April 30, 2013

စစ်သုံး ရဟတ်ယာဉ်များ တရုတ်ထံမှ မရဟု “ဝ” ငြင်းဆို

Mi-17 အမျိုးအစား ရဟတ်ယာဉ်တွင် TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်လက်နက် တပ်ဆင်ထားစဉ် (ဓာတ်ပုံ – wiki.livedoor.jp)

လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ တရုတ်နိုင်ငံက ပေးပို့ခဲ့သည်ဆိုခြင်းကို “၀” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) က အခြေအမြစ်မရှိသည့် သတင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
တရုတ်နိုင်ငံက TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီလ ကုန်ပိုင်းနှင့် မတ်လဆန်းက UWSA အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်တခုကို ကိုးကား၍  ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review က ဖော်ပြခဲ့သည်။
“မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတွေပဲလို့ ယူဆပါတယ်၊ ကျနော်တို့ကို ရဟတ်ယာဉ် ပေးတယ်တို့ ဘာတို့ ညာတို့။ ရဟတ်ယာဉ်ပေးတော့ ဘယ်သူက လာမောင်းမှာလဲ၊ ကျနော်တို့ဆီက ဘယ်သူက မောင်းတတ်မှာလဲ၊ ဘယ်အဖွဲ့အစည်းက သွားမောင်းမလဲ” ဟု UWSA အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
Mi-17 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံမှ တဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပေးပို့ လိုက်သော ရဟတ်ယာဉ်မှာ ၅ စီးဟု ဆိုသော်လည်း မြန်မာအစိုးရ သတင်းရင်းမြစ်တခု၏ အတည်ပြုချက် အရ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှာ ၂ စီးသာဖြစ်ကြောင်း အဆိုပါ Jane’s Intelligence Review ၏ သတင်းတွင် ဖော်ပြထားသည်။
သို့သော် မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကမူ Jane’s Intelligence Review ပါ သတင်းဖော်ပြချက်သည် မှန်ကန်နိုင်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာစစ်တပ်၏ စစ်ရေးအမြင်အရ UWSA အဖွဲ့ကို ပစ်ခတ်နိုင်သည့် အနေအထားသို့ ရောက်နိုင်ရန်အတွက် ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အား ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဦးအောင်မြင့်ကမူ ယခုအခါ ၎င်းတို့၏ UWSA အနေဖြင့် ဒေသတွင်း၌ ဖွ့ံဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်နေကြောင်း ပြောသည်။
“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ပဲလေ” ဟု သူက ဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု ပြန်လည် လုပ်ဆောင်ခဲ့သည့် UWSA အဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်ပြီး ခန့်မှန်းခြေ စစ်သည်အင်အား ၂ သောင်းကျော်ရှိ၍ တရုတ်-မြန်မာ နယ်စပ် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ရှမ်းပြည် အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် ဌာနချုပ်ထားရှိသည်။
လေ့လာသူများ အဆိုအရ UWSA အဖွဲ့သည် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိခဲ့ပြီး မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများတွင် စီးပွားရေးလုပ်ငန်း များစွာ ပိုင်ဆိုင်ကာ ငွေကြေးကြွယ်ဝသည်ဟု ဆိုကြသည်။
UWSA ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထောက်ခံထားပြီး မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇောကမူ အစိုးရ စစ်တပ်အနေဖြင့် SSA မြောက်ပိုင်း၏ တောင်ပေါ် အခြေစိုက် စခန်းများကို ရယူလိုနေသည်မှာ UWSA ကို တိုက်ခိုက်လိုသည့် လက္ခဏာဖြစ်ကြောင်း၊ အကယ်၍ UWSA အဖွဲ့အား အစိုးရစစ်တပ်က စစ်ဆင်ခဲ့လျှင် UWSA အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ ရှိကောင်းရှိနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရှမ်း (မြောက်) SSA- N နဲ့ အစိုးရနဲ့ အပစ်အခတ် (ရပ်စဲရေး) ယူပြီးကတည်းက စစ်တပ်က သူတို့ ဘယ်တပ်မှ ရုပ်သိမ်း မသွားသေးတဲ့ အပြင် တပ်အင်အားပါ တိုးချဲ့ခဲ့တယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဒီတော့ ၀ တပ်ဖွဲ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ချင်တာပေါ့” ဟု သူက ဆိုသည်။
တရုတ်နိုင်ငံက UWSA အား တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေးသည် ဆိုသည့်သတင်း ထွက်ပေါ်လာချိန်သည် SSA မြောက်ပိုင်းနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ပြောဆိုထားပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်သည်မှာ မဖြစ်သင့်ကြောင်း ပြောသည်။
“ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေး ယူပြီးမှ ဒီလိုဖြစ်နေတာ ဒါ ဘယ်ဖြစ်သင့်မလဲ” ဟု သူက ဆိုသည်။
“၀” ခေါင်းဆောင်များနှင့် နီးစပ်သူလည်းဖြစ်သူ ဦးအောင်ကျော်ဇောက ရဟတ်ယာဉ်များ အပါအဝင် ၄င်းတို့၏ စစ်တပ်တွင် ပို၍ ခေတ်မီသည့် လက်နက်များ လိုအပ်ကြောင်းနှင့် “၀” ဒေသအား အားကောင်းစေလိုသည်ဟု  “၀” ခေါင်းဆောင်များက ၄င်းအား ပြောဆိုခဲ့ဖူးကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ၂၀၁၂ အောက်တိုဘာလ အစောပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် “၀” ပြည် သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA) ဒု ဥက္ကဋ္ဌ ရှောက်မီလျံနှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကြိဂံတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ယခင်က တာဝန်ယူခဲ့ဖူးသည်။
ထိုစဉ်က တွေ့ဆုံမှုသည် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့ပြီး ကချင်နှင့် တိုက်ပွဲများအပြီး UWSA နှင့်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ထိုစဉ်က သတင်းများထွက် ပေါ်ခဲ့သေးသည်။
အစိုးရတပ်က ထိုးစစ်ဆင်နိုင်ခြေ ရှိမရှိနှင့် ပတ်သက်၍ ဦးအောင်မြင့်က “ကျနော်တို့ ပြောသံလေးတော့ ကြားတယ်။ ဒါကတော့ အခြေအနေဆိုတာ အပြတ်လည်းပြောလို့ မရဘူးလေ။ ဒါပေမယ့် ဒီကိစ္စက ဒီလို ဖြစ်မယ်၊ မဖြစ်ဘူး၊ ဒါ ဘယ်သူမှ ဒီလိုပါဆိုပြီး ပြောလို့ ရတာမှ မဟုတ်ပဲ” ဟု သူက ဆိုသည်။
UWSA သို့ စစ်လက်နက်များ ရောင်းချပေးသည်ဟူသော စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ငြင်းဆိုခဲ့သေးသည်။ ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ် တင့်ကားများ UWSA က ရရှိခဲ့ကြောင်း Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို တရုတ်သံရုံး က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/38563
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India