March 24, 2013
Pa-Oh National Liberation Organization and Government Peace Talk
Sunday, March 24, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
PNLO နဲ့ အစိုးရ ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိ
Sunday, March 24, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးမှုအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"အားလုံးပေါင်း ကိုးချက်ပေ့ါဗျာ၊ အဲ့ကိုးချက်စလုံးကို အားလုံးကို သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်၊ အချက်တိုင်း အချက်တိုင်းမှာတော့ အသေးစိတ် အချက်အလက်တွေပါပါတယ်၊ အဲ့ဒါတွေအားလုံးက ပင်မအချက်ကြီးတွေဖြစ်ပါတယ်၊ အားလုံးကို မနေ့ကလည်း ဆွေးနွေးပါတယ်၊ ဒီနေ့လည်း ဆွေးနွေးပါတယ်၊ တော်တော် အောင်အောင်မြင်မြင်နဲ့ အားလုံးကို ဆွေးနွေးနိုင်ပါတယ်"
နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆက်လက်ရေးဆွဲဖို့၊ ဆက်ဆံရေးရုံးတွေ ဆက်လက်ဖွင့်လှစ်ဖို့၊ ပအိုဝ်းဒေသအတွင်း ဒေသခံတွေအတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေထုတ်ပေးဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးအပါဝင် အချက်ကိုးချက်ပါ သဘောတူညီချက်ကို သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် PNLO အနေနဲ့ ဒေသတွင်း ပအိုဝ်းအဖွဲ့စည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုုပ် PNO၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်မတော် အစရှိတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့လည်း ပူးပေါင်းပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိနေပေမယ့်၊ လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ဦးမှာ မဟုတ်ဘူးလို့လည်း PNLO တာဝန်ရှိသူတွေက ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အနေနဲ့ မြန်မာအစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ သြဂုတ်လက သဘောတူညီမှု ရယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဆက်နွယ်သောသတင်းများ
- အဓိကရုဏ်းတွေ ငြိမ်းချမ်းစေဖို့ ဘာသာပေါင်းစုံ ဆုတောင်း
- မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့ လိုကြောင်း အရှင်ဝီရသူ မိန့်ကြား
- ဘာသာရေးအကြမ်းဖက်မှုများက ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း အစိုးရ သတိပေး
- ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း
- အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ တောင်းဆို
- မြို့ကြီးတွေမှာ အဓိကရုဏ်းမကူးစက်ဖို့ အာဏာပိုင်တွေ ပြင်ဆင်ထား
- မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ တိုက်တွန်း
- ရန်ကုန်ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာရောက်
- ထိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၈၈မျိုးဆက်တွေ သွားရောက်လေ့လာ
ပအိုဝ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
Sunday, March 24, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အပါအဝင် ၀န်ကြီး(၄)ဦးအဖွဲ့နဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ အဖွဲ့တို့ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နေတာပါ။
နံနက် ၉ နာရီကနေ စတင်ပြီး ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်တာဝန်ရှိလူကြီးတွေ အပြန်အလှန် ဆွေးနွေး သွားခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စဲရေး ၊ code of conduct / မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးနှင့် အစားထိုး သီးနှံကဏ္ဍ ၊ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က လက်ရှိပြုလုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ နှစ်ဖက် သဘောတူလုပ်ဆောင်ရန် ဆိုတဲ့အချက်တွေအပါအဝင် အချက် ၉ ချက်ကို နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပါသေးတယ်။
အဲဒီတွေ့ဆုံပွဲမှာလည်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမအဖြစ် သဘောတူ ညီလက်မှတ် ရေးထိုး ခဲ့ကြပြီး ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါ တယ်။
http://www.burmavjmedia.net/?p=20082
March 20, 2013
ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်
Wednesday, March 20, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့
ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။
“ကျနော်တို့ ပြည်ထောင်စုအဆင့် တွေ့ဖို့ ရှိတယ်။ ဦးကြီး ဦးအောင်မင်းဆီက ဖိတ်စာရောက်လာလို့ ကျနော်တို့ ထွက်လာတာ။ သူတို့ အစိုးရဘက်က လာကြိုတယ်။ ခု သထုံရောက်ပြီ။ မနက်ဖြန် ရန်ကုန်ဝင်မယ်။ ကိုယ်စားလှယ် ၁၅ ယောက် တက်မယ်။ ၅ ယောက်က ရန်ကုန်မှာ ရောက်နေပြီ” ဟု PNLO ဥက္ကဋ္ဌ က မဇ္စျိမကို ပြောသည်။
ထိုဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသဖြင့် ယနေ့ လားရှိူးမြို့တွင် စတင်ကျင်းပနေသော ရှမ်းနှင့်ကယား ပါတီအဖွဲ့အစည်းများ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။
PNLO သည် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ထိုင်းနိုင်ငံတွင် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံပြီးနောက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ သည်။
သဘောတူညီချက်အရ PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ပြီး မွန်ပြည်နယ်ရှိ သထုံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ဆွေးနွေးပွဲတွင် ညှိနှိုင်းသွားရန် ရှိသည်။
ထို့ပြင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးရန် သဘောတူ ထားကြပြီး ဖြစ်သည်။
PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသား တန်းအခွင့်အရေး အတွက် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC တွင် အဖွဲ့ဝင် ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/11162--pnlo--.html
March 4, 2013
PNO သိမ်းထားတဲ့မြေတွေ ပြန်ပေး ဖို့ တောင်းဆို
Monday, March 04, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ဥယျာဉ်ခြံမြေတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို တောင်သူတွေ ဆီက တောင်းယူပြီး PNO အမှုဆောင်အဖွဲ့ရဲ့ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO) တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးခွန်လားက RFA ကို ပြောပါတယ်။
ဒါ့အပြင် ဗိုလ်မှူးခွန်လားက မြေသိမ်းခံတောင်သူတွေ တောင်းဆိုတဲ့ မြေနေရာတွေထဲက နေရာတချို့မှာ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ တည်ဆောက်ထားပြီးဖြစ်သလို ကျေးရွာအသစ်တည်ထားတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ဒီခြံမြေတွေကို ပြန်လည်မရမခြင်း သူတို့တောင်သူတွေကတော့ ဆက်လက်တောင်းဆိုရမှာပဲလို့ ထီဟန်ဆွေးကျေးရွာနေ ကိုအောင်ကိုက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁)ရက်နေ့ကလည်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်သူတွေနဲ့ PNO အဖွဲ့က ကိုယ်စားလှယ်တွေကိုခေါ်ယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ကြားဝင်စေ့စပ် ပေးခဲ့သေးတယ်လို့ သိရပါတယ်။
မနေ့က ဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO) တွဲဖက် အတွင်းရေးမှူး (၂) ဗိုလ်မှူးခွန်လား၊ ဒေသခံ NLD ပါတီဝင်တွေ၊ ထီဖောင်း၊ ဖာမွန်း၊ လွယ်ကောင်း၊ တီးလုံး၊ နောင်ပနား၊ လုံးဝါး၊ ထီဟန်ဆွေး၊ ကျောက်တိုင်၊ တံတားမီးလောင်၊ ညိုမီး စတဲ့ကျေးရွာတွေက ဒေသခံတောင်သူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။
http://www.rfa.org/burmese/news/pno-discuss-local-people-03042013002329.html
January 26, 2013
ပထမဆုံး PNLO ဆက်ဆံရေးရုံး တောင်ကြီးမြို့မှာ ဖွင့်လှစ်
Saturday, January 26, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
"ကျွန်တော်တို့ ဆက်ဆံရေးရုံးဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ စစ်ဖက်ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ အပြန်အလှန်ချိန်ဆက်နိုင်ဖို့နဲ့ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာတွေမှာ ထောင့်စုံဘက်စုံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ"
ဒါ့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ဆီဆိုင်နဲ့ မောက်မဲမြို့နယ် တို့မှာလည်း ဆက်ဆံရေးရုံးခွဲတွေ ဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အဲဒီဆက်ဆံရေးရုံးဖွင့်ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ " ဝ " အထူးဒေသ ၂ ၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့(ရှမ်းပြည်နယ်)၊ ပအိုဝ်းလူငယ်ဒီမိုအဖွဲ့၊ ပအိုဝ်းတောင်ရွေ၊ PYO (Pa-O Youth Organization)၊ PUSO (Pa-O University Students Organization) နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/pnlo-taunggyi-contact-office-01262013075712.html
September 8, 2012
မြန်မာ့သတင်းစာရေးသားသကဲ့သို့ အစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်မထိုးရ
Saturday, September 08, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ကျနော်တို့ ဩဂတ်စ်လ ၂၅ ရက်တုန်းက အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်း ရေးဆွေးနွေးတာ ပြည်နယ်အဆင့်ဘဲဆွေးနွေးသဘောတူပါတယ်။ သို့ပေမယ့် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စု အဆင့်ကိုပါ ဆွေးနွေးသဘောတူလက်မှတ်ထိုးကြပြီလို့ ထည့်သွင်းဖော်ပြထားတယ်။ တကယ်တော့ ကျနော်တို့ ပြည်ထောင် စုအဆင့်သဘောတူညီချက်လက်မှတ်ထိုးခဲ့တာမရှိဘူး၊ မြန်မာ့အလင်းက ဘာလို့အဲဒီလိုရေးလဲမသိဘူးဗျ” ဟု အမည်မဖော် လိုသည့် PNLO တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။
ဩဂတ်စ်လ ၂၅ ရက်က PNLO မှ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရာ သဘောတူညီချက် ၅ ချက်အပြင် ညနေပိုင်းတွင် ပြည်ထောင်စုအဆင့်ဆွေးနွေး ရန်အတွက်ပါ အကြိုဆွေးနွေးခဲ့ရကြောင်း၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအား လာမည့်အောက်တိုဘာ၌ ထပ်မံတွေ့ဆုံ ဖွယ်ရှိကြောင်း ထိုစဉ်က တောင်ကြီးရောက် ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။
“နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမယ် ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာလဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ပိုမိုလိုအပ်တယ်” - ဟု ဗိုလ်မှူးကြီးခွန်သူရိန်က ဆို၏။
မြန်မာ့အလင်းသတင်းစာ၌ ထိုကဲ့သို့ထင် ယောင်ထင်မှားဖြစ်အောင်မှားယွင်းဖော်ပြထားမှုသည် ကြီးမားသော ပြဿနာ တခုမဟုတ်သည့်တိုင် အနာဂတ် မိမိတို့ကြား ယုံကြည်မှုတည်ဆောက်ရန် အတွက် အခက်အခဲဖြစ်စေကြောင်း အဆိုပါ အမည်မဖေါ်လို PNLO တာဝန်ရှိပုဂ္ဂိုလ်ကပြောသည်။
“ အချင်းချင်း ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အမှန်တရားနဲ့တည်ဆောက်ရမှာဖြစ်တယ်။ မမှန်ကန်မှုနဲ့တည်ဆောက် လို့မရပါဘူး။ အဲဒီလို မီဒီယာမှာ မှားယွင်းဖော်ပြလိုက်တာ ကြီးမားတဲ့ ပြဿနာတခုမဟုတ်ဘူးဆိုပေမယ့် အသေးအမွှား ကိစ္စမှာတောင်ယုံကြည်လို့မရရင် ကြီးမားပြီး အရေးကြီးတဲ့ကဏ္ဍမှာ ဘယ်လိုလုပ် ယုံကြည်နိုင်ပါတော့မလဲ ဆိုတာတွေးစရာ တခု ဖြစ်လာစေတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
လက်ရှိတွင် သမ္မတဦးသိန်းစိန် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကိစ္စအား လက်ခံဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ရှိပြီးဖြစ်သည်။ အများအားဖြင့်လည်း ပြည်ထောင်စုအဆင့်သဘောတူညီမှု ရယူ နိုင်ခဲ့ကြသည်။
သို့သော် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အပြင် ရပ်ရွာ လူထု လည်း စစ်ဘေးစစ်ဒဏ်အလူအလဲခံနေရဆဲ ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရ တို့ကမူ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးသော်ငြားးလည်း အစိုးရက နိုင်ငံရေးကိစ္စ ဦးစားပေးဆွေးနွေးခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အနှောင့်အယှက််ဖြစ်ခဲ့ရပြီး ယနေ့တိုင် တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3471--pnlo-.html
September 5, 2012
PNLO ဆက်ဆံရေးရုံး ဖွင့်တော့မည်
Wednesday, September 05, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ရုံးဖွင့် နိုင်ဖို့အတွက် တာဝန် ပေးထားတဲ့ လူတွေကတော့ ပြင်ဆင်မှုတွေ အသည်းအသန် လုပ်နေတယ်လို့ ပြောနေတယ်၊ ကျွှန်တော့် ဆီကိုတော့ နောက်ဆုံးအခြေအနေ အတွက် တရားဝင် သတင်း ပေးပို့ လာတာတော့ မရှိသေးဘူး၊ ကျွှန်တော် ကတော့ စက်တင်ဘာ (၇) ရက်နေ့ မတိုင်မှီ ဖွင့်နိုင်အောင် လုပ်ပါလို့ ပြောထားတယ်လေ” ဟု ခွန်ဥက္ကာမှ ပြောပါသည်။
ဆက်ဆံရေးရုံး တာဝန်ခံ အဖြစ် ဗိုလ်မှူး ခွန်ဇွဲထိုအား တာဝန်ပေးအပ်ရန် လျာထားသည်ဟု ဆိုပါသည်။
ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်အရ PNLO အဖွဲ့၏ ဆက်ဆံရေး ရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူ ခဲ့ကြပြီး ယခု ပထမဦးဆုံး အနေနှင့် တောင်ကြီး ဆက်ဆံရေး ရုံးကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း နေခြင်း ဖြစ်ပါသည်။
ထို့ပြင် မွန်ပြည်နယ်ရှိ သထုံမြို့၌ ဆက်ဆံရေး ဖွင့်လှစ်နိုင်ရန် PNLO မှ တင်ပြ တောင်းဆို ထားသော်လည်း ဤကိစ္စကို လာမည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ဆွေးနွေးကြမည် ဖြစ်ပါသည်။
ပြည်ထောင်စု အဆင့်နှင့် ဆက်လက် ဆွေးနွေး နိုင်ရန်အတွက် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာ ရမည့် စည်းကမ်း ချက်များ သတ်မှတ် နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ် နိုင်ရန်အတွက် ကူညီ ပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင် များ၏ တပ်တည် နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး တို့ကို အကြို ညှိနှိုင်း၍ ဆွေးနွေးရန် နှစ်ဖက် သဘောတူ ခဲ့ကြပြီး ဖြစ်ပါသည်။
“ကျွှန်တော်တို့ တပ်တွေ ရှိနေတဲ့ နေရာ လက်ရှိ နေနေတဲ့ နေရာကိုပဲ လောလောဆယ် သူတို့ ဘက်က ယာယီ အသိအ မှတ် ပြုထားတယ်၊ သို့သော် လည်းပဲ နီးရာ ပြည်သူ့စစ် တပ်တွေ၊ ရှေ့တန်း တပ်တွေနဲ့ ညှိရ အုံးမှာပေါ့၊ ကျွှန်တော်တို့ ဆီမှာက အစိုးရ တပ်တွေ ကျွှံဝင်နေတာ၊ ကျွှန်တော်တို့ နေရာထဲကို တပ်စွဲ ထားတာတွေ သိပ်မရှိဘူး၊ ကျွှန်တော်တို့ တပ်တွေ လက်ရှိ ရှိနေတဲ့ နေရာကို သူတို့ အသိအမှတ် ပြုပေးရင် လုံလောက် ပါပြီ” ဟု PNLO အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခွန်ဥက္ကာမှ ပြောပါသည်။
အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီး နောက် လွန်ခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့တွင် PNLO အဖွဲ့မှ မဲဆောက်မြို့၌ ပအိုဝ်း ပြည်သူလူထု နှင့် တွေ့ဆုံ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ပြည်သူ များ၏ တင်ပြချက် များကို ရယူ ခဲ့ကြောင်း ခွန်ဥက္ကာမှ ပြောသည်။
အဆိုပါ လူထု တွေ့ဆုံ ရှင်းလင်းပွဲသို့ ဒုက္ခသည် စခန်းမှ ပအိုဝ့် ပြည်သူ လူထုများ၊ ဗန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်မှ ပအိုဝ်း ပြည်သူများက ကိုယ်စားလှယ်များ စေလွှတ်၍ တက်ရောက် ခဲ့ကြသည်ဟု သိရှိရပါသည်။
“သူတို့တွေ အကြံပေး ကြတာ တွေလည်း ကောင်းပါတယ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တော့ အမြင် မတူကြဘူး၊ ရေစီးကြောင်းထဲ ရောက်နေပြီ မလုပ်လို့ ကလည်း မဖြစ်၊ လုပ်မယ် ဆိုလည်း ဘယ်လိုလုပ်ဖို့ ဆိုတာတွေ၊ ဘယ်လို သတိရထားရမလဲ ဆိုတာတွေ အဲဒီ အခြေအနေ တွေအပေါ် ဆွေးနွေး အကြံပေး ကြပါတယ်၊ အပစ်အခတ် ရပ်စဲရေး လုပ်တာကိုတော့ မှားတယ်လို့ အပစ်တင် တာတော့ မရှိပါဘူး” ဟု ခွန်ဥက္ကာမှ ပြောသည်။
ပြည်တွင်းရှိ ပအိုဝ်း ပြည်သူ လူထုများနှင့် တွေ့ဆုံ ရှင်းလင်းပွဲ ကိုမူ တောင်ကြီး ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သွားရန် ရှိသည် ဟုလည်း ဆိုပါသည်။
PNLO အဖွဲ့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲ ရေး သဘောတူလက်မှတ် ရေးထိုး ခဲ့ပါသည်။ အစိုးရတို့၏ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို အောက်တိုဘာလ တတိယ ပတ်ခန့်တွင် တွေ့ဆုံရန် စီစဉ် ထားပြီး ရက်ချိန်း အတိအကျကို နှစ်ဖက် ညှိနှိုင်း အတည်ပြု နိုင်ခြင်း မရှိသေးဟု ခွန်ဥက္ကာမှ ပြောပါသည်။
Wednesday, 05 September 2012
http://www.phophtaw.org/burmese/index.php/news/local-news/2086--pnlo-.html
August 28, 2012
ယခုလကုန် တောင်ကြီး၌ရုံးဖွင့်နိုင်ရေး PNLO ကြိုးစားနေ
Tuesday, August 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ ကျနော်တို့ တောင်ကြီးမှာ ဒီလမကုန်မီ ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။ စုစုပေါင်းတော့ ၃-၄ နေရာ လျာထား ပါတယ်။ အခုတောင်ကြီးမှာ အရင်ဆုံးဖွင့်မှာပါ။ ကျန်တဲ့နေရာတွေမှာတော့ ထပ်ပြီးဆွေးနွေးပြီးမှဘဲဆက်ဖွင့် သွားမှာပါ” ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ် ၊ ငြိမ်းချမ်းရေး ကိုယ်စား လှယ် ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သော စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်အားပြော ပြသည်။
ဆက်ဆံရေးရုံးများကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊မောက်မယ်မြို့၊ ဆီဆိုင်မြို့အပြင် မွန်ပြည်နယ် သထုံမြို့တွင် လည်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် နှင့် PNLO ၏ အတွင်းရေးမှူး ခွန်မြင့်ထွန်းကပြောပါသည်။
“ကျနော်တို့ ဌာနချုပ်ကိုလည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်မောက်မယ်မြို့နယ် ကဒူးကြီးမှာ စိုက်ဖို့ မျှော်မှန်းထား ပါတယ်။ ဒီအကြောင်းတွေကို လာမယ့်အောက်တိုဘာလမှာ လုပ်ဖို့ သဘောတူထားတဲ့ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးပွဲမှာမှ ဒီအကြောင်းတွေထပ်ပြီးဆွေးနွေးပါမယ်” ဟု ဗိုလ်မှူးကြီးခွန်သူရိန်ကပြောပါသည်။
နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မည့် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ၌ ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ လိုအပ်ကြောင်း လည်း ပြောပါသည်။
ယမန်နေ့ ဩဂတ်စ် ၂၇ ကမူ PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ၁၉၆၀ ဝန်းကျင်က ပအိုဝ်း (တက္ကသိုလ်) ကျောင်း သားဟောင်းကြီးများအဖွဲ့နှင့်တွေ့ဆုံပြီး ၎င်းတို့ဦးစီးဖွင့်လှစ်ထားသည့်တောင်ကြီးမြို့ မင်းကွန်းပရိယတ္တိ စာသင် တိုက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံသို့သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောပြသည်။
ယခုလ ၂၅ ရက်က တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ PNLO ကိုယ်စား လှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရဘက် မှ သျှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင် မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲ၌ အပစ်ရပ်စဲရေးနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအတွက် သဘောတူညီချက် လက်မှတ် ရေးထိုး နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ပါ ပြုလုပ်နိုင်ခဲ့ ကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က ပြောသည်။
PNLO သည် အစိုရနှင့် အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ၁၃ ဖွဲ့မြောက် လက်မှတ်ရေးထိုးသည့်အဖွဲ့ဖြစ်ပြီး တောင်ကြီးမြို့တွင် တတိယမြောက် ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။
ယခုတကြိမ် ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၅ ချက်မှာ -
၁- ၂၀၁၂ ဩဂတ်စ်လ ၂၅ မှစ၍ အပစ်အခတ်ရပ်စဲရေး
၂-နှစ်ဘက်သဘောတူညီမှုရထားသည့် သတ်မှတ်နယ်မြေများတွင် နေထိုင်ရေး
၃-သတ်မှတ်နေရာမှအပ တခြားဒေသသို့ လက်နက်ဖြင့်သွားရောက်ခြင်းမပြုရေး
၄-ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ဆီဆိုင်၊မောက်မယ်မြို့များ၌ ထားရှိရေး
