July 29, 2012

ပအိုးဝ် PNLO နှင့် အစိုးရ အပစ်ရပ်ရေး သဘောတူညီမှု မရသေး

by ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဦးအောင်မင်း ခေါင်းဆောင်သော သမ္မတကိုယ်စားလှယ် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပအိုးဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တို့ တနင်္ဂနွေနေ့က အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြ သော်လည်း သဘောတူညီမှုမရသေးဘဲ ရှိနေသည်။

PNLO ဘက်မှ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်သော စုပေါင်း တွေ့ဆုံမှုမျိုး လုပ်ဆောင်ပေးဖို့ အပါအဝင် အချက် ၁၁ ချက်ကို တောင်ဆိုခဲ့သော်လည်း အချက်အချို့ကို ချက်ချင်း သဘောတူ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိတာကြောင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတထံ တင်ပြရဦးမည် ဖြစ်ကြောင်း သိရသည်။

“အချက်အများစုကိုတော့ ဦးအောင်မင်းက သူ့အနေနဲ့ ဘာမှပြောစရာမရှိဘူး။ အချို့အချက် တချက်နှစ်ချက်ကတော့ သူ့အနေနဲ့ သဘောတူပေးဖို့ရာမှာ သမ္မတဆီ ပြန်ပြီးတော့ တင်ပြရဦးမှာပေါ့နော်။ ကျနော်တို့ ဆွေးနွေးပွဲက အဲလောက်မှာပဲ ရှိပါသေးတယ်” ဟု PNLO ၏ အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း က မဇ္ဈိမကို ပြောသည်။

ဆုံးဖြတ်ရန် အခက်တွေ့နေသည့် အချက်အချို့ကို ဆွေးနွေးပွဲကာလအတွင်း မဖေါ်ပြသေးဟု ဆိုသည်။
“ဦးအောင်မင်းကတော့ ဒီနေ့ သူတို့လုပ်နေတဲ့ အဆင့် သုံးဆင့်ကို ပြောပြတာပေါ့ဗျာ။ ပထမ အဆင့်အနေနဲ့ အပစ်ခတ် ရပ်စဲရေး၊ ဒုတိယအဆင့်အနေနဲ့ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေးလုပ်ဖို့အဆင့်ပေါ့ဗျာ။ ပြီးတော့မှ လွှတ်တော်နဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ သူပြောတာကတော့ ရေရှည်နိုင်ငံရေးမှာ လွှတ်တော်ထဲမှာ ဝင်ပြီး လုပ်ကြပေါ့ဗျာ။ သူတို့ရဲ့သဘောထားကိုတော့ အဲလိုပြောပါတယ်” ဟု ဦးခွန်မြင့်ထွန်း က ဆက်ပြောသည်။
ဇန်နဝါရီလအတွင်းက PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာ နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းတို့ ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆက်တွဲ ဆွေးနွေးပွဲ ဖြစ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်းက ခေါင်းဆောင်ပြီး PNLO က အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ၁ ဗိုလ်မှူး ခွန်သူရိန်နှင့် ပအိုးဝ်လူငယ် အစည်းအရုံး PYO ၏ အထွေထွေ အတွင်းရေးမှူး ခွန်ချန်ကီ တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ပထမအဆင့်အဖြစ် “ကျနော်တို့ PNLO နဲ့ အစိုးရတို့ကြားမှာ အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရယူမယ်။ တပြည်လုံး အတိုင်းတာနဲ့ အပစ်ခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင် ကြေညာပေးဖို့၊ တပြည်လုံး အပစ်အခတ် ရပ်စဲတဲ့ အချိန်က နေစပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံရေး အင်အားစုတွေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့၊ အဲဒီကနေ တဆင့် နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ဆိုပြီး တောင်းဆိုတယ်” ဟု ဦးခွန်မြင့်ထွန်း က ပြောသည်။

ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးနိုင်ရန်အတွက် ပအိုးဝ်အမျိုးသား နိုင်ငံရေး လုပ်ငန်းစဉ်များ ဖေါ်ဆောင်နိုင်ရန် အတွက် ပြည်တွင်းအခြစိုက် ပအိုးဝ်အမျိုးသားအဖွဲ့ PNO အပါအဝင် ပအိုးဝ်နိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရရှိရန်နှင့် ပအိုးဝ် ရဟန်းသံဃာနှင့် လူမှုအသင်းအဖွဲ့များ ဒေသခံ လူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခွင့် ရှိရန် တောင်းဆိုချက်များတွင် ပါဝင်သည်။

အလားတူ အစိုးရသစ်လက်ထက် ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု အပေါ် PNLO က ကြိုဆိုကြောင်းနှင့် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် ပအိုးဝ်လက်နက်ကိုင် တပ်နှင့် ဆက်နွယ်ပြီး ဖမ်းဆီးထားသူများကိုလည်း လွှတ်ပေးရန် နှုတ်အားဖြင့် တိုက်တွန်းတောင်းဆိုခဲ့သည်ဟု ဦးခွန်မြင့်ထွန်း အပြောအရ သိရသည်။

PNLO ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) မှ ခွဲထွက် တည်ထောင်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေလျက် ရှိသည်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ တွင် ပအိုးဝ်အမျိုးသားအဖွဲ့ PNO မှ တင်သွင်းဆွေးနွေးခဲ့သည့် မှတ်တမ်းတွင် မြန်မာတနိုင်ငံလုံးတွင် ပအိုးဝ်လူမျိုး ၂ သန်းကျော် နေထိုင်ကြောင်း သိရသည်။

တနင်္ဂနွေနေ့က မီးရထားဝန်ကြီး ဦးအောင်မင်းက ချင်းမိုင်မြို့တွင်ပင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS အဖွဲ့နှင့်လည်း သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အဖွဲ့တာဝန်ရှိသူများနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ် ခဲ့ကြောင်း DPNS မှ ဆွေးနွေးပွဲတွင် ပါဝင်သူ ဦးဇော်ဇော်ထွန်း ကပြောသည်။

“ကျနော်တို့က အခုအလွတ်သဘော ဆွေးနွေးပြောဆိုတာလောက်ပဲ ရှိပါတယ်။ တောင်းဆိုချက်တွေ ဘာတွေ မရှိသေးပါဘူး။ နောက်ထပ် ဆွေးနွေးဖို့တော့ ရှိပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကရော ကျနော်တို့အနေနဲ့ရော တိတိကျကျ သတ်မှတ်ချက် တော့မရှိသေးပါဘူး။ ဒါပေမယ့် အချိန်မရွေး ပြန်တွေ့နိုင်တဲ့ လမ်းစဖွင့်တဲ့ အနေအထားတော့ ရှိပါပြီ” ဟု ဦးဇော်ဇော်ထွန်း က မဇ္ဈိမကို ပြောသည်။

တိုင်းပြည် အေးချမ်းစေရန်အတွက် မြန်မာအစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုများ အင်တိုက်အားတိုက်ဖြင့် ဆက်လက်အကောင်ထည်ဖေါ် ဆောင်ရွက်ရန်၊ နိုင်ငံတွင်း အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရေးနှင့် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ပြန်လာလိုသူများ တရားဝင် ပြန်နိုင်စေရန် အစိုးရအနေဖြင့် ဖန်တီးပေးရန်တို့ကို DPNS က တိုက်တွန်းခဲ့ကြောင်း သိရသည်။

feb 16 2012 Mizzima
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India