November 5, 2012

ပြည်တွင်းစစ်ကြောင့် ပလောင် လူ့အခွင့်အရေး အခြေအနေ ဆိုးရွား


ထိုင်း နယ်စပ်အခြေစိုက် ပလောင်အမျိုးသမီးအစည်းအရုံး PWO ကနေ ပလောင်ဒေသက စစ်မက်တွေနဲ့  စစ်ကြောင့်ဖြစ်ရတဲ့ အစီအရင်ခံစာတစောင်ကို ထုတ်ပြန်လိုက်ပါတယ်။   “စစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်တွင်းစစ်ဖြစ်ပွား နေတဲ့ ပလောင်ဒေသမှာ ဒေသခံလူထုတွေ လူ့အခွင့်အချိုးဖောက်ခံရမှုအခြေအနေတွေ၊ ရွာပေါင်း ၁၅ရွာက အိမ်ခြေပေါင်း ၂၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာတွေနဲ့ စစ်ကြောင့်ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ဆိုရင်လည်း အစားအစာအပြင် ဆေးဝါးအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတဲ့အကြောင်းကို ထည့်သွင်းဖော်ပြထားတာပါ။ ဒါ့အပြင် PWO ကနေပြီးတော့ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းပြီး နို်င်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းအဖြေရှာဖို့ကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို မရပ်စဲနိုင်တဲ့ အတွက် ပလောင်ဒေသတွင်းမှာ မြန်မာ
အစိုးရတပ်တွေနဲ့ ကချင်အမျိုးသား လွတ်မြောက်ရေး ကေအိုင်အေ၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ် ရှမ်းပြည် တပ်မတော်တို့ ရဲ ့တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပလောင်ဒေသတွင်းမှာ လူအခွင့်ရေးချိုးဖောက်မူတွေ ခံနေရတယ်ဆိုပြီး ထိုင်းမြန်မာနယ်စပ်မှာ ပလောင်အမျိုးသမီးအစည်းအရုံးက “စစ်ပွဲ၏ ၀န်ထုပ်ဝန်ပိုး” ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

“ဒီအစီရင်ခံစာရဲ့ အဓိက ရည်ရွယ်ချက်လေးခုရှိပါတယ်။ ပထမတချက်ကတော့ တိုင်းရင်းသားဒေသမှာ ရှိနေတဲ့ မြန်မာစစ်တပ်တွေကို ပြန်လည်ရုပ်သိမ်းပြီး၊  လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပြည်တွင်းစစ်တွေ ကို ရပ်တန့်ဖို့၊ ဒုတိယရည်ရွယ်ချက် ကတော့ မြန်မာအစိုးရ ကနေ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေ ပါတယ် ဆိုပေမဲ့ တကယ်တမ်းကျတော့ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ်တွေ ဖြစ်နေသေး တယ်။ ပြည်တွင်းစစ်တွေကြောင့် ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေ နေရာ အနှံ့အပြားရှိနေသေး တယ်။  ပလောင်ဒေသ မှာ ရှိနေတဲ့ ပြည်တွင်း ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ကို ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ သိရှိပြီးတော့မှ ပြည်တွင်းဒုက္ခသည်တွေ လိုအပ်နေတဲ့ အရေးပေါ် အကူအညီတွေ ကို ထောက်ပံ့ပေးဖို့ အတွက်၊ နောက်ဆုံး ရည်ရွယ်ချက်တခုကတော့ ကျမတို့ ပြည်တွင်းစစ်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးတွေ ပိုပြီးတော့မှ တန်ဆာခံဖြစ်တယ်။ ဒီ့တော့ ဒီစစ်ပွဲတွေကြောင့် ကျမတို့ ပလောင်ဒေသမှာ ရွာပေါင်း ၁၅ရွာပေါ့နော်။ အရင်တုန်းက လူဦးရေအရကြည့်မယ်ဆို ၂၀၀၀ကျော်၊ စစ်ပြေးဒုက္ခသည်တွေ တွေ့နေရတယ်။”

ဒီအစီရင်ခံစာမှာတော့ ပလောင်ဒေသတွင်းမှာ မြန်မာစစ်တပ်ဘက်က တပ်ရင်း ၁၆ရင်းနဲ့ နေရာယူထားပြီး ဒေသတွင်းက သယံဇာတတွေ နဲ ကုန်သွွယ်ရေး ရင်းနှီးမြုပ်နှံရေးအတွက် တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ တိုက်နေစဉ်အတွင်း ဒေသခံပြည်သူတွေအနေနဲ့ ပေါ်တာဆွဲခံရခြင်း သူပုန်အားပေး ဆိုပြီး ဖမ်းဆီးနှိပ်စက်ခံနေရခြင်း၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးခြင်းတွေ လုပ်ခဲဲ့တယ်လို့ ဆိုပြီး အစီရင်ခံစာအတွက် အချက်အလက်ကောက်ခဲ့သူ လွေးပိုးညှင်းက အခုလိုပြောသွားပါတယ်။

“ ကျမတို့ စစ်ပြေးဒုက္ခသည်တွေဟာ စပါးရိတ်သိမ်းချိန်မှာ ထွက်ပြေးရတဲ့ အတွက်ကြောင့်မို့လို့၊ စပါးတွေလည်း မသိမ်းနိုင်ခဲ့ဘူးပေါ့နော်။ အဲ့ဒီ့အခါကျတော့ ကိုယ့်အိမ်မှာရှိနေတဲ့ စားဖို့သောက်ဖို့ သိုလှောင်ထားတဲ့ ဆန်တွေကို သယ်ပြီးတော့မှ ဘုန်းကြီးကျောင်းတွေမှာ သွားထားပြီးတော့မှ အဲ့ဒီ့ဟာကိုပဲ စားသောက်နေရတာပေါ့နော်။ ကျန်တဲ့ဟာတွေဆိုရင် မြန်မာစစ်တပ်တွေလာတာ သူတို့အိမ်တွေမှာ ပိတ်ထားတယ်။ တီဗီတွေဘာတွေရှိတယ်။ အကုန်လုံး ဝင်ရောက်ပြီးတော့မှ ဖျက်ဆီးသွားတယ်။ ဘာရည်ရွယ်ချက်နဲ့ ဖျက်ဆီးတယ်ဆိုတာ ကျမတို့ မသိဘူးပေါ့။”

ပလောင်အမျိုးသမိးတွေရဲ့ အစီရင်ခံစာမှာ ၂၀၁၁ခုနှစ်၊မတ်လကစပြီး မြန်မာစစ်တပ်တွေရဲ့ လူအခွင့်အရေး ချိုးဖောက်မူကြောင့် မြို့နယ်၃မြို့နယ်က ကျေးရွာပေါင်း ၁၅ရွာက ဒေသခံတွေရဲ့ အိုးအိ်မ် ၂ထောင်ကျော် ပျက်စီးခဲ့ကြောင်းပါရှိပြီး ပလောင်ဒေသက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေလည်း မရရှိကြောင်း ရှမ်းပြည် မန်တုန်မှာရှိတဲ့ ဒုက္ခသည်တွေ နေထိုင်နေတဲ့နေရာတွေမှာ အစားအသောက် ဆေးဝါးတွေလိုအပ်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ကိုလည်း တောင်းဆိုသွားပါတယ်။

http://burmese.voanews.com/content/the-burden-of-war-in-palung-burma/1539645.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India