July 29, 2012

CNF အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး


ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရအား ၂၃ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သော ချင်းအမျိုးသားတပ်ဦး CNF နှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။

နှစ်ရက်ကြာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သောကြာနေ့က ရေးထိုးလိုက်သည့် သဘောတူညီ ငါးချက်တွင် အပစ်အခတ်ရပ်စဲရေးလည်း ပါ၀င်ကြောင်း နှစ်ဖက်ဆွေးနွေးရေး ကြားဝင်ဆောင်ရွက်ပေးသူများတွင် တဦးအပါအဝင်ဖြစ်သည့် Shalom Foundation မှ ဆရာမ ဒေါ်ချင်းချင်းက မဇ္စျိမကို ပြောသည်။

“ဒီနေ့ လက်မှတ်ထိုးလိုက်ပါပြီ။ CNF စစ်ဒေသ သတ်မှတ်တာတွေ တီးတိန်နဲ့ မတူပီမှာပဲ တပ်နယ်မြေသတ်မှတ်တယ်။ ဒါပေမယ့် ပြန်ညှိဖို့ရှိတယ်။ ဆက်ဆံရေးရုံးက တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းလို့ သတ်မှတ်တယ်”ဟု သူမ က ပြောသည်။

CNF ၏ ဆက်ဆံရေးရုံးကို ချင်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းဟူ၍ မတူပီ၊ ထန်တလန်း၊ တီးတိန်မြို့နယ်များတွင် ဖွင့်လစ်ခွင့်ပြုလိုက်ပြီး CNF တပ်လှုပ်ရှားနယ်မြေများလည်း သတ်မှတ်ပေး
လိုက်သည်ဟု ပြောသည်။

ယခုကဲ့သို့ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီလိုက်သည့်အပေါ် ဆရာမ ချင်ချင်းက “ကျေနပ်ပါတယ်။ စိတ်ထဲမှာ ပီတိဖြစ်မိပါတယ်။ ဒီလိုမျိုး အပစ်အခတ် ရပ်စဲချင်နေတာပါ”ဟု မဇ္စျိမကို ပြောသည်။

နှစ်ရက်ကြာ ဆွေးနွေးပွဲတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာရွှေခါး ဦးဆောင်သော CNF ကိုယ်စားလှယ် ၁၀ ဦးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကော်မတီမှ ပြည်နယ် စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကိုကိုကြီးတို့ အပါအဝင် ကိုယ်စားလှယ် ခြောက်ဦး၊
ပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ပါ၀င်သည်။

အပစ်အခတ်ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးဖွင့်ရေး၊ နယ်မြေဖြတ်သန်းခွင့်ကို ကြိုတင်အကြောင်းကြားရေး၊
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် အချက် ၅ ချက်ကို သဘောတူညီမှု ရထားသည်ဟု သိရသည်။

လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်းမှာ နိုင်ငံရေးပြဿနာ
ကြောင့်ဖြစ်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်းကို အကောင်းဆုံးဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ဥက္ကဋ္ဌ ဦးဘန်လျန်းက မဇ္စျိမကို ပြောသည်။

“နိုင်ငံရေးဆိုတာ ဒီလို ဆွေးနွေးရမှာပေါ။ ကမ္ဘာ့စစ်မီးတောင်မှ နွေးဆွေးပြီးတော့ စာပွဲဝိုင်းနဲ့ပဲ နောက်ဆုံးမှာ စစ်ပြေငြိမ်းတာလေ။ ဒီလိုမလုပ်ရင် တသက်လုံး ဒီလို တိုက်ကြခိုက်ကြတာ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။
နိုင်ငံရေးကြောင့် ဒီလိုလက်နက်ကိုင်တွေ ဖြစ်နေတာ။ နိုင်ငံရေးဆိုတာ စာပွဲဝိုင်းမှာဖြေရှင်းရတယ်။ ဒီလို ဆွေးနွေးတာ ကောင်းပါတယ်”ဟု သူက ပြောသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် CNF ဥက္ကဌ ပူးဇင်ကျုံးနှင့် ဒေါက်တာ ရွှေခါးတို့ ပထမအကြိမ် ပဏာမတွေ့ဆုံခဲ့ပြီးနောက် ယခုဆွေးနွေးပွဲတွင် သဘောတူညီမှု ရသွားကြခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် မေလအတွင်းက တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူအခွင့်အရေး ရရှိနေရးအတွက် CNF ကို စတင်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသား တပ်မတော် CNA ထူထောင်ကာ အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည်။

၁၉၈၈ မှ ၂၀၁၂ ခုနှစ်အတွင်း နှစ်ဘက်တိုက်ခိုက်မှုကြောင့် CNF ရဲဘော် အနည်းဆုံး ရ၀ ကျော် ကျဆုံးသွားသည်ဟု CNF နှင့် နီးစပ်သူတဦးက ပြောသည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်း အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ပေ။

CNF မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံခဲ့သော အဖွဲ့တဖွဲ့ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံတွေ့ဆုံခဲ့ရာ CNF မှာ စတုတ္ထမြောက် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရသွားခြင်း ဖြစ်သည်။

Mizzima
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India