August 27, 2012

PNLO ပထမဆုံးအကြိမ် အပစ်ရပ် လက်မှတ်ထိုး

စံခလပူရီ (မဇ္စျိမ)။   ။ ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံခဲ့သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က စနေနေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲလိုက်သည်ဟု PNLO က ပြောသည်။

PNLO ဘက်မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒုတိယ ခေါင်းဆောင် စစ်ဦးစီးချုပ် ခွန်သူရိန် ဦးစီးသည့် တပ်မှူး သုံးဦးနှင့် ပြည်နယ် အစိုးရဘက်မှ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးကြခြင်း ဖြစ်သည်။

“PNLO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲရေးကို လုပ်ကြတာဟာ
နိုင်ငံရေး ဆွေးနွေးပွဲကို ဦးတည်ပြီးတော့ လုပ်ကြတာ” ဟု PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်း က ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီး ဟိုတယ်တွင် ပြုလုပ်သည့် တွေ့ဆုံမှုတွင် PNLO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

၎င်းပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးလည်း ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြသည်။

စနေနေ့ ဆွေးနွေးပွဲတွင် အဆင့်နှစ်ဆင့် ခွဲထားပြီး ပထမအဆင့် ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အချက် ၅ ချက်ကို ဆွေးနွေးကာ သဘောတူ လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအဆင့် ပြည်ထောင်စုအဆင့်နှင့် ဆက်လက် ဆွေးနွေးရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်းတို့ ဖြစ်သည်။

အပစ်အခတ် ရပ်စဲရေး သဘောတူချက်အရ PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ မောက်မယ်
နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ကြပြီး မွန်ပြည်နယ် သထုံမြို့၌ ဆက်ဆံရေး ဖွင့်လှစ်နိုင်ရန် လာမည့်
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ဆက်လက်ညှိနှိုင်းသွားမည်ဟု ခွန်မြင့်ထွန်း က ပြောသည်။

စက်တင်္ဘာလတွင် ပြည်ထောင်စုအဆင့်နှင့် ဆွေးနွေးရန် လျာထားပြီး အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ဦးခွန်မြင့်ထွန်း ဦးဆောင်သည့် PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လအတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပြည်တွင်းသို့ ဝင်ရောက် လေ့လာခဲ့ပြီး ဇူလိုင်လတွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန်
တောင်ကြီးမြို့သို့ ရောက်ရှိခဲ့သော်လည်း ဝန်ကြီး ဦးအောင်မင်း မအားလပ်သည့်အတွက် ဆွေးနွေးပွဲ အကောင်အထည် မပေါ်ခဲ့ကြောင်း PNLO က ပြောသည်။

PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်
နှင့် ကယားပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။

အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်ကြာ ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မီတီနှင့် တတိယအကြိမ် ဆွေးနွေးရန် သဘောတူထားသော်လည်း အစိုးရဘက်မှ ရွှေ့ဆိုင်းလိုက်သည့်
အတွက် တွေ့ဆုံဆွေးနွေးရန် အထမမြောက်တော့ကြောင်း သြဂုတ်လ ၂၅ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်သည်။

“ရွှေ့ဆိုင်းလိုက်တာ မနေ့က ကျမတို့ နှုတ်အားဖြင့် သတင်း ရပါတယ်။ ကျမတို့ဘက်က ဆက်သွယ်ရေး တာဝန်ခံနဲ့ အစိုးရဘက်က ဆက်သွယ်ရေး တာဝန်ခံတို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ အဲဒီသတင်းကို ကျမတို့ လက်ခံ ရရှိပါတယ်” ဟု KNU ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က ပြောသည်။

အစိုးရဘက်မှ အရေးပေါ် ကိစ္စကြောင့် မအားလပ်သည့်အတွက် ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟုလည်း သူက
ပြောသည်။

KNU အနေနှင့် အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး မှန်ကန်သော စေတနာ သဘောထားအပေါ် အခြေခံကာ
နှစ်ဦးနှစ်ဘက်အတွက် အဆင်ပြေမည့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးရက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်
ရန် လုပ်ဆောင်သွားမည်ဟုလည်း KNU ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

http://www.mizzimaburmese.com/news/inside-burma/9952-pnlo---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India