December 6, 2012

ချင်း လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ ရန်ကုန်တွင် ဆွေးနွေးမည်

ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တွေ့ရသော CNF အထွေထွေ အတွင်းရေးမှူး ပူကျင်ကျုံး(ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်များ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Peace Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ  ရ ရက်နှင့် ၈ ရက်နေ့များတွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသည် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် ဖြစ်ကြောင်း၊ အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရေး အတွက် လာရောက်ခြင်း ဖြစ်ကြောင်း CNF တွဲဖက် အတွင်းရေးမှူး ၂ ဒေါက်တာ ရွှေခါး က ဧရာဝတီသို့ ပြောသည်။
“ဒီကိုလာရောက်ဖို့က အစိုးရဘက်က လှမ်းဖိတ်လို့ပါ။ ပြည်တွင်းမှာ ဆွေးနွေးခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ တဘက်နဲ့ တဘက် ယုံကြည်မှု တည်ဆောက်ပြီး ရင်းနှီးမှုနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် အမျိုးသားရေး၊ ဖွံ့ဖြိုးရေး ကိစ္စ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စစ်ဘက်ဆိုင်ရာ ကိစ္စများ ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ CNF မှ ၂၁ ဦး တက်ရောက်မည်ဖြစ်ပြီး အစိုးရဘက်မှ ၁၂ ဦး တက်ရောက်မည် ဖြစ်ကြောင်း၊ CNF သည် ရန်ကုန်မြို့ရှိ လူ ထု အခြေပြု အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ကျောင်းသား လူငယ်များ၊ ချင်းအဖွဲ့ အစည်းများနှင့် လည်း တွေ့ဆုံသွားမည်ဟု သိရသည်။
“၂၄ နှစ် ကြာမှ မြန်မာပြည်ကို ရောက်လာပြီး မိသားစုနဲ့ ပြန်တွေ့ရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ပြီးတော့ ပြည်ထောင်စု စစ်စစ် မူ ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရရှိရေး အတွက် ဆက်လက် လုပ်ရဦးမှာပါ။ ဒီမိုကရေစီ မရမချင်း ကျနော်တို့ မိသားစုနဲ့ ကွဲနေ ရဦးမယ်။ ဒါတွေ အားလုံးဟာလည်း မိဘပြည်သူတွေ အားလုံးလက်တွဲလုပ်မှ ရရှိမှာပါ”ဟု CNF အလုပ်အမှုဆောင် သောမတ်စ် က ဧရာဝတီ ကို ပြောသည်။
CNF သည် အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ချ
င်းပြည်နယ် ဟားခါးမြို့ ၌ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမသဘောတူညီချက် ၉ ချက်ကို လည်းကောင်း၊ မေလ ရ ရက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၅ ချက်ကို လည်းကောင်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
“အရင် ဆွေးနွေးပွဲတွေတုန်းက နယ်စပ်မှာ ကျင်းပခဲ့တယ်။ အခုလို ပြည်တွင်း ရန်ကုန်မှာ လာလုပ်ရတဲ့ အတွက် အရမ်း ၀မ်းသာ တယ်။ နှစ် ၂၀ကျော် မတွေ့ရတဲ့ သူတွေကို အခုလိုတွေ့ပြီး ချင်းတိုင်းရင်းသားတွေနဲ့ စုံစုံလင်လင် ပြန်တွေ့ရတော့ အတိုင်းမသိ ၀မ်းသာပါတယ်”ဟု ရန်ကုန်အခြေစိုက် ချင်းပြည်နယ် အရပ်ဘက် အဖွဲ့အစည်းမှ David That Bik ကလည်း ဧရာဝတီသို့ပြော သည်။
ယမန်နေ့က အိန္ဒိယနယ်စပ်မှ ရောက်လာသော အထွေထွေ အတွင်းရေးမှူး ပူကျင်ကျုံး (Pu Zing Cung)ဦးဆောင်သည့် CNF ကိုယ်စားလှယ် အဖွဲ့ဝင်များကို ရန်ကုန်မြို့ မှ လူမှုအဖွဲ့အစည်းများ၊ မိသားစုဝင်များ၊ ချင်း နိုင်ငံရေးပါတီများက ရန်ကုန်လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြ သည်။
CNF သည် ယခင် စစ်အစိုးရနှင့် ၁၉၉၇ ခုနှစ်တွင် တကြိမ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော CNF အဖွဲ့သည် မြန်မာနိုင်ငံ၏ အင်အား အနည်းဆုံးသော လက်နက်ကိုင်အဖွဲ့ များတွင် ပါ၀င်သည်။ လက်ရှိအချိန်တွင် လက်နက်ကိုင်အင်အား မည်မျှရှိသည်ကို မသိရသေးပေ။

http://burma.irrawaddy.org/archives/27469
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India