January 22, 2013

ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ် ပစ်ခတ်မှု ဆွေးနွေး


ဗိုလ်ချုပ် စောလာပွယ် ဦး ဆောင်တဲ့ ဒီကေဘီအေ ကနေ အစိုးရ နယ်ခြားစောင့် တပ်တွေ ဆီက လက်နက်တွေ သိမ်းယူ ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဟာ ဒီကေဘီအေနဲ့ မြဝတီမြို့မှာ အင်္ဂါနေ့က ဆွေးနွေး ခဲ့ကြ ပါတယ်။ အခုလ ၅ ရက် နေ့က ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်ထဲမှာ အစိုးရ နယ်ခြားစောင့် တပ်တွေနဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီးနောက် နယ်ခြားစောင့် တပ်တွေနဲ့ ရဲတွေ ဆီက လက်နက်တွေကို ဒီကေဘီအေက သိမ်းယူ ခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ်သတင်းနဲ့ အစီအစဉ်များ အသိမ်းခံရတဲ့ လက်နက်တွေ DKBA ပြန်ရ အပစ်အခတ် ရပ်စဲမှု DKBA ဖျက်သိမ်း ဒီကေဘီအေနဲ့ ပြည်ထောင်စုအစိုးရ တို့ သဘောတူညီ ဆက်စပ်အကြောင်းအရာများ တိုင်းရင်းသားရေးရာ သိမ်းယူထား ခဲ့တဲ့ လက်နက်တွေထဲက ၃၀ ကျော်ကို ဒီကေဘီအေ ဘက်က ပြန်ပေးခဲ့ပြီ ဖြစ်ပြီး၊ ကျန်ရှိ နေသေးတဲ့ ၁၀ လက်ကို ပြန်ပေးဖို့ အခု ဆွေးနွေးပွဲ မှာ သဘောတူခဲ့ ကြတယ်လို့ ဒီကေဘီအေ ဒုတိယ ဗိုလ်မှူးကြီး ဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။ အစိုးရဘက် ကလည်း ဒီကေဘီအေ အတွက် သက်ဆိုရာ နယ်မြေတွေမှာ ဆက်ဆံရေး ရုံးတွေ ဖွင့်ပေးပြီး လိုအပ်တဲ့ ယာဉ်တွေနဲ့ ရိက္ခာတွေ ဖြည့်ဆည်းပေးဖို့ ပြန်ပြီး ကတိပေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ နောက်ပြီး ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဖို့ ကိစ္စတွေ ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲမှာ အစိုးရ ဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ပြည်သူ့စစ်နဲ့ ပြည်သူ့ ဆက်ဆံရေး ညွှန်ကြာရေးမှူး ချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း တိုင်းမှူးနဲ့ ကရင် ပြည်နယ် ဝန်ကြီးချုပ်တို့ ဦးဆောင် ပါဝင်ပြီးတော့၊ ဒီကေဘီအေ ဘက်ကတော့ ဗိုလ်ချုပ် စောလာပွယ်၊ ဗိုလ်မှူးချုပ် စောမိုရှေး၊ ဒုဗိုလ်မှူးကြီး စောဆန်းအောင်၊ ဒုဗိုလ်မှူးကြီး စောကျော်သက်၊ ဒုတိယ ဗိုလ်မှူးကြီး စောဘိနဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမောင်လေးတို့ ပါဝင်ကြတယ်။ အစိုးရ အနေနဲ့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ အတွက် ကူညီ ဆောင်ရွက် ပေးတာတွေ များနေလို့ ဒီကေဘီအေ ဘက်က စိတ်အား ငယ်ပြီး အခုလို ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရတာလို့ လူမျိုးစု လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေမှာ ပြောဆို မှုတွေ ရှိနေ ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130122_uaungmin_dkba_meeting.shtml
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India