August 28, 2012

တိုက်ပွဲတွေကြောင့် ဖားကန့် ကျောက်တူးသမား သောင်းချီတိမ်းရှောင်

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာ တာကြောင့် ကျောက်တွင်းတွေမှာ အလုပ်လုပ်ကိုင်နေသူ တစ်သောင်းကျော်လောက် ဖားကန့်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့ပေါ်က ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေပြီး ဘာသာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ၀ုိင်းဝန်းကူညီ ထောက်ပ့ံပေးနေရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသဘက်ကို ပြီးခဲ့တဲ့ အပတ်တွေကစပြီး အစိုးရစစ်တပ်ဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းခဲ့ တဲ့နောက် နှစ်ဖက်တပ်တွေအကြားမှာ ကြိုးကြား ကြိုးကြား ပစ်ခတ်တာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရက် ပိုင်းအတွင်းမှာတော့ တိုက်ပွဲတွေက ပိုပြင်းထန်လာတာကြောင့် ဖားကန့်မြို့ ပတ်ဝန်းကျင်က ကျောက်စိမ်း မှော်တွေမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ မနေရဲတော့ဘဲ ဖားကန့်မြို့ကို ထွက်ပြေးခိုလှုံလာတာ ဖြစ်ပါတယ်။

ဖားကန့်မြို့ပေါ်ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကူညီနေသူ ဒေသခံတယောက်က လက်ရှိအခြေအနေကို အခုလို ပြောပြပါတယ်။

“ဖားကန့်မြို့ပေါ်မှာ ရောက်လာတဲ့ မနေ့က ရတဲ့စာရင်းအရဆိုရင် တစ်သောင်းခွဲဝန်းကျင်လောက်ပဲ ဒီလောက်ပဲ ရှိမှာပေါ့။ ဒုကသည်တွေ ခိုလှုံတဲ့နေရာက နှစ်ချင်းခရစ်ယာန်အသင်းတွေ၊ ကက်သလစ် အသင်းတော်။ နောက် ပြီးတော့ မြို့ဦးစေတီ၊ လှိုင်ဂူ ဗုဒ္ဓဘာသာကျောင်း၊ သီရိမင်္ဂလာမဏိဇေယျံ၊ စန်းကြွယ် မစိုးရိမ် ကျောင်းတိုက်၊ နောက် ရောင်ခြည်ဦး သီလရှင်စာသင်တိုက်။ နောက်တခါ ရခိုင်ရိုးရာယဉ်ကျေးမှုအသင်း။ နှစ်ချင်း အသင်းတော် တို့၊ ကက်သလစ်အသင်းတော်တို့ ဆိုတာတွေက ကျောင်းတွေက အများကြီးနော်။ အဲဒီမှာတွေ အပြည့််ရှိတယ်။ ဒုက္ခသည်တွေက။”

ဖားကန့်မြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ မြို့ခံတွေက ၀ိုင်းဝန်း ကူညီထောက်ပံ့ထားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ကတော့ မနေ့တုန်းကရော၊ ဒီနေ့ရော၊ ဟိုပြီးခဲ့တဲ့နေတွေတုန်းကရော အဲဒီကျောင်းတွေ ကို နှ့ံအောင် အကုန်လိုက်လှူထားပြီ တတ်နိုင်သလောက်ပေါ့လေ။ ဘုန်းကြီးကျောင်းတွေကလည်း ရှိတဲ့ဆန်တွေ ဘာတွေ ထုတ်ပေးပေါ့ဗျာ။ ခရစ်ယာန်အသင်းတော်တွေဆိုတာလည်း ရှိတဲ့ဟာတွေ ထုတ်ပေးပြီး အဆင်ပြေအောင်တော့ စီစဉ်ထားပါတယ်။”

အခြားဒေသခံတယောက်လည်း ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ပြောပါတယ်။
“တိုက်ပွဲအခြေအနေက လွန်ခဲ့တဲ့ ကြာသပတေး၊ သောကြာနေ့ကတည်းက နေ့တိုင်းလိုလိုပဲ တိုက်ပွဲဖြစ်နေတာ ပေါ့။ သေနတ်သံကြားနေတာပေါ့။ ဒီနေ့လည်း ဆိုင်းဂျာဘွမ်ဆိုတဲ့ဖက် ဒီမနက်တည်းက သေနတ်သံပြန်ကြား နေရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ အခုစစ်ဖြစ်တဲ့နေရာတွေက အစိုးရစစ်ကြောင်း စစ်ဖြစ်တဲ့နေရာတွေပဲဖြစ်နေတာ။ ကြားတာကတော့ အစိုးရစစ်တပ်က အင်အားထပ်ဖြည့်နေတယ် ဘာညာ သတင်းကြားနေတယ်။ တပ်မတွေလည်းပြန်ထိုးလာတယ်။ စစ်အင်အားက အတော်များလာတယ်လို့ ကြား နေတာပဲ။”

အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ တပ်မ (၃၃) က တပ်ဖွဲ့တွေ ဖားကန့်ဒေသဘက် ကို ၀င်ရောက်လာနေတယ်လို့ ပြောပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဖားကန့်မြို့နယ် က ကျောက်တွင်းတွေမှာ ရှာဖွေစားသောက်နေသူ လက်လုပ်လက်စားသမားတွေဟာ အဓိက အခက်အခဲတွေ့ကြုံနေရပြီး ရေရှည်လာရင် ဖားကန့်ကို ရောက်နေတဲ့ ဒုက္ခသည်တွေဟာ စားရေး သောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေသခံတွေ က သုံးသပ်နေပါတယ်။

KIA နဲ့ မြန်မာအစိုးရတို့ဟာ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇွန်လက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တနှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်းမှာတော့ စစ်ပွဲကြောင့် ဒေသခံပြည်သူ အနည်းဆုံး ရ သောင်းကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ်က မြို့ကြီးတွေဆီကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးဖို့ စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ဘက်ကို အတည်ပြုချက်ရဖို့ ကြိုးစားပေမဲ့ ဖုနး်ဆက်သွယ်လို့ မရသေးပါဘူး။

http://burmese.voanews.com/content/gov-fcorce-and-kia-armed-group-attack-against-in-phur-kunt-area/1496578.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India