ဒုတိယအကြိမ်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် CNF
ငြိမ်းချမ်းရေး ကိုယ်စား လှယ်များအား စစ်ကိုင်းတိုင်း ကလေးမြို့နေ
ချင်းပြည် သူလူထု က သောင်းသောင်း ဖျဖျကြို ဆိုကြသည်။
ဒီဇင်ဘာ ၄ ရက်နေ့ညနေ ၄း၃၀ နာရီတွင် ကလေးမြို့သို့ ရောက်ရှိလာသည့် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေကို
ကလေးမြို့ရှိ Chin Baptist Association(CBA) ဦးဆောင်မှုဖြင့် ဟားခါး၊
ဖလမ်း၊ တီးတိန်၊ လူရှိုင်း မျိုးနွယ်စု တွေက ကြို ဆိုကြခြင်း ဖြစ်သည်။CBA
မှ ညစာတည်ခင်း ဧည့်ခံပွဲတွင် CNF ဥက္ကဌ Dr. ZaHleithang က CNF ဟာ
ချင်းတမျိုးသားလုံးကိုယ်စားပြုသည့် အမျိုးသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သောေြကာင့်
မိမိကိုယ်တိုင်လည်း CNF မှာ ပါ၀င်ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မိမိတို့နဲ့ လက်တွဲပြီး ပါ၀င်စေလိုကြောင်း
ပြည်သူလူထုကို တိုက်တွန်း ပြောဆိုခဲ့သည်။CBA အထွေထွေအတွင်းရေးမှူး Rev Ni
Lian ကလည်း CNF နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ အောင်မြင်ဖို့ ဒီဇင်ဘာ
လ ၂ ရက်နေ့မှာ လူထု ဆုတောင်း ပွဲပြုလုပ်ခဲ့ကြောင်း CNF ရဲ့
အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုအပေါ် အထူး ကြိုဆိုကြောင်း ၊
ပြည်သူတွေ တောင့်တနေတဲ့ ငြိမ်းချမ်းရေး အောင်မြင်စေကြောင်း ပြောကြားခဲ့
သည်။ထို့အပြင် CNF အထွေထွေ အတွင်းရေးမှူးချုပ် Pu ZingCung က ၂၄ နှစ်တာ
တော်လှန်ရေးတိုက်ပွဲမှာ အသက်ပေး ဆုံးရှူံးသွားကြတဲ့
တော်လှန်ရေးရဲဘော်များအား ပထမဦးစွာ ဂါရဝ ပြုကြောင်း၊ တော်လှန်ရေးမှာ အခရာ
ကျသည်မှာ လူ အား၊ ငွေအား၊ လက်နက်အား မဟုတ်ကြောင်း စည်းလုံးညီညွတ်မှုသာ အဓိက
ကျကြောင်း၊ ယခုလို ကလေး- ကဘော် ဒေသရှိ ချင်းမျိုးနွယ်စုတွေရဲ့လုပ်ဆောင်မှုဟာ စည်းလုံးညီညွတ်မှုကို ပြသတာဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် မိမိတို့ လိုချင်တဲ့ အမျိုးသားနိုင်ငံရေး ပန်းတိုက်ေရာက်ရှိသည်အထိ လက်တွဲချီတက်ကြဖို့ တိုက်တွန်းလိုကြောင်း မှာကြားခဲ့သည်။CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ပြည်သူ့ရဲမှူး တို့က ကလေးမြို့ရောက်ရှိသည် အထိ လိုက်ပါ ပို့ဆောင်ကြသည်။
“ ယခုလို အစိုးရ တာဝန်ရှိသူတွေလုပ်ဆောင်မှု အပေါ် အထူး ၀မ်းသာတယ်၊ လေးစားတယ် “ ဟု ဒေါက်တာရွှေခါးရ် က ပြောသည်။
CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ကလေးမြို့ရှိ Salem
အသင်းတော်က မနက်စာ တည်ခင်းဧည့်ခံကြပြီး ယနေ့ မွန်းလွဲ ၂း ၀၀ နာရီတွင်
မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွါသွားကြကြောင်း၊
လေဆိပ်သို့ ဒေသခံ ချင်းပြည်သူတွေက လိုက်လံပို့ဆောင်ကြကြောင်း သိရသည်။