၅-ပြည်ထောင်စုအဆင့်ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းရေး စသည်တို့ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
ညနေပိုင်း ပြည်ထောင်စုအဆင့်ဆွေးနွေးရာ၌ ဆွေးနွေးသဘောတူခဲ့သော အချက် ၈ ချက်မှာ-
၁- ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာသည်ထက်ခိုင်မာအောင်ဆွေးနွေးရန်
၂- Code of Conduct သတ်မှတ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ရေး
၃-ဆက်ဆံရေးရုံးမှားလုပ်ငန်းလည်ပတ်နိုင်အောင်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကူညီရန်
၄-PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာများကိုဆက်လက် ညှိနှိုင်းရန်
၅-မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၆-သတင်းမီဒီယာများကိစ္စညှိနှိုင်းဆောင်ရွက်ရန်
၇-တပ်ဖွဲ့ဝင်များ၏စားဝတ်နေရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်
၈-ပြည်သူလူထုလုံခြုံရေးနှင့် အခြေခံစိုက်ပျိုးရေးကိစ္စဆွေးနွေးညှိနှိုင်းရန်တို့ဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3436--pnlo-.html
August 27, 2012
PNLO ပထမဆုံးအကြိမ် အပစ်ရပ် လက်မှတ်ထိုး
Monday, August 27, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
PNLO ဘက်မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒုတိယ ခေါင်းဆောင် စစ်ဦးစီးချုပ် ခွန်သူရိန် ဦးစီးသည့် တပ်မှူး သုံးဦးနှင့် ပြည်နယ် အစိုးရဘက်မှ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။
“PNLO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲရေးကို လုပ်ကြတာဟာ
နိုင်ငံရေး ဆွေးနွေးပွဲကို ဦးတည်ပြီးတော့ လုပ်ကြတာ” ဟု PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်း က ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီး ဟိုတယ်တွင် ပြုလုပ်သည့် တွေ့ဆုံမှုတွင် PNLO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၎င်းပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးလည်း ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြသည်။
စနေနေ့ ဆွေးနွေးပွဲတွင် အဆင့်နှစ်ဆင့် ခွဲထားပြီး ပထမအဆင့် ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အချက် ၅ ချက်ကို ဆွေးနွေးကာ သဘောတူ လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအဆင့် ပြည်ထောင်စုအဆင့်နှင့် ဆက်လက် ဆွေးနွေးရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်းတို့ ဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူချက်အရ PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ မောက်မယ်
နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ကြပြီး မွန်ပြည်နယ် သထုံမြို့၌ ဆက်ဆံရေး ဖွင့်လှစ်နိုင်ရန် လာမည့်
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ဆက်လက်ညှိနှိုင်းသွားမည်ဟု ခွန်မြင့်ထွန်း က ပြောသည်။
စက်တင်္ဘာလတွင် ပြည်ထောင်စုအဆင့်နှင့် ဆွေးနွေးရန် လျာထားပြီး အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးရန် သဘောတူခဲ့ကြသည်။
ဦးခွန်မြင့်ထွန်း ဦးဆောင်သည့် PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လအတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပြည်တွင်းသို့ ဝင်ရောက် လေ့လာခဲ့ပြီး ဇူလိုင်လတွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန်
တောင်ကြီးမြို့သို့ ရောက်ရှိခဲ့သော်လည်း ဝန်ကြီး ဦးအောင်မင်း မအားလပ်သည့်အတွက် ဆွေးနွေးပွဲ အကောင်အထည် မပေါ်ခဲ့ကြောင်း PNLO က ပြောသည်။
PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်
နှင့် ကယားပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။
အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်ကြာ ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မီတီနှင့် တတိယအကြိမ် ဆွေးနွေးရန် သဘောတူထားသော်လည်း အစိုးရဘက်မှ ရွှေ့ဆိုင်းလိုက်သည့်
အတွက် တွေ့ဆုံဆွေးနွေးရန် အထမမြောက်တော့ကြောင်း သြဂုတ်လ ၂၅ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်သည်။
“ရွှေ့ဆိုင်းလိုက်တာ မနေ့က ကျမတို့ နှုတ်အားဖြင့် သတင်း ရပါတယ်။ ကျမတို့ဘက်က ဆက်သွယ်ရေး တာဝန်ခံနဲ့ အစိုးရဘက်က ဆက်သွယ်ရေး တာဝန်ခံတို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ အဲဒီသတင်းကို ကျမတို့ လက်ခံ ရရှိပါတယ်” ဟု KNU ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က ပြောသည်။
အစိုးရဘက်မှ အရေးပေါ် ကိစ္စကြောင့် မအားလပ်သည့်အတွက် ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟုလည်း သူက
ပြောသည်။
KNU အနေနှင့် အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး မှန်ကန်သော စေတနာ သဘောထားအပေါ် အခြေခံကာ
နှစ်ဦးနှစ်ဘက်အတွက် အဆင်ပြေမည့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးရက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်
ရန် လုပ်ဆောင်သွားမည်ဟုလည်း KNU ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
http://www.mizzimaburmese.com/news/inside-burma/9952-pnlo---.html
August 26, 2012
PNLOနဲ့ အစိုးရကြား အပစ်ရပ်ရေး ပြည်နယ်အဆင့် သဘောတူ
Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ PNLA တပ်နေရာတွေနဲ့ ပတ်သက်လို့တော့ စာနဲ့ တရားဝင် သဘောတူချက် ရတာမျိုး မရှိသေးပေမယ့် နှစ်ဘက်အကြား လူကြီးလူကောင်း သဘောတူချက်တော့ လုပ်ခဲ့ကြကြောင်း၊ တရားဝင် သဘောတူချက် ရဖို့ ဆက်ဆွေးနွေးသွားကြမှာ ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ရှမ်းပြည်နယ် ဝန်ကြီးကိုယ်တိုင်ရော၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ပါ တက်ရောက် လက်မှတ် ရေးထိုး ခဲ့ကြတဲ့အတွက် အပစ်ရပ်ရေး သဘောတူချက် ခိုင်မာမှု ရှိတယ်လို့ ယူဆရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ဖို့ကလွဲရင် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိမှာ မဟုတ်ကြောင်းနဲ့ သဘောထား လွဲမှားမှုတွေ ဖြစ်မလာစေဖို့ နှစ်ဘက်စလုံးမှာ တာဝန်ရှိကြောင်း PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120825_pnlo_ceasedfire_agreement.shtml
PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ
Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-08-25
PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။"
