင့် ဝင်ထွက်သွား လာရာတွင် မြန်မာ့တပ်မတော်၏
အနီး စပ်ဆုံး တပ်စခန်း သို့မဟုတ် နယ်မြေခံတပ်ရင်း သို့မဟုတ်
နယ်မြေခံဗျူဟာမှူး ထံအသိပေးအကြောင်းကြားရန် နှင့် နှစ်ဦးနှစ်ဖက်
သဘောတူညီမှု ရရှိမှသာ နယ်မြေ ဖြတ်သန်းခွင့် ပြုရန် သဘောတူသည်။
(၁၀) ပြည်ထောင်စုအစိုးရ နှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများစတင် ရပ်ဆိုင်းသည့် အချိန်မှစ၍
ချင်းအမျိုးသား တပ်ဦးအား တရားဝင်နေထိုင်ခွင့်ပြုထားသည့် နယ်မြေများနှင့်
ထိစပ် သည့်နေရာများတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဆိုပါက
နှစ်ဖက်အကြား သဘောတူညီမှု ရယူ ဆောင်ရွက်ရန် သဘောတူသည်။
(၁၁) ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသားတပ်မတော်သားများနှင့်
၎င်းတို့အခြေချသည့် သတ်မှတ် နယ်မြေများရှိ ချင်းပြည်သူလူထု၏ ဖွံ့ဖြိုးရေး
လုပ်ငန်းများအတွက် နိုင်ငံတကာ မိသားစုနှင့် အစိုးရမဟုတ် သော
အဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှုများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ
ချက်နှင့် အညီ တိုက်ရိုက် လက်ခံရယူခွင့် ပြုရန် သဘောတူသည်။
ဖွံ့ဖြိုးရေးဆိုင်ရာသဘောတူညီချက်
(၁၂) ပြည်ထောင်စုအစိုးရနှင့် ချင်းပြည်နယ်အစိုးရတို့သည်
ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချင်းအမျိုးသားတပ်ဦး၏
ဆောင်ရွက်မှု များကို တတ်နိုင်သ၍ အကူအညီများ ပေးသွားမည်။
ထိုသို့ဆောင်ရွက်ရာတွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ကော်မတီ သို့မဟုတ်
အဖွဲ့အစည်းတစ်ခု ကို တရားဝင်ထူထောင်ပြီး၊ INGO, NGO များနှင့်
ပူးပေါင်းဆောင်ရွက်ခွင့် ရှိကြောင်းသဘောတူသည်။
(၁၃) အပိုဒ် (၁၂) အရ ဖွဲ့စည်းထားသည့်ကော်မတီ သို့မဟုတ်
အဖွဲ့အစည်းအနေဖြင့့် ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် အောက်ပါ
အတိုင်းဆောင် ရွက်ရန်သဘောတူသည်။
(က) ချင်းပြည်နယ်တွင် လက်တွေ့ကျပြီး ရပ်ရွာများအနေဖြင့်
မိမိတို့ကိုယ်တိုင် ကမကထပြု၍ ဦးဆောင် အကောင်ထည်ဖော်သော စနစ်ကို အခြေခံ ကာ
ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(TORs) ကို ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အစိုးရနှင့့် ညှိုနှိုင်း
သတ်မှတ်၍ အကောင်ထည်ဖော်ဆောင်ရွက် ခြင်း၊
(ခ) ယင်းကနဦး လေ့လာမှုများ ပြုလုပ်ရေးအတွက် အရည်အချင်းပြည့်မီပြီး
အတွေ့အကြုံ ရှိသော နိုင်ငံတကာပညာရှင်များ ငှားရမ်းဆောင်ရွက် ပြီး
လေ့လာတွေ့ရှိချက်ကို ယင်းပညာရှင်များက ၂၀၁၃ခုနှစ်၊ ဇွန်လမတိုင်မီ
ချင်းအမျိုးသားတပ်ဦး၊ ပြည်ထောင်စု အစိုးရနှင့် ချင်းပြည်နယ်အစိုးရထံ
တင်ပြခြင်း၊
(ဂ) နိုင်ငံခြားပညာရှင်များက လေ့လာစူးစမ်းမှုပြုလုပ်နိုင်ရေးအတွက်
ယင်းတို့အားဝင်ထွက်ခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့်ပြု ရန် ပြည်ထောင်စု
အစိုးရ ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခြင်း။
(၁၄) ချင်းလူမျိုးများအကြား ဆက်သွယ်ရေး ပြေပြစ်ချောမွေ့စေရေးနှင့်
သတင်းမီဒီယာပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်မိမိတို့ မျိုးနွယ်စု
