August 20, 2012

ဒုတိယ အကြော့ PNLO နှင့် အစိုးရ တရားဝင် ဆွေးနွေးပွဲ

Pao_01_Kpyun_eeပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အဖွဲ့နှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးအောင်မင်းအဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး ကိစ္စအတွက် ယခုအပတ်ထဲ၌ တောင်ကြီးမြို့၌ ဆွေးနွေးရန် ရက်သတ်မှတ် ပြီးဖြစ်သည်ဟု  PNLO ဥက္ကဌ ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။
“ရက်အတိအကျတော့ ချိန်းလိုက်ပြီးပြီး။ လုံခြုံရေး အခြေအနေကြောင့် ရက်ကို မပြောတော့ဘူး။ ပထမ တစ်ခေါက်တုန်း ကတော့ (၇) ယောက် သွားပါတယ်။ အဲဒီအခေါက်မှာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့အတွက် အဆင်မပြေခဲ့ပါ ဘူး။ ဦးအောင်မင်း မအားလို့ဆိုပြီး။ အခုတပတ်မှာတော့ ရုံးအဖွဲ့တွေက ပိုလာတဲ့အတွက် ကိုယ်စားလှယ် ဦးရေက (၁၀) ယောက်ဖြစ်သွားတယ်။ ဆွေးနွေးမဲ့ ကိစ္စတွေကတော့ ဘန်ကောက်မှာ သဘောတူထားတဲ့ အချက် (၆) ချက်ရယ် ပြီး တော့ နယ်မြေ ကိစ္စတခုပါ ထပ်မံ တင်ပြဖို့ ဖြစ်လာတော့ ပေါင်း (၇) ချက်နဲ့  ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးသွား မယ်”ဟု ဆိုပါသည်။
 PNLO နှင့် အစိုးရ အကြား ကြိုတင်ညှိနှိုင်းခဲ့သော အချက် (၆)ချက်မှာ-
၁) ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ပြည်ထောင်စု အစိုးရအကြား အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုး ရန်ကိစ္စ။
၂) နှစ်ဖက် သဘောတူနိုင်မည့်နေရာ၊ သင့်တော်သည့်နေရာတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်ကိစ္စ။
၃) ပအိုဝ် PNLOအဖွဲ့ဝင်နှင့်  PNLA တပ်ဖွဲ့ဝင် အားလုံးက  လက်နက် မပါပဲ မြန်မာပြည်အနှံ့လွတ်လပ်စွာ သွားလာ ခွင့်ရရန်ကိစ္စ။
၄) ပဏာမ သဘောတူညီချက်ရပြီးပါက ပြည်တွင်းရှိ ပအိုဝ်နိုင်ငံရေး ပါတီများ၊ ပအိုဝ်အမျိုးသား ခေါင်းဆောင်များ၊ ပအိုဝ် ရဟန်း သံဃာတော်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံခွင့်ရရန် ကိစ္စ။
၅) ပအိုဝ်နယ်ထဲတွင်ရှိသည့် မူးယစ်ဆေးဝါးပြသနာ ၀ိုင်းဝန်း တိုက်ဖျက်ရန် ကိစ္စနှင့်
၆) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ် အားလုံး၌ ပွင့်လင်းမြင်သာမှု ရှိစေရန် မီဒီယာများနှင့် လွတ်လွတ် လပ်လပ် ဖေါ်ထုတ်ခွင့်ပြုရန်တို့ဖြစ်ပါသည်။
Pao_Phyun_koပြည်တွင်းစစ်ဒဏ်ရဲ့ သားကောင်များ
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် အပစ်အခတ် ရပ်စဲရန် ပြီးခဲ့သည့် ဇူလိုင် (၂၃) ရက်နေ့တွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့သော်လည်း  ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးအောင်မင်းသည် အချိန်မပေးနိုင်သေးသဖြင့် ယခုအပတ်ကို ရက်ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် PNLO ကိုယ်စားလှယ်များသည် ပအိုဝ့် အမျိုးသားအဖွဲ့ (PNO) ဥက္ကဌ ဦးအောင်ခမ်းထီး အပါ၀င် ပအိုဝ် နိုင်ငံရေးခေါင်းဆောင်များ၊  ပအို့ပါတီခေါင်းဆောင်များ၊ ပအိုဝ်ရဟန်း သံဃာတော်များနှင့် ပအိုဝ့် တက္ကသိုလ်ကျောင်း သားများနှင့်သာ တွေ့ဆုံပြီး ဆွေးနွေးအကြံပြုချက်များ ရယူသည့် ဆွေးနွေးပွဲသာ ကျင်းပခဲ့ရပါသည်။
PNLO သည် ပအိုဝ့်ပြည်သူ များ၏ အကြံပြုချက်များကို ဆွေးနွေးရန်၄င်း၊ နိုင်ငံတော် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး အတွက် ပြင်ဆင်မှုကို၄င်း၊ ရှေ့လုပ်ငန်းစဉ်များ အတွက်၄င်း၊ ဆွေးနွေးရန် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့၌ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နယ်စပ် တနေရာတွင် အရေးပေါ် ဗဟိုကော်မီတီ အစည်းဝေး ကျင်းပခဲ့ပါသည်။
ထို့အပြင် ရန်ပုံငွေ (ဘဏ္ဍာငွေ) ရရှိရေး၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရေး အခက်အခဲနှင့် တပ်နေရာချထားရေး ကိစ္စ များကိုလည်း အထူးဆွေးနွေး ခဲ့သည်ဟု ဆိုပါသည်။
အစိုးရသည် အပစ်ရပ်စဲ ထားပြီးဖြစ်သော တိုင်းရင်းသားအဖွဲ့များကို ပြန်လည်ရန်စခြင်း၊ KIA တို့လိုအဖွဲ့မျိုးကို လုံးဝချေ မှုန်းခြင်း၊ KNU နှင့် တခြားအပစ်ရပ် အဖွဲ့တချို့အား ကောင်းမွန်ချောမွေ့သော ဆက်ဆံရေး ထားရှိခြင်း၊ ရခိုင်၊ ပအို့ (PNLO) စသော အဖွဲ့များလို အုပ်စု အလတ်စား အဖွဲ့များကို အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲများကျင်းပနေခြင်းနှင့် ပလောင်၊ ကယန်းပြည်သစ်ပါတီ တို့လို တိုင်းရင်းသား အဖွဲ့ငယ်များကိုမူ လျှစ်လျူရှုသည့် ပေါ်လစီဟူ၍ ခွဲခြားပြီး ဆက် ဆံနေသည့်ပေါ်လစီသာ ဖြစ်ပေလိမ့်မည်ဟု အကဲခတ်များက ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2034---pnlo----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India