ပြည်နယ်အဆင့် သဘောတူညီမှု လက်မှတ်ထိုးပွဲ ပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဆက်လက် ညှိနိုင်းခဲ့ကြတယ်လို့ လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီီနေ့လက်မှတ်ထိုးပွဲနဲ့ ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။
PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဟာ ၁၉၉၁ ခုနှစ်က အစိုးရနဲ့အပစ်အခတ် ရပ်စဲလိုက်တဲ့ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး သူဟာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ အဲဒီအချိန်က ရပ်တည်ခဲ့ပါတယ်။
ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
http://www.rfa.org/burmese/news/pnlo-government-ceasefire-agreement-signed-08252012112547.html
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |
PNLO နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ
Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ဆက်ဆံရေးစခန်းကို သဘောတူသည့် သင့်တော်ရာ နေရာ၌ ထားရှိရန်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အကြိုညှိနှိုင်းဆွေးနွေးရေး ပြုလုပ်မည် ကိုလည်း သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် PNLO ဘက်မှ အပစ်အခတ်ရပ် စဲရေး၊ နှစ်ဖက်သဘောတူနိုင်မည့်နေရာ ဆက်ဆံ ရေးရုံးထားရှိရေး၊ ပအိုဝ်း PNLO တပ်ဖွဲ့ဝင် အားလုံး လက်နက်မပါပဲ မြန်မာပြည်အနှံ့ လွတ်လပ်စွာ သွားလာခွင့်ရရန်၊ သဘောတူညီချက် ရရှိပြီးပါက ပြည်တွင်းရှိ ပအိုဝ်းနိုင်ငံရေးပါတီများ၊ ပအိုဝ်း အမျိုးသားခေါင်းဆောင်များ၊ ပအိုဝ်း ရဟန်းသံဃာတော်များ ပြည်သူလူထုများတွေ့ ဆုံခွင့် ရရန်နှင့် ပအိုဝ်းနယ်ထဲတွင်ရှိသည့် မူးယစ်ဆေးဝါပြဿနာများ ဝိုင်းဝန်းတိုက်ဖျက်ရန် နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်၌ ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများနှင့် လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ပြုရန် စသည့် အချက် ၆ ချက်ကို တင်ပြတောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုချက်များကို ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့တွင် ဘန်ကောက်မြို့၌ ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် PNLO တို့မှ ဥက္ကဌ ဦးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့တွေ့ဆုံစဉ် မူအားဖြင့် သဘောတူ ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် PNLO ဘက်က ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်နှင့် မောက်မယ် သုံးနေရာ ဆက်ဆံရေးရုံးထားရှိရန် တောင်းဆိုထားသည်ကို အစိုးရဘက်မှ အဘောတူခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ရှမ်းပြည်နယ်တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော် နှစ်ဦးနှင့် အမျိုးသားလွှတ်တော် နှစ်ဦးလည်း တက်ရောက်ခဲ့ကြသည်ဟု ဦးလှမောင်ရွှေက ပြောသည်။
PNLO နှင့် အစိုးရတို့သည် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ယခုနှစ်ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ရာ PNLO က အချက် (၁၁)ချက်ကို တင်ပြတောင်းဆိုးဆိုခဲ့သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ် မြောက်ရေးအဖွဲ့ချုပ်(ရလလဖ)မှ ခွဲထွက်တည်ထောင်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။
http://burmese.monnews.org/?p=5265
PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ
Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
2012-08-25
"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့ကတော့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။"
ပြည်နယ်အဆင့် သဘောတူညီမှု လက်မှတ်ထိုးပွဲ ပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ဆက်လက် ညှိနိုင်းခဲ့ကြတယ်လို့ လည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီီနေ့လက်မှတ်ထိုးပွဲနဲ့ ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာ ဖြစ်ပါတယ်။
PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဟာ ၁၉၉၁ ခုနှစ်က အစိုးရနဲ့အပစ်အခတ် ရပ်စဲလိုက်တဲ့ PNO ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး သူဟာ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ အဲဒီအချိန်က ရပ်တည်ခဲ့ပါတယ်။
ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
http://www.rfa.org/burmese/news/pnlo-government-ceasefire-agreement-signed-08252012112547.html
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |
PNLOနဲ့ အစိုးရကြား အပစ်ရပ်ရေး ပြည်နယ်အဆင့် သဘောတူ
Sunday, August 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ PNLA တပ်နေရာတွေနဲ့ ပတ်သက်လို့တော့ စာနဲ့ တရားဝင် သဘောတူချက် ရတာမျိုး မရှိသေးပေမယ့် နှစ်ဘက်အကြား လူကြီးလူကောင်း သဘောတူချက်တော့ လုပ်ခဲ့ကြကြောင်း၊ တရားဝင် သဘောတူချက် ရဖို့ ဆက်ဆွေးနွေးသွားကြမှာ ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ရှမ်းပြည်နယ် ဝန်ကြီးကိုယ်တိုင်ရော၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ပါ တက်ရောက် လက်မှတ် ရေးထိုး ခဲ့ကြတဲ့အတွက် အပစ်ရပ်ရေး သဘောတူချက် ခိုင်မာမှု ရှိတယ်လို့ ယူဆရမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ဖို့ကလွဲရင် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိမှာ မဟုတ်ကြောင်းနဲ့ သဘောထား လွဲမှားမှုတွေ ဖြစ်မလာစေဖို့ နှစ်ဘက်စလုံးမှာ တာဝန်ရှိကြောင်း PNLO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120825_pnlo_ceasedfire_agreement.shtml
August 25, 2012
အစိုးရနဲ့ ပဏာမအဆင့်ဆွေးနွေးဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခရီးစတင်
Saturday, August 25, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မေး။ ။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ပြည်တွင်းဝင်ပြီးအစိုးရနဲ့ ထပ်မံဆွေးနွေးဖို့ ရှိတယ် လို့ကြားသိရတယ်။ ပြောပြပေးပါဦးခင်ဗျ။ ဖြေ။ ။ဟုတ်ကဲ့ ကျနော်တို့အဖွဲ့ ကျနော်ခွန်မြင့်ထွန်း၊ ခွန်သူရိန် တို့ဦးဆောင်တဲ့ ၈ ယောက်ပါအဖွဲ့ ကနေ့တောင်ကြီး ကိုရောက်ပါမယ်။ မနက်ဖြန်အစိုးရနဲ့ဆွေးနွေးဖို့ရှိပါတယ်။ ဂျူလိုင်လ ၂၈ ရက်နေ့တုန်းက ဦးအောင်မင်းနဲ့ ရန်ကုန်မှာတွေ့ခဲ့တယ်။ ၁၀ ရက်တာ လေ့လာရေးခရီးစဉ်အပြီးပေါ့။ အဲ့ချိန်မှာ ဦးအောင်ခမ်းထီအပါအဝင် PNO ခေါင်းဆောင်တွေကိုလည်း သွားပြီး ဂါရ၀ ပြုခဲ့တယ်။ ပအိုဝ်းလူမှုအဖွဲ့အစည်း တိုင်းရင်းဆေးဆရာများအဖွဲ့ စာပေယဉ်ကျေးမှုအဖွဲ့ ပအိုဝ်းအမျိုးသမီး အဖွဲ့တွေနဲ့တွေ့ခဲ့တယ်။ ပြီးရင်တောင်ကြီးမှာရှိတဲ့တောင်ကျောင်းကြီး က ပအိုဝ်းဆရာတော် သံဃာတော်တွေရဲ့ ဩဝါဒ အဆုံးအမကိုခံယူတယ်။ ဂျူလိုင် ၂၈ ရက်မှာဦးအောင်မင်းနဲ့တွေ့ပါတယ်။ အဲဒီအချိန်မှာ ပိုမိုပြီးတိုးတက်တဲ့ ဆွေးနွေးမှုတွေရှိတဲ့အတွက်ကြောင့် နောက်ထပ်ဆွေးနွေးဖို့ ဒီရက်ပိုင်းမှာစတင်တာဖြစ်ပါတယ်။
