September 21, 2012

မည့်သည့်တပ်ဖွဲ့နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော

ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ်ကာလဖြစ်သဖြင့် တမြေတည်းနေတရေတည်းသောက်လာသည့် ညီအကိုမောင်နှမများအပေါ် သျှမ်းပြည်တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံး၀ မရှိကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။
Alliences
သျှမ်းပြည်တပ်မတော်နှင့် တခြားတိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်စဉ်

“ အစီအစဉ်ချပြီး သွားတိုက်တယ်ဆိုတာ လုံး၀ မရှိပါဘူး။ အရင်တုန်းက ရန်သူလို့သတ်မှတ်တဲ့ မြန်မာ စစ်တပ်နဲ့ တောင်အပစ်ရပ်ခဲ့ပြီးပြီဘဲ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကနေ့ခေတ်ကာလမှာ ကျနော်တို့ တမြေတည်းအတူ နေထိုင်လာတဲ့ မောင်နှမသားချင်းတွေကို ဘယ်လိုလုပ် သွားတိုက်ခိုက်မှာလဲ။ ဖြစ်လာတဲ့ပြဿနာအ၀၀ကို ငြိမ်းချမ်းစွာဆွေးနွေးပြီး ဖြေရှင်းဖို့ဘဲပေါ်လစီရှိပါတယ်။ ကျနော်တို့ ပြည်နယ်အေးချမ်းဖို့အတွက် ရှေ့ဆက်လဲ လက်တွဲပြီး လုပ်ဆောင်သွား ရဦးမယ်လေ” ဟု ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုလ ၁၃ ရက်နေ့က တောင်ကြီးတိုင်းမ် သတင်းစာမျက်နှာပါ RCSS/SSA က PNLO တပ်ဖွဲ့ကို လမ်းခုလတ် တွင် ခြုံခိုတိုက်ခိုက် ဟူသည့်သတင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်က မေးမြန်းရာ ဗိုလ်မှူးလောင်ဆိုင်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ တပ်ဖွဲ့နဲ့ ၊လားဟူပြည်သူ့စစ် ၊ အစိုးရတပ် ၊ SSS ပြည်သူ့စစ် အပြင်  PNLO တပ်ဖွဲ့ကိုပါ ပြဿနာရှာသည်” ဟု PNLO တပ်မှူးက ပြောဆိုမှု အပေါ်  ဗိုလ်မှူးလောင်ဆိုင်က “ နားလည်မှုမလွဲကြဖို့၊ ထွက်နေတဲ့သတင်းတဖက်တည်းကိုသာ နားမထောင်ဖို့၊ တခြားတပါးသူ၏သွေးထိုးမှုကို နားဝင်ကာ အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုမဖြစ်ရအောင် သတိထားကြဖို့”  ပန်ကြားလိုကြောင်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

“တောင်ကြီးတိုင်းမ်သတင်းကိုလည်း ကျနော်ဖတ်မိပါတယ်။ တိုက်ပွဲက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ကျနော် တို့စီစစ်ဆဲဖြစ်ပါတယ်။ မောက်မယ်မြို့နယ်ဘက်မှာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေတွေထပ်နေတာ အများ ကြီးရှိပါတယ်။ တခြားအဖွဲ့အစည်းတွေကို တမင်သက်သက်တိုက်တာမျိုးတော့ လုံး၀ မရှိပါဘူးလို့ အာမခံ ရဲပါ တယ်။ ဖြစ်ခဲ့မယ်ဆိုရင်လဲ နားလည်မှုလွဲမှားလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နောက်တခုက ဗမာစစ်တပ်နဲ့ ပူးပေါင်းလှုပ်ရှားလာခဲ့တဲ့အချိန်မှာ ပစ်မိ ခတ်မိတာ ရှိကောင်းရှိပါလိမ့်မယ်။ ဘာလို့လဲဆို များသောအားဖြင့် ဗမာစစ်တပ်က  ကျနော်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလေ” ဟု ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ သယ်ဆောင်သည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကို ယခုလ ၁၃ ရက်နေ့က သျှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA ) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း တောင်ကြီးတိုင်းမ်သတင်းစာမျက်နှာ တွင် ဖော်ပြထားသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3516----rcssssa-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India