January 22, 2013

ဖားကန့်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ၊ စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်နေရ

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KIO နှင့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

သမ္မတ ဦးသိန်းစိန် ညွန်ကြားခဲ့ပြီးနောက် ယမန်နေ့ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ဂင်စီကျေးရွာ အရှေ့ဘက်မှာ KIA တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များအကြား တနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဂင်စီရွာနဲ့အနီးမှာ မနက် ၈ နာရီမှ ၉ နာရီမှာ ဖြစ်တယ်။ အစိုးရဘက်က တပ်ရင်း ၂၄၂ က အင်အား ရ၀ လောက်ရှိမယ်။ သူတို့က ကျနော်တို့နေတဲ့နေရာကို ထိုးစစ်လာပြီး လိုက်တိုက်နေတာပါ။ အကျအဆုံးတော့ မရှိဘူး”ဟု တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက မဇ္စျိမကို ပြောသည်။

တိုက်ပွဲများကြောင့် ယခုနှစ် ဇန်နဝါရီလဆန်ပိုင်းမှ စတင်၍ ဖားကန့်၊ ဂင်စီ၊ လုံးခင်း၊ ဆိုင်းတောင်ရှိ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများသို့ ကျေးရွာ ၁၆ ရွာတို့မှ စာရင်းရရှိသော စစ်ပြေးဒုက္ခသည်ပေါင်း ၈,၀၀၀ ကျော်ရှိနေပြီး အခြားစာရင်းမရရှိသော စစ်ပြေးဒုက္ခသည် ဦးရေ ၄ သောင်းကျော်ရှိနေပြီဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။



အလားတူ အောင်ရာကျေးရွာမှ ၂ မိုင်အကွာရှိ လောတ်ဂျာကျေးရွာအနီးတွင် ယနေ့ ၁၀ နာရီကျော်ချိန်မှ မွန်းလွဲ တနာရီချိန်ထိ နှစ်ဘက်စစ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒုက္ခသည်ဦးရေ ၃၀၀ ကျော်သည် အောင်ရာကျေးရွာမှ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများသို့ ခိုလှုံနေရသည်ဟု NDF ပါတီမှ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာက ပြောသည်။

“သမ္မတဆီက အပစ်ရပ်လိုက်တယ်ဆိုလို့ ကျမတို့ကလည်း ငြိမ်သွားမယ်လို့ အောက်မေ့တာ ခုတိုက်ပွဲက ပိုဆိုးလာတယ်။ ကျမတို့ပတ်ဝန်းကျင်မှာ နေ့တိုင်းကြားရတယ်။ အခု ဒီနေ့ကျတော့ ရွာနဲ့ သိပ်မဝေးတဲ့ လောတ်ဂျာရွာမှာ တိုက်ပွဲဖြစ်တယ်။ ရွာသူရွာသားတွေက မနေ့ကတည်းက ထွက်ပြေးနေတာ ဒီနေ့ ခုချိန်ထိ ထွက်ပြေးနေတုန်းဘဲ” ဟု သူက ဆက်ပြောသည်။

ဒေါ်ဘောက်ဂျာသည် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်လာမှုအား ကိုယ်တိုင် တွေ့ရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးလာသူ လူဦးရေ ၁၀၀ ခန့်ကို သူ့၏ နေအိမ်တွင် ခိုလှုံခွင့်ပြုထားသည်ဟု သူက မဇ္စျိမကို ပြောသည်။

“ဒီမနက် ၄ နာရီလောက်မှာ ခွေးတအားဟောင်လို့ ကျမ ထကြည့်တော့ ကျမတို့ ကားလမ်းမကနေ အဲဒီဘက်ခြမ်းကို သွားနေတာ တွေ့ရတယ်။ အင်အားက ၃၀၊ ၄၀ လောက်ရှိမယ် ထင်တယ်။ ဘယ်ဘက်ကို သွားမှန်း မသိဘူး။ ဒီမနက် ၁၀ နာရီလောက်မှာ သေနတ်သံတွေ ကြားရတယ်။ အဲဒီအခါကျတော့ အဲဒီအနားမှာရှိတဲ့ ရွာသားတွေ ထွက်ပြေးလာကြတယ်” ဟု ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

ဒေသခံများ၏ အပြောအရ အစိုးရစစ်တပ်ဘက်မှ ထိုလောတ်ဂျာကျေးရွာမှတဆင့် အစိုးရစစ်တပ်များ လာရောက်မည်ဖြစ်၍ KIA တပ်များအား ရှောင်ပေးရန် ပြောဆိုသည်ဆိုသည့် သတင်းများ ကြားရသဖြင့် ယမန်နေ့မှ စတင်၍ ရွာသားများ စတင်တိမ်းရှောင်ခဲ့သည်ဟု ဆိုသည်။

အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်လာမှုကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် လဂျားယန်ဒေသအား ထိုးစစ်မဆင်ရန် ကြေငြာရုံမက ကချင်ပြည်နယ်အတွင်းမှာ ရောက်ရှိနေသော အစိုးရစစ်ကြောင်းများအား ဆုတ်ပေးရန် ကြေငြာပေးရန် လိုအပ်သည်ဟု ဒေါ်ဘောက်ဂျာက တိုက်တွန်းလိုက်သည်။

“အစိုးရဘက်က ထိုးစစ်ဆင်တယ်ဆိုတာ ကျမတို့ကိုယ်တိုင် မြင်နေရတယ်။ သူတို့ ထိုးစစ်မဆင်လာဘူးဆိုရင် စစ်ပွဲဖြစ်စရာ မလိုဘူး။ သမ္မတက အပစ်ရပ်မယ်လို့ အကြိမ်ကြိမ် ပြောခဲ့့တယ်။ ဒါပေမဲ့ တခါမှ ကတိမတည်ဘူး။ သမ္မတအနေနဲ့ ဒီလိုလုပ်ဆောင်နေတာဟာ အင်မတန်မှ ရှက်ဖွယ်ကောင်းတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ အောင်ဂျာကျေးရွာအတွင်း စစ်ပြေးဒုက္ခသည် ၃၀၀ ကျော်ရောက်ရှိနေပြီး ဖားကန့်မြို့ပေါ်တွင်လည်း စစ်ပြေးဒုက္ခသည် အနည်းဆုံး ၄ သောင်းကျော် ရှိနေပြီဟု သိရကြောင်း သူက ပြောသည်။

KIO ၏ လိုင်ဇာဌာနချုပ်အနီး ယနေ့ နံနက် ၁၀ နာရီကျော်ခန့် မှစတင်၍ မြို့၏ အထက်ပိုင်း ၅ မိုင်အကွာရှိ အလန်းဘွမ်၊ ၄င်း၏ တဖက်တောင်တန်းများ၊နှင့် KIO ၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စခန်း ခါရာဘွမ်တောင်ခြေအနီးတဝိုက်တို့ကို အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက်ရှိနေသည်ဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF ပြန်ကြာရေးတာဝန်ခံ ဗိုလ်မှူးမင်းဌေးက ပြောသည်။

“ဒီမနက်ပိုင်းတော့ ငြိမ်နေပြီးတော့ အခု ၁၀ နာရီ ၁၅ လောက်မှာ အလန်းဘွမ်နဲ့ ခရာဘွမ်ဘက်ကို စပစ်နေပြီ။ မနေ့ကလည်း ညနေပိုင်းထိ ခရာဘက် တိုက်ပွဲဖြစ်တယ်။ သူတို့ တက်ထိုးနေတဲ့ လိုင်ဇာအထက်က အလန်းဘွမ်နဲ့ ခရာဘွမ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

KIO ၏ ခရာဘွမ်တောင်ခြေတွင် အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်ပြီး ထိုစခန်းအား သိမ်းယူရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် အစိုးရစစ်တပ်များ ချဉ်းကပ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

လိုင်ဇာကို သိမ်းယူမည်မဟုတ်ကြောင်း ပြောဆိုနေသော်လည်း လိုင်ဇာမြို့ အထက်ပိုင်းရှိ အလန်းဘွမ်နှင့် ခရာဘွမ်အား သိမ်းယူရန် ကြိုးစားနေသည်ဟု ဗိုလ်မှူးမင်းဌေးက ပြောသည်။

သမ္မတ ဦးသိန်းစိန်က KIO ထိန်းချုပ်ရာ လဂျားယန်ဒေသသို့ ထိုးစစ်ဆင်မှုများ စနေနေ့မှ စတင်ရပ်တန့်မည်ဟု ညွန်ကြားခဲ့သော်လည်း ထိုနေ့တွင်လည်း တိုက်ပွဲများဖြစ်ပွား၍ အစိုးရဘက်မှ လက်နက်ငယ် ၃၀ ကျော် သိမ်းယူခဲ့သဖြင့် အစိုးရဘက်မှ ကျဆုံးမှုများမည်ဟု ခန့်မှန်းရသည်ဟု ဆိုသည်။


http://drlunswe.blogspot.com/2013/01/blog-post_4503.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India