January 2, 2013

UNFC နှင့် ကချင် အဖွဲ့ ၁၁ ဖွဲ့တို့ ထိုးစစ်ရပ်ရန် ကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များ၏ ထိုးစစ်များ လုံးဝ ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် အသီးသီး ကြေငြာချက်များ ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။

ကချင် အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို
လေကြောင်းမှ လေယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေမှုများနှင့် လက်နက်ကြီးများဖြင့် ကချင်-တရုတ် နယ်စပ် တလျှောက်ရှိ ကချင် ဒုက္ခသည် စခန်းများဘက်သို့ ပစ်ခတ်နေမှုများကို ချက်ခြင်း ရပ်တန့်ပေးရန်နှင့် စစ်ရေးအရ ဖိအားပေးမှုများ ဖယ်ရှားကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အပါအဝင် အချက် လေးချက်ကို တောင်းဆို ထုတ်ပြန်
ထားသည်။

စစ်ပြေး ဒုက္ခသည်များ၏ ဘဝ လုံခြုံရေးအတွက် ဆိုးရွားသည့် အခြေအနေများနှင့် တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်လိမ့်မည်ဟု သုံးကပ်ကာ ယခုကဲ့သို့ ကချင် အဖွဲ့များ စုပေါင်း၍ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ရာတွင်ပါဝင်သည့် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ
သူ မမွန်းနေလီက ပြောသည်။

“အဓိက ကတော့ ဒုက္ခသည်တွေရဲ့ ဘဝလုံခြံုရေး အခြေအနေတွေဟာ ပိုပြီး စိုးရိမ်စရာ ဖြစ်လာနေတယ်၊ တစ်ဖက်
မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နေတဲ့ အချိန်မှာ အခုလို ထိုးစစ် ပြင်းပြင်း ထန်ထန် လုပ်နေတာဟာလည်း
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အတားအဆီးတွေ ဖြစ်စေတယ်” ဟု မမွန်းနေလီမှ မဇ္စျိမအား ပြောသည်။

ကချင်-တရုတ် နယ်စပ် တလျှောက် KIO ထိန်းချုပ် နယ်မြေအတွင်း၌ လဂျားယန် ဒေသ၌ စစ်ပြေး ဒုက္ခသည်ပေါင်း ၂၅,၀၀၀ ဝန်းကျင်ခန့်၊ လိုင်ဇာမြို့၌ ၂၀,၀၀၀ ဝန်းကျင်နှင့် ရှမ်းမြောက်ပိုင်းရှိ ကွတ်ခိုင် မြို့ပေါ်၌ ဒုက္ခသည် အသစ် အနည်းဆုံး (၅၀၀) ဦးခန့် ဒုက္ခသည် စခန်း များ၌ အသီးသီး ခိုလှုံ နေကြရ သည်ဟု မမွန်းနေလီမှ ပြောသည်။

ဒုက္ခသည် များမှာ စောင်၊ အနွေးထည်၊ စားနပ် ရိက္ခာ၊ ဆေးဝါးများ မလုံလောက်သည့် ပြဿနာများနှင့် ရင်ဆိုင်နေ
ပြီး ယာယီ ရွက်ဖျင်တဲများဖြင့်သာ နေထိုင်နေကြရသဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီး ရွယ်အိုများနှင့် ကလေး သူငယ်များမှာ အအေးဒဏ်မှတဆင့် ရရှိသည့် ရောဂါမျာ ခံရစား နေရသည်ဟု ဆိုသည်။

ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ ရှိသော်လည်း နှစ်ဖက် အကြား ဆွေးနွေးပွဲများ ပေါ်ပေါက် လာနိုင်ရန် မျှော်လင့်ကြောင်း မမွန်းနေလီက ပြောသည်။

“ဆွေးနွေးပွဲ လုပ်တယ် ဆိုတာက ယုံကြည်မှု တစ်စုံတစ်ရာ ရှိမှသာ ဆွေးနွေးပွဲ အောင်မြင်ဖို့ ဖြစ်တယ်၊ ဆွေးနွေးပွဲ လုပ်တိုင်းလဲ အောင်မြင် တယ်လို့ ပြောလို့မရဘူး၊ ထိုးစစ်တွေ အပြင်းအထန် လုပ်နေ ခြင်းဟာလည်း အကြိမ်ကြိမ် အဖန်ဖန် ဆွေးနွေး ခဲ့ကြတဲ့ ယုံကြည်မှု တွေကို ပျက်ပြားအောင် လုပ်ဆောင် နေသလို ဖြစ်နေတယ်၊ ကျွန်မတို့ အနေနဲ့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုတော့ မျှော်လင့် ပါတယ်” ဟု မမွန်းနေလီမှ မဇ္စျိမကို
ပြောသည်။

ထို့အတူ ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ ထုတ်ပြန်သည့် ကြေငြာချက် တွင်လည်း မှားယွင်းပြီး တိုင်းပြည် အတွက် အကျိုးယုတ် စေသည့် ထိုးစစ်ဆင် တိုက်ခိုက် နေမှု များအား အလျင် အမြန် ရပ်တန့်ပေးရန် တောင်းဆို ထုတ်ပြန် ထားသည်။

“တိုင်းရင်းသား ပြသနာများကို လက်နက် အားကိုးပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့သော်လည်း မပြေလည်နိုင်ရုံမျှမက တိုင်းပြည် ခေတ်နောက်ကျ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းဖြင့် ဆက်လက် ဖြေရှင်းခြင်းသည် အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်” ဟု ကြေငြာချက်၌ ဖော်ပြ ပါရှိသည်။

အကယ်၍ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ မရပ်တံ့ဘဲ ဆက်လက် တိုက်ခိုက် နေပါက နောင်ဖြစ် လာမည့် ဆိုးကျိုး အားလုံးသည် အာဏာရ အစိုးရနှင့် မြန်မာ့ တပ်မတော် တာဝန်ပင် ဖြစ်မည် ဖြစ်ကြောင်း ကိုလည်း ကြေငြာချက်၌
ထောက်ပြ ပြောဆိုထားသည်။

အောက်တိုဘာလ (၂၀) ရက်နေ့၌ ဦးအောင်မင်းနှင့် ကချင် ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ်၌ လည်းကောင်း၊
နိုဝင်ဘာလ ၉ ရက်နေ့က UNFC ကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ်၌ လည်းကောင်း နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းရန် သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်သည်။

“တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့စည်း တရပ်ရပ် လူမျိုး တမျိုးမျိုးအား ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းသည် မိမိတို့ အားလုံးကို ချေမှုန်းရန် ဦးတည် နေကြင်း ဖြစ်ကြောင်း ကောင်းစွာ နားလည် ကြပါသည်” ဟုလည်း ကြေငြာချက်၌
ဖော်ပြ ပါရှိ ထားပါသည်။

UNFC ဘက်မှလည်း ရရှိ ထားပြီး ဖြစ်သော နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီမှုကို ပျက်ပြား မသွားစေလို၍ စိတ်ရှည်စွာဖြင့် ထိန်းသိမ်း လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း
ကြေငြာချက်၌ သဘောထား ပြု၍ ရေးသား ထားပါသည်။

http://www.mizzimaburmese.com/news/inside-burma/10679-unfc-------.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India