Friday, 13 January 2012 16:43 သျှမ်းသံတော်ဆင့်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ခေါ်) ABSDF အဖွဲ့ထံ ငြိမ်းချမ်းရေးကမ်း လှမ်းစာတစ်စောင်ကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ ယခုလ ၁၀ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည် ။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းက အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းမှ ABSDFအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် နှုတ်ဖြင့် ပြောကြားခဲ့အပြီး ယခုလ ၁၀ ရက်နေ့ တွင် ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့မှ တရားဝင်အကြောင်းကြားစာပေးပို့ခြင်း ဖြစ်ကြောင်း ABSDF အဖွဲ့မှ သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။
သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်နှင့် ကျောင်းသားတပ်မတော် ၏ မူဝါဒ များကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
၁၉၈၈ခုနှစ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီလူထုအုံကြွမှုအတွင်း အာဏာသိမ်းစစ်အစိုးရကို လက်နက်ကိုင်တော်လှန်ရန် ပြည်တွင်းရှိ ကျောင်းသားမျာစုပေါင်း၍ ထိုင်းနယ်စပ်တစ်နေရာတွင်ကျောင်း သားတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါထိုင်း၊ တရုတ်နှင့် အိန0x081ဒိယနယ်စပ်များတွင် ကျောင်းသားတပ်မတော်တပ်ဖွဲ့များ အခြေစိုက်ထားပြီး လက် နက်ကိုင်ဖြတ်သန်းမှုနှစ် ၂၀ ကျော်ကာလအတွင်း အစိုးရထံမှ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်း စာပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။
http://htetaungkyaw201.blogspot.com/2012/01/absdf.html