ဘာသာစကားဖြင့် ထုတ်လွှင့်မည့် Community Radio ထူထောင်ရေးအစီအစဉ်ကို
ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသား တပ်ဦးတို့မှ
ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူသည်။
(၁၅) ချင်းပြည်နယ်အတွင်း ကွန်ပျူတာ၊ အိုင်တီ ပညာရပ်များ
တိုးတက်ဖွံ့ဖြိုးရေး အတွက် ပြည်ထောင် စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့်
ချင်းအမျိုး သားတပ်ဦး တို့ ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူသည်။
(၁၆) ချင်းပြည်နယ်တွင် အထူးစီးပွားရေးဇုံများ ထူထောင်ရန်အတွက်
ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ် အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့
ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။
(၁၇) ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးအတွက် ချင်းပြည်နယ်အတွင်း
သင့်လျော်သည့် နေရာတွင် ခေတ်မီလေယာဉ်ကွင်း အနည်းဆုံး တစ်ခု တည်ဆောက်ရန်
ပြည်ထောင်စုအစိုးရက ကွင်းဆင်း လေ့လာမှုပြုလုပ်ပြီး
ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် သဘောတူသည်။
(၁၈) ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် တွန်းဇံမြို့နယ်မှ
ပလက်ဝမြို့နယ်အထိ ချင်းပြည်နယ်အတွင်းရှိ မြို့များအားလုံးကို
ဆက်သွယ်ပေးနိုင်သော လမ်းမကြီးဖောက်လုပ်လျက်ရှိရာ အဆင့်မီပြည်ထောင်စုလမ်းမ
ကြီးအဖြစ်သို့ တည်ဆောက်ရေးကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွား ရန်
သဘောတူ သည်။
(၁၉) ချင်းပြည်သူများ၏ လူမှုဘဝတိုးတက်ရေးအတွက်
အခြေခံလိုအပ်ချက်ဖြစ်သော ရေ၊ မီး အပါအဝင် စားဝတ်နေမှုဖူလုံရေး၊ ပညာရေးနှင့်
ကျန်း မာရေး လုံလောက်စွာ ရရှိရေးအတွက် ပြည်ထောင်စုအစိုးရ၊ ချင်း
ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်း၍အမြန်ဆုံး အကောင်
ထည်ဖော်ဆောင် ရွက်ရန် သဘောတူသည်။
(၂၀) ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ
တွင်တွင်ကျယ်ကျယ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ တကာ
ကမ္ဘာလှည့်ခရီးသည်များအား လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့်ကို
ပြည်ထောင်စုအစိုးရက အကောင်ထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။
လူမှုရေး နှင့် ယဉ်ကျေးမှုကိစ္စရပ်များဆိုင်ရာသဘောတူညီချက်
(၂၁) ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင်
ချင်းတိုင်းရင်းသားစာပေများကို မူလတန်းအဆင့် သင်ကြားခြင်း၊
ဆက်လက်တိုးမြှင့် သင်ကြားခြင်း တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရမှ
ဆက်လက်တင်ပြ အကောင်ထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။
(၂၂) ချင်းအမျိုးသားတို့ အမြတ်တနိုးတန်ဖိုးထားသော ယဉ်ကျေးမှုများ၊
ရိုးရာဓလေ့ထုံးတမ်းစဉ်လာ များကို အချင်းချင်းဖလှယ်နိုင်ရေး နှင့်
ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် “ချင်းယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး
သင်တန်းကျောင်း” အားချင်းပြည်နယ်အတွင်း သင့်လျော် သည့်နေရာများတွင်
ဖွင့်လှစ်ရန် သဘောတူသည်။
(၂၃) မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် ရှင်သန်ပွင့်လင်းရေးကို
ဦးထိပ်ထားသောအားဖြင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ သမ္မာကျမ်း
စာအုပ်အပါအဝင် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများ
လွတ်လပ်စွာရေးသားပုံနိုပ်ထုတ်ဝေခွင့်၊ ခရစ်ယာန်ဘာသာအပါအဝင် အခြားဘာသာများမှ
သာသနာပိုင် မြေယာများ ပိုင်ဆိုင်ခွင့်၊ ဘုရားကျောင်းများအပါအဝင်
ဘာသာရေးဆိုင်ရာ အဆောက်အအုံ များ ဆောက် လုပ်ပိုင် ခွင့်၊ နိုင်ငံတကာဘာ
သာရေးအသင်းအဖွဲ့များ နှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်၊ သာသနာ ပြုခွင့်၊
ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ လူမှုရေးနှင့် လူသာချင်း
စာနာထောက်ထားသော လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ
နှင့် ချင်းအမျိုးသားတပ်ဦးတို့ ညှိနှိုင်းဆောင်ရွက် ရန် သဘော တူသည်။
(၂၄) အစိုးရဝန်ထမ်း ရွေးချယ်ခန့်ထားရာတွင် လည်းကောင်း၊
ရာထူးအဆင့်တိုးမြှင့်ခြင်းများတွင် လည်းကောင်း၊ လူမျိုး၊
ကိုးကွယ်သည့်ဘာသာနှင့် လိင်ကွဲပြားမှုကိုအခြေခံ၍
ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန် သဘောတူသည်။
(၂၅) ချင်းပြည်နယ်အတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်၊
ရေဒီယို၊ အင်တာနက် နှင့် တီဗွီအစီ အစဉ် ထုတ်လုပ်ရေးလုပ်ငန်းများ၊
လူထုအခြေပြုအဖွဲ့အစည်းများဖွဲ့စည်းရေးကိစ္စရပ်များကို ဥပဒေနှင့်အညီ
မှတ်ပုံတင်ခွင့်၊ ထုတ်လုပ်ဖြန့်ချီလုပ်ကိုင်ခွင့် လိုင်စင်များ ကို
ထုတ်ပေးရန် သဘောတူသည်။
(၂၆) ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဥပဒေနှင့်အညီ
ရံပုံငွေရှာဖွေခွင့်ပြုရန် သဘောတူသည်။
(၂၇) ချင်းပြည်နယ်ပြင်ပတွင် နေထိုင်ကြသော
ချင်းလူမျိုးများဖွံ့ဖြိုးရေး၊ လူမှုရေး ပညာရေး အထောက်
အကူပြုလုပ်ငန်းများအတွက်လည်းကောင်း၊ ချင်းပြည်သူများ ချောမွေ့စွာ
ခရီးသွားလာနိုင်ရေးအတွက် လည်းကောင်း ချင်းပြည်နယ်ဂေဟာများကို နေပြည်တော်၊
ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကလေး၊ စစ်တွေနှင့် ဆိတ်ဖြူမြို့များတွင်
ပြည်ထောင်စုအစိုးရ ၊ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့
ပူးပေါင်းကာ တဖြည်းဖြည်း တည်ဆောက်သွားရန် သဘောတူသည်။
၂၈။ အထက်ဖော်ပြပါအချက်များကို သဘောတူညီကြပါသဖြင့် အောက်တွင် လက်မှတ်ရေးထိုးကြပါ သည် -
ပြည်ထောင်စုအဆင့် ချင်းအမျိုးသားတပ်ဦး (CNF)
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
၁။ ဦးအောင်မင်း ၁။ Pu Zing Cung
ပြည်ထောင်စုဝန်ကြီး အဖွဲ့ခေါင်းဆောင်
သမ္မတရုံးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးချုပ်
ချင်းအမျိုးသားတပ်ဦး
၂။ ဦးဝင်းထွန်း ၂။ Pu Thomas Thang Nou
ပြည်ထောင်စုဝန်ကြီး ဒုတိယအဖွဲ့ခေါင်းဆောင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဓိပတိကောင်စီဝင်
