September 10, 2012

အပစ်ရပ် RCSS/SSA တပ်စခန်း အစိုးရတပ်တိုက်ခိုက်

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်ရဲ့ တပ်စခန်းတွေကို အစိုးရ တပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ၄ ကြိမ် ဆက်တိုက် ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ SSA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတဝိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကတော့ SSA ရှမ်းပြည်တောင်ပိုင်းတပ်တွေ နေရာယူ တပ်စွဲထားတဲ့ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းပြင်းမြို့နယ်မှာ နှစ်ကြိမ်၊ မိုင်းတောင်မြို့နယ်မှာ တစ်ကြိမ်နဲ့ မိုင်းထားမြို့နယ်အတွင်းမှာ တစ်ကြိမ် ၀င်ရောက် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
"အခုလ ၅ ရက်နေ့မှာ မိုင်းပြင်းဒေသမှာ ကျွန်တော်တို့တပ်ကို အစိုးရတပ် ခလရ ၃၆၀ စစ်ကြောင်း ၁ က ၀င်တိုက်ပါတယ်။ တစ်ရက်မှာ နှစ်ပွဲဖြစ်ပါတယ်။ ရ ရက်နေ့မှာ လုံတောမြို့နယ်ခွဲ မိုင်းတောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တောနက်ထဲမှာ ကျွန်တော်တို့ လှုပ်ရှားတပ်တွေကို တုန်ဝိုးကျေးရွာမှာ အခြေစိုက်နေတဲ့ စစ်ဗျူဟာတစ်ခုရဲ့ လက်အောက်ခံ တပ်ရင်းတွေက ကျွန်တော်တို့ တပ်ဖွဲ့တွေကို ၀င်တိုက်ပါတယ်။ ၈ ရက်နေ့မှာကြတော့ မိုင်းထားမြို့နယ်ခွဲမှာ ကျွန်တော်တို့ လှုပ်ရှားနေတဲ့ လွိုင်လေ့တန်းလျှန်းဆိုတဲ့ တောင်ကြော တစ်ဝိုက်မှာ ကျွန်တော်တို့ကို ၀င်တိုက်ပါတယ်"
နှစ်ဖက်တိုက်ပွဲကြောင့် SSA ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိထားရပြီး အစိုးရတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောပါတယ်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ကျိုင်းတုံမြို့နယ် ရွှေတြိဂံတိုင်း စစ်ဌာနချုပ်မှာ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၁၂ ချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီး စိုးဝင်း က SSA ရှမ်းပြည်တောင်ပိုင်း နယ်မြေအတွင်း သေနတ်တစ်ချက်မှ မပေါက်စေရဘူးလို့ ကတိပေး ပြောဆိုခဲ့သလို နှစ်ဖက် သဘောတူညီချက်ထဲမှာလည်း တစ်ဖက်နဲ့ တစ်ဖက် အသိပေး အကြောင်းကြား သွားမယ်ဆိုပြီး လက်မှတ်ထိုးခဲ့ပေမယ့် အစိုးရတပ်က လိုက်နာ ဆောင်ရွက်ခြင်းမရှိ ဖြစ်နေတယ်လို့ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆက်ပြောပါတယ်။

 http://www.rfa.org/burmese/news/rcss-ssa-government-troop-09102012222256.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India