မေး။ ။ အခုဆွေးနွေးမှာက ပဏာမ အဆင့်လား။
ဖြေ။ ။ဟုတ်ကဲ့အခုဆွေးနွေးဖို့သွားတာဟာ အပစ်ရပ်ဖို့ ပဏာမအဆင့်ဆွေးနွေးမှာဖြစ်ပါတယ်။
မေး။ ။ ဆရာတို့ဆွေးနွေးမယ့်အချက်လေးတွေကိုပြောပြပေးနိုင်မလားခင်ဗျ။
ဖြေ။ ။အဓိကကတော့ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေဆွေးနွေးခဲ့ကြသလိုပါဘဲ။ အပစ်အခတ်ရပ်စဲဖို့ နှစ်ဦးနှစ်ဘက်ကြားမှာ ပဏာမ သဘောတူညီချက်ရရှိဖို့ ၊အဲဒီနောက်ပိုင်း ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ဖို့ အတွက် ဆက်ဆံရေးရုံးတွေဖွင့်နိုင်ဖို့ အဲဒါတွေပါဘဲ။ ကျနော်တို့ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်တွေရော၊ တပ်မတော်သားတွေရော လက်နက်မပါဘဲနဲ့ သွားလာခွင့်ရဖို့နဲ့ နောက် ကြိုတင်အကြောင်းကြားပြီး လက်နက်ကိုင်ဆောင်သွားလာခွင့်ရဖို့ အဓိက ထားဆွေးနွေးကြမှာပါ။
အစိုးရကိုယ်စားလှယ်ဘက်က ဘယ်သူတွေပါမလဲအသေအချာမသိနိုင်ပေမယ့် ကျနော်တို့ကို ဆွေးနွေး ဖို့ကမ်းလှမ်းတဲ့ ဝန်ကြီးဦးအောင်မင်းတော့အသေအချာလာလိမ့်မယ်။ နောက်ပြီး သျှမ်းပြည်အစိုးရအဖွဲ့ တွေပေါ့နော် လာကြမယ်လို့မျှော်လင့်ပါတယ်။
မေး။ ။ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးက အပစ်ရပ်ပြီးပြီ ငြိမ်းချမ်းရေးယူပြီးပြီ။ ခုထိ တိုက်ပွဲတွေ ဖြစ်နေတုန်း။ ဆရာတို့အနေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ဘယ်လောက်ယုံကြည်မှုရှိ လဲခင်ဗျ။
ဖြေ။ ။ ခု မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေအနေဟာ ညီအကိုမသိတသိ နိုင်ငံရေးအခြေအနေဖြစ်ပါ တယ်။ အထက်ကလဲဆွေးနွေးစရာရှိတာကိုဆွေးနွေးနေမယ်။ အောက်ကလဲတိုက်စရာရှိ တိုက်နေတယ်။ အခု သျှမ်းပြည်တပ်မတော် SSPP ရော RCSS ရောအပါအဝင် အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကို အခြေခံပြီးတော့ အပစ်အခတ်ရပ်စဲရေးကို လုပ်ခဲ့ကြတာလို့ ကျနော်အဲလိုဘဲ နားလည်ထားပါတယ်။ ဒါကြောင့်မို့ အဓိပ္ပါယ်ပြည့်စုံတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုပါတယ်။ အဲလိုပေါ်ပေါက်လာခြင်းအားဖြင့် အဲဒီတွေ့ဆုံဆွေးနွေးပွဲကြီး တွေကနေ ဒီကိစ္စရပ်တွေကိုပိုပြီးတော့ညှိနှိုင်းဆွေးနွေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်။
ကျနော်မီဒီယာတွေကို တခု Request လုပ်ချင်ပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို အခြားအဖွဲ့ အစည်း တွေရဲ့ ခွဲထွက်ခွင့်ဆိုပြီးမှားပြီးရေးကြပါတယ်။ ကျနော်ပြောပြချင်တာကတော့ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ဟာ ၂၀၀၉ ခုနှစ် မှာကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားညီလာခံမှာ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်ကိုဖွဲ့စည်းဖို့ ကျနော်တို့ သဘောတူညီခဲ့ကြတယ်။ အဲဒီညီလာခံကနေပြီး မှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ဖွဲ့စည်းပုံကိုရေးဆွဲပြဌာန်းပေးပါတယ်။ မဟာ မိတ်ခေါင်းဆောင်များကရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးပြီးတော့မှ ဒီမိုကရေစီနည်း အရ အဖွဲ့ခေါင်းဆောင်တွေကိုရွေးချယ်တင်မြောက်ပြီး ဖွဲ့စည်းခဲ့တာပါ။ ဒီအဖွဲ့မဖွဲ့စည်းခင်မှာ ဦးအောင် ခမ်းထီတို့ ၁၉၉၁ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်တော့ PNO ကဗိုလ်မှူးကြီးခွန်ဥက္ကာတို့ ဒီမှာကျန်ခဲ့ တယ်။ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် PPLO အနေနဲ့ တော်လှန်ရေးကိုဆက်ပြီးဆင်နွှဲတယ်။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ ရလလဖ က ၂၀၀၇ မှာပြိုကွဲသွားတယ်လို့ ပြောရမှာ ပေါ့။ အဲဒီချိန်မှာ ရလလဖ ဒုဥက္ကဌ ခွန်တိဆောင်နဲ့ အတွင်းရေးမှူးဖြစ်တဲ့ ခွန်သူရိန်တို့ ဦးဆောင်တဲ့ ရလလဖ အင်အားစု တစုက ကျနော်တို့ တော်လှန်ရေးနယ်မြေကိုပြန်ရောက်တယ်။ ပအိုဝ်းနိုင်ငံရေး ဦးဆောင် အဖွဲ့တွေရော၊ ပအိုဝ်းလူငယ်အဖွဲ့ လူငယ်အစည်းအရုံး PYO နောက်ပြီး ပအိုဝ်းအလုပ်သမားသမဂ္ဂ PLU အဲချိန်က လွှတ်တော်ကိုယ်စားလှယ်တချို့ ကျနော်ကတော့ NLD လွှတ်တော်ကိုယ်စားလှယ်ပေါ့။ ပအိုဝ်း အင်အားစုအားလုံးပါဝင်တဲ့ ပအိုဝ်းညီလာခံ ကိုကျင်းပတယ်။ အဲဒီကမှ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ပြန်ပြီးဖွဲ့စည်းပေးခဲ့တာ။ အဲဒီတော့ တချို့တွေလွဲမှားပြီးရေး တတ်တာ ဟိုကခွဲထွက် ဒီကခွဲထွက် ဆိုတာ မှားယွင်းတယ်ဆိုတာ ကျနော်ပြောပြချင်တာ။
မေး။ ။ ဟုတ်ကဲ့ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ နောက်တခု ဆရာတို့ ဆရာဦးအောင်ခမ်းထီနဲ့ပထမတခေါက်တွေ့စဉ်တုန်းက ပေါင်းစည်းရေးအတွက်ရော ဆွေးနွေးဖြစ်ခဲ့ကြသေးလားခင်ဗျ။
ဖြေ။ ။ဟုတ်ကဲ့ အဲဒီကိစ္စရပ်အပေါ် ကျနော်တော်တော်လေးကို အားရကျေနပ်မှုရှိခဲ့ပါတယ်။ ကျနော်တို့ ကို နာယကကြီး ဦးအောင်ခမ်းထီက နွေးနွေးထွေးထွေးလက်ခံကြိုဆိုတယ်။ တွေ့ဆုံတယ်။ မိသားစုလို ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတယ်။ နောက်တနေ့ ပအိုဝ်းလူမှုအဖွဲ့အစည်း အစုံအလင်ပါတဲ့တွေ့ဆုံ ဆွေးနွေးပွဲကိုလည်း PNO နဲ့အတူ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်လာပါ အပါအဝင် ကမကထပြု ကျင်းပပေးခဲ့တယ်။ အဲဒီမှာ သဘာပတိကိုလည်း အဲဒီရဲ့ PNO နာယကအဖွဲ့ဝင်ဖြစ်တဲ့ ခွန်မောင်တုတ်ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်။ အခမ်းအနားမှူးကိုလည်း PNO ကအလုပ် အမှုဆောင် ခွန်တင်ထွတ်က ဆောင်ရွက်ပေးပါတယ်။ တောင်ကျောင်းကြီးဆရာတော်အပါအဝင် ပအိုဝ်းဆရာတော်တွေ သံဃာတော်တွေကို ကန်တော့ဖို့ အတွက် PNO ကနေပြီးတော့ဘဲ ကမကထ ပြုပေးခဲ့ပါတယ်။ ဒီအတွက်ကျနော်တို့ ဂုဏ်ယူပါတယ်။ နောက်ပြီး PNO ကိုဖွဲ့စည်းစဉ်တုန်းကလည်း ပအိုဝ်းအမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီဝါဒကို အခြေ ခံပြီးတော့မှ ဖွဲ့ခဲ့ပါတယ်။ ထိုနည်းတူဘဲ ကျနော်တို့ PNLO ကလည်း အမျိုးသားတန်းတူရေးနဲ့ ကိုယ် ပိုင်ပြဌာန်းပိုင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီဝါဒကိုအခြေခံပြီးတော့မှ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ကျနော် တို့ ၂ ဖွဲ့ကြားမှာ တူညီတဲ့အမျိုးသားရေးမူဝါဒဘဲဖြစ်ပါတယ်။ နောက်တခါ ကျနော်တို့ ရပ်တည်ချက် အနေအထားက PNO က ဒီနေ့ ၂၀၁၀ တုန်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ တရားဝင်နိုင်ငံရေး ပါတီဖြစ်ပါ တယ်။ အနိုင်လည်းရထားပါတယ်။ အဲတော့ဒီကနေ့ လွှတ်တော်နိုင်ငံရေးမှာ PNO ကနေပြီးတော့ ပအိုဝ်းအမျိုးသားတွေအတွက် ကိုယ်စားပြုပြီးတော့ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့ PNO ကြားမှာ နိုင်ငံရေးအရကော နယ်မြေအရရော ပဋိပက္ခတွေ မရှိပါဘူး။ PNO ရဲ့ကမကထပြုမှုကြောင့်လည်း ကျနော်တို့သွားလာရေးခရီးစဉ်ကအဆင်ပြေလွယ်ကူခဲ့ပါတယ်။