သစ်တောရေးရာဝန်ကြီးဌာန ချင်းအမျိုးသားတပ်ဦ
၃။ ဦးဟုန်းငိုင်း ၃။ Pu Paul Sitha
ဝန်ကြီးချုပ် အဖွဲ့ဝင်
ချင်းပြည်နယ်အစိုးရအဖွဲ့
အထွေထွေအတွင်းရေးမှူးချုပ်- ၁
———————
ချင်းအမျိုးသားတပ်ဦး
၄။ ဗိုလ်ချုပ်ဇော်ဝင်း ၄။ Dr. Sui Khar
ဒုတိယဝန်ကြီး အဖွဲ့ဝင်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
————————— အထွေထွေအတွင်းရေးမှူး – ၂
————————– ချင်းအမျိုးသားတပ်ဦး
၅။ ဦးထွန်းထွန်းဦး ၅။ Salai Kipp Kho Lian
ဒုတိယရှေ့နေချုပ် အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး ၂၀၁၄ – အလှည့်ကျဥက္ကဌ
—————————– ချင်းအမျိုးသားတပ်ဦး
၆။ ဗိုလ်မှူးကြီး ကျော်စိုးဝင်း ၆။ Pu H.C Ral Hnin
ကာကွယ်ရေးဦးစီးချုပ်ရုံး အဖွဲ့ဝင်
—————————— အဓိပတိကောင်စီဝင်
—————————— ချင်းအမျိုးသားတပ်ဦး
၇။ ဗိုလ်မှူးကြီး ဇော်မင်းဦး ရ။ Pu Thang Yen
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖွဲ့ဝင်
ချင်းပြည်နယ်အစိုးရအဖွဲ့ အဓိပတိကောင်စီဝင်
————————— ချင်းအမျိုးသားတပ်ဦး
၈။ ဗိုလ်မှူးကြီး ကျော်သန့်နိုင် ၈။ Colonel Solomon
တိုင်းဦးစီး (ဗိုလ်မှူးကြီး) အဖွဲ့ဝင်
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————- ချင်းအမျိုးသားတပ်ဦး
၉။ ဦးငွန်မောင်း ၉။ Pu Thla Hei
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
ဟားခါး မဲဆန္ဒနယ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————- ချင်းအမျိုးသားတပ်ဦး
၁၀။ ဦးပေါ်လျံလွင် ၁၀။ Pu Hau Kang
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၉) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————– ချင်းအမျိုးသားတပ်ဦး
၁၁။ Dr. Lian Hmung Sakhong
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၂။ Pu Thang Ning Kee
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၃။ Pu Zo Tum Hmung
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၄။ Pu Laramlawma
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၅။ Pu Thawng Za Lian
အဖွဲ့ဝင်
ဗဟိုကော်မတီဝင်
ချင်းအမျိုးသားတပ်ဦး
၁၆။ Pu Ngai Cia Thang
အဖွဲ့ဝင်
ဗဟိုကော်မတီဝင်
ချင်းအမျိုးသားတပ်ဦး
၁၇။ Colonel Than Htun
အဖွဲ့ဝင်
ဒုတိယစစ်ဦးစီးချုပ်
ချင်းအမျိုးသားတပ်ဦး
၁၈။ Major Sang Lian Thang
အဖွဲ့ဝင်
ဗျူဟာမှူး၊ ချင်းအမျိုးသားတပ်မတော်
၁၉။ Major Kha Pawng
အဖွဲ့ဝင်
ဗျူဟာမှူး၊ ချင်းအမျိုးသားတပ်မတော်
အသိသက်သေများ
၁။
ဦးခင်မောင်ဆွေ
၁။ Rev. Dr. Lal Uk
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအင်အားစု
၂။
ဦးမျိုးညွန့်
၂။ Rev. Tluang Ceu
အထွေထွေအတွင်းရေးမှူး
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၃။
ဦးရှိန်းထွန်း
၃။ Rev. Ngun Thawng Mang
အထွေထွေအတွင်ရေးမှူး (၂)/ပြောရေးဆိုခွင့်ပုဂ္ဂိုလ်
ချင်းတိုးတက်ရေးပါတီ
၄။ ဆလိုင်းငယ်ပီး
အတွင်းရေးမှူး
ချင်းအမျိုးသားပါတီ
http://khonumthungburmese.org/?p=1023