September 21, 2012
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း WLB ကပြော
အစိုးရက တိုင်းရင်သား လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးသလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အတွက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် စိုးရိမ်ကြောင်း WLB အဖွဲ့ကပြောသည်။
ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ရှမ်း၊ ကရင် စသည့်တိုင်းရင်းသား ဒေသများအတွင်း တိုက်ပွဲများ၊ တင်းမာမှုများဖြစ်ပွား နေသည့်အပေါ် ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ယနေ့ ကျရောက်သည့် (၁၁) ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် အစိုးရ အနေဖြင့် အထိမ်းအမှတ် လှုပ်ရှားမှုများ လုပ်ဆောင်သင့်သလို တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က တိုက်တွန်း ပြောဆိုလိုက်သည်။
တချိန်တည်းတွင် စစ်ပွဲများ ရပ်ဆိုင်းရေးနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး ဆန္ဒ ဖော်ထုတ်သည့် လှုပ်ရှားမှုများကို အစိုးရက ဟန့်တားနေသော်လည်း လှုပ်ရှားသူများက ရန်ကုန်မြို့ပေါ် ရပ်ကွက်များအတွင်း ငြိမ်းချမ်းစွာ လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အစိုးရဘက်က ချမှတ် လုပ်ဆောင်ရာ၌ အဟန့်အတား များစွာ ရှိနေပြီး တိုင်းရင်းသားအားလုံး၏ ဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မှသာ ရေရှည် ငြိမ်းချမ်းရေး အတွက် အလားအလာ ကောင်းနိုင်မည်ဟု WLB အဖွဲ့ နာယက ဂျန်မွန်းနေလီက အခုလို ပြောဆိုသည်။
“အစိုးရအနေနဲ့ ကိုယ့်ဘက်က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လုပ်ရမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဘယ်နည်းလမ်းက ကောင်းသလဲဆိုတဲ့အပေါ် အားလုံးရဲ့ ပါ၀င်ဆွေးနွေးမှုကို အဓိကထားပြီး လမ်းစဉ်တွေ ချမှတ်ပြီးတော့ လုပ်သွားမယ် ဆိုလို့ရှိရင် တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရောက်လာနိုင်တယ်ပေ့ါ။”
သို့သော် လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် ရှမ်းနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ မကြာခန တိုက်ပွဲဖြစ်ပွားနေပြီး ဒေသတွင်း တင်းမာသည့် အနေအထားများ ဖြစ်ပေါ်နေခြင်းသည် နှစ်ဘက် သဘောတူညီ ချက်အပေါ် အစိုးရတပ်က လေးစားလိုက်နာမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် အပစ်အခတ်ရပ်စဲရေး အဆင့်သည် နှစ်ဖက် ယုံကြည်မှုတည်ဆောက်သည့် ကာလဖြစ်၍ ကတိကဝတ် ဖောက်ဖျက်မှုများက ရေရှည် ငြိမ်းချမ်းရေးအတွက် အဟန့် အတား ဖြစ်စေကြောင်း “အဓိက ယုံကြည်မှု တည်ဆောက်တဲ့ အချိန်မှာ အချင်းချင်း ပြန်ပြီး တော့ ပစ်ကြတယ်။ ကတိတွေ ချိုးဖောက်တယ် ဆိုတာ ရေရှည်ကိုရောက်ဖို့အတွက် တော်တော်လေး အဟန့်အတား ဖြစ်တာပေ့ါနော်။ ဆိုတော့ ရေရှည်မှာတော့ ဒါက တော်တော်လေး စိုးရိမ်စရာ ဖြစ်တယ်လို့ ကျမတို့ မြင်တယ်လေ။” ဟု ဂျန်မွန်းနေလီက ဆိုသည်။
နှစ်ပေါင်း (၆၀) ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ပို၍ ဒုက္ခရောက်ရသလို အစိုးရနှင့် KIO တို့ တိုက်ပွဲ ပြန်ဖြစ်ခဲ့သည့် တနှစ်ကျော်ကာလ အတွင်း ကချင်ပြည်နယ်၌ အစိုးရတပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် မှု (၆၀) ကျော်ကျူးလွန်ခဲ့ကြောင်းနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀၀) ခန့် ဖြစ်ပွား ခဲ့ကြောင်း WLB မှတ်တမ်း များအရ သိရသည်ဟု ၎င်းက ဆက်ပြောသည်။
တချိန်တည်းတွင် ကရင်အမျိုးသမီး အစည်းအရုံး KWO အဖွဲ့က ဦးဆောင်၍ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး KNU က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့အပြင် အစိုးရနှင့် KNU အဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါ၀င်ဆောင်ရွက် ခဲ့သည့် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်အား KWO အဖွဲ့မှ ဂုဏ်ပြု လက်မှတ် ပေးအပ်ခဲ့ကြောင်း အခမ်းအနား တက်ရောက်သူ တဦးက အခုလို ပြောဆိုသည်။
“လက်ရှိ အထွေထွေ အတွင်းရေးမှူးချုပ်ဟာလည်း အရင်က KWO ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တယ်။ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တလျောက်လုံးမှာလည်း ပါ၀င်ခဲ့တယ် ပေ့ါနော်။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ဦးဆောင် ပါ၀င်ဆောင်ရွက်နေတဲ့ အပေါ်မှာ ဂုဏ်ပြုတဲ့ အနေနဲ့ ပံ့ပိုးအားပေးတဲ့ အနေနဲ့ KWO ကပေးတာပေ့ါနော်။”
WLB အဖွဲ့၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် (၇) ချက်ကို တောင်းဆိုလိုက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အမျိုးသမီးများ ပိုမို ပူးပေါင်း ပါ၀င်ရေးကို အလေးထား စဉ်းစားပေးရန် ဖော်ပြထားသည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=482&catid=5&Itemid=12
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။