မေး။ ။ မွန်ပြည်နယ်ဘက်က ပအိုဝ်းအမျိုးသားနဲ့ သျှမ်းပြည်တောင်ပိုင်းက ပအိုဝ်းအမျိုးသားတွေရဲ့ စကား၊ အသုံးအနှုန်း လေသံစတာတွေ မတူတာတွေ ရှိလားခင်ဗျ။
ဖြေ။ ။စကားကတော့ အတူတူဘဲ။ သို့ပေမယ့် ပတ်ဝန်းကျင်အလိုက် လေသံအနိမ့်အမြင့်နဲ့ အသံထွက် တော့ ကွာခြားမှုရှိတယ်။ နည်းနည်းပေါ့။ ရန်ကုန်သားနဲ့မန္တလေးသားတို့လိုပေါ့။ လေယူလေသိမ်းကွာ တယ်။ ဒေသအလိုက်တွင်ကျယ် ခေတ်စားတဲ့အသုံးအနှုန်းတွေကွာတယ်။ သို့ပေမယ့်စကားက အတူတူ ဘဲ။ ပင်လောင်းဘက်က ပအိုဝ်းနဲ့ သထုံဘက်က ပအိုဝ်း ဆိုရင် စကားပြောရင် ပိုတောင်အဆင်ပြေ သေးတယ်။ ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့ ကွဲပြားမှုမရှိတာဟာ ကျနော်တို့ပအိုဝ်းအမျိုးသား တွေအတွက်တော့ ကံကောင်းခြင်းတခုလို့ပြောရမှာ ပေါ့နော်။ သို့ပေမယ့် စာအရေးအသားမှာတော့ နဲနဲကွာတယ်။ သထုံဘက်ကဆိုရင် အလံတရာ စာမူရယ် သျှမ်းပြည်မှာဆိုရင် တောင်ကြီးစာမူရယ်။ ဒီရေးထုံးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ ပအိုဝ်းစာပေပညာရှင်တွေက ညှိနှိုင်းမှု ပြုလုပ်နေတုန်းပါ ဘဲ။ မြန်မာစာလို အမြဲစီးဆင်းခွင့်ရနေတဲ့မြစ်ချောင်းလိုမျိုးတော့ ဘယ်ဟုတ်မလဲနော်။ မြန်မာစာတောင် မှ ပညာရှင်တွေကြားမှာ ညှိနှိုင်းမှုပြုစရာတွေရှိနေဆဲဘဲ။ ဥပမာ တစ်ခု ရေးမလား တခု ရေးမလား စသဖြင့်ပေါ့။ ကျနော်တို့တိုင်းရင်းစားစာပေတွေက ရေအိုင် ရေကန်လိုမျိုးဖြစ်နေတော့ ကွာခြားချက် လေးတွေ ညှိနှိုင်းစရာလေးတွေ များနေရတာဖြစ်တယ်။ သို့ပေမယ့် ပအိုဝ်းစာပေကို ပအိုဝ်းတိုင်း က ဖတ်နိုင်တယ်။ သထုံစာကိုတောင်ကြီးသားတွေဖတ်နိုင်သလို တောင်ကြီးစာကိုလည်း သထုံသား တွေဖတ်နိုင်တယ် အဲလိုမျိုးပေါ့။ အဲ ဘာဘဲပြောပြော ခုနကျနော်ပြောတဲ့အတိုင်း ကျနော်တို့နဲ့ PNO ကြားမှာ အမျိုးသားညီညွတ်ရေးပေါ့ဗျာ။ ပအိုဝ်းအမျိုးသားညီညွတ်ရေးအတွက်ကျနော်တို့ ခြေလှမ်းတွေ စလှမ်းနိုင်ခဲ့ပါပြီ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃)နေ့ မှ (၂၆) ရက်နေ့ အထိ တောင်ကြီးမြို့၊ မွန်ပြည်နယ် သထုံမြို့၊ ရန်ကုန်မြို့တို့လေ့လာရေးခရီးအဖြစ် ပထမ ဆုံးအကြိမ် သွားခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းက တကြိမ်၊ ဒီနှစ် ဖေဖေါ်ဝါရီလ (၅) ရက် တကြိမ် ဦးအောင်မင်းနဲ့ PNLO တို့ ထိုင်းနိုင်ငံမှာ အလွတ်သဘောထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
http://www.burmese.panglong.org/interview/104-2012-01-25-04-07-20/3430-2012-08-24-09-28-39.html
PNLO ပြည်နယ်အဆင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးရန် ထွက်ခွာပြီ
Saturday, August 25, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
သြဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO သည် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုပြုလုပ်ရန် ယနေ့ ထွက်ခွာသွားပြီဟု သိရသည်။
PNLO တွေ့ဆုံဆွေးနွေးမှုကို တောင်ကြီးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် သြဂုတ်လ ၂၅ရက်နေ့တွင် ပြုလုပ်နိုင် ဖွယ်ရှိသည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်အဖြစ် PNLO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်ခွန်ထီးဆောင်၊ ဒုတိ ယ ဗိုလ်မှူးကြီးခွန်သူရိန်၊ စစ်ထောက်ချုပ် ဗိုလ်မှူးခွန်စဲထို၊ တပ်ရင်းမှူး ဗိုလ်မှူးခွန်ကျော်ထင် အပါအဝင် အဖွဲ့ဝင် ၁၀ဦး ပါ၀င်သည်ဟု သိရ သည်။
ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ခွန်မြင့်ထွန်းက “ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှုရရှိဖို့ ပြီးရင် ဆက်ဆံရေးရုံးဖွင့်ဖို့၊ တပ်ဖွဲ့ဝင်တွေ လက်နက်မပါဘဲ တစ်ပြည်လုံး လွတ်လပ်စွာ သွားလာခွင့်ရဖို့၊ နှစ်ဖက် ကြိုတင်ညှိနှိုင်းပြီး တချို့နေရာတွေမှာ သွားလာဖို့၊ အဲဒီအချက်တွေကို အဓိကထား ဆွေးနွေးမှာပါ”ဟု ပြောသည်။
ထို့အပြင် ဆွေးနွေးမှုအပေါ် မျှော်လင့်ချက်နှင့် ပတ်သက်၍ “၀န်ကြီးဦးအောင်မင်း အပါအဝင် အစိုးရအဖွဲ့အစည်းမှပုဂ္ဂိုလ်များ၊ ကူညီ ဆောင်ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်များနဲ့ ထိတွေ့ဆက်ဆံမှုကနေတစ်ဆင့် ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု တစုံတရာတော့ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ စတင်လျှောက်လှမ်းနိုင်ခဲ့တဲ့ ယုံကြည်မှုခြေလှမ်းတွေကနေတဆင့် နှစ်ဖက်ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပါ တယ်”ဟု ပြောသည်။
ယခုလို တွေ့ဆုံဆွေနွေမှု မပြုလုပ်မှီ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလွတ်သဘော ၃ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် လေ့လာရေးခရီးအနေဖြင့် သျှမ်းပြည်နယ် တောင်ကြီးနှင့် သထုံ၊ ရန်ကုန်မြို့များသို့ ဆယ်ရက်တိုင် သွားရောက်ခဲ့ပြီး ဦးအောင် ခမ်းထီ အပါအဝင် ပြည်တွင်းမှ ပအိုဝ်းခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များ၊ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
http://www.kicnews.org/?p=13048
August 21, 2012
အစိုးရနှင့် PNLO ယခုအပတ် အတွင်း တွေ့ဆုံမည်
Tuesday, August 21, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
သြဂုတ်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)တို့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယခု ရက်သတ္တပတ်အတွင်း တွေ့ဆုံကြမည်ဟု အဖွဲ့ဥက္ကဌက ပြောသည်။
PNLO ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီတပတ်အတွင်းပဲ တွေ့မှာဖြစ်တယ်။ တောင်ကြီးမှာ တွေ့မယ်။ ကျနော်တို့ ဒီတခါ အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမအဆင့်အနေနဲ့ အဆင်ပြေနိုင်အောင် ဆွေးနွေးကြဖို့ ရှိတယ်။ နောက်ပြီးတော့ အချက် ရချက်လောက်ကိုလည်း ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ တွေ့ဆုံရာတွင် PNLO အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်သည့် ယခင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် ရဦးနှင့် တပ်မှူး ၃ဦး ထပ်မံ ဖြည့်ဆည်းထားသည့် ဆယ်ဦးကိုယ်စားလှယ်နှင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့လည်း ပါဝင်မည်ဟု ဥက္ကဌ ဦးခွန်ဥက္ကာက ပြောသည်။
“ကျနော်တို့ဘက်ကတော့ ဆွေးနွေးဖို့ ပြင်ဆင်ထားတာတွေကို ဆွေးနွေးသွားမှာပေါ့။ ဒါပေမယ့် အဲဒါကလည်း နှစ်ဦးနှစ်ဖက် သဘောတူမှ ဖြစ်မှာ ပြေလည်အောင် ဆွေးနွေးရမှာပေါ့”ဟု ၎င်းက ပြောသည်။
PNLO သည် ဇူလိုင်လ ၂၇ရက်နေ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
၎င်းတွေ့ဆုံပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ နယ်မြေကိစ္စနှင့် PNLO တပ်ဖွဲ့ဝင်များ အခြေချ နေထိုင်နိုင်ရေး စသည့်အချက်များ ဆွေးနွေးခဲ့ကြ သော်လည်း တစုံတရာ ပြေလည်မှု မရရှိခဲ့ပေ။
ထို့အတွက်ကြောင့် ဇူလိုင်လနောက်ဆုံးအပတ်မှာပင် PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်းတို့ ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံခဲ့ကြပြီး အပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးရန် ယခုတခါ ဆက်လက် တွေ့ဆုံကြမည် ဖြစ်သည်။
http://www.kicnews.org/?p=12977
August 20, 2012
ြပည်နယ်အစုိးရနှင့် ပအုိ၀်းအဖွဲ့ချုပ် ေတာင်ြကီးတွင် ေတွ့ဆုံေဆွးေနွးမည်
Monday, August 20, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ြပည်နယ်အစုိးရအဆင့် အပစ်အခတ်ရပ်စဲေရး လုပ်ငန်းအဆင့်ကုိ ဦးေအာင်မင်းက ဖိတ်ေခါ်ထားေတာ့ ဒီအပတ်အတွင်းမှာေတာ့ ကိုယ်စားလှယ်တဖွဲ့ ထပ်ေစလွှတ်ဖို့ရှိတယ်။ အရင်တေ သွားတဲ့အဖွဲ့က အလုပ်မြပီးလို့ တခါ ထပ်သွားတဲ့သေဘာပါ။ အသစ်မဟုတ်ဘူး။ အရင်တပတ်က ေလ့လာေရးသွားတုန်းက အဆင်ေြပရင်လည်း ဆှေးနှေးခဲ့ပါွေပာတော့၊ အဲတုနျးက အခြိနျတှေမရဘူး၊ လွူကီးတှေ မအားတော့။ ဒီတပတျကတော့ လေ့လာရေးလညျး မရှိတော့ဘူး။ အစည်းအေ၀းလည်း မရှိေတာ့ဘူး။ ေရာက်လာတဲ့ ြပည်နယ်အစိုးရနဲ့ တူညီတဲ့ အချက်အလက်ေတွကို တူညီတဲ့အေလျာက် လက်မှတ်ထုိးဖို့ပဲ ြဖစ်သွားတယ်။”
ဒီေတွ့ဆုံပွဲကို ပအုိဝ်းအမျိုးသားလွတ်ေြမာက်ေရးအဖဲွ့ချုပ်ရဲ့ အေထွေထွ အတွင်းေရးမှူး ခွန်ြမင့်ထွန်းက ေခါင်းေဆာင်သွားမှာြဖစ်ြပီး ဗဟုိေကာ်မတီအပါအ၀င် ရုံးအဖွဲ့၀င် အားလုံး ၁၀ ဦးလုိက်ပါသွားဖို ့ရှိပါတယ်။
ြမန်မာအစိုးရဘက်ကေတာ့ ြပည်ေထာင်စုြငိမ်းချမ်းေရးေဖာ်ေဆာင်ေရး အဖွဲ့က ဦးေအာင်မင်း အပါအ၀င် ြပည်နယ် အစုိးရေခါင်းေဆာင်ေတွနဲ့ ြပည်နယ်အဆင့် ေဆွးေနွးမှာ ြဖစ်ပါတယ်။
၀န်ြကီး ဦးေအာင်မင်းနဲ့ ပအုိ၀်းအမျုိးသားလွတ်ေြမာက်ေရးတပ်မေတာ်ဟာ ြပီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက် ေန့က တြကိမ်၊ အခုနှစ် ေဖေဖာ်၀ါရီ ၅ ရက်ေန့က တြကိမ်၊ နှစ်ြကိမ် အလွတ်သေဘာ ေတွ့ဆုံြပီး ြဖစ်ပါတယ်။
ဒီေတွ့ဆုံမှုေတွအတွင်း ပအုိ၀်းလွတ်ေြမာက်ေရးအဖွဲ့ချုပ်ဘက်က တြပည်လုံး အတုိင်းအတာနဲ့ အပစ်အခတ်ရပ်စဲေရး၊ တြပည်လုံး အပစ်အခတ်ရပ်စဲေရး ေြကညာြပီး ရက်ေပါင်း ၆၀ အတွင်း တုိင်းရင်းသားအင်းအားစုနဲ့ ြပည်ေထာင်စုအစုိးရ နုိင်ငံေရးအရ ေတွ့ဆုံေဆွးေနွးမှုလုပ်ဖုိ့၊ အဲဒီကေနတဆင့် နုိင်ငံေရးအင်အားစုေတွ အားလုံးပါ၀င်တဲ့ တှေ့ဆုံဆှေးနှေးမှုတှေလုပျဖို့ အပါအ၀င် အချက် ၁၁ ချက်ကုိ တင်ြပေတာင်းဆိုခဲ့ပါတယ်။
http://burmese.dvb.no/archives/29472
ဒုတိယ အကြော့ PNLO နှင့် အစိုးရ တရားဝင် ဆွေးနွေးပွဲ
Monday, August 20, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“ရက်အတိအကျတော့ ချိန်းလိုက်ပြီးပြီး။ လုံခြုံရေး အခြေအနေကြောင့် ရက်ကို မပြောတော့ဘူး။ ပထမ တစ်ခေါက်တုန်း ကတော့ (၇) ယောက် သွားပါတယ်။ အဲဒီအခေါက်မှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့အတွက် အဆင်မပြေခဲ့ပါ ဘူး။ ဦးအောင်မင်း မအားလို့ဆိုပြီး။ အခုတပတ်မှာတော့ ရုံးအဖွဲ့တွေက ပိုလာတဲ့အတွက် ကိုယ်စားလှယ် ဦးရေက (၁၀) ယောက်ဖြစ်သွားတယ်။ ဆွေးနွေးမဲ့ ကိစ္စတွေကတော့ ဘန်ကောက်မှာ သဘောတူထားတဲ့ အချက် (၆) ချက်ရယ် ပြီး တော့ နယ်မြေ ကိစ္စတခုပါ ထပ်မံ တင်ပြဖို့ ဖြစ်လာတော့ ပေါင်း (၇) ချက်နဲ့ ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးသွား မယ်”ဟု ဆိုပါသည်။
PNLO နှင့် အစိုးရ အကြား ကြိုတင်ညှိနှိုင်းခဲ့သော အချက် (၆)ချက်မှာ-
၁) ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ပြည်ထောင်စု အစိုးရအကြား အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုး ရန်ကိစ္စ။
၂) နှစ်ဖက် သဘောတူနိုင်မည့်နေရာ၊ သင့်တော်သည့်နေရာတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်ကိစ္စ။
၃) ပအိုဝ် PNLOအဖွဲ့ဝင်နှင့် PNLA တပ်ဖွဲ့ဝင် အားလုံးက လက်နက် မပါပဲ မြန်မာပြည်အနှံ့လွတ်လပ်စွာ သွားလာ ခွင့်ရရန်ကိစ္စ။
၄) ပဏာမ သဘောတူညီချက်ရပြီးပါက ပြည်တွင်းရှိ ပအိုဝ်နိုင်ငံရေး ပါတီများ၊ ပအိုဝ်အမျိုးသား ခေါင်းဆောင်များ၊ ပအိုဝ် ရဟန်း သံဃာတော်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံခွင့်ရရန် ကိစ္စ။
၅) ပအိုဝ်နယ်ထဲတွင်ရှိသည့် မူးယစ်ဆေးဝါးပြသနာ ၀ိုင်းဝန်း တိုက်ဖျက်ရန် ကိစ္စနှင့်
၆) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် အားလုံး၌ ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများနှင့် လွတ်လွတ် လပ်လပ် ဖေါ်ထုတ်ခွင့်ပြုရန်တို့ဖြစ်ပါသည်။
ဤသို့ကြောင့် PNLO ကိုယ်စားလှယ်များသည် ပအိုဝ့် အမျိုးသားအဖွဲ့ (PNO) ဥက္ကဌ ဦးအောင်ခမ်းထီး အပါ၀င် ပအိုဝ် နိုင်ငံရေးခေါင်းဆောင်များ၊ ပအို့ပါတီခေါင်းဆောင်များ၊ ပအိုဝ်ရဟန်း သံဃာတော်များနှင့် ပအိုဝ့် တက္ကသိုလ်ကျောင်း သားများနှင့်သာ တွေ့ဆုံပြီး ဆွေးနွေးအကြံပြုချက်များ ရယူသည့် ဆွေးနွေးပွဲသာ ကျင်းပခဲ့ရပါသည်။
PNLO သည် ပအိုဝ့်ပြည်သူ များ၏ အကြံပြုချက်များကို ဆွေးနွေးရန်၄င်း၊ နိုင်ငံတော် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး အတွက် ပြင်ဆင်မှုကို၄င်း၊ ရှေ့လုပ်ငန်းစဉ်များ အတွက်၄င်း၊ ဆွေးနွေးရန် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့၌ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နယ်စပ် တနေရာတွင် အရေးပေါ် ဗဟိုကော်မီတီ အစည်းဝေး ကျင်းပခဲ့ပါသည်။
ထို့အပြင် ရန်ပုံငွေ (ဘဏ္ဍာငွေ) ရရှိရေး၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရေး အခက်အခဲနှင့် တပ်နေရာချထားရေး ကိစ္စ များကိုလည်း အထူးဆွေးနွေး ခဲ့သည်ဟု ဆိုပါသည်။
အစိုးရသည် အပစ်ရပ်စဲ ထားပြီးဖြစ်သော တိုင်းရင်းသားအဖွဲ့များကို ပြန်လည်ရန်စခြင်း၊ KIA တို့လိုအဖွဲ့မျိုးကို လုံးဝချေ မှုန်းခြင်း၊ KNU နှင့် တခြားအပစ်ရပ် အဖွဲ့တချို့အား ကောင်းမွန်ချောမွေ့သော ဆက်ဆံရေး ထားရှိခြင်း၊ ရခိုင်၊ ပအို့ (PNLO) စသော အဖွဲ့များလို အုပ်စု အလတ်စား အဖွဲ့များကို အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲများကျင်းပနေခြင်းနှင့် ပလောင်၊ ကယန်းပြည်သစ်ပါတီ တို့လို တိုင်းရင်းသား အဖွဲ့ငယ်များကိုမူ လျှစ်လျူရှုသည့် ပေါ်လစီဟူ၍ ခွဲခြားပြီး ဆက် ဆံနေသည့်ပေါ်လစီသာ ဖြစ်ပေလိမ့်မည်ဟု အကဲခတ်များက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2034---pnlo----.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။



