Monday, January 21, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မတီနဲ့
တစ်ဖွဲ့ခြင်းမဆွေးနွေးလိုပဲ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ
UNFC နဲ့ ဆွေးနွေးရင် ပိုပြီးသင့်လျော်မှာဖြစ်တယ်လို့ အကြောင်းပြန်ကြားစာ
ပေးပို့လိုက်ပါတယ်။
Photo: kachinstate.com
KIO အဖွဲ့ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ
ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော
KIA တပ်ဖွဲ့ဝင်များပုံ
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက KIO အဖွဲ့ကို
ဇန်နဝါရီလ ၁၉ရက်နေ့က တွေ့ဆုံဆွေးနွေးဖို့အတွက် ပန်ကြားချက်အပေါ်မှာ KIO က
အခုလို အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။
အခုလို ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး KIOအဖွဲ့အကြောင်းပြတာကတော့ အစိုးရက
လဂျားယန်ဒေသဖက်မှာ နယ်မြေရှင်းလင်းရေး ရပ်ဆိုင်းထားမယ်လို့ ဇန်နဝါရီလ
၁၉ရက်နေ့က ကြေညာခဲ့ပေမယ့် ဆက်လက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ
တိုက်ပွဲတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က
ပြောပါတယ်။
UNFC တပ်ပေါင်းစုလို့ လူသိများတဲ့
ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီဟာ လက်နက်ကိုင်တိုင်းရင်းသား
၁၁ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အမျိုးသားတန်းတူရေး၊
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းရေးအတွက်
တောင်းဆိုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ကေအိုင်အို အကြောင်းပြန်ထားတဲ့အချက်ဟာ UNFC နဲ့ သက်ဆိုင်တာကြောင့်
UNFC ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA ၀ိုင်းတော်သား
ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
http://www.rfa.org/burmese/news/kio-unfc-government-01212013093853.html
Posted in: ကချင်,ကချင်တွေ့ဆုံဆွေးနွေးမှု,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook