November 5, 2012
အားလုံးပါဝင်သည့် ညီလာခံကြီး ဖော်ဆောင်ရန် ABSDF နှင့် ၈၈ လိုလား
၎င်းတို့၏ ခရီးစဉ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တရပ်ဖြစ်သလို အားလုံးပါဝင်သည့် ညီလာခံကြီး တရပ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေး က ပြောသည်။
“အပြန်အလှန် ညှိနှိုင်း ပြီးတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ဘယ်လိုလုပ်သွား ကြမယ်။ အခွင့်အရေးတွေကို မျှမျှတတ ရရှိအောင် ဘယ်လိုပုံဖော်ကြမယ်ဆိုတာက ကျနော်တို့ ပြည်တွင်းရော၊
ပြည်ပရော နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေရော၊ ဒီမိုကရေစီ ရေးအတွက် ကြိုးပမ်းလှုပ်ရှားသူ အားလုံး ပါဝင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် လုပ်သွားပါမယ်။ တဘက်ကလည်း တိုင်းရင်းသား ညီလာခံကြီး ဖြစ်အောင် အားလုံးပါဝင်
နိုင်ဖို့ တန်းတူညီမျှမှုအခွင့်အရေးတွေ၊ လွတ်လပ်မှုတွေ တရားမျှတမှုတွေ ဖော်ဆောင်ပေးနိုင်တဲ့ ညီလာခံကြီး
ဖြစ်အောင် ဆက်လုပ်သွားပါမယ်” ဟု မဇ္စျိမကို ပြောသည်။
ပြည်ပရောက် အဖွဲ့အစည်းများ၏ အကြံဥဏ်နှင့်သဘောထားများသည် မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် အများကြီး အထောက်အကူပြုမည်ဟု ၎င်းတို့ယုံကြည်ပြီး ခရီးစဉ်တွင် ABSDF နှင့် ထပ်မံတွေ့ဆုံဆွေးနွေးဦးမည်
ဖြစ်ကြောင်း ကိုမြအေး က ဆက်ပြောသည်။
“၈၈ က ပေါက်ဖွားလာတဲ့ ABSDF နဲ့ အဓိကထားပြီးတွေ့ပါမယ်။ ABSDF ဆိုတာ ကျနော်တို့ ၈၈ ကပေါက်ဖွားလာတဲ့
ကျောင်းသားတပ်မတော် တခုဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ABSDF နဲ့ တွေ့ဖို့ကိစ္စဟာ လက်ရှိ ၈၈ မျိုးဆက်
ကျောင်းသားများရဲ့ အရေးကိစ နဲ့ တစုံတရာအားဖြင့် စဉ်းစားရမှာဖြစ်ပါတယ်။ လေးလေးနက်နက်ကို စဉ်းစားသွားရ မှာ ဖြစ်ပါတယ်။ ABSDF နဲ့တွေ့ကိုတွေ့မှာ ဖြစ်ပါတယ်” ဟုဆိုသည်။
ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကလည်း ၈၈ နှင့် ABSDF တို့သည် ၈ လေးလုံး အရေးတော်ပုံကြီးမှ အတူတကွ ပေါ်ပေါက် လာခဲ့ပြီး တိုင်းပြည် အပေါ်ထားသည့် စေတနာနှင့် သဘောထားများတွင် ကွဲလွဲမှုမရှိကြောင်း ပြောသည်။
“၂ ရက် ၃ ရက်အတွင်း ABSDF အခြေစိုက် စခန်း တခုခုမှာ တွေ့ဆုံပါမယ်။ ABSDF နဲ့ ၈၈ ကျောင်းသား တွေ၊ လွတ်မြောက်နယ်မြေရောက် ကျောင်းသားတွေ၊ နိုင်ငံတကာရောက် ကျောင်းသားတွေ စုဆုံဆွေးနွေးပြီး ပြည်တွင်း
ငြိမ်းချမ်းရေးမှာ လက်တွဲလုပ်နိုင်မယ့် အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတွေ ရောက်ဖို့အတွက်၊ အဲဒီလို တွေ့ဆုံပွဲကြီးတွေ ဖော်ဆောင်သွားနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ခရီးစဉ်အတွင် ကိုမြအေး နှင့်အတူ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမေကြည်လွင်၊ မစန်းစန်းမော်၊ မမီးမီး၊ မသဇင်ဝိုင်း တို့လည်း လိုက်ပါလာကြပြီး တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအဝင် အမျိုးသမီး သမဂ္ဂများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ ရွှေ့ပြောင်းမြန်မာကျောင်းများ၊ ဒုက္ခသည်စခန်းများ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင် တိုင်းရင်းအဖွဲ့အစည်းများအနေနှင့် တန်းတူရေးအတွက် အပစ်ရပ်ရုံဖြင့် မလုံလောက်ကြောင်း ကိုသံခဲ က ဆက်ပြောသည်။
“ဒီကနေ့ အရင်တုန်းကနဲ့ မတူတဲ့၊ တဘက်နဲ့တဘက် မရခဲ့ဖူးတဲ့ တွေ့ဆုံဆွေးနွေးရေး အခွင့်အရေးတွေ ရနေတယ် ဆိုပေမယ့် ဒီအခွင့်အရေးဟာ ဘယ်လောက်အထိ မြဲမလဲဆိုတာ အာမခံချက်မရှိဘူးဆိုတာ အားလုံးလည်း နားလည်ပြီးသားလို့ ယူဆပါတယ်။ အပစ်အခတ်ရပ်စဲရေး နဲ့ မလုံလောက်တော့ဘူး၊ နိုင်ငံရေးအရ ဆက်စပ်နိုင်တဲ့ တိုင်းရင်းသားတွေ အတွက် အာမခံချက်ရှိဖို့ လိုလာတယ်ဆိုတာက ပိုပြီးမြင်သာလာတယ်” ဟု မဇ္စျိမ ကိုပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရှစ််လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွား ခဲ့ပြီး ဒီမိုကရေစီရေးအတက် လက်နက်ကိုင် လှုပ်ရှားသည့် အဖွဲ့အစည်း ဖြစ်သည်။
ထို့အတူ ၈၈ မျိုးဆက်ကျောင်းသားများမှာလည်း မြန်မာပြည်တွင်း၌ ဒီမိုကရေစီရေးအတွက် ဆက်လက်ရပ်ခံ တိုက်ပွဲဝင်နေသော ကျောင်းသားအဖွဲ့အစည်း တခု ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/10342----absdf---.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။