August 22, 2012

တတိယအကြိမ်တွေ့ဆုံပွဲတွင် လူထုဘဝ အာမခံချက်ကိုသာ KNU အဓိကထား ဆွေးနွေးမည်

သြဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က မြန်မာအစိုးရနှင့် မကြာမီ တွေ့ဆုံမည့် တတိယအကြိမ်မြောက်ဆွေးနွေးပွဲတွင် ကရင်ပြည် သူလူထု၏ အသက်အိုးအိမ်နှင့် ဘဝလုံခြုံမှု အာမခံချက်ရရှိရေးကိုသာအဓိကထား ဆွေးနွေးသွားမည် ဟု ကေအဲန်ယူဘက်က ပြောသည်။
လာမည့် သြဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် နှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံကြမည် ဖြစ်ပြီး ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် သဘောတူညီထားသည့် အချက်အလက်များကို ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ဘက်မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ယခုလို ပြောသည်။
“ယုံကြည်မှုတည်ဆောက်ဖို့ ဆိုတဲ့အခါမှာလည်း ပြည်သူလူထုဘဝကို လုံခြံုမှုအာမခံပေးဖို့က အဓိကဖြစ်တဲ့အတွက်ကြောင့် ဒီအချက်ကိုပဲ အဓိကထားပြီး ဆွေးနွေးသွားမှာပါ” ဟု နော်မေဦးက ကေအိုင်စီသို့ ပြောဆိုသည်။
၎င်းအပြင် ကရင်ဒေသအသီးသီးတွင် ရှိနေသည့် အစိုးရတပ်အင်အား လျော့ချရေးနှင့် ရုပ်သိမ်းပေးရေး အပါအဝင် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်၍လည်း ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သူမက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ KNU နှင့် အစိုးရတို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန် အပြင် ပြည်သူများဘဝ ကြောက်ရွံ့ခြင်းကင်းစွာ ရပ်တည်ရေး အာမခံနိုင်ရန်နှင့် ယုံကြည်မှု အခြေအနေတည်ဆောက်ရန်၊ လူထုဘဝ ပြန် လည်ထူထောင်ရေးနှင့် လူထု၏ မြေယာကိစ္စများ ဖြေရှင်းပေးရန်၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ ငွေကြေးကောက်ခံမှုများ မပြုလုပ်ရန်တို့ ပါ၀င်သည်။
လက်ရှိ အစိုးရနှင့် ကေအဲန်ယူတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဖက်လုံး က တိုင်းပြည်၏အကျိုးကို ရှေ့ရှုပြီး လုပ်ဆောင်ကာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို အကောင်းအထည်ဖော်နိုင်ရေးအတွက် သွားနေခြင်းဖြစ် သည်ဟုလည်း နော်မေဦးက ယခုလို ရှင်းပြသည်။
သူမက “နှစ် (၆၀)ကျော်ကြာ ပဋိပက္ခအရေးကို ဖြေရှင်းဖို့သွားတဲ့အခါ သွားချင်သလိုသွားလို့ မရတာ အမှန်ပဲ။ သတိထားပြီး မှန်မှန်လေး သွားနေတဲ့ ကြားထဲကနေတောင်မှ အမှားအယွင်းလေးတွေ ရှိတာကိုလည်း တွေ့ရမယ်ဆိုတော့ ကျေနပ်လောက်တဲ့ ယုံကြည်မှု အတိုင်း အတာကတော့ အချိန်တိုလေးအတွင်းမှာ ကျမတို့ မရနိုင်ဘူး။ အကောင်းဆုံးဖြစ်အောင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်နေကြပါတယ်”ဟု ဆိုသည်။
အစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးမည့် ခရီးစဉ်တွင် ကေအဲန်ယူဘက်မှ သွားရောက်မည့် ကိုယ်စားလှယ်များကို ယခုအချိန်ထိ မရွေး ချယ်ရသေးသလို ထိုကိစ္စအတွက် KNU ဗဟိုဘက်မှ မဆုံးဖြတ်ရသေးကြောင်းလည်း သိရသည်။
KNU သည် ယခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့က မြန်မာအစိုးရနှင့် တွေ့ဆုံကာ ပြည်နယ်အဆင့် ပဏာမ အပစ်အရပ်ရေး သဘောတူ လက် မှတ်ထိုးပြီး ဧပြီလ ၆ရက်နေ့က ပြည်ထောင်စုအဆင့်အဖြစ် ထပ်မံ ဆွေးနွေး၍ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိ ထားသည်။

http://www.kicnews.org/?p=13